လီဗာပူးဂိုးသမား အယ်လီဆန်က ဒီအပတ်အကုန် ယှဉ်ပြိုင်ရမယ့် ဘုန်းမာက်ပွဲကစလို ရာသီကုန်ထိ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့ လိုအပ်ပြီလို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တိုက်ပွဲဝင်နေရတဲ့နောက် လီဗာပူးအသင်းသားတွေဟာ ဝေဖန်သူတွေ ဘာတွေပြောဆိုနေတယ်ဆိုတာ စိတ်မဝင်စားပဲ ကိုယ်အလုပ်ကို အကောင်းဆုံး လုပ်ဖို့ပဲ အာရုံစိုက်ထားကာ ဘုန်းမောက်နဲ့ပွဲကို အနိုင်ရလဒ်ဖြင့် တုန့်ပြန်ပြနိုင်ဖို့ပဲ ရည်ရွယ်ထားပါတယ်လို့ ကွင်းလယ်လူ လယ်လာနာက ထုတ်ပြောပါတယ်။

လီဗာပူးအသင်းဟာ ရှူံးထွက်ပွဲတွေအတွက် ချန်ပီယံလိဂ် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပြီး စီနီယာ 25 ဦး စာရင်းမှာတော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ချိန်ဘာလိန်အပြင် အသက် 17 နှစ်အရွယ် ဗဟိုခံစစ်မှူး ဟိုဗာကိုပါ ထည့်သွင်းလာပါတယ်။

လီဗာပူးကွင်းလယ်တိုက်စစ်သမား ချိန်ဘာလိန်ဟာ ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်နေပေမယ့် ဧပြီလထိ ပြန် ကစားနိုင်ဖွယ် မရှိသေးဘဲ အသင်းဘက်ကလည်း စောင့်ကြည့် နေရဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နာပိုလီမှ အသင်း ၂၇ နှစ်အရွယ် အီတလီသား တိုက်စစ်မှူး လိုရန်ဇို အင်ဆစ်ဂနီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ အီတလီဘက်က သတင်းဌာနများမှာ ဖော်ပြလာပါတယ်။ နာပိုလီအသင်းဘက်ကတော့ အင်ဆစ်ဂနီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ ဝန်းကျင်ရရှိမှသာ လက်လွှတ်ဖွယ် ရှိပါတယ်။

ဟယ်သာဘာလင်အသင်းဟာ လီဗာပူးမှ အငှားလာကစားနေတဲ့ ဆားဘီးယား ကွင်းလယ်ကစားသမား မာကို ဂရူဂျစ်ကို ရာသီကုန်သွားရင်လည်း အသင်းမှာ ဆက်ခေါ်ထားဖို့ အလို ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား မရခဲ့ပါက အသင်း အဓိက တိုက်စစ်မှူး အီဂျစ်သား မိုဆာလက်ကို လက်လွှတ် ရလိမ့်မယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း ဟက်စကီးက သတိပေးစကား ဆိုလိုက်ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိတ်လှုပ်ရှားပြီး ဖိအားဝင်နေတယ်ဆိုတဲ့ မှတ်ချက်များကို ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က ပယ်ချသွားပါတယ်။ ကျနော်တို့ ဒီနေရာကို သိပ်မရောက်ဖူးတာကြောင့် လူတွေက ဖိအားဆိုတဲ့ စကားတွေ ပြောနေကြတာပါ.. ဒါပေမယ့် အခုမှ ဖေဖော်ဝါရီပဲ ရှိပါသေးတယ်လို့ ရော်ဘတ်ဆန်က ဆိုခဲ့ပါတယ်။

လီဗာပူးအသင်း ကွင်းလယ်လူ အလန်ဟာ ဘရာဇီးကလပ် Fluminese ကို ဒီအပတ်မှာပဲ အငှားဖြင့် ပြောင်းရွှေ့ပြီဖြစ်ကြောင်း ဘရာဇီးသတင်းထောက် Azevedo က အတည်ပြုပါတယ်။