ခ်ယ္ဆီးအသင္းကို အေဝးကြင္းမွာ ၂-၁ န႔ဲ အႏုိင္ရတဲ့ေနာက္ လီဗာပူးဟာ အမွတ္ေပးလိဂ္မွာ ရာႏႈန္းျပည့္ ႏုိင္ပြဲကို ဆက္လက္ ေဖာ္ေဆာင္ႏုိင္ခဲ့ျပီး ၆ ပြဲကစား ၆ ပြဲ ႏုိင္ရလဒ္ကို ရရွိခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ခ်ယ္ဆီးကို အႏုိင္ရလို႔ ထိပ္ဆံုး ေလးသင္းျပိဳင္ဘက္ေတြကို အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ရာမွာ ရလဒ္မေကာင္း ျဖစ္ေနမႈကို ေခ်ဖ်က္ႏုိင္ခဲ့ျပီး ဒုတိယေနရာမွာ မန္စီးတီးကို ၅ မွတ္ထိ ျဖတ္ထားႏုိင္ဆဲျဖစ္ကာ ရာသီစ တာထြက္လွေနဆဲလည္း ျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္ကေတာ့ အသင္းက ဘာေအာင္ျမင္မႈမွ ရထားတာမဟုတ္ပဲ ျပိဳင္ဘက္တိုင္းအတြက္ အဆင္သင့္ျပင္ထားဖို႔ သတိေပးလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္က ” ႏွစ္သင္းလံုးအတြက္ ေကာင္းတဲ့ပြဲပါပဲ။ ေကာင္းမြန္တဲ့ ဧရိယာေတြမွာ တည္ကန္ေဘာေတြကို အရယူႏုိင္ခဲ့တယ္။ ဒုတိယပိုင္းမွာလည္း ႏွစ္ၾကိမ္ (သို႔) အခြင့္အေရးေကာင္း တစ္ၾကိမ္ရခဲ့ျပီး ၃-၀ ဆိုတဲ့ ရလဒ္ ထြက္ေပၚေအာင္ လုပ္ခဲ့ပါေသးတယ္။ ကန္တီရဲ႕ ေကာင္းမြန္တဲ့ ေျပးမႈနဲ႔ ကန္မႈက က်ေနာ္တို႔ကို ျပသနာ ၾကီးေစခဲ့ပါတယ္။

ဖိအားေတြေအာက္ ေရာက္ရတယ္ဆိုတာက ပံုမွန္ပဲျဖစ္ေပမယ့္ က်ေန္ာတို႔ အေကာင္းဆံုး ခံစစ္ကာကြယ္ႏုိင္ခဲ့ပါတယ္။ ႏွစ္ဘက္ ဂိုးသမားေတြက ေကာင္းမြန္တဲ့ ကာကြယ္မႈေတြ လုပ္ႏုိင္ခဲ့တယ္။ စိတ္လႈပ္ရွားစရာ ပြဲေကာင္းျဖစ္ျပီး ဒါက ပရီးမီးယားလိဂ္ရဲ႕ ၾကီး ၆ ၾကီး ဆိုတာ ဘယ္လိုအသင္းေတြ ဆိုတာပါပဲ။

က်ေနာ္တို႔ တည္ကန္ေဘာေတြမွာ အလုပ္လုပ္ခဲ့ျပီး ေလ့က်င့္ေရးမွာ လုပ္ခဲ့တာေတြကို ကြင္းထဲမွာ လုပ္ႏုိင္တာကို ႏွစ္သက္မိတယ္။ အားလံုးအတြက္ တကယ္ကို တုိက္ခိုက္ရမႈပါပဲ။ ပထမပိုင္းတည္းက ခက္ခဲခဲ့တာပါ။ ဒီလိုပြဲမွာ က်ေနာ္တို႔က ပထမပိုင္းကို လႊမ္းမိုးႏုိင္ခဲ့တယ္လုိ႔ ထင္တယ္။ ေကာင္းမြန္တဲ့ ဂိုးႏွစ္ဂိုး ရခဲ့တာျဖစ္ျပီး အႏုိင္ရဖို႔ ခက္ခဲတဲ့ ဒီကြင္းမွာ အႏုိင္သံုးမွတ္ရဖို႔ ထိုက္တန္ပါတယ္။

က်ေနာ္တုိ႔က ေျခာက္ပြဲေျမာက္မွာ ခ်ယ္ဆီးကို ႏုိင္တာပဲ ရွိပါေသးတယ္။ ဒါကလြဲရင္ ဘာကိုမွ အႏုိင္ရထားတာမဟုတ္ပဲ က်ေနာ္တုိ႔ ဆက္သြားရမယ္။ ျပိဳင္ဘက္တိုင္းအတြက္ အဆင္သင့္ျဖစ္ေနရပါမယ္။ သူတို႔အားလံုးက က်ေနာ္တုိ႔ကို အႏုိင္ရလိုျပီး ေစာင့္ေနၾကတာပါ။ ကိုယ္လုပ္ရမွာအတြက္ အဆင္သင့္ျဖစ္ေနရပါမယ္ ” လို႔ ဆိုခဲ့ပါတယ္။

UNICODE

ချယ်ဆီးအသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရတဲ့နောက် လီဗာပူးဟာ အမှတ်ပေးလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်လက် ဖော်ဆောင်နိုင်ခဲ့ပြီး ၆ ပွဲကစား ၆ ပွဲ နိုင်ရလဒ်ကို ရရှိခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ချယ်ဆီးကို အနိုင်ရလို့ ထိပ်ဆုံး လေးသင်းပြိုင်ဘက်တွေကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ရလဒ်မကောင်း ဖြစ်နေမှုကို ချေဖျက်နိုင်ခဲ့ပြီး ဒုတိယနေရာမှာ မန်စီးတီးကို ၅ မှတ်ထိ ဖြတ်ထားနိုင်ဆဲဖြစ်ကာ ရာသီစ တာထွက်လှနေဆဲလည်း ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ကတော့ အသင်းက ဘာအောင်မြင်မှုမှ ရထားတာမဟုတ်ပဲ ပြိုင်ဘက်တိုင်းအတွက် အဆင်သင့်ပြင်ထားဖို့ သတိပေးလိုက်ပါတယ်။

ယာဂင်ကလော့ပ်က ” နှစ်သင်းလုံးအတွက် ကောင်းတဲ့ပွဲပါပဲ။ ကောင်းမွန်တဲ့ ဧရိယာတွေမှာ တည်ကန်ဘောတွေကို အရယူနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း နှစ်ကြိမ် (သို့) အခွင့်အရေးကောင်း တစ်ကြိမ်ရခဲ့ပြီး ၃-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်အောင် လုပ်ခဲ့ပါသေးတယ်။ ကန်တီရဲ့ ကောင်းမွန်တဲ့ ပြေးမှုနဲ့ ကန်မှုက ကျနော်တို့ကို ပြသနာ ကြီးစေခဲ့ပါတယ်။

ဖိအားတွေအောက် ရောက်ရတယ်ဆိုတာက ပုံမှန်ပဲဖြစ်ပေမယ့် ကျနေ်ာတို့ အကောင်းဆုံး ခံစစ်ကာကွယ်နိုင်ခဲ့ပါတယ်။ နှစ်ဘက် ဂိုးသမားတွေက ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့တယ်။ စိတ်လှုပ်ရှားစရာ ပွဲကောင်းဖြစ်ပြီး ဒါက ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ ကြီး ဆိုတာ ဘယ်လိုအသင်းတွေ ဆိုတာပါပဲ။

ကျနော်တို့ တည်ကန်ဘောတွေမှာ အလုပ်လုပ်ခဲ့ပြီး လေ့ကျင့်ရေးမှာ လုပ်ခဲ့တာတွေကို ကွင်းထဲမှာ လုပ်နိုင်တာကို နှစ်သက်မိတယ်။ အားလုံးအတွက် တကယ်ကို တိုက်ခိုက်ရမှုပါပဲ။ ပထမပိုင်းတည်းက ခက်ခဲခဲ့တာပါ။ ဒီလိုပွဲမှာ ကျနော်တို့က ပထမပိုင်းကို လွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်တယ်။ ကောင်းမွန်တဲ့ ဂိုးနှစ်ဂိုး ရခဲ့တာဖြစ်ပြီး အနိုင်ရဖို့ ခက်ခဲတဲ့ ဒီကွင်းမှာ အနိုင်သုံးမှတ်ရဖို့ ထိုက်တန်ပါတယ်။

ကျနော်တို့က ခြောက်ပွဲမြောက်မှာ ချယ်ဆီးကို နိုင်တာပဲ ရှိပါသေးတယ်။ ဒါကလွဲရင် ဘာကိုမှ အနိုင်ရထားတာမဟုတ်ပဲ ကျနော်တို့ ဆက်သွားရမယ်။ ပြိုင်ဘက်တိုင်းအတွက် အဆင်သင့်ဖြစ်နေရပါမယ်။ သူတို့အားလုံးက ကျနော်တို့ကို အနိုင်ရလိုပြီး စောင့်နေကြတာပါ။ ကိုယ်လုပ်ရမှာအတွက် အဆင်သင့်ဖြစ်နေရပါမယ် ” လို့ ဆိုခဲ့ပါတယ်။