ခ်ယ္ဆီးအသင္းဟာ တနဂၤေႏြေန႔ည ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးအသင္းကို စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရာ ၂-၁ နဲ႕ အေရးနိမ့္ ခဲ့ပါတယ္။ ခ်ယ္ဆီးက လီဗာပူးကို ေကာင္းစြာ ယွဥ္ကစားနုိင္ခဲ့ျပီး VAR ခြင့္မျပဳခဲ့တဲ့ ဂိုးနဲ႕ အပိုင္အခြင့္အေရးမ်ား အသံုးမခ်နိုင္ခဲ့တာေၾကာင့္ နိုင္ပြဲနဲ႕ ေ၀းခဲ့ရတာ ျဖစ္ပါတယ္။

” စြမ္းေဆာင္ရည္ပိုင္း ၾကည့္မယ္ဆိုရင္ ခ်ယ္ဆီးက ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့တာပါ။ က်ေနာ္တို႔က ဒီပြဲအေပၚ အားအင္ေတြ သြန္ျပီး ပိုသံုးခဲ့သလို စိတ္ဓာတ္ေရးရ အရ၊ အရည္အေသြးအရ ပိုသာခဲပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြက ပြဲအျပီးမွာ လက္ခုပ္ၾသဘာ ေပးခဲ့ၾကတာေပါ့။ ဒီပြဲက ေကာင္းတဲ့အခ်က္ေတြကို ေရွ႕ဆက္ သယ္ေဆာင္သြားရေအာင္ပါ။” လို႔ ခ်ယ္ဆီး နည္းျပ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ေမဆန္ေမာင့္ရဲ႕ ခြင့္ျပဳမခံရတဲ့ ဂိုးနဲ႕ ပတ္သတ္ျပီးလည္း လမ္းပတ္က – ” က်ေနာ္ ဒီပြဲမွာ အေျခအေနတခ်ိဳ႕ မ်က္နွာသာေပးခံရတယ္လို႔ ေတြးပါတယ္။ ဒါေပမယ့္ ေမဆန္ လူကၽြံခဲ့တာ တကယ့္ နည္းနည္းေလးပါ။ ဒါေပမယ့္ ဒါကို က်ေနာ္တို႔ လက္ခံရမွာေပါ့။ ၀မ္းနည္းဆရာက ေအာင္ပြဲခံျပီးမွာ ဆံုးျဖတ္ခ်က္ေတြ ျပန္လည္ ျပင္ဆင္ခဲ့တာကိုပါ။ ဒါက ပရိသတ္ေတြကိုေရာ ကြင္းထဲက ကစားသမားေတြကိုပါ သက္ေရာက္မႈ ရွိေစခဲ့တယ္။ ” လို႔ ဆိုပါတယ္။

” အိမ္ကြင္း နုိင္ပြဲ မရွိေသးဘူးဆိုတာကို က်ေနာ္တို႔လည္း ေျပာင္းလဲ ပစ္ခ်င္တယ္။ ဒီပံုစံအတိုင္းသာ ဆက္ကစားရင္ မေ၀းေတာ့ဘူးလို႔ က်ေနာ္ ယံုပါတယ္။ လက္ေတြ႔မွာ အသင္းသားေတြထဲ လူငယ္ေတြ ေတာ္ေတာ္ ပါ၀င္ေနေသးတယ္။ က်ေ်န္ာတို႔ မနွစ္က နံပါတ္ ၉ တိုက္စစ္မွဴး နွစ္ေယာက္ ဆံုးရွံဳးသြားတယ္။ ဒါကို မျပင္ဆင္နုိင္ခဲ့ဘူး။”

” လူေတြက ခ်ယ္ဆီး အေျပာင္းေရႊ႕ ပိတ္ခံရ မေကာင္းဘူးလို႔ ေျပာၾကတယ္။ ဟုတ္ပါတယ္.. ဒါေပမယ့္ ေရတို အတြက္ပဲ မေကာင္းတာ။ ေရရွည္ ၾကည့္ရင္ က်ေနာ္တို႔ လူငယ္ေလးေတြ ျဖစ္တဲ့ တိုမိုရီ၊ ေမာင့္၊ ေအဘရာဟမ္တို႔ အတြက္ လံုး၀ ေကာင္းမြန္တဲ့ အခြင့္ အေရးေတြ ရလာတာပါ။ ေလာေလာဆယ္ ေရတိုမွာေတာ့ ဒီေန႔လို ရွံဳးပြဲေတြ ရွိနိုင္ပါတယ္။ ဒါေပမယ့္ အသင္းအတြက္ ေရရွည္မွာ အေနအထားေကာင္းေတြ ျဖစ္လာမယ္လို႔ ယံုၾကည္ေမွ်ာ္လင့္ထားတယ္။” လို႔ ဖရန္႔လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – ချယ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ချယ်ဆီးက လီဗာပူးကို ကောင်းစွာ ယှဉ်ကစားနိုင်ခဲ့ပြီး VAR ခွင့်မပြုခဲ့တဲ့ ဂိုးနဲ့ အပိုင်အခွင့်အရေးများ အသုံးမချနိုင်ခဲ့တာကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

” စွမ်းဆောင်ရည်ပိုင်း ကြည့်မယ်ဆိုရင် ချယ်ဆီးက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။ ကျနော်တို့က ဒီပွဲအပေါ် အားအင်တွေ သွန်ပြီး ပိုသုံးခဲ့သလို စိတ်ဓာတ်ရေးရ အရ၊ အရည်အသွေးအရ ပိုသာခဲပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ပွဲအပြီးမှာ လက်ခုပ်သြဘာ ပေးခဲ့ကြတာပေါ့။ ဒီပွဲက ကောင်းတဲ့အချက်တွေကို ရှေ့ဆက် သယ်ဆောင်သွားရအောင်ပါ။” လို့ ချယ်ဆီး နည်းပြ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

မေဆန်မောင့်ရဲ့ ခွင့်ပြုမခံရတဲ့ ဂိုးနဲ့ ပတ်သတ်ပြီးလည်း လမ်းပတ်က – ” ကျနော် ဒီပွဲမှာ အခြေအနေတချို့ မျက်နှာသာပေးခံရတယ်လို့ တွေးပါတယ်။ ဒါပေမယ့် မေဆန် လူကျွံခဲ့တာ တကယ့် နည်းနည်းလေးပါ။ ဒါပေမယ့် ဒါကို ကျနော်တို့ လက်ခံရမှာပေါ့။ ဝမ်းနည်းဆရာက အောင်ပွဲခံပြီးမှာ ဆုံးဖြတ်ချက်တွေ ပြန်လည် ပြင်ဆင်ခဲ့တာကိုပါ။ ဒါက ပရိသတ်တွေကိုရော ကွင်းထဲက ကစားသမားတွေကိုပါ သက်ရောက်မှု ရှိစေခဲ့တယ်။ ” လို့ ဆိုပါတယ်။

” အိမ်ကွင်း နိုင်ပွဲ မရှိသေးဘူးဆိုတာကို ကျနော်တို့လည်း ပြောင်းလဲ ပစ်ချင်တယ်။ ဒီပုံစံအတိုင်းသာ ဆက်ကစားရင် မဝေးတော့ဘူးလို့ ကျနော် ယုံပါတယ်။ လက်တွေ့မှာ အသင်းသားတွေထဲ လူငယ်တွေ တော်တော် ပါဝင်နေသေးတယ်။ ကျေျန်ာတို့ မနှစ်က နံပါတ် ၉ တိုက်စစ်မှူး နှစ်ယောက် ဆုံးရှုံးသွားတယ်။ ဒါကို မပြင်ဆင်နိုင်ခဲ့ဘူး။”

” လူတွေက ချယ်ဆီး အပြောင်းရွှေ့ ပိတ်ခံရ မကောင်းဘူးလို့ ပြောကြတယ်။ ဟုတ်ပါတယ်.. ဒါပေမယ့် ရေတို အတွက်ပဲ မကောင်းတာ။ ရေရှည် ကြည့်ရင် ကျနော်တို့ လူငယ်လေးတွေ ဖြစ်တဲ့ တိုမိုရီ၊ မောင့်၊ အေဘရာဟမ်တို့ အတွက် လုံး၀ ကောင်းမွန်တဲ့ အခွင့် အရေးတွေ ရလာတာပါ။ လောလောဆယ် ရေတိုမှာတော့ ဒီနေ့လို ရှုံးပွဲတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အသင်းအတွက် ရေရှည်မှာ အနေအထားကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်ထားတယ်။” လို့ ဖရန့်လမ်းပတ်က ပြောကြားခဲ့ပါတယ်။

Myan News