အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံ ပရိုလိဂ်မှ အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား Leandro Trossard ကို နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်အဖွဲ့တွေက ဂန်းနားတွေဟာ မကြာခင်ပဲ မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ် စပါးအသင်း အမြတ်ငွေထက် နည်းပါးတဲ့ အခြေအနေ ရောက်သွားမှာ စိုးရိမ်နေကြပါတယ်။ ၀င်ငွေခိုင်မာဖို့အတွက် ချန်ပီယံလိဂ် ၀င်ခွင့်သည်သာ ကလပ်အသင်းရဲ့ အနေအထားကို ပြန်ဆယ်နိုင်မယ်လို့ သုံးသပ်နေကြပါတယ်။

အာဆယ်နယ် မန်နေဂျာဟောင်း အသက် ၆၉ နှစ်အရွယ် အာဆင်ဝါးဂါးက ဘောလုံးနယ်ပယ်ထဲ ပြန်လည် ခြေချဖို့ ကြံရွယ်နေပါတယ်။ ပြင်သစ်သားကြီးက ၄င်းကို ကမ်းလှမ်းထားတဲ့ အလုပ် ၄ ခုထဲက တစ်ခုကို လက်ခံလိုက်ဖို့ စဉ်းစားနေတာပါ။

လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မယ့် ပီအက်စ်၈ျီ ကွင်းလယ်ကစားသမား ရာဘီရော့က အာဆင်နယ်အသင်းရဲ့ ရေဒါထဲမှာ ရှိနေပြီး အသင်းဘက်က အရခေါ်ယူဖို့ ရှိပါတယ်။

ဂျူဗင်တပ်ဟာ ခြေစွမ်းရှိ ဝေးစ်တိုက်စစ်သမား အာရွန် ရမ်ဆေးကို ရာသီကုန်မှာပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမှာ ဖြစ်သော်လည်း ပါးနပ်စွာ အကြို သဘောတူစာချုပ် လက်မှတ်ထိုးထားနိုင်ခဲ့တာ အတွက် လီဗာပူးတိုက်စစ်မှူးဟောင်း Ian Rush က ချီးကျူးစကား ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ယူရိုပါလိဂ် ရှူံးထွက်အတွက် နောက်ဆုံး နာမည်စာရင်းတင်မှုကို ပြုလုပ်ခဲ့ပြီဖြစ်ပြီး ဇန်နဝါရီမှာ ဘာစီလိုနာကနေ လက်မှတ်ထိုး ခေါ်ယူထားတဲ့ ဆွာရက်စ် ပါဝင်လာပါတယ်။

Arsenal’s Europa League 24-man squad

Goalkeepers: Petr Cech, Bernd Leno, Deyan Iliev

Defenders: Hector Bellerin, Sokratis Papastathopoulos, Laurent Koscielny, Shkodran Mustafi, Stephan Lichtsteiner, Rob Holding, Nacho Monreal, Carl Jenkinson, Sead Kolasinac

Midfielders: Mohamed Elneny, Henrikh Mkhitaryan, Aaron Ramsey, Mesut Ozil, Lucas Torreira, Alex Iwobi, Denis Suarez, Matteo Guendouzi, Granit Xhaka

Forwards: Alexandre Lacazette, Pierre-Emerick Aubameyang, Danny Welbeck