လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျဖစ္ စတမ္းဖို႔ဘရစ္မွာ ခ်ယ္ဆီးအသင္းကို သြားေရာက္ ယွဥ္ျပိဳင္ျပီး ဒုတိယပိုင္းမွာ ကန္တီ ေျခပဂိုး ရခဲ့ေပမယ့္ ပထမပိုင္းမွ ထရန္႔၊ ဖာမင္ႏိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဦးေဆာင္ႏုိင္ခဲ့တာေၾကာင့္ ပြဲအျပီးမွာ ၂-၁ နဲ႔ အႏုိင္ရသြားခဲ့ပါတယ္။

လီဗာပူးဟာ အဓိက ကစားသမားေတြ အျပည့္နဲ႔ ပြဲထြက္လာခဲ့ျပီး နာပိုလီပြဲမွ ကြင္းလယ္လူ မီလ္နာတစ္ဦးကိုပဲ အေျပာင္းအလဲလုပ္ခဲ့တာပါ။ ပြဲစကတည္းက ႏွစ္သင္းဟာ ေနရာစံု ျပိဳင္ဆိုင္မႈေတြ စတင္ခဲ့တာျဖစ္ျပီး လီဗာပူးရဲ႕ ဝါရင့္ကြင္းလယ္အတြဲက ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔ အတြဲ အထူး ေျခစြမ္းျပျခင္းေၾကာင့္ ပထမပိုင္းမွာ ခ်ယ္ဆီးကြင္းလယ္က ငုပ္ေနခဲ့တာျဖစ္တယ္။

အဖြင့္ဂိုးကိုေတာ့ လီဗာပူးအသင္းဘက္က ဟန္ဒါဆန္၊ ထရန္႔တို႔ တည္ျပထားတဲ့ အေနအထားမွာ ဆာလက္က အသာေလး ခ်ေပးမႈကို ထရန္႔က ဧရိယာေဒါင့္ကို အျပင္းကန္သြင္းျပီး အဖြင့္ဂိုး စယူပါတယ္။ တည္ကန္ေဘာေတြမွာ ထူးခၽြန္တဲ့ ထရန္႔ဟာ သူ႔ရဲ႔ အရည္အခ်င္းကို ျပသခဲ့့တာျဖစ္ျပီး လွပတဲ့ ဖရီးကစ္ကေန ကန္သြင္းယူမႈျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ လီဗာပူးက ေနရာစံုက အသာစီးရခဲ့ျပီး ဂိုးသမား အတ္ဒရီယန္ရဲ႕ လက္စြမ္းကလည္း အထင္ၾကီးစရာ ျဖစ္ခဲ့ပါတယ္။ ဒုတိယဂိုးကလည္း တည္ကန္ေဘာကေနပဲျဖစ္ျပီး ထရန္႔က ဘယ္ေတာင္ပံက ဖရီးကစ္ကို သူမကန္ပဲ ေရာ္ဘတ္ဆန္ကို ျဖတ္တင္ေဘာ လုပ္ခြင့္ေပးရာက ဖာမင္ႏို ဧရိယာထဲကေန ေခါင္းတိုက္ သြင္းယူတာျဖစ္ပါတယ္။ မာကင္ကို ေက်ာ္ျဖတ္ခဲ့တဲ့ ဖာမင္ႏိုရဲ႕ သြင္းဂိုးဟာ လီဗာပူးႏုိင္ပြဲအတြက္ အဓိက ျဖစ္ခဲ့ပါတယ္။

လီဗာပူးဟာ ဒုတိယပိုင္းမွာေတာ့ ေျခစြမ္း အေတာ္ကို က်ဆင္းခဲ့ျပီး ေတာင္ပံတိုက္စစ္က မာေနးနဲ႔ ဆာလက္တို႔ ရုန္းမကစားႏုိင္မႈက ေဘာလံုးေပးမႈေတြကို ျဖဳန္းတီးမႈေတြ ျဖစ္ေစသလို ခ်ယ္ဆီးဘက္က ပြဲကို ျပန္ျပီး လႊမ္းမိုးလာခဲ့ပါတယ္။ ဒါေပမယ့့္လို႔ ေတာင္ပံသမား ႏွစ္ဦးဟာ အခြင့္အေရးေကာင္းေတြ ရေနဆဲျဖစ္ျပီး အဆံုးသတ္ပိုင္းအတြက္ လိုအပ္ခ်က္ ရွိခဲ့တာလည္းျဖစ္တယ္။

ခ်ယ္ဆီးဟာ ဒုတိယပိုင္းမွာ လီဗာပူးကြင္းလယ္ကို အသာစီး ျပန္ရလာခဲ့ျပီး ကန္တီဟာ ေပ်ာ့ညံ့လာတဲ့ လီဗာပူးရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ၾကား ေနရာလြတ္ကို အသံုးခ်ျပီး ဧရိယာထဲ ဝင္တိုးဟာ ေျခပဂိုး သြင္းယူခဲ့တာျဖစ္တယ္။ ခ်ယ္ဆီးဘက္က ေတာက္ေလွ်ာက္ ဖိလာခဲ့ျပီး လီဗာပူးကဘက္ ခံစစ္ကို ဦးစားေပးေနရခ်ိန္ အခ်ိန္ဆြဲတယ္ဆိုတာ ေျခပဂိုး မသြင္းႏုိင္ခ်ိန္မွာပဲ ထရန္႔ အဝါကဒ္ ထိခဲ့ပါေသးတယ္။

ခ်ယ္ဆီးဘက္က ေမာင့္ အပိုင္အခြင့္အေရး၊ ဘတ္ရႈဝါရီ ဧရိယာထဲ အဆံုးသတ္မႈေတြ ကပ္လြဲျဖစ္ေနျခင္းကလည္း လီဗာပူးကို သက္သာေစခဲ့တယ္။ ဒုတိယပိုင္းမွာ လီဗာပူးဘက္က မာတစ္ေျခစြမ္း ခၽြန္ထြက္လာခဲ့ျပီး တကယ္ကို ထူးခၽြန္ခဲ့ပါတယ္။ လီဗာပူးဟာ ေျခစြမ္း ညံ့ဖ်င္းခ်ိန္မွာလည္း ရလဒ္ကို ဦးတည္ကစားႏုိင္ခဲ့ျပီး ခံစစ္ကို အေကာင္းဆံုး ကာကြယ္ႏုိင္ခဲ့လို႔ အေဝးကြင္းႏုိင္ပြဲရကာ အမွတ္ေပးဇယားကို ရမွတ္ ၅ မွတ္ျဖတ္ႏုိင္ေနဆဲျဖစ္ပါတယ္။

ဒီအပတ္မွာ မန္စီးတီးက ၈ ဂိုးျပတ္ အႏုိင္ရခဲ့ျပီး ပရီးမီးယားလိဂ္ ျပိဳင္ပြဲထံ ျပန္ဝင္လာေပမယ့္ လီဗာပူးက ၾကီး ၆ ၾကီး ျပိဳင္ဘက္ကို အေဝးကြင္းမွာ ရလဒ္ေကာင္းရခဲ့လို႔ ပိုမို အက်ိဳးျဖစ္ခဲ့တယ္လို႕ ဆိုရမွာပါ။ ၾကားရက္မွာေတာ့ ကာရာေဘာင္းပြဲရွိျပီး လူငယ္ေတြ အဓိက ကစားလာၾကမယ္လုိ႔ ယူဆရတာျဖစ္ပါတယ္။

UNICODE

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် စတမ်းဖို့ဘရစ်မှာ ချယ်ဆီးအသင်းကို သွားရောက် ယှဉ်ပြိုင်ပြီး ဒုတိယပိုင်းမှာ ကန်တီ ခြေပဂိုး ရခဲ့ပေမယ့် ပထမပိုင်းမှ ထရန့်၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

လီဗာပူးဟာ အဓိက ကစားသမားတွေ အပြည့်နဲ့ ပွဲထွက်လာခဲ့ပြီး နာပိုလီပွဲမှ ကွင်းလယ်လူ မီလ်နာတစ်ဦးကိုပဲ အပြောင်းအလဲလုပ်ခဲ့တာပါ။ ပွဲစကတည်းက နှစ်သင်းဟာ နေရာစုံ ပြိုင်ဆိုင်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လီဗာပူးရဲ့ ဝါရင့်ကွင်းလယ်အတွဲက ဖာဘင်ညို၊ ဟန်ဒါဆန်တို့ အတွဲ အထူး ခြေစွမ်းပြခြင်းကြောင့် ပထမပိုင်းမှာ ချယ်ဆီးကွင်းလယ်က ငုပ်နေခဲ့တာဖြစ်တယ်။

အဖွင့်ဂိုးကိုတော့ လီဗာပူးအသင်းဘက်က ဟန်ဒါဆန်၊ ထရန့်တို့ တည်ပြထားတဲ့ အနေအထားမှာ ဆာလက်က အသာလေး ချပေးမှုကို ထရန့်က ဧရိယာဒေါင့်ကို အပြင်းကန်သွင်းပြီး အဖွင့်ဂိုး စယူပါတယ်။ တည်ကန်ဘောတွေမှာ ထူးချွန်တဲ့ ထရန့်ဟာ သူ့ရဲ့ အရည်အချင်းကို ပြသခဲ့တာဖြစ်ပြီး လှပတဲ့ ဖရီးကစ်ကနေ ကန်သွင်းယူမှုဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးက နေရာစုံက အသာစီးရခဲ့ပြီး ဂိုးသမား အတ်ဒရီယန်ရဲ့ လက်စွမ်းကလည်း အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။ ဒုတိယဂိုးကလည်း တည်ကန်ဘောကနေပဲဖြစ်ပြီး ထရန့်က ဘယ်တောင်ပံက ဖရီးကစ်ကို သူမကန်ပဲ ရော်ဘတ်ဆန်ကို ဖြတ်တင်ဘော လုပ်ခွင့်ပေးရာက ဖာမင်နို ဧရိယာထဲကနေ ခေါင်းတိုက် သွင်းယူတာဖြစ်ပါတယ်။ မာကင်ကို ကျော်ဖြတ်ခဲ့တဲ့ ဖာမင်နိုရဲ့ သွင်းဂိုးဟာ လီဗာပူးနိုင်ပွဲအတွက် အဓိက ဖြစ်ခဲ့ပါတယ်။

လီဗာပူးဟာ ဒုတိယပိုင်းမှာတော့ ခြေစွမ်း အတော်ကို ကျဆင်းခဲ့ပြီး တောင်ပံတိုက်စစ်က မာနေးနဲ့ ဆာလက်တို့ ရုန်းမကစားနိုင်မှုက ဘောလုံးပေးမှုတွေကို ဖြုန်းတီးမှုတွေ ဖြစ်စေသလို ချယ်ဆီးဘက်က ပွဲကို ပြန်ပြီး လွှမ်းမိုးလာခဲ့ပါတယ်။ ဒါပေမယ့်လို့ တောင်ပံသမား နှစ်ဦးဟာ အခွင့်အရေးကောင်းတွေ ရနေဆဲဖြစ်ပြီး အဆုံးသတ်ပိုင်းအတွက် လိုအပ်ချက် ရှိခဲ့တာလည်းဖြစ်တယ်။

ချယ်ဆီးဟာ ဒုတိယပိုင်းမှာ လီဗာပူးကွင်းလယ်ကို အသာစီး ပြန်ရလာခဲ့ပြီး ကန်တီဟာ ပျော့ညံ့လာတဲ့ လီဗာပူးရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြား နေရာလွတ်ကို အသုံးချပြီး ဧရိယာထဲ ဝင်တိုးဟာ ခြေပဂိုး သွင်းယူခဲ့တာဖြစ်တယ်။ ချယ်ဆီးဘက်က တောက်လျှောက် ဖိလာခဲ့ပြီး လီဗာပူးကဘက် ခံစစ်ကို ဦးစားပေးနေရချိန် အချိန်ဆွဲတယ်ဆိုတာ ခြေပဂိုး မသွင်းနိုင်ချိန်မှာပဲ ထရန့် အဝါကဒ် ထိခဲ့ပါသေးတယ်။

ချယ်ဆီးဘက်က မောင့် အပိုင်အခွင့်အရေး၊ ဘတ်ရှုဝါရီ ဧရိယာထဲ အဆုံးသတ်မှုတွေ ကပ်လွဲဖြစ်နေခြင်းကလည်း လီဗာပူးကို သက်သာစေခဲ့တယ်။ ဒုတိယပိုင်းမှာ လီဗာပူးဘက်က မာတစ်ခြေစွမ်း ချွန်ထွက်လာခဲ့ပြီး တကယ်ကို ထူးချွန်ခဲ့ပါတယ်။ လီဗာပူးဟာ ခြေစွမ်း ညံ့ဖျင်းချိန်မှာလည်း ရလဒ်ကို ဦးတည်ကစားနိုင်ခဲ့ပြီး ခံစစ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့လို့ အဝေးကွင်းနိုင်ပွဲရကာ အမှတ်ပေးဇယားကို ရမှတ် ၅ မှတ်ဖြတ်နိုင်နေဆဲဖြစ်ပါတယ်။

ဒီအပတ်မှာ မန်စီးတီးက ၈ ဂိုးပြတ် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲထံ ပြန်ဝင်လာပေမယ့် လီဗာပူးက ကြီး ၆ ကြီး ပြိုင်ဘက်ကို အဝေးကွင်းမှာ ရလဒ်ကောင်းရခဲ့လို့ ပိုမို အကျိုးဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ကြားရက်မှာတော့ ကာရာဘောင်းပွဲရှိပြီး လူငယ်တွေ အဓိက ကစားလာကြမယ်လို့ ယူဆရတာဖြစ်ပါတယ်။