လီဗာပူးက ခ်ယ္ဆီးကို အေဝးကြင္းမွာ အနုိင္ရတဲ့ပြဲမွာ ေတာင္ပံသမား မာေနးကို ပြဲခ်ိန္ ၇၀ ေက်ာ္မွာတင္ ခပ္ေစာေစာ လူစားလဲခဲ့ရတာက ဒဏ္ရာေၾကာင့္ျဖစ္ေၾကာင္း ယာဂင္ကေလာ့ပ္က အတည္ျပဳခဲ့ျပီျဖစ္ပါတယ္။

ေတာင္ပံတိုက္စစ္မွာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရတဲ့ မာေနးဟာ ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရျခင္းလို႔ ကေလာ့ပ္က ဝန္ခံခဲ့ျပီး ကစားသမား ပံုမွန္အတိုင္း မကစားႏုိင္ေတာ့ျခင္းေၾကာင့္ လူစားလဲဖို႔ ၾကိဳးစားခဲ့ရတာပါလို႔ ရွင္းျပခဲ့ပါတယ္။ လီဗာပူးဟာ မူလက ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို လူစားလဲမယ္လို႔ ဆံုးျဖတ္ခဲ့ဟန္ရွိျပီး မာေနးရဲ႕ ဒဏ္ရာေၾကာင့္ ဝိုက္နယ္ဒမ္ကို ေတာင္ပံတိုက္စစ္ကို လိုက္ပါေစခဲ့ကာ မီလ္နာကို မာေနးအစား ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ကပဲ ” ဆာဒီယိုက ဆိုးရြားတဲ့ ထိခိုက္မႈျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ ဒူးနားက အရိုးေတြမွာ ထိခိုက္ခဲ့ျပီး ေျခေထာက္နာခဲ့တယ္။ ဆိုးရြားတဲ့ ေပါင္းစပ္ ဒဏ္ရာရမႈျဖစ္ပါတယ္။ သူ အဆင္ေျပပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ လူစားလဲဖို႔ လိုခဲ့ပါတယ္။ သူ အစြမ္းကုန္ ၾကိဳးစားခဲ့ေပမယ့္ သူ ပင္ပန္းေနျပီး ေျခေထာက္နာေနခဲ့တယ္။ ဒီောတ့ က်ေန္ာတို႔ကလည္း လာခဲ့လိုက္ေတာ့ဆိုျပီး လူစားလဲဖို႔ပဲ ရွိပါေတာ့တယ္။

ခ်ယ္ဆီးလို အသင္းကို တကယ္ကို မတိုက္ခိုက္ပဲနဲ႔ အႏုိင္မရႏုိင္ပါဘူး။ ဒီကေန႔ပြဲမွာ က်ေနာ္တုိ႔ အစြမ္းကုန္ ၾကိဳးစားခဲ့ပါတယ္။ က်ေနာ္တို႔ ဆက္ျပီး ၾကိဳးစားရပါမယ္။ ဒါကလြဲရင္ ဘာမ်ား ေျပာရဦးမွာလဲ။ မေန႔တုန္းက မန္စီးတီးလုပ္ခဲ့သလို ဂိုးျပတ္ အႏုိင္ရဖို႔က မလြယ္ပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ကလည္း ဆက္ၾကိဳးစားေနတာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ကေတာ့ မာေနးရဲ႕ ဒဏ္ရာဟာ စိတ္ပ်က္စရာ ေပါင္းစပ္ဒဏ္ရာလို႔ တင္စားခဲ့တာျဖစ္ျပီး မာေနးဟာ ဒီအပတ္ ၾကားရက္မွာ ကစားရမယ့္ MK Dons နဲ႔ ကာရာေဘာင္းပြဲကို လြဲေခ်ာ္ဖို႔ မ်ားေနပါျပီ။ သူ႔ေနရာမွာေတာ့ ရွာကီြရီ အစားဝင္လာဖို႔ ရွိသလို ခ်ိန္ဘာလိန္ကိုလည္း တင္ကစားႏုိင္တာျဖစ္ပါတယ္။

UNICODE

လီဗာပူးက ချယ်ဆီးကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ တောင်ပံသမား မာနေးကို ပွဲချိန် ၇၀ ကျော်မှာတင် ခပ်စောစော လူစားလဲခဲ့ရတာက ဒဏ်ရာကြောင့်ဖြစ်ကြောင်း ယာဂင်ကလော့ပ်က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

တောင်ပံတိုက်စစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မာနေးဟာ ဒဏ်ရာကြောင့် ရုန်းကန်နေရခြင်းလို့ ကလော့ပ်က ဝန်ခံခဲ့ပြီး ကစားသမား ပုံမှန်အတိုင်း မကစားနိုင်တော့ခြင်းကြောင့် လူစားလဲဖို့ ကြိုးစားခဲ့ရတာပါလို့ ရှင်းပြခဲ့ပါတယ်။ လီဗာပူးဟာ မူလက ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို လူစားလဲမယ်လို့ ဆုံးဖြတ်ခဲ့ဟန်ရှိပြီး မာနေးရဲ့ ဒဏ်ရာကြောင့် ဝိုက်နယ်ဒမ်ကို တောင်ပံတိုက်စစ်ကို လိုက်ပါစေခဲ့ကာ မီလ်နာကို မာနေးအစား ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ကပဲ ” ဆာဒီယိုက ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဒူးနားက အရိုးတွေမှာ ထိခိုက်ခဲ့ပြီး ခြေထောက်နာခဲ့တယ်။ ဆိုးရွားတဲ့ ပေါင်းစပ် ဒဏ်ရာရမှုဖြစ်ပါတယ်။ သူ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော်တို့ လူစားလဲဖို့ လိုခဲ့ပါတယ်။ သူ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် သူ ပင်ပန်းနေပြီး ခြေထောက်နာနေခဲ့တယ်။ ဒီောတ့ ကျနေ်ာတို့ကလည်း လာခဲ့လိုက်တော့ဆိုပြီး လူစားလဲဖို့ပဲ ရှိပါတော့တယ်။

ချယ်ဆီးလို အသင်းကို တကယ်ကို မတိုက်ခိုက်ပဲနဲ့ အနိုင်မရနိုင်ပါဘူး။ ဒီကနေ့ပွဲမှာ ကျနော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ ဆက်ပြီး ကြိုးစားရပါမယ်။ ဒါကလွဲရင် ဘာများ ပြောရဦးမှာလဲ။ မနေ့တုန်းက မန်စီးတီးလုပ်ခဲ့သလို ဂိုးပြတ် အနိုင်ရဖို့က မလွယ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကလည်း ဆက်ကြိုးစားနေတာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ကတော့ မာနေးရဲ့ ဒဏ်ရာဟာ စိတ်ပျက်စရာ ပေါင်းစပ်ဒဏ်ရာလို့ တင်စားခဲ့တာဖြစ်ပြီး မာနေးဟာ ဒီအပတ် ကြားရက်မှာ ကစားရမယ့် MK Dons နဲ့ ကာရာဘောင်းပွဲကို လွဲချော်ဖို့ များနေပါပြီ။ သူ့နေရာမှာတော့ ရှာကွီရီ အစားဝင်လာဖို့ ရှိသလို ချိန်ဘာလိန်ကိုလည်း တင်ကစားနိုင်တာဖြစ်ပါတယ်။