ပရီးမီးယားလိဂ် ကစားသမားဟောင်း ဒီဒီဟာမန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးပစ်မှတ် ဗစ်တာအိုဆီမန်ကို ကမ္ဘာ့အကောင်းဆုံး ဗဟိုတိုက်စစ်မှူးအဖြစ် ချီးကျူးခဲ့ပြီး ဟာလန်းထက် ပိုကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။ အိုဆီမန်ဟာ နာပိုလီမှာ ၂၈ ပွဲအတွင်း ၂၃ဂိုး သွင်းယူခဲ့ပြီး စီးရီးအေမှာ ၁၈မှတ် အသာနဲ့ ဦးဆောင်ထားနိုင်စေသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ရောက်အောင် ပို့ဆောင်ပေးထားတာပါ။ သူ့ကို နွေရာသီမှာ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကလပ်များစွာရှိနေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ပြိုင်ပွဲစုံ ၄၂ပွဲမှာ ၄၅ဂိုး သွင်းယူခဲ့ပြီး ကြားရက်မှာ လိုက်ပ်ဇစ်ကို… Continue Reading →
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဂျေဒန်ဆန်ချိုရဲ့ အစွမ်းအစကို ထုတ်ယူဖို့ ကူညီပေးနိုင်တဲ့ ပိုကောင်းတဲ့ ညာနောက်ခံလူတစ်ယောက် ခေါ်ယူသင့်တယ်လို့ ကလပ်ဂန္တဝင် ပေါလ်စခိုးက ယုံကြည်နေပါတယ်။ ဆန်ချိုဟာ ၂၀၂၁ နွေရာသီမှာ ပေါင် ၇၃ သန်း ဝန်းကျင်နဲ့ ဒေါ့မွန်ကနေ ပြောင်းလာခဲ့ပေမယ့် သူ့အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ အတိုင်း လုပ်ပြဖို့ ရုန်းကန်ခဲ့ရတာပါ။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေအတွက် ဒီရာသီ အသင်းကြီးရဲ့ အဝေးမှာ အချိန်ကုန်နေခဲ့တဲ့ ဆန်ချိုဟာ ဒီနောက်ပိုင်း ပထမအသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။ စခိုးဟာ သူ့ဆီကနေ အများကြီး… Continue Reading →
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မဲခွဲမှု အပြီး ဂျေမီကာရေဂါက နာပိုလီကို ချန်ပီယံလိဂ်ဖလား အောင်မြင်စေချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ နာပိုလီဟာ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အီတလီပြိုင်ဘက် အေစီမီလန်နဲ့ တွေ့ရတော့မှာပါ။ အနိုင်ရလို့ရှိရင် သူတို့ဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန် ဒါမှမဟုတ် ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စီးရီးအေဇယားထိပ်မှာ ၁၈ မှတ်အသာနဲ့ ဦးဆောင်ထားတာကြောင့် နာပိုလီဟာ ဒီမဲခွဲရလဒ်မှာ ဖိုင်နယ်ရောက်ဖို့ ရေပန်းစားနေတာဖြစ်ပြီး ကာရေဂါကလည်း ၎င်းတို့ဟာ ဖိုင်နယ်ထိ ရောက်ရှိကာ လုံးဝ နတ်သမီးပုံပြင်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။… Continue Reading →
ဒီအပတ် ချယ်ဆီးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ဖြစ်ပါတယ်။ Chelsea vs Everton ချယ်ဆီးက ပုံစံကောင်းတွေ ပြန်ရစ ပြုလာနေပါပြီ။ စတမ်းဖိုဒ့်ဘရစ်မှာ ပေါ်တာက ခက်ခဲတဲ့ စတင်မှုတွေ ရှိခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ဖလား အနိုင်ရခြင်းလို တစ်ခုခုမျိုး ဖြစ်မယ်တော့ မထင်ပါဘူး။ ပထမ ဦးစားပေးရမှာတွေကို ဦးစားပေးရမှာပါပဲ။ ဒီအပတ်ပွဲမှာ သူတို့ ရမှတ် ၃ မှတ် ရယူသင့်ပါတယ်။ အဲဗာတန်က အိမ်ကွင်း… Continue Reading →
ကသောင်းကနင်းနဲ့ ဒုက္ခများခဲ့တဲ့ ချယ်ဆီးအသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး အန္တရာယ်ကြီးတဲ့ ကလပ်အဖြစ် ပြန်တောက်ပလာနေပြီလို့ ပေါမာဆန်က ယုံကြည်နေပါတယ်။ ချယ်ဆီးဟာ နိုင်ပွဲတွေ ဆက်တိုက်ရလာနေသလို ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ သူတို့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လိုတဲ့ အသင်း သိပ်များများရှိနေမှာ မဟုတ်ပါဘူး။ ပေါမာဆန်က ” ချယ်ဆီးဟာ အန္တရာယ်ရှိတဲ့ သားရဲတစ်ကောင် ဖြစ်လာပါတယ်။ သူတို့မှာ မယုံနိုင်စရာကောင်းတဲ့ ကစားသမား တချို့ရှိပြီး လက်စတာနဲ့ပွဲမှာ လုပ်ခဲ့သလိုမျိုး ချက်ခနဲ မီးပွင့်သွားဖို့သာ လိုအပ်နေတာပါ။… Continue Reading →
ဖရန့်ဖတ်ဟာ ဒီနွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး ရန်ဒယ် မူအာနီအတွက် ယူနိုက်တက်ထံက ကမ်းလှမ်းမှု ရဖို့ကို စောင့်ဆိုင်းနေပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရင် ဆော်ဒီကို တစ်နှစ်လုပ်ခ ပေါင် ၁၉၄ သန်းနဲ့ ပြောင်းဖို့ ရှိနေပါတယ်။ မက်ဆီရဲ့ ဖခင်ဖြစ်တဲ့ အေးဂျင့်ဂျော့ဟာ အင်္ဂါနေ့က ဆော်ဒီကို ရောက်ရှိခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ဆော်ဒီမှာ ပြိုင်ဘက်အဖြစ် ထိပ်တိုက်တွေ့နိုင်ခြင်းကို ‘သဲဂန္တာရမြေပေါ်က ခြင်္သေ့တွေရဲ့ တိုက်ပွဲ’ အဖြစ် ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ဟာ ဒီနွေမှာ အမေရိကကို ခရီးထွက်မှာဖြစ်ပြီး… Continue Reading →
ချယ်ဆီးနောက်ခံလူဟောင်း ဂျေဆန်ကန်ဒီက လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ လိဂ်သမိုင်းမှာ အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်ကို ရဖို့ရာ မထိုက်တန်သူဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုလုပ်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးက ဘုန်းမောက်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း ဗန်ဒိုက်ရဲ့ အမှားလည်း တစိတ်တပိုင်း ပါဝင်ခဲ့သလို နယ်သာလန် ခံစစ်မှူးထံက ညံ့ဖျင်းတဲ့ ခြေစွမ်းကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ကန်ဒီကတော့ ဗန်ဒိုက်ကို ချီးကျူးတာတွေက ပိုလွန်းတယ်လို့ ဝေဖန်ပြီး သူဟာ အမှားများလွန်းတယ်လို့ ထောက်ပြခဲ့ပါတယ်။ “ သူ့ကို ချီးကျူးကြတာ အရမ်းပိုလွန်းတယ်လို့… Continue Reading →
စတီဗင်ဂျရတ်ဟာ လီဗာပူးမှာ သူအတူတွဲကစားခဲ့တဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ဇာဘီအလွန်ဆိုကို သတ်မှတ်ခဲ့ပေမယ့် ဂျော်ဒန်ဟန်ဒါဆန်ဟာ တကိုယ်ကောင်းမဆန်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်၊။ ကလပ်ဂန္တဝင်ဟာ အန်ဖီးမှာ ၁၇ နှစ် ကစားခဲ့တာဖြစ်ပြီး ကွင်းလယ်ဗိုလ်ချုပ် ဖြစ်ခဲ့တာပါ။ သူဟာ ကစားသမားများစွာနဲ့ တွဲကစားခဲ့ရပေမယ့် သူ့အတွက် အမှတ်တရ အဖြစ်ဆုံးက အလွန်ဆိုဖြစ်ပါတယ်။ ဂျရတ်ဟာ တွဲဘက်ဟောင်း ဟန်ဒါဆန်ကိုလည်း အတော်လေး အထင်ကြီးပါတယ်။ “ ကျွန်တော် အတူကစားခဲ့တဲ့ အကောင်းဆုံးသူလား။ ဂျော်ဒန်နဲ့ ကစားရတာကို ကျွန်တော် ကျေနပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက… Continue Reading →
လက်စတာကို အနိုင်ရခဲ့တဲ့ပွဲအပြီး ဂရေဟမ်ပေါ်တာဟာ မူဒရက်ခ်ကို ရွှန်းရွှန်းဝေအောင် ချီးကျူးသုံးသပ်ခဲ့ပါတယ်။ ပွဲများစွာမှာ မထင်မရှား ဖြစ်ခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကင်းပါဝါကွင်းမှာ အထင်ကြီးစရာ ကောင်းခဲ့ပြီး ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ မူဒရက်ခ်ဟာ လက်စတာရဲ့ ခံစစ်ကို ဆက်တိုက် ခြိမ်းခြောက်ခဲ့ပြီးတော့ အရင်ပွဲတွေနဲ့စာရင် ပိုပြီး ဗဟိုကျတဲ့နေရာမှာ ကျင်လည်ခဲ့တာပါ။ ပွဲပြီးအင်တာဗျူးမှာ ပေါ်တာက မူဒရက်ခ်အနေနဲ့ ပိုပြီးတော့တောင် ကောင်းလာမယ်လို့ ခန့်မှန်းပေးခဲ့ပြီး ဘာကြောင့် သူက ကြီးမားတဲ့ အောင်မြင်မှုရနိုင်မှာလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ “… Continue Reading →
© 2023 Myan News — Powered by WordPress
Theme by Anders Noren — Up ↑