ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ လီဗာပူးတိုက်စစ်မှူး အီဂျစ်သား မိုဆာလက်ကို လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းများ သုံးစွဲကာ ပွဲကြည့်စင်ဘက်မှာ အော်ဟစ်ခဲ့မှုများ ရှိပြီး လန်ဒန်ရဲတပ်ဖွဲ့ ကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ၀က်စ်ဟမ်းအသင်းဘက်လည်း ဒီအပြုအမူကို လက်သင့်ခံနိုင်စွမ်း လုံးဝ မရှိဘဲ စုံစမ်းမှုများအတွက် အပြည့်အ၀ ပူးပေါင်းမယ်လို့ ကတိပေးထားပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး Terry McDermott က လီဗာပူးအသင်းင ဒီတလော ရလဒ်များဟာ အသင်း ခေတ္တ ယိမ်းယိုင်ခြင်းသာ ဖြစ်ပြီး ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဒီအနေအထားမျိုး ထပ် အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်က ဒီအပတ်အကုန် ယှဉ်ပြိုင်ရမယ့် ဘုန်းမာက်ပွဲကစလို ရာသီကုန်ထိ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့ လိုအပ်ပြီလို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ချိန်ဘာလိန်နဲ့အတူ ကာလရှည် ဒဏ်ရာရနေပြီး ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုများ လုပ်ဆောင်နေတဲ့ လူငယ်တိုက်စစ်သမား ရာဟင်း ဘရူစတားက လေ့ကျင့်မှုများ နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်ပြီး သီတင်းပတ်အနည်းငယ်အတွှုး ပြန်လည် ကစားနိုင်ဖွယ် ရှိလာပါတယ်။

ချယ်ဆီးအသင်းဟာ အီဒင်ဟာဇက် မပါပဲ အသက်ဆက်နိုင်ဖို့ ပြင်ဆင်နေပြီး သူ့နေရာကို အစားထိုးဖို့ လီဗာပူးကစားသမားဟောင်း ဘာစီလိုနာက ဖိလစ်ပီ ကော်တင်ညိုရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မေနာက လက်ရှိ လီဗာပူးအသင်း အနေအထားကို စိတ်ပူခြင်း မရှိကြောင်းနဲ့ ရာသီကုန်ဖို့ ကာလရှည်ကြီး လိုသေးတဲ့အတွက် အမှတ်ပေးဇယား ပထမနေရာ အပြောင်းအလဲတွေ ဖြစ်နေရင်လည်း အံ့အားသင့်စရာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။