Category

Sports News

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ အတွက် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပါပြီ

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ အတွက် မဲခွဲမှုကို ဒီနေ့ ညနေမှာ ပြုလုပ်သွားခဲ့ရာ ပွဲကောင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်တို့ ထိပ်တိုက်တွေ့မှုကလည်း စိတ်ဝင်စားစရာ ဖြစ်သလို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆုံခဲ့ကြတဲ့ ပြိုင်ဘက်ဟောင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း စောင့်ကြည့်ရမယ့် ပွဲ ဖြစ်ပါတယ်။ အင်္ဂလန် ကလပ်တွေထဲမှာ မန်ချက်စတာ စီးတီးကတော့ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံနေပြီး ဟာလန်းနဲ့ အတူ ခြေတက်နေတဲ့… Continue Reading →

လီဝန်ဒေါစကီးကို လက်စားချေဖို့ ဘာစီလိုနာကို ယူရိုပါလိဂ်ထံ ပို့လိုနေကြတဲ့ ဘိုင်ယန်အသင်းဖော်ဟောင်းများ

ဘိုင်ယန်မြူးနစ် ကြယ်ပွင့်တွေဟာ ဘာစီလိုနာနဲ့ရဲ့ ချန်ပီယံလိဂ် ခရီးကို အဆုံးသတ်ပေးနိုင်မယ့် ဒီကြားရက်ပွဲအတွက် စိတ်လှုပ်ရှားနေကြပါတယ်။ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ဘောလုံးရာသီဟာ ဒီအပတ်ပွဲမှာတင် အဆုံးအဖြတ် ဖြစ်သွားနိုင်ပြီး ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်မယ်ဆိုရင် ယူရိုပါလိဂ်ထံ ဆင်းကစားရမှာပဲ ဖြစ်ပါတယ်။ နွေတုန်းက ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့် ပြောင်းသွားခဲ့တဲ့ လီဝန်ဒေါစကီးဟာ အသင်းဟောင်းနဲ့ ပြန်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ နှစ်သင်း ကံကြမ္မာက ကွဲပြားနေပြီး ဘိုင်ယန်မြူးနစ်က ရှုံးထွက်ကို တက်ချိန်မှာ ဘာစီလိုနာက… Continue Reading →

မန်စီးတီးကို လီဗာပူးတို့ မရပ်တန့်နိုင်ပါဘူး ဆိုတဲ့ ဂုရုကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီတပတ်မှတော့ လီဗာပူးအသင်းနဲ့ မန်ချက်စတာ စီးတီးတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အန်းဖီးကွင်းမှာ စူပါဆန်းဒေး ပွဲကောင်း အဖြစ် ထိပ်တိုက်တွေ့ကြပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။ ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ လီဗာပူးနဲ့ မန်စီးတီး တို့ ပွဲတွေ အတွက် အခုလို သုံးသပ် ထားပါတယ်။ ” လီဗာပူးမှာ ဖာမင်နိုနဲ့ နူးညက်စ်တို့က ပုံစံကောင်းတွေ ရနေပါတယ်။… Continue Reading →

အခုက အာဆင်နယ် ပရိသတ်တွေ ရင်ခုန် စိတ်လှုပ်ရှားရမယ့် အချိန်တွေ ရောက်ပြီ လို့ မိုက်ကယ်အိုဝင် တင်စား ပြောဆို

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကတော့ လက်ရှိ အာဆင်နယ် အသင်းဟာ တကယ်ကို စိတ်လှုပ်ရှားစရာ အနေအထားပဲ လို့ ချီးကျူး သုံးသပ်သွားပါတယ်။ ဒီနောက်ပိုင်း နှစ်တွေဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ခက်ခဲတဲ့ ကာလတွေ ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ စိတ်လှုပ်ရှား ရင်ခုန်စရာအချိန် ရောက်လာခဲ့ပြီ လို့လည်း အိုဝင်က ဆိုပါတယ်။ ” ပြီးခဲ့တဲ့ နှစ်တွေထဲမှာ အာဆင်နယ်က ပျော့လွန်းတယ်လို့ ပြောဆိုခဲ့တာ ကျနော် ရှေ့ဆုံးက ပါခဲ့ပါလိမ့်မယ်။… Continue Reading →

ယူနိုက်တက် အရန်ခုံက မက်ဂွဲရား ကို ရွေးပြီး ဘန်ဝှိုက်ကို ချန်ခဲ့လို့ မကျေနပ်ကြတဲ့ အင်္ဂလန်နဲ့ ဂန်းနားပရိသတ်များ

စက်တင်ဘာလထဲ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားစေမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ၂၈ ဦး လူစာရင်းကို မနေ့က ထုတ်ပြန် ကြေညာသွားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်မှာ အရန်ခုံ ထိုင်နေရတဲ့ မက်ဂွဲရား ပါဝင်သွားပြီး အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဘန်ဝှိုက်ကို ချန်လှပ်ခဲ့တာက ပြောစရာတွေ များစွာ ဖြစ်ကျန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီလထဲမှာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တွေ အဖြစ် အီတလီ၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ဟယ်ရီ မက်ဂွဲရားက မန်ချက်စတာ… Continue Reading →

ဆန်ချို ခြေစွမ်း ပိုပြမယ့် နေရာ ကို ထောက်ပြပြီး အင်္ဂလန်အသင်းမှာ နေရာပေးဖို့ ပေါစခိုးလ် တောင်းဆို

မန်ချက်စတာ ယူနိုက်တက် တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်သမား ဆန်ချိုဟာ ဒီတလော သီတင်းပတ်တွေမှာ မန်ချက်စတာ ကလပ်နဲ့ အတူ ခြေစွမ်းပြနေခဲ့တာပါ။ ပြီးခဲ့တဲ့ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ် အုပ်စုပွဲမှာလည်း ဆန်ချိုက ဂိုးသွင်းနိုင်တဲ့ အပြင် အဲရစ်ဆန်နဲ့ ဖာနန်ဒက်စ်ကို ချိတ်ဆက် ကစား ခြေစွမ်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ် ရွေးချယ်လိုက်တဲ့ ဒီလထဲ ကစားမယ့် ပွဲတွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ဆန်ချို မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။ သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့… Continue Reading →

လီဗာပူးက မန်စီးတီးကို အမှီပြန်လိုက်ပြီး ပရီးမီးယားလိဂ် ဖလား လုနိုင်ပါသေးတယ်လို့ မိုက်ကယ်အိုဝင် သုံးသပ် ပြောဆို

လီဗာပူးအသင်းဟာ ဒီရာသီအစမှာ မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် လုံးဝ ခြေချော်သွားတာတော့ မဟုတ်သေးဘဲ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်သေးတယ်လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောဆိုလိုက်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲအပြီးမှာ ကလော့ပ်ရဲ့ အသင်းဟာ စီးတီးနဲ့ ၅မှတ်၊ အာဆင်နယ်နဲ့ ၆ မှတ် ကွာဟပြီးနေပါပြီ။ “ လီဗာပူးက သာမန်အဆင့် စတင်မှုကို ရရှိခဲ့တယ်။ လက်ရှိ ပရီးမီးယားလိဂ် လိဂ်မှာ မန်စီးတီးကို အကျောပေးထားလို့ မကောင်းပေမယ့် ပြန်ပြင်လို့ မရတဲ့အရာတော့ မဟုတ်ပါဘူး။ ညတွင်းချင်းတော့… Continue Reading →

နေပယ်မြို့မှာ လီဗာပူးက နာပိုလီ ကို မနိုင်ဘူး လို့ သုံးသပ်ခန့်မှန်းသွားတဲ့ ကလောင်ရှင် ခရစ်ဆက်တန်

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက် အဖြစ် စီးရီးအေကလပ် နာပိုလီ အသင်း ကို အဝေးကွင်းမှာ စတင် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ နာပိုလီနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်ဟာ ဒီနေ့ည ၁း၃ဝ နာရီ မှာ၊ နာပိုလီ အခြေစိုက်ရာ နေပယ်မှာ ယှဉ်ပြိုင်ကြမှာပါ။ အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ ဘီဘီစီနဲ့ ဒေးလီးမေးလ်တို့မှ ကလောင်ရှင် တစ်ဦး ဖြစ်သူ ခရစ်ဆက်တန် က ဒီည နာပိုလီ – လီဗာပူး… Continue Reading →

ဒီည လီဗာပူး – နယူးကာဆယ်တို့ ပွဲစဉ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

လီဗာပူးအသင်းဟာ ဒီနေ့ညမှာ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ် ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အန်းဖီးလ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ ဗုဒ္ဓဟူးနေ့ ည ၁ နာရီ မှာပါ။ ဒီည လီဗာပူးနဲ့ နယူးကာဆယ်တို့ ပွဲစဉ် အတွက် ဘောလုံးပွဲသုံးသပ် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” နယူးကာဆယ်က ဘောလုံးရာသီကို ကောင်းစွာ စတင်ထားတယ်၊… Continue Reading →

© 2022 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!