လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ တော့တင်ဟမ် စပါး အသင်းနဲ့ ရင်ဆိုင်ကစားရမဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အား ကြီးကြပ်လာမဲ့ ကွင်းလယ်ဒိုင်လူကြီးအား သိခွင့်ရရှိပြီးနောက် အာဆင်နယ်ပရိသတ်များဟာ ဘောလုံး ရာသီအား ဖျက်သိမ်းရန်အထိ ပြောဆိုကာ ဒေါသထွက် စိတ်ပျက်နေကြပါတယ်။ မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ဘရိုက်တန်နှင့် ၁ ဂိုးစီသရေကျပြီးနောက် ယခု မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အဓိက ကစားသမားအချို့ မပါဝင်ဘဲ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်မှာ ဘရိုက်တန်နှင့်ပွဲစဉ်မှ အနီကတ်ကြောင့် စပါးစ်နှင့် ပွဲစဉ်ကို လွဲချော်လာပါမယ်။ ကစားသမားသစ်မီခေးလ် မီရီနိုမှာလည်း ကလပ်နှင့်… Continue Reading →
သြစတြီးယားနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲမှာ နော်ဝေအသင်း နာမည်ကျော် ကွင်းလယ် ကစားသမား အိုဒီဂတ် ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်နဲ့ နည်းပြ အာတီတာတို့အတွက် စိုးရိမ်စရာ ဖြစ်လာပါပြီ။ နော်ဝေအသင်းဟာ တိုက်စစ်မှူးဟာလန်းရဲ့ဂိုးကြောင့် သြစတြီးယားကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့လည်း အိုဒီဂတ် ဒဏ်ရာရခဲ့လို့ ပေးဆပ်မှုကြီးမားခဲ့ပြီး အိုဒီဂတ် ဟာ ဝမ်းနည်းမျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ အာဆင်နယ်အသင်းဟာ လာမဲ့တနင်္ဂနွေကျရင် ပရီးမီးယားလိဂ်ပွဲကြပ် အဖြစ် လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းနဲ့ အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် အိုဒီဂတ် ရဲ့ဒဏ်ရာသတင်းက အာဆင်နယ်အသင်းအပေါ် ကြီးမားတဲ့ရိုက်ခတ်မှု… Continue Reading →
မနေ့က ကာဇက်စတန်နဲ့ UEFA Nations League ပွဲမှာ နော်ဝေအသင်း နဲ့ ပရီးမီးယားလိဂ် နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ စီးတီး တိုက်စစ်မှုး ဟာလန်း တို့ဟာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး ပြစ်တင်ခံနေရပါတယ်။ ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲသာကစားရပြီးချိန်မှာပဲ ဟက်ထရစ် ၂ ကြိမ်အထိရရှိခဲ့သလို စုစုပေါင်း ၇ ဂိုးအထိ သွင်းယူပြီး ပြိုင်ဘက်တွေ တားဆီးလို့မရတဲ့ တိုက်စစ်မှူးဖြစ်နေပေမဲ့ နော်ဝေအသင်းမှာတော့ ဆန့်ကျင်ဘက်အနေအထားဖြစ်ခဲ့ပါတယ်။ ဖီဖာကမ္ဘာ့အဆင့် ၁၀၉… Continue Reading →
လက်ရှိ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ အာဆင်နယ် အသင်း အတွက် ဒဏ်ရာ ထိုးနှက်ချက်တွေက ရှိလာနေပြီ ဖြစ်ပါတယ်။ အီတလီက ပြင်သစ်ကို ၃-၁ ဖြင့် အံ့ဩသင့်ဖွယ် အနိုင်ရတဲ့ နေးရှင်းလိဂ်အဖွင့်ပွဲစဉ်တွင် အာဆင်နယ်နှင့် အီတလီနောက်ခံလူ ရီကာဒို ကာလာဖီအိုရီ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာဆင်နယ် ဘယ်နောက်ခံလူဟာ အူစမာနီဒမ်ဘီလီနှင့် မတော်တဆထိခိုက်ကာ လဲကျသွားပြီး ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ဒဏ်ရာရရှိသွားပေမဲ့လည်း ဆက်လက် ကစားရန် ကြိုးပမ်းခဲ့ပေမဲ့ မိနစ်အနည်းငယ်အကြာမှာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။ မနေ့ညက ပွဲစဉ်တွင်… Continue Reading →
လက်ရှိ ၂၀၂၄-၂၅ ရာသီအတွက် အာဆင်နယ်အသင်းမှ လုပ်ခ လစာငွေ အများဆုံး ကစားသမားစာရင်း ထွက်ပေါ်လာပြီး ကစားသမားသစ် စတာလင်က လစာငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းနဲ့ ၂ မှတ်အကွာလေးနဲ့ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေပြီး နွေရာသီအပြောင်းအရွှေ့အတွင်း နည်းပြအာတီတာဟာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်ဆီကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဂိုးသမားဒေးဗစ်ရိုင်ယာကို အပြီးသတ်စာချုပ်ခဲ့သလို ကာလာဖီအိုရီ၊ မီခေးလ်မာရီနိုတို့ နှစ်ယောက်ကိုလည်း ပေါင်သန်း ၇၀ အထိ အသုံးပြုခေါ်ယူခဲ့ပါတယ်။… Continue Reading →
ဒီနွေ အပြောင်းအရွှေ့ဈေးကွက်မှာ ရီးယဲလ် ဆိုစီဒက်အသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ စပိန် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုဟာ သူရဲ့ ပခုံးဒဏ်ရာကြောင့် (၂)လခန့်လောက်အထိ အနားယူသွားရတော့မယ်လို့ သိရပါတယ်။ အာဆင်နယ်က ခံစစ်ပိုင်းအတွက် အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူခဲ့ပြီးတဲ့နောက် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းအတွက် နယူးကာဆယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ စပိန် ကွင်းလယ်လူ မော်ရီနိုကို ယူရို (၃၂)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် (၂၈)နှစ်အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်လူ… Continue Reading →
မန်စီးတီးအသင်း တိုက်စစ်မှူး အာလင်း ဟာလန်းက အာဆင်နယ် အသင်း စနေနေ့မှာ ဘရိုက်တန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ စောစောစီးစီး ခြေချော်သွားပြီဆိုတဲ့ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အမ်းမရိတ် မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းအတွင်း ကိုင် ဟာဗတ်ဇ်ရဲ့ လှပတဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ရာသီအဖွင့် ၃ ပွဲဆက်တိုက် နိုင်ပွဲ ရယူသွားနိုင်တော့မယ့် ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းအစောပိုင်းမှာ ဒီကလန် ရိုက်ရဲ့ အငြင်းပွားဖွယ် ၂… Continue Reading →
အာဆင်နယ်ဟာ မနေ့က အပြောင်းအရွှေ့ ပိတ်ရက်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးမှ အင်္ဂလန်တောင်ပံကစားသမားရာဟမ်းစတာလင်းကို အငှားဖြင့် ခေါ်ယူလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိ စတာလင်းဟာ ချဲလ်ဆီးနည်းပြသစ်အန်ဇိုမာရက်စ်ကာရဲ့ စီမံကိန်းတွင် မပါဝင်ကြောင်း အသိပေးခြင်းခံရပြီးနောက် အခြားကစားသမားများနှင့်အတူ သီးသန့်လေ့ကျင့်ခန်းဆင်းမှုသာ ပြုလုပ်ခဲ့ရသူ ဖြစ်ပါတယ်။ အာဆင်နယ်သို့ ရောက်လာပြီးနောက် စတာလင်းက “မယုံကြည်နိုင်တဲ့ ခံစားမှုပါ။ အရမ်းစိတ်လှုပ်ရှားတယ်။ နောက်ကျပြီးမှ အပြောင်းအရွှေ့ ဖြစ်လာတယ်ဆိုပေမဲ့ ဖြစ်လာဖို့ မျှော်လင့်ခဲ့တဲ့ အပြောင်းအရွှေ့ပါ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တာနဲ့ ကျွန်တော်နဲ့ အံဝင်မဲ့ နေရာဆိုတာ သိလိုက်ရပါတယ်။ အပြောင်းအရွှေ့… Continue Reading →
ဒီနေ့ သြဂုတ်လ ၃ဝ ရက်၊ သောကြာနေ့ ည အင်္ဂလန် အချိန် ၁၁ နာရီမှာ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဈေးကွက်ပိတ်ခါနီးမှာ အာဆင်နယ်ရဲ့ ခြေလှမ်း ခပ်စိပ်စိပ်ကိုလည်း မြင်တွေ့လာရပါတယ်။ ချယ်ဆီးက ထွက်ခွာဖို့ ပြင်နေတဲ့ အင်္ဂလန်သား တိုက်စစ်သမား ရာဟင်း စတားလင်းဟာ ဈေးကွက် ပိတ်ရက် မတိုင်ခင် တစ်ရက်ကမှ အာဆင်နယ်နဲ့ သတင်းကြီးလာပါတယ်။ အာဆင်နယ် နည်းပြ အာတီတာက စတားလင်းနဲ့ ရင်းနှီးပြီး အင်္ဂလန်သာခြေစွမ်းကို သဘောကျသလို ကစားသမားကလည်း… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑