Author

Admin

ကမ္ဘာ့ဖလားချန်ပီယံဟောင်းနဲ့ ဆင်တူတဲ့ မန်ယူ ကစားသမားကို ရွန်းနီ ဖော်ထုတ်လာ

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကွင်းလယ်လူ မိုင်နူးဟာ အရွယ်နဲ့မလိုက်တဲ့ တည်ငြိမ် ရင့်ကျက်မှုနဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူလို့ သရဲနီ တိုက်စစ်မှုးဟောင်း ဝိန်းရွန်းနီက သုံးသပ် မှတ်ချက်ပေးလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူငယ်လေး မိုင်နူး ဟာ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း ရှဝိုင်းစတိုင်ဂါနဲ့ ဆင်တူတဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားကြောင်း ရွန်းနီ က အသေးစိတ် ချီးကျူးခဲ့ပါတယ်။ ရွန်းနီ က “ သူက အသက်ငယ်ငယ်နဲ့ အံ့မခန်း ခြေစွမ်းမျိုး ရှိတယ်လို့ ထင်ပါတယ်။… Continue Reading →

အာနိုးကို လီဗာပူးအသင်း ရောင်းချသင့်တဲ့ အကြောင်းရင်းအား ကစားသမားဟောင်း ထောက်ပြ

တချိန်က လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဟီးရီုးဟောင်း စတိဗ်နီကိုးကတော့ ဒီနွေမှာ ထရန့်ကို ရီးရဲလ်မက်ဒရစ်ထံ ရောင်းချလိုက်ဖို့ အကြံပေးမှု ပြုလုပ်လာပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် အထင်ကြီးခြင်း ခံထားရတဲ့ ထရန့်ဟာ လီဗာပူးမှာ ကွင်းလယ်ကို ပြောင်းကစားစ ပြုလာပေမယ့် ရီးရဲလ်ကတော့ ညာအစွန်နေရာအတွက် သူ့ကို ခေါ်ယူလိုနေတာပါ။ လီဗာပူးမြို့ဖွား ထရန့်ဟာ အသင်းနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိထားကာ စာချုပ်သစ်ကိစ္စကို ဒီနွေကျရင် ရစ်ချက်ဟုချ်တို့က စကားပြောလာဖို့ ရှိနေပါတယ်။ ပရိသတ်ကြိုက် ကစားသမားဖြစ်သလို ကိုယ်တိုင်ကလည်း လီဗာပူးမှာပဲ… Continue Reading →

ဟာလန်းကို ခေါ်ချင်တဲ့ ဘာစီလိုနာ၊ ဒီယက်ဇ်နဲ့ စပိန်ကလပ်တွေကြား အပြောင်းအရွှေ့၊ ဒပ်ချမ့်ကို ခေါ်ဖို့ တိုက်တွန်းခံရတဲ့ မန်ယူနဲ့ နောက်ဆုံးရ သတင်းများ

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး vs အာဆင်နယ်ပွဲကို လွဲသွားမယ့် မန်စီးတီး ကစားသမားက ၅ ဦးထိ ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဂျာရတ် ဘရတ်ဝိတ်သ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ယူနိုက်တက်ဟာ အင်္ဂလန်သားကို ပေါင် ၄၅ သန်း လောက်နဲ့ ခေါ်ယူနိုင်မယ် လို့ talkSPORT က သုံးသပ်ထားပါတယ်။ လီဗာပူးအသင်းက အာမိုရင်းကို ခေါ်ယူလိုရင် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၂၅ သန်း ဝန်းကျင် ပေးရမယ်လို့… Continue Reading →

ပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ် လက်ထက် မန်ယူအသင်း ပထမဆုံး ခေါ်ယူမယ့် ကစားသမား

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေအပြောင်းအရွှေ့ စျေးကွက်မှာတော့ ဘရာဇီးသား တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်ကို အောင်မြင်မှုတွေ ပြန်ယူပေးနိုင်ဖို့ ပူးတွဲ ရှယ်ယာရှင်သစ် ရက်ကလစ်တို့က ဘောလုံးဆိုင်ရာ အော်ပရေးရှင်တွေနဲ့တကွ စိစစ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ တန်ဟက်ကို ရာထူးမှာ ဆက်ထားမလား ဖြုတ်ထုတ်မလားဆိုတာက ရာသီကုန် မှ ဆုံးဖြတ်မှာဖြစ်ပေမယ့် သေချာပေါက် ဖြည့်တင်းရမယ့် ခံစစ်အတွက် ယူနိုက်တက် ပစ်မှတ်ထားလာတာက ဘရာဇီးသား ခံစစ်မှူး ဘရီမာပဲ ဖြစ်ပါတယ်။ တိုရီနိုမှာ တောက်ပခဲ့ကာ လက်ရှိ ဂျူဗင်တပ်မှာ ကစားနေတဲ့… Continue Reading →

ကလော့ပ်နေရာ အစားထိုးဖို့ ချိန်ရွယ်ထားတဲ့ ၃၉ နှစ်အရွယ် မန်နေဂျာကို ကမ္ဘာ့စံချိန်တင်ကြေး ပေးရမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာလို ဥရောပပြိုင်ဘက်တွေနဲ့အပြိုင် မန်နေဂျာသစ် တစ်ဦးရဖို့ ဒီနွေမှာ ကြိုးစားရမှာဖြစ်ပါတယ်။ လေဗာကူဆင် မန်နေဂျာ အလွန်ဆိုကို ကလပ် အများအပြားက စိတ်ဝင်စားနေသလို အာမိုရင်း၊ ဒီဇာဘီလို နည်းပြကောင်းတွေကိုလည်း အသင်းတိုင်းက ပစ်မှတ်ထားနေတာပါ။ လီဗာပူးအသင်းကတော့ အသင်းနဲ့အတူ အရွယ်ရောက်လာဖို့၊ တိုက်စစ်အသားပေး ကစားဟန်ကို လမ်းညွှန်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ စရိုက်ကောင်းရှိဖို့ ဆိုတဲ့ အခြေခံ အချက်တွေအပြင် ကလပ်ဘက်က သတ်မှတ်ထားတဲ့ သီးသန့်သော စံနှုန်းတွေမှာ ကိုက်ညီမယ့်သူ တစ်ဦးကို ရှာဖွေနေပါတယ်။ လီဗာပူး ဒေတာအဖွဲ့ခေါင်းဆောင် William… Continue Reading →

နိုင်ငံတကာ သီတင်းပတ်မှာ မှော်ဆရာအဖြစ် ချီးကျူးခံနေရတဲ့ လီဗာပူး ကြယ်ပွင့်

လီဗာပူး ညာအစွန်လူ ဘရတ်ဒလေဟာ မြောက်အိုင်ယာလန်အသင်းနဲ့ ရိုမေးနီးယားအသင်းတို့ ၁-၁ သရေကျတဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းအတွက် ချီးကျူးခံနေရပါတယ်။ ဘရတ်ဒလေဟာ ညာခြမ်းမှာ အတက် အဆင်း ကစားရတဲ့ နေရာသစ်ကနေ ပါဝင်ခဲ့ရခြင်းဖြစ်ကာ တိုက်စစ်အတွက်ကော ခံစစ်အတွက်ပါ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ အိုင်ယာလန်ရဲ့ အဖွင့်ဂိုးအတွက် အရေးပါတဲ့ ဘောလုံးပိုင်ဆိုင်မှု ပြန်ထိန်းသိမ်းခြင်းကိုလည်း လုပ်ပေးနိုင်ခဲ့တယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်ကော ပွဲပြီး rating မှာ 9/10 အထိ ရခဲ့တဲ့ ဘရတ်ဒလေကို အိုင်ယာလန်ပရိသတ်တွေကတော့ လှုပ်အားနှုန်း ကောင်းမွန်ပြီး… Continue Reading →

ပြင်သစ်ကြယ်ပွင့်ကို ချိတ်ဆက်မယ့် ချယ်ဆီး၊ မန်စီးတီးဖန်တီးရှင်ထက် ပိုကောင်းတဲ့ ထရန့်၊ ဘရန့်ဝိတ်-တိုနေးကို ချိန်ရွယ်လာတဲ့ မန်ယူတို့နဲ့ နောက်ဆုံးရ သတင်းများ

အာဆင်နယ်အသင်းဟာ လာလီဂါကလပ် ဂျီရိုနာအသင်း ဘယ်အစွန်လူ Miguel Gutierrez ကို ခေါ်ယူဖို့ ပြင်းထန်စွာ အားထုတ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားက ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖို့ ဦးစားပေးလိုနေတာပါ။ လီဗာပူးအသင်းက အတ္တလန်တာ ကွင်းလယ်လူ Teun Koopmeiners ကို ကင်းထောက်လွှတ် စောင့်ကြည့်နေတယ်လို့ ရိုမန်နိုက ပြောလာပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်နဲ့ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးတို့ကို နွေရာသီ ပစ်မှတ်တွေအဖြစ် ချိန်ရွယ်လာပါတယ်။ စပို့တင်းကနေ ထွက်ခွာဖို့… Continue Reading →

အာဆင်နယ်အသင်းအား ဂယ်ရီနဗီ အသိပေးလိုက်တဲ့ မန်စီးတီး တစ်သင်းလုံး ရပ်တန့်လို့ရမယ့် နည်းလမ်း

ဒီအပတ်အကုန်မှာတော့ အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲ ဆင်နွှဲကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁ နဲ့ အဆင့် ၃ နေရာတွေမှာ ရှိနေပေမယ့် သူတို့ကြား ကွာဟချက်က ၁ မှတ်ပဲ ရှိတာမို့ ပရီးမီးယားလိဂ်ဖလား နေရာအတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်လာပါလိမ့်မယ်။ ဒီပွဲဟာ အိမ်ရှင် မန်စီးတီးတို့ အနိုင်ရမယ် ပိုမို ရေပန်းစားပေမယ့် အာဆင်နယ်ကလည်း လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ပုံစံ အကောင်းဆုံး အသင်းဖြစ်ပါတယ်။… Continue Reading →

FA Cup ရရင် ပြင်သစ်ကလပ်ကို ကျော်ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရမယ့် မန်ယူ

ယူအီးအက်ဖ်အေက လာမယ့်ရာသီမှာ multiple အသင်းတွေအတွက် စည်းမျဉ်း ထုတ်ပြန်ခဲ့ကာ ဆာဂျက်ရက်ကလစ် ပိုင်ဆိုင်ထားတဲ့ ကလပ်နှစ်သင်းလုံး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပိုင်ရှင် တစ်ဦးတည်းအောက်က ကလပ် ၂ သင်းဟာ မတူညီတဲ့ ဥရောပပြိုင်ပွဲတွေမှာပဲ ကစားခွင့်ရမှာပါ။ လိဂ်အဆင့် ရပ်တည်မှု ပိုမြင့်တဲ့ ကလပ်ကပဲ ပိုပြီး ဦးစားပေးခံရမှာ ဖြစ်ပါတယ်။ ဆာဂျင်ရက်ကလစ် ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ် အဆင့် ၆ မှာ ရှိနေပြီး နဲ့ Nice အသင်းကတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!