Category

Celebrities

အက်ႌ ဇစ်ပြုတ်တာ မသိလိုက်ဘဲ သခွားသီးသုပ်ပြမိခဲ့တာပါ ဆိုလာတဲ့ ရှင်ယွန်းမြတ်

မော်ဒယ်လ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ ဒီတလော ဝေဖန်ခံနေရတဲ့ ဗီဒီယိုနဲ့ ပတ်သတ်ပြီး အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာပါတယ်။ “ဒီရက်ပိုင်းမှာ ပရိသတ်ကို တောင်းပန်ချင်တယ်၊ အင်တာဗျူးတစ်ခုမှာ ရှင်ယွန်းက နည်းနည်းရှန်း တတ်တော့လေ၊ အကျီဇစ်ပြုတ်နေတာကို မသိလိုက်တာပေါ့နော်၊ ရှင်ယွန်းသုပ်ပြတာကတော့ သခွားသီးပေါ့ ၊ ဒါပေမယ့် သခွားသီးကို မမြင်ပဲ အဲလိုမျိုး ဖြစ်သွားတာက သက်သက်ကြီး လုပ်ပြသလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်၊ ကိုယ့်ရဲ့ပေါ့ဆမှုပေါ့၊ နောက်ကိုဆင်ခြင်ပါ့မယ်လို့ ” ဆိုပါတယ်။ သူမကတော့ဇာတ်ကားရိုက်ကူးမှုတွေ မျက်နှာမှာ Skinပတ်သက်ပြီး ပြဿနာ နည်းနည်းရှိနေတာကြောင့် ရှုတင်တွေရှိတယ်ဆိုရင်… Continue Reading →

တနေ့မှာ ၄ နာရီ လောက်ပဲ အိပ်၊ အလုပ်တွေကြိုးစားတဲ့ နေခြည်ဦး

Beauty Blogger တယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ လက်ရှိချိန်မှာ သူ့ခေတ်ဖြစ်နေတာကြောင့် ပွဲတက်တွေ ကားရိုက်တွေ ကြော်ငြာတွေ များပြီး တဖက်မှာလည်း အလုပ်တွေ များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် နေခြည်ဦးကတော့ သူ့အနေနဲ့ အလုပ်တွေများပြီး အားပေးမှု များလာတာ မှန်ပေမယ့်လည်း ကျန်းမာရေးဖက်ကို အာရုံမစိုက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ကျန်းမာရေးဖက်ကို ပြန်ပြီးတော့ လိုက်စားဖို့ လိုနေပြီး တနေ့မှာ အိပ်ချိန် ၄ နာရီလောက်ပဲ ရှိတယ်လို့လည်း ပြောကြားသွား ခဲ့ပါတယ်။ “နေခြည်တော်တော် အလုပ်များပါတယ်။ ရှုတင်တွေရော… Continue Reading →

ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမဟုတ်ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် သူမရဲ့ ပွဲတက်ဖက်ရှင်တွေဟာ ဆက်စီဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူပရိသတ်တွေများပြားခဲ့တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ Balance Fitness Centre ဖွင့်ပွဲမှာ တက်ရောက်လာခဲ့တဲ့ ဖက်ရှင်ကြောင့်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်းရဲ့ ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ “အပိတ်ခံရတာတော့မဟုတ်ဘူးလေ။ ဒါကလည်း ဘယ်လိုပြောရမလဲ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ ဘယ်သူ့ကိုမှလည်း ဒုက္ခပေးနေတာ မဟုတ်ဘူး။ တခေါက်တော့ အရှေ့မှာ ဦးဌေးခေါ်ပြောတယ် အဲလိုမျိုးမလုပ်ဖို့ ဘာညာပေါ့နော် အဲတုန်းကကျတော့လည်း မထင် မှတ်ပဲဖြစ်သွားတာလေ ဆိုတော့လည်း အဲဒီအတွက်က သင်ဇာ… Continue Reading →

ရည်းစားရှိရင် ပရိသတ်ကိုပြောပြမှာပါဆိုတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်ကနေ တဆင့်ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ လူငယ်သရုပ်ဆောင် ယွန်းယွန်းကတော့ သူ့အနေနဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလ အမြဲတမ်းထွက်နေသူ တယောက်ဖြစ်ပါတယ်။ ဒါကြောင့် ယွန်းယွန်းကတော့ သူ့အနေနဲ့ ရည်စားရတယ်ဆိုရင်တော့ သူရည်စားရှိတာကို ပရိသတ်တွေကို ပြောပြမှာလို့ ပြောခဲ့ပြီး ချစ်တဲ့သူတွေ့ရင်လည်း ရည်းစားထားမှာပါဟုပြောကြားသွား ခဲ့ပါတယ်။ ယွန်းယွန်းကတော့ MC နဲ့ အင်တာဗျူးမှာတော့ အချစ်ရေးသတင်းတွေ တက်လာတဲ့အပေါ်မှာတော့ “စိတ်ပူသွားတဲ့အတွက်ကြောင့် တောင်းပန်ပါတယ်။ ပြီးတော့ ညီမအဲ့လိုမျိုးဖြစ်တိုင်းဖြစ်တိုင်း ပရိသတ်တွေက ညီမကို ဘယ်လောက်ချစ်လဲ။ ဘယ်လောက် အားပေးလည်း ဆိုတာကို ပိုပြီးတော့ သိလာရပါတယ်။… Continue Reading →

သရုပ်ဆောင် မလုပ်ချင်တဲ့ Bobby Soxer

Rap သီချင်းတွေ သီဆိုရင်း ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer (ထက်ထက်)တို့ ချစ်သူနှစ်ယောက်မှာ လွှမ်းပိုင်က ဇာတ်ကားတွေကို သရုပ်ဆောင်နေပြီး Bobby Soxer ကတော့ ဘယ်နေရာကနေ ရိုက်ရိုက်လှတယ်ဆိုတဲ့ ယုံကြည်ချက် မရှိတာကြောင့် ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးလို့ ဆိုပါတယ်။ “ချစ်သူလို သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိဘူး။ မင်းသမီးရုပ် မဟုတ်ဘူး။ ဘယ်နေရာကနေ ရိုက်ရိုက်လှတယ်ဆိုတဲ့ ယုံကြည်ချက်လည်း မရှိဘူး။ သရုပ်ဆောင်တယ်ဆိုတာက Talent တခုပဲလေ။ အဲ့လိုမျိုး Talent က ကိုယ့်ကိုယ်ကို… Continue Reading →

သူငယ်ချင်းကနေ ချစ်သူအဖြစ် ပြန်တွဲလိုက်ပြန်တဲ့ နေခြည်ဦးတို့ အတွဲ

နေခြည်ဦးဟာဆိုရင် သွက်လက်ပွင့်လင်းတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ အခုဆိုရင်နေခြည်ဦးက သူမရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ ရန်သူ ကားကြီး ရုံတင်ထားပြီဖြစ်သလို နောက်ထပ်ရုပ်ရှင်တွေလည်းဇယ်ဆက်သလိုရိုက်နေရတာဖြစ်လို့ 2019 ကတော့ နေခြည်ဦးရဲ့ နှစ်ပါပဲလို့ကိုပြောရလောက်အောင် နေခြည်ဦးပါဝင်တဲ့ရုပ်ရှင်ကားတွေပလူပျံနေတော့မယ့်နှစ်တစ်နှစ်ပါပဲ။ နေခြည်ဦးက သူမဝါသနာပါတဲ့ သရုပ်ဆောင်နယ်ပယ်မှာတစစနဲ့အောင်မြင်လာခဲ့ပေမယ့် တစ်ဖက်မှာတော့အချိန်မပေးနိုင်တာတွေကြောင့် ချစ်သူနဲ့လမ်းခွဲခဲ့ရတယ်လို့သိရပါတယ်။ နေခြည်က ချစ်သူနဲ့လမ်းမခွဲခင် ခရီးအတူတူသွားလိုက်ကြသေးတာပါ။ ဒါပေမယ့်ခရီးမှာလည်း ညှိနှိုင်းမရခဲ့ပဲ ပြန်ရောက်တာနဲ့ လမ်းခွဲလိုက်ကြပုံပေါ်ပါတယ်။ နေခြည်ဦးကတော့ ချစ်သူနဲ့လမ်းခွဲလည်းအသည်းတွေဘာတွေကွဲနေပုံမရပဲ လုပ်စရာရှိတာတွေ ဇယ်ဆက်သလိုလုပ်ပြီးအမြဲတမ်းလှပနေသလိုပျော်ရွှင်နေပုံလည်းရပါတယ်။ နေခြည်က အင်တာဗျူးတွေမှာ ချစ်သူနဲ့လမ်းခွဲလိုက်ပေမယ့် သူငယ်ချင်းတွေလိုပဲ အဆက်အသွယ်ဆက်ရှိနေတုန်းပါလို့ ဖြေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ခရစ်စမတ်မှာတော့ နေခြည်နဲ့ သူ့ချစ်သူဟာ… Continue Reading →

အားကျစရာ မနဲ့ မောင် အတွဲ ဖြစ်လာတဲ့ သားဂန်းနဲ့ ဘေဘီမောင်

ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ဘေဘီမောင်နဲ့ စကားနည်းပြီး အေးအေးနေတတ်တဲ့ သားဂန်းတို့ စုံတွဲ ကတော့ လက် တေ လာမှာ ပရိသတ်တွေ အရမ်းကို အားကျနေရတဲ့ မနဲ့ မောင် စုံတွဲလေး ပါ။ သူတို့ရဲ့ Relationship အကြောင်းကို Public ကို ထုတ်ပြောလိုက် တာတော့ သိပ်မကြာသေးပါဘူး။အခုဆိုရင်တော့ နှစ်ယောက်သားနေရာတိုင်းလိုလိုမှာ အတူတွဲပြီး တွေ့ နေရပါပြီ။ ချစ်သူသက်တမ်း ငါးလကျော်လောက်မှာ သူတို့ရဲ့ ပတ်သက်မှုကို လူသိရှင်ကြား ကြေညာခဲ့တာပါ။ ချစ်သူကို စကားလှလှ လေးနဲ့ ချုပ် တတ်… Continue Reading →

ဂျွန်လွင် လက်နဲ့ထိရင် ရွှေဖြစ်တယ်ဆိုတဲ့ စကားကို အောင်ရဲလင်း ထောက်ခံ

ဆရာဂျွန်လွင်ရဲ့ တပည့်ဖြစ်ခဲ့တဲ့ေ အောင်ရဲလင်းကတော့ ဖက်ရှင်ရှိုးတွေကနေတဆင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီး ထိပ်တန်း မင်းသား တစ်လက်ဖြစ်အောင် နေရာယူလာနိုင်တဲ့ အနုပညာရှင်တစ်ဦးပါ။ အင်တာဗျူးတစ်ခုမှာ ဖြေသွားတဲ့ ကျတော့်လက်နဲ့ထိရင် ရွှေဖြစ်သွားတယ် ဆိုတဲ့ ဂျွန်လွင်ရဲ့ စကားအပေါ်ကို ပရိသတ်တွေက ဝေဖန် မှတ်ချက်ပေးနေခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီစကားမှန်ကန်ကြောင်းကို အောင်ရဲလင်းက သူ့ရဲ့ အနုပညာလောကထဲကို စတင် ဝင်ရောက်လာခဲ့ပုံနဲ့ ဥပမာပေးပြီး ထောက်ခံသွားခဲ့တာဖြစ်ပါတယ်။ “ဂျွန်လွင်လက်နဲ့ထိရင်ရွှေဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာလေးပေးရမယ်ဆိုရင် ကျတော်နဲ့စပြီးသိတဲ့အချိန်မှာ ကျတော့်ကိုအရင်ဘာလုပ်လဲဆိုတော့ ကျတော်က အဲ့တုန်းက ပိန်ပိန်လေး… Continue Reading →

နှင်းဆီအငြိမ့် ပြန်လာတော့မည်

ပရိသတ်​​တွေချစ်​ကြတဲ့ ဒိတ်​ဒိတ်​ကြဲမင်းသား​တွေဖြစ်​တဲ့ ​နေတိုး၊ ​မင်း​မော်​ကွန်း၊ ​ကျော်​​ကျော်​ဗို၊ ထွန်းထွန်း နဲ့ ရဲ​လေးတို့ပါဝင်​တဲ့ နှင်းဆီအဖွဲ့ကို ပရိသတ်​ကြီး မှတ်​မိဦးမယ်​ထင်​ပါတယ်​။ အတိုင်​အ​ဖောက်​ညီညီနဲ့ ပြက်​လုံးဆန်းဆန်း​တွေကို ပြက်​နိုင်​တာ တကယ့်​လူရွှင်​​တော်​ကြီး​တွေလိုပါပဲ။ ဝါရင့်​လူရွှင်​​တော်​ကြီး​တွေလို ပွဲကို​ကောင်း​ကောင်းထိန်းသိမ်းတတ်​ပြီး ပရိသတ်​​တွေကို ဆွဲ​ခေါ်သွားနိုင်​တဲ့ အရည်​အချင်းက မ​သေးလှပါဘူး။ အဲ့ဒါ​ကြောင့်​လဲ ပရိသတ်​​တွေက နှင်းဆီအဖွဲ့ကို တစ်​ခဲနက်​အား​ပေးကြတာဖြစ်​ပါတယ်​။ နှင်းဆီအဖွဲ့ဟာ ခက်​ခဲ​နေတဲ့​နေရာ​ဒေသ​တွေ အကူအညီလိုအပ်​​နေတဲ့​နေရာ​တွေကို ကူညီ​ထောက်​ပံ့​ပေးတဲ့အ​နေနဲ့ ရန်​ပုံ​ငွေပွဲ​တွေ ကျင်းပ​လေ့ ရှိပါတယ်​။ နှင်းဆီအဖွဲ့ကို ဒါရိုက်​တာ ​မောင်​မျိုးမင်း (ရင်​တွင်းဖြစ်​) က ဦးစီးပြီး ​ဆောင်​ရွက်​ပါတယ်​။ ပရိသတ်​ကြီးချစ်​တဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!