Category

Sports News

ဂန်းနားတွေက set pieces ဆရာကြီးဆိုတာ ထပ်ပြခဲ့တဲ့ လိုင်ယွန်နဲ့ပွဲနဲ့ အမ်းမရိတ်စ်ဖလားယူပြီး ရာသီကြိုကို သိမ်းလိုက်ခြင်း

အာဆင်နယ်အသင်းဟာ မနေ့ညက အမ်းမရိတ်စ်မှာ လိုင်ယွန်ကို ၂-၀ ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ယူပြီးတော့ ရာသီကြိုခြေစမ်းပွဲတွေကို အနိုင်ရလဒ်နဲ့အဆုံးသတ်ခဲ့သလို ကစားသမားသစ် ကာလာဖီအိုရီကလည်း ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။ အခုနွေရာသီအတွင်း ဘိုလော့ဂ်နာကနေ ပေါင် ၄၂ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ကာလာဖီအိုရီဟာ လိုင်ယွန်နဲ့ပွဲ၊ ဒုတိယပိုင်း ၆၄ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး သူ ဝင်လာချိန်မှာ အာဆင်နယ်ပရိသတ်တွေက လက်ခုပ်တီးကြိုဆိုခဲ့ကြပါတယ်။ ကာလာဖီအိုရီက ဇင်ချင်ကိုရဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားခဲ့ပြီး ပုံစံကောင်းပြသနိုင်သလို ပွဲပြီးခါနီး ၁၄ မိနစ်မှာတော့ ခံစစ်အတွင်းလူအဖြစ် ပြောင်းလဲကစားခဲ့ပါတယ်။ ခံစစ်မှာ နေရာစုံကစားနိုင်တာကြောင့်… Continue Reading →

အာဆင်နယ်နဲ့ မန်ယူကိုကျ လူတွေက မပြောကြဘူး ဆိုတဲ့ ပက် ဂွါဒီယိုလာရဲ့ မကျေမနပ် ပြောစကား

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ ကတော့ ဒီည ကွန်မြူနတီဒိုင်းပွဲ ပွဲကြိုမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့လည်း ငွေသုံး လူခေါ်ကြတဲ့ အပေါ် ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ဒီနွေ အပြောင်းအရွှေ့မှာ အာဆင်နယ်က ရီကာဒို ကာလာဖီအိုရီကို ခေါ်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ယိုရိုနဲ့ ဇတ်ဇီး တို့ကို ခေါ်ထားပြီး နှစ်သင်းလုံး ကစားသမား ခေါ်ယူမှုတွေ အတွက် ဆက်လက် လှုပ်ရှားနေဆဲပါ။ ဂွါဒီယိုလာ က… Continue Reading →

တစ်ရာသီ ၂၅ ဂိုးလောက် ဒေါင်ဒေါင်မြည်သွင်းနိုင်တဲ့ တိုက်စစ်မှုးကို အာဆင်နယ် ခေါ်ဖို့ ပေါလ်စခိုး တိုက်တွန်း

အာဆင်နယ်အသင်းအနေနဲ့ အခု နွေဈေးကွက် မပိတ်သိမ်းခင်မှာ ဘရန့်ဖို့ဒ်မှ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူသွားဖို့ သရဲနီဟောင်းကြီး ပေါလ် စခိုးက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်က လက်ရှိမှာ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီ တစ်ဦးတည်း ကိုသာ ခေါ်ယူလို့ထားပြီး နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဆိုစီဒက် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုကို ခေါ်ယူသွားဖို့ပါ နီးစပ်လို့နေပါတယ်။ အာဆင်နယ်က ဘယ်ခြမ်းခံစစ်နေရာနဲ့ ကွင်းလယ်နေရာတွေအတွက် ဖြည့်တင်းမှုတွေ လုပ်ထားပေမယ့်လည်း တိုက်စစ်ပိုင်းအတွက်… Continue Reading →

အခုထိ နေ့တိုင်း စကားတွေ ပြောဖြစ်နေတဲ့ အာဆင်နယ် အသင်းဖော် ၃ ဦး ရှိကြောင်း ချာကာ ဖော်ထုတ်

အာဆင်နယ် ကွင်းလယ်ဟောင်း ဂရန်းနစ် ချာကာဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ဒီမနက်က နေရာဟောင်းသို့ ပြန်လာပြီး လီဗာကူဆင် အသင်းနဲ့ အတူ ခြေစမ်းပွဲ လာ ကစားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က လီဗာပူဆင်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၇ နှစ်ကြာ ကစားပေးခဲ့တဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေ ဖြစ်လာမယ့် ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချာကာဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား… Continue Reading →

အကယ်ဒမီတည်းက အသင်းဖော်၊ သူငယ်ချင်း စမစ်ရိုး အား နှုတ်ဆက်ရင်း အမှာစကားပါးခဲ့တဲ့ ဆာကာ

အာဆင်နယ် တိုက်စစ်မှုး ဘူကာယို ဆာကာဟာ အသင်း အကယ်ဒမီကနေ အတူတူ ထွက်ပေါ်လာခဲ့ပြီး အာဆင်နယ် ပထမအသင်းထဲမှာ အတူတူ ကစားခဲ့တဲ့ သူငယ်ချင်းလည်းဖြစ် အသင်းဖော်လည်းဖြစ်တဲ့ စမစ် ရိုး အား နှုတ်ဆက်ရင်း အသင်းသစ် ဖူလ်ဟမ်မှာ တောက်ပပြဖို့ တောင်းဆိုခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဖူလ်ဟမ်ကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အသက် ၁၀ နှစ်ကတည်းက အသင်း အကယ်ဒမီကို… Continue Reading →

အန်ကတ်တီးရား သဘောတူညီမှု ရခြင်း၊ ဆာနေး၊ အဲဗာရက်စ်၊ အားမရတဲ့ အာတီတာနဲ့ အာဆင်နယ် သတင်းများ

ဂန်းနားဟောင်းကြီး ဂါးလက်စ်က မန်စီးတီး အရန် တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်နဲ့ လက်ရှိ ဘိုင်ယန်မှာ ကစားနေတဲ့ စီးတီး တိုက်စစ်ဟောင်း ဆာနေး တို့ကို အာဆင်နယ် ခေါ်ယူ အားဖြည့်သင့်ကြောင်း တိုက်တွန်း အကြံပြု သွားပါတယ်။ ဆာနေးကိုတော့ အာဆင်နယ် နည်းပြ အာတီတာက ခေါ်ယူလိုနေပြီး ဘိုင်ယန်က သူတို့ ကစားသမားကို ထိန်းထားချင်သည့်တိုင် စာချုပ် တစ်နှစ်ပဲ ကျန်တဲ့ ဆာနေးက အာဆင်နယ်ထံ ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။ အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ လီဗာပူးလ်ကို… Continue Reading →

ဒီမနက် လီဗာပူးကို အရေးနိမ့်ပြီး အမေရိကန် ရာသီကြို ခရီးစဉ်ကို အရှုံးနဲ့ ပိတ်သိမ်းခဲ့တဲ့ အာဆင်နယ် အသင်း

ဒီမနက် အမေရိကန်မှာ ကစားတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာတော့ လီဗာပူးက ၂-၁ နဲ့ အနိုင် ရရှိသွားပါတယ်။ ဒီပွဲ ပထမပိုင်း စွမ်းဆောင်ရည်ဟာဆိုရင် ရာသီသစ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာတွေအတွက် လီဗာပူးနဲ့ အာဆင်နယ်တို့ အပြိုင် တိုက်ခိုက်နိုင်မယ်ဆိုတာ မြင်တွေ့ရခဲ့တာပါပဲ။ လီဗာပူးအသင်းက ဒီမှာ အာဆင်နယ်ထက်ပိုပြီး အချိတ်အဆက်မိခဲ့ပြီး နည်းပြ ဆလော့ကစားချင်တဲ့ပုံစံမျိုး ကစားနိုင်ခဲ့ပြီး တွဲလုံးတွေကနေ ဂိုးတွေသွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေထက်စာရင် လူပြန်စုံလာပေမယ့် အချိတ်အဆက်တွေ လွဲချော်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း… Continue Reading →

တပည့်ကျော် ဖြစ်တဲ့ စီးတီး ကြယ်ပွင့်ဟောင်း၊ လက်ရှိ ဘိုင်ယန်တိုက်စစ် ဆာနေးကို အာတီတာ ခေါ်ယူချင်နေ

အာဆင်နယ် နည်းပြအာတီတာက သူနဲ့အတူ မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂျာမနီ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ Sky Sportsကနေ ဖော်ပြလာခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာတော့ ဗဟိုခံစစ်ရော ဘယ်ခြမ်းခံစစ်မှာပါ ကစားနိုင်တဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီကို တရားဝင် ခေါ်ယူလိုက်နိုင်တာကြောင့် တခြားလိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို ဆက်တိုက် လုပ်ဆောင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ နွေရာသီဈေးကွက်မပိတ်ခင်မှာ နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုတွေ… Continue Reading →

ပြိုင်ဘက်နှစ်သင်းထက် စပိန်ကွင်းလယ် မယ်ရီနို ကို ခေါ်ယူနိုင်ဖို့ အရေးသာနေပြီ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘိုလော့ဂ်ညာမှာ အီတလီ ခံစစ်ကစားသမား ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူပြီးတဲ့နောက် နောက်ထပ် ကစားသမားသစ်အဖြစ် စပိန် ကွင်းလယ်လူ မီခယ်လ် မော်ရီနိုကိုပါ ထပ်မံ ခေါ်ယူဖို့အခြေအနေကောင်းနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်က ခံစစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းထားပြီးတဲ့နောက် ကွင်းလယ်ပိုင်းအတွက် မယ်ရီနို ၊ ဖေဘီယန် ရုစ်ဇ် ၊ ဇူဘာမန်ဒီ နဲ့ လူငယ် ကွင်းလယ်ကစားသမားလေး အီဇီကွီရယ် ဖာနန်ဒက်ဇ်ကိုပါ ပစ်မှတ်ထားလို့နေပြီး ဒီထဲကမှ မယ်ရီနိုကို ပိုမို ဦးစားပေး အလိုရှိနေပါတယ်။ အသက် (၂၈)နှစ်အရွယ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑