ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်က မျက်စိကျလာတဲ့ လူငယ်တိုက်စစ်မှူး ရပ်ဖို့ဒ်ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။

အသက် ၂၄ နှစ်အရွယ် ယူနိုက်တက် ဗဟိုခံစစ်မှူး အဲရစ်ဘိုင်လီဟာ အသင်း အနာဂတ်အစီအစဉ်ထဲမှာ ပါဝင်နေကြောင်း နည်းပြ ဆိုးရှား က ပြောကြားထားပြီး ဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားဟာ ကလပ်အသင်းမှာ အထိုင်မကျဖြစ်နေတဲ့ ကွင်းလယ်လူ ဖရက်ကို တစ်ဦးချင်း သီးသန့်တွေ့ဆုံမှု ပြုလုပ်သွားမယ့်အကြောင်း ပြောဆိုပါတယ်။ နွေအပြောင်းအရွှေ့မှာ ရှက်တာဒိုးနက်ကနေ ပေါင် 52 သန်းနဲ့ ရောက်လာခဲ့တဲ့ ဖရက်ဟာ ပြီးခဲ့တဲ့ 4 လမှာ ပရီးမီးယားလိဂ်ပွဲ 3 ပွဲပဲ ပွဲထွက်ခွင့် ရထားပါတယ်။

မန်ချက်စတာ ယူနိုကတက်ဟာ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်မှူး ရက်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပါပြီ။ စာချုပ်သစ်အရ ရက်ဖို့ဒ် လစာကို နှစ်ဆနီးပါး တစ်ပတ် လုပ်ခ ပေါင် ၁သိန်းခွဲထိ တိုးမြှင့်ကမ်းလှမ်းထားပါတယ်။

ယူနိုက်တက် ရဲ့ လာမယ့်နွေအပြောင်းအရွှေ့ ဦးစားပေးပစ်မှတ် အဖြစ် နာပိုလီခံစစ်မှူး ကူလီဘိုင်လေ ကို သတ်မှတ်ထားပြီး ဖြစိပါတယ်။

ယူနိုက်တက် ကွင်းလယ် ပေါလ်ပေါ့ဘာဟာ မော်ရင်ညိုလက်အောက်မှာ ရှိစဉ်က အသင်းမှ ထွက်ခွာဖို့ စဉ်းစားခဲ့ကြောင်း ပေါ့ဘာရဲ့ အစ်ကို ဖြစ်သူ မာသီယက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ရှူံးထွက်အဆင့်အတွက် လူစာရင်းတင်သွင်းမှု ထပ်မံ ပြုလုပ်ခဲ့ပြီဖြစ်ပြီး တရုတ်ကလပ် Shandong Luneng ကို ပြောင်းရွှေ့သွားတဲ့ ဖယ်လာနီကို ဖယ်ထုတ်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လိုက်ဇစ်အသင်းမှ အသက် 20 အရွယ် ဗဟိုခံစစ်သမား Upamecano ကို ဘိုင်ယန်မြူနစ်နဲ့အပြိုင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စိတ်ဝင်စားနေကြောင်း ဂျာမနီသတင်းတွေက ဖော်ပြပါတယ်။ ကစားသမားလေးရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း 100 ထိ ရှိတယ်လို့ သိရပါတယ်။

ယူနိုက်တက် တိုက်စစ်သမားဟောင်း အီဘရာဟင်မိုဗစ်က ခံစစ်မှူး လင်ဒီအော့အား သရဲနီကစားသမားတွေက အောင်နိုင်သူတွေဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ပဲတော့ အသင်းမှာ ရှင်သန်းနိုင်မှာ မဟုတ်ကြောင်း သတိပေးခဲ့ပြီး ခြေစွမ်းမပြနိုင်ရင် ရောင်းထုတ်ခံရမယ်လို့ သတိပေးခဲ့ကြောင်း ပြောဆိုပါတယ်။