အမ္းမရိတ္မွာ ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာေတာ့ အာဆင္နယ္ဟာ တစ္ေယာက္ေလ်ာ့ အေနအထားကေန ျပိဳင္ဘက္ အက္စတြန္ဗီလာကို ေနာက္ကေန အၾကိမ္ၾကိမ္ လိုက္ကစားရေပမယ့္ ၃-၂ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ပထမပိုင္းမွာ လိုအပ္ခ်က္ေတြ မ်ားခဲ့ေပမယ့္ ကလပ္အသင္းသားေတြဟာ အရံွဴးမေပးလိုတဲ့ စိတ္ဓါတ္ေကာင္းေတြနဲ႔ ေနာက္ဆံုးမိနစ္ထိ တုိက္ခိုက္ခဲ့ျပီး ကလပ္အသင္းအတြက္ အေရးပါတဲ့ ႏုိင္ပြဲကို ရယူေပးခဲ့တာပါ။ ဒီႏုိင္ပြဲေၾကာင့္ အာဆင္နယ္ဟာ ပြဲစဥ္ ၆ အျပီးမွာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာကို တက္လွမ္းလာႏုိင္တာျဖစ္တယ္။

ဒီပြဲမွာ အာဆင္နယ္အတြက္ အဓိကက်ခဲ့သူ တစ္ဦးကေတာ့ ဒုတိယပိုင္းမွာ ဆာကာေနရာက အစားဝင္လာတဲ့ ခ်မ္ဘာျဖစ္ျပီး သူဟာ အသင္းအတြက္ တြန္းအားၾကီးျဖစ္ေစမယ့္ ဒုတိယ ေျခပဂိုးကို သြင္းယူေပးခဲ့တာပါ။ ကလပ္အသင္း ရလဒ္ေကာင္းရခဲ့တာအတြက္ ပြဲအျပီးမွာ ခ်မ္းဘာက ေက်နပ္ေပ်ာ္ရႊင္မိပါေၾကာင္း စကားေျပာခဲ့ပါတယ္။

ခ်မ္ဘာက ပြဲအျပီးမွာ ” က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ ျပိဳင္ဘက္ ဒုတိယဂိုး သြင္းယူခ်ိန္မွာ မွန္ကန္တဲ့အရာေတြ လုပ္ႏုိင္ဖို႔ က်ေနာ္ အားမေလ်ာ့ေသးပါဘူး။ က်ေနာ္တုိ႔ အစြမ္းကုန္ ဆက္ၾကိဳးစားခဲ့ျပီး အဆံုးမွာ ကိုယ္နဲ႔ ထိုက္တန္တာကို ရခဲ့ပါတယ္။ ကလပ္အသင္းနဲ႔ က်ေနာ္တုိ႔ အသင္းသားေတြအတြက္ ႏုိင္ပြဲက အရမ္းကို အေရးပါခဲ့ပါတယ္။ က်ေနာ္တုိ႔မွာ အရည္အခ်င္းနဲ႔ စိတ္ဓါတ္ေကာင္းေတြ ရွိပါတယ္။ အေကာင္းဆံုး ဆက္သြားႏုိင္စြမ္းလည္း ရွိပါတယ္ ” လို႔ ေျပာဆိုခဲ့တယ္။

အာဆင္နယ္ရဲ႕ အႏုိင္ဂိုးရွင္ျဖစ္သူ အူဘာမီယန္နဲ႔ ပက္သက္ျပီးလည္း ခ်မ္ဘာကပဲ ” အူဘာက တကယ္ကို ထိပ္တန္း တိုက္စစ္မွဴးပါ။ အသင္းမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ အမ်ားအျပားရွိပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ သြင္းဂိုးေတြကေတာ့ က်ေနာ္တုိ႔အတြက္ ထူးခၽြန္လြန္းလွပါတယ္ ” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

UNICODE

အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ အာဆင်နယ်ဟာ တစ်ယောက်လျော့ အနေအထားကနေ ပြိုင်ဘက် အက်စတွန်ဗီလာကို နောက်ကနေ အကြိမ်ကြိမ် လိုက်ကစားရပေမယ့် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပထမပိုင်းမှာ လိုအပ်ချက်တွေ များခဲ့ပေမယ့် ကလပ်အသင်းသားတွေဟာ အရံှူးမပေးလိုတဲ့ စိတ်ဓါတ်ကောင်းတွေနဲ့ နောက်ဆုံးမိနစ်ထိ တိုက်ခိုက်ခဲ့ပြီး ကလပ်အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲကို ရယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပွဲစဉ် ၆ အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းလာနိုင်တာဖြစ်တယ်။

ဒီပွဲမှာ အာဆင်နယ်အတွက် အဓိကကျခဲ့သူ တစ်ဦးကတော့ ဒုတိယပိုင်းမှာ ဆာကာနေရာက အစားဝင်လာတဲ့ ချမ်ဘာဖြစ်ပြီး သူဟာ အသင်းအတွက် တွန်းအားကြီးဖြစ်စေမယ့် ဒုတိယ ခြေပဂိုးကို သွင်းယူပေးခဲ့တာပါ။ ကလပ်အသင်း ရလဒ်ကောင်းရခဲ့တာအတွက် ပွဲအပြီးမှာ ချမ်းဘာက ကျေနပ်ပျော်ရွှင်မိပါကြောင်း စကားပြောခဲ့ပါတယ်။

ချမ်ဘာက ပွဲအပြီးမှာ ” ကျနော် အရမ်းပျော်ပါတယ်။ ပြိုင်ဘက် ဒုတိယဂိုး သွင်းယူချိန်မှာ မှန်ကန်တဲ့အရာတွေ လုပ်နိုင်ဖို့ ကျနော် အားမလျော့သေးပါဘူး။ ကျနော်တို့ အစွမ်းကုန် ဆက်ကြိုးစားခဲ့ပြီး အဆုံးမှာ ကိုယ်နဲ့ ထိုက်တန်တာကို ရခဲ့ပါတယ်။ ကလပ်အသင်းနဲ့ ကျနော်တို့ အသင်းသားတွေအတွက် နိုင်ပွဲက အရမ်းကို အရေးပါခဲ့ပါတယ်။ ကျနော်တို့မှာ အရည်အချင်းနဲ့ စိတ်ဓါတ်ကောင်းတွေ ရှိပါတယ်။ အကောင်းဆုံး ဆက်သွားနိုင်စွမ်းလည်း ရှိပါတယ် ” လို့ ပြောဆိုခဲ့တယ်။

အာဆင်နယ်ရဲ့ အနိုင်ဂိုးရှင်ဖြစ်သူ အူဘာမီယန်နဲ့ ပက်သက်ပြီးလည်း ချမ်ဘာကပဲ ” အူဘာက တကယ်ကို ထိပ်တန်း တိုက်စစ်မှူးပါ။ အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ သွင်းဂိုးတွေကတော့ ကျနော်တို့အတွက် ထူးချွန်လွန်းလှပါတယ် ” လို့ ချီးကျူးသွားခဲ့ပါတယ်။