Author

Admin

ဒီည မန်စီးတီးနဲ့ ပွဲမတိုင်ခင် လီဗာပူးလ်ကို သတိ-ပေးခဲ့တဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ် နည်းပြ မီခေး အာတီတာက လီဗာပူးလ်အသင်းရဲ့ ၈ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်မှုကို ပရီးမီးယားလိဂ်လက်ကျန် ရာသီတစ်ခုလုံး ထိန်းသိမ်းထားနိုင်ဖို့က ခက်ခဲလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အန်း ဆလော့ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရယူထားနိုင်ခဲ့ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၈ မှတ်အသာ၊ တတိယနေရာက ချဲလ်ဆီး၊ စတုတ္ထနေရာက အာဆင်နယ်တို့ထက် ၉ မှတ် အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ရမှတ်အသာစီးရယူထားနိုင်မှုကို… Continue Reading →

အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံလုပွဲက ထွက်သွားရပြီ ဆိုတဲ့ ဟာမန်း

လီဗာပူး၊ စီးတီး၊ အာဆင်နယ် ၃သင်းထဲမှာ တစ်သင်းကတော့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကနေ ထွက်သွားရပြီ လို့ လီဗာပူး ကစားသမားဟောင်းကြီး ဟာမန်း သုံးသပ်လိုက်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးအသင်းက အမှတ်ပေးဇယားထိပ်မှာ ၈ မှတ် ဖြတ်ကာ ဦးဆောင်နေပြီး မန်စီးတီးက ဒုတိယ၊ ချယ်ဆီးနဲ့ အာဆင်နယ်ကတော့ ရမှတ်တူနဲ့ အဆင့် ၃၊ ၄ မှာ အသီးသီး ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းဟာ ဒီတလော မကြုံစဖူး အခြေအနေ ဆိုးနေတောင် လန်ဒန်ကလပ် နှစ်သင်းရဲ့ အထက်မှာ ရပ်တည်နေဆဲပါ။… Continue Reading →

အာဆင်နယ် ပရီးမီးယားလိဂ် ဖလား မရနိုင်တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂါးလက်စ်

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုတယ်ဆိုရင် ၁ နေရာကို အားဖြည့်ဖို့ လိုအပ်မယ်လို့ ခံစစ်မှူးဟောင်း ဂါးလက်စ်က ထုတ်ပြောလာပါတယ်။ အာဆင်နယ်ဟာ ဒီနွေမှာ လိုအပ်တဲ့ အားဖြည့်မှုတွေ လုပ်နိုင်ခဲ့ခြင်း မရှိဘဲ အဓိက အကျဆုံး နေရာကတော့ တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဂါးလက်စ်ကတော့ ‘ ဟာဗက်ဇ်က အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား အောင်မြင်စေမယ့် မှန်ကန်တဲ့ ကစားသမားတစ်ဦး မဟုတ်ပါဘူး။ သူက ကစားသမားကောင်းပါ။ ဒါပေမယ့် ထိပ်တန်းအဆင့် ကစားသမား မဟုတ်ပါဘူး။ ဒီလိုပြောရလို့ စိတ်မကောင်းပါဘူး။ ဟာဗက်ဇ်က ကမ္ဘာ့အဆင့်လယ်ဗယ်နဲ့… Continue Reading →

ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ စပို့တင်းလစ္စဘွန်းကို အဝေးကွင်းမှာ ၅-၁ နဲ့ အပြတ်ကစ် ပြလိုက်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းကတော့ ဒီနှစ်ရာသီ ရှုံးပွဲမရှိသေးတဲ့ စပို့တင်းကို မနေ့ညက ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ၁-၅ နဲ့ ဂိုးပြတ်ချေမှုန်းပြခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက သုံးဂိုးပြတ်သွင်းထားတာဖြစ်ပြီး ဒုတိယပိုင်းမှာ နှစ်ဂိုးထပ်သွင်းခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကို မာတီနယ်လီ၊ ဟာဗက်ဇ်၊ ဂါဘရီရယ်၊ ဆာကာ၊ ထရော့ဆက်ဒ်တို့က သွင်းယူပေးခဲ့တာပါ။ စပို့တင်းအတွက်တော့ ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးရှုံးပွဲကြုံခဲ့တာဖြစ်ပြီး ခြေစွာနေတဲ့ တိုက်စစ်မှူး ယိုကာရက်စ်လည်း ဒီပွဲမှာ ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ လူစုံတက်စုံပါဝင်လာခြင်းနဲ့အတူ ယူရိုပါလိဂ်မှာတုန်းက ရှုံးကြွေးရှိခဲ့တဲ့ စပို့တင်းကို ဂိုးပြတ်ချေမှုန်းကာ လက်စားချေခဲ့ပါတယ်။… Continue Reading →

အာဆင်နယ်နဲ့ မန်စီးတီး အခွင့်အရေး နည်းနည်းသာ ကျန်တော့တဲ့ စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ခန့်မှန်း

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ မန်စီးတီးအသင်းက တော့တင်ဟမ် စပါးကို ဂိုးပြတ် အရေးနိမ့်ပြီး လီဗာပူးကတော့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်မှာ ၈ မှတ် ထိ ဖြတ်ကာ ဦးဆောင်ထားပါပြီ။ အာဆင်နယ်အသင်းကတော့ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ယူပြီး ရှေ့လျှောက် လွယ်ကူတဲ့ ပွဲစဉ်တွေ လာပြီ ဖြစ်တာကြောင့် အသက်ရှုချောင်လာပါတယ်။ ချယ်ဆီးကလည်း နိုင်ပွဲ ဆက်လက် ရယူနေပြီး နည်းပြသစ် အမ်မိုရင်း စကိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့… Continue Reading →

ဒီည စပို့တင်းကို အနိုင်ယူပြီး အာဆင်နယ်က ချန်ပီယံလိဂ် ကြေညာချက်ပြုလုပ်ဖို့ နည်းပြ အာတီတာ ပွဲကြို ကြုံးဝါး

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့ညတွင် စပို့တင်းလစ္စဘွန်းကို ပေါ်တူဂီမြေတွင် ကြီးမားတဲ့ နိုင်ပွဲ မှတ်တမ်း ရယူပြီး ချန်ပီယံလိဂ်ကြေညာချက် ပြုလုပ်ရန် ကစားသမားများကို တိုက်တွန်းလာပါတယ်။ အာဆင်နယ်ဟာ စနေနေ့တုန်းက နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၄ ပွဲတွင် ၂ ပွဲအနိုင်ရထားပေမဲ့လည်း အဝေးကွင်း ၂ ပွဲလုံး အနိုင်ရခြင်း မရှိသလို ဂိုးသွင်းနိုင်ခြင်းလည်း မရှိပါဘူး။ ၎င်းတို့ဟာ နောက်ဆုံးချန်ပီယံလိဂ်ပွဲတုန်းက အင်တာမီလန်ကို… Continue Reading →

ခုနေမှာ အာဆင်နယ်နဲ့ လီဗာပူးတို့ အသင့်ဝင်နေရာ ယူကြဖို့ လှော်လိုက်တဲ့ ဂယ်ရီနဗီး

ဒီအပတ် ပရီးမီးယားလိဂ် မှာ မန်စီးတီးတို့ ထပ်မံ ရှုံးနိမ့်ခြင်းဟာ ဖလားပြိုင်ဘက် လီဗာပူးနဲ့ အာဆင်နယ်အတွက် အချက်ပေးမှုပဲ ဖြစ်တယ်လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ဆိုလိုက်ပါတယ်။ အခုဆိုရင် မန်စီးတီးဟာ ဇယားထိပ်က လီဗာပူးထက် ၈ မှတ်လျော့နည်းနေကာ အာဆင်နယ်နဲ့ ပွဲတူ ၁ မှတ် အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အခုလို မန်စီးတီး ကျဆင်းမှုကို လီဗာပူးနဲ့ အာဆင်နယ်တို့ အခွင့်အရေး ယူနိုင်ရမယ်လို့ နဗီးက သတိပေးခဲ့တယ်။ ဂယ်ရီနဗီးက “ လီဗာပူးနဲ့ အာဆင်နယ်တို့က အခုဆိုရင်… Continue Reading →

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂျင်း ကတော့ အာဆင်နယ် ခေါ်လိုက်တဲ့ ကစားသမားပဲ လို့ သုံးသပ် ရွေးချယ်လိုက်သူ

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂျင်း အဖြစ်ဆုံး ကစားသမား ကတော့ အာဆင်နယ် နွေတုန်းက ဝယ်ယူခဲ့တဲ့ တိုက်စစ်မှုး ရာဟင်း စတားလင်း ဖြစ်တယ် လို့ လီဗာပူး တိုက်စစ်မှုးဟောင်းကြီး စတန် ကော်လီမိုးက သုံးသပ် ထောက်ပြလိုက်ပါတယ်။ စတားလင်း ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်ကျမှ ချယ်ဆီးကနေ အာဆင်နယ်ထံ အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ အင်္ဂလန်သား က ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ သာ ပွဲထွက်ကနေ ပါဝင်ထားပြီး များသော အားဖြင့်… Continue Reading →

ဒီပွဲက စပြီး အာဆင်နယ် သာယာပါပြီ ဆိုတဲ့ ပေါမာဆန်ရဲ့ ဖောရက်စ်နဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန် ဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” အာဆင်နယ်အတွက် အများကြီး စကားပြောမယ့်ပွဲပါ။ သူတို့က အခုချိန်ကစပြီး အမှားတွေ လုပ်မိလို့ မရတော့ပါဘူး။ သူတို့ ဆက်တိုက်အနိုင်ရဖို့ လိုနေပြီဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑