ရန်ကုန်မှာ မီးပျက်ချိန်ပိုများနေတဲ့အတွက် ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး ၂၄ နာရီအတွင်း မီးရချိန်ဟာ ၁၂ နာရီအောက်ကို စတင် ရောက်ရှိနေတယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေက ဆိုပါတယ်။ နိုင်ငံတဝန်း လျှပ်စစ်ဓါတ်အားဟာ ၄ နှစ်အတွင်း အနိမ့်ဆုံးစံချိန်တင်ထုတ်လုပ်မှုကို ရောက်ရှိနေခြင်းနဲ့အတူ ထုတ်လုပ်မှုရဲ့ ရာနှုန်းအများဆုံး သုံးစွဲနေတဲ့ ရန်ကုန်မှာပါ မီးပျက်ချိန် ပိုမိုတိုးလာနေတာပါ။ ၂၀၂၅ နှစ်သစ်ဝင်လာချိန်ကစပြီး မနက် (၀၁:၀၀ မှ ၀၅:၀၀) နာရီကိုပါ မီးဖြတ်ချိန် တချိန် ထပ်တိုးလာနေတာပါ။ လျှပ်စစ်ဌာနနှင့် နီးစပ်သူ တစ်ဦးကတော့… Continue Reading →
အမေရိကန်ကောလိပ်ဘောလုံးအသင်းဖြစ်တဲ့ LA Pierce Women’s Soccer မှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်လူဟာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းရဲ့ လာမယ့် ပွဲစဉ်တွေအတွက် ပြန်လာပူးပေါင်းနေပါပြီ။ MFF ဘက်ကနေပြီး ၂၀၂၅ အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲစဉ်များ အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ လေ့ကျင့်မှု ပုံရိပ်များကို ဖော်ပြရာမှာ မေထက်လူ ပါဝင်လာတာပါ။ သူမ ကိုယ်တိုင်ကလည်း လူမှုကွန်ယက်အကောင့်က အဆင့် ကျောနံပါတ် ၃၁ ပါ မြန်မာအသင်းဝတ်စုံကို ဝတ်ဆင်ပြီး လေ့ကျင့်ရေး… Continue Reading →
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်ပါက အများကြီး တိုးတက်လာကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များဘက်က ဆိုသည်။ ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းရှားပါးသော်လည်း အငှားစျေးကွက် အကြီးအကျယ် ဖြစ်ထွန်းခဲ့သည်။ နှစ်ကုန်ခါနီးထိ အေးစက်နေသည့် အိမ်ခြံမြေ စျေးကွက်ဟာ နှစ်သစ်ကူးကာလတွင် အရောင်းအဝယ် ပြန်ဖြစ်မယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များက သုံးသပ်ထားသည်။ “ အိမ်ခြံမြေဈေးကွက်မှာ ရှမ်းပြည်ဘက်ကလူတွေက အများဆုံးရင်းနှီးမြှုပ်နှံတယ်။ မြေကွက်ကို အများဆုံးဝယ်ကြတယ်။ ပြီးရင် အထပ်မြင့်အဆောက်အဦးတွေဆောက်တယ်။ Resident ဆောက်ကြတယ်။ လုံးချင်းအိမ်တွေ၊ ကွန်ဒိုတွေကျတော့ အဝယ်ထက် အငှားပိုများတယ်။” ဟု… Continue Reading →
မနေ့ညက ကစားခဲ့တဲ့ ကရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေက အမှားအယွင်းမရှိ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ ညက ကွာတား ဖိုင်နယ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို တိုက်စစ်မှုး ဂျေးဆု ရဲ့ ဟက်ထရစ်နဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ မာတေတာရဲ့ ဦးဆောင်ဂိုးကို စောစောစီးစီး ခွင့်ပြုခဲ့ရပေမယ့် ဂျေးဆုက ဂိုးသွင်းခြေစွမ်းပြပြီး တစ်ယောက်တည်း သုံးဂိုးသွင်းခဲ့တာကြောင့် အာဆင်နယ်တို့ ဒီဂိုးတွေနဲ့ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ ပွဲအစ လေးမိနစ်မှာ ပဲလေ့စ်တိုက်စစ်မှူး မာတက်တာက ဦးဆောင်ဂိုးသွင်းခဲ့လို့… Continue Reading →
ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။ ယင်းစီမံကိန်းကို ပြည်တွင်းရှိ နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးမှ လုပ်ကိုင်ခွင့်ရရှိထားတယ်လို့လည်း သိရပါတယ်။ တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေကာ လာမယ့်နှစ်မှာ စီမံကိန်း ပြန်လည်စတင်ဖို့ ရှိလာနေတာပါ။ ဒီသတင်းကို တရုတ်ပြည်တွင်း ချန်နယ်အချို့ကလည်း ဖော်ပြမှု ပြုလုပ်နေပါတယ်။ ရန်ကုန်အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော်အသုံးပြုမယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ကြီးမားတဲ့ ပရော်ဂျက်ကြီးတစ်ခု ဖြစ်ပါတယ်။ အဆိုပါ… Continue Reading →
ပြည်တွင်းစားဆန် ပေါ်ဆန်းတွေကို ပြည်ပဈေးကွက်ထံ တင်ပို့ရောင်းချတာကြောင့် ဈေးတက်ကြောင်း ကုန်သည်အချို့က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဒီဇင်ဘာလ ၄ ရက်နေ့က အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ သဘာဝဘေးဒဏ်ကြောင့် အထွက်နှုန်းတွေ အလွန်ထိခိုက်တယ်ဆိုတဲ့ ဈေးနှုန်းမြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်နေတဲ့ သတင်းမှားတွေဟာ မဟုတ်မမှန်သတင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆန်ဈေးနှုန်းတွေကို တိုးမြှင့်ရောင်းချတဲ့ ကြော်ငြာတွေ၊ ဆန်ဈေးနှုန်းတွေကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရတယ်လို့လည်း MRF ရဲ့ ထုတ်ပြန်ချက်မှာ… Continue Reading →
ထိုင်းမှာတော့ တရုတ်ပြီးရင် မြန်မာဟာ အိမ်ခြံမြေ ဒုတိယအများဆုံး ဝယ်ယူတဲ့နိုင်ငံဖြစ်လာပါတယ်။ ဒီနှစ်ပထမ ၉လ အတွင်း အခန်း ၁၀၀၀ ကျော်ကို ဘတ် ၅.၄၆ ဘီလီယံ (စင်ကာပူဒေါ်လာ ၂၁၁ သန်း) ဖိုး မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့ပါတယ်။ ပြည်တွင်းရေး အခြေအနေမကောင်းမှု နောက်ပိုင်း ငွေကြေးတတ်နိုင်တဲ့ မြန်မာတွေဟာ ထိုင်းဖက်ပြောင်းကာ နေအခြေချလာနေပါတယ်။ မြန်မာကျပ်ငွေ မဟားတရား တန်ဖိုးကျနေတာကြောင့်လည်း တချို့က စျေးကောင်းရချိန် ပြည်တွင်းက နေအိမ် တိုက်ခန်းတွေကို ရောင်းပြီး ထိုင်းမှာကွန်ဒိုဝယ်ယူသူက ပိုများပြားလာစေပါတယ်။ သူတို့တိုင်းပြည်မှာ… Continue Reading →
မန်ချက်စတာ ယူနိုက်တက်မှာ အသင်းပိုင်ရှင်အဖွဲ့ထဲ ဆာ ဂျင် ရက်ကလစ် ဝင်ရောက်လာဖို့ အပြီးသတ် လုပ်ဆောင်နေခြင်းနဲ့အတူ အသင်းရဲ့ ဦးဆောင်မှုပိုင်းဟာ အပြောင်းအလဲတွေ ရှိလာနေပြီ ဖြစ်ပါတယ်။ ဆာဂျင်ရက်ကလစ်က ယူနိုက်တက် ရှယ်ယာတွေကို ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင် အပြီးသတ် ဝယ်ယူနိုင်ဖို့ ရည်မှန်းနေတာပါ။ အခုဆိုရင် ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးပိုင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို စီမံခန့်ခွဲဖို့ Sir Dave Brailsford ကိုလည်း ဦးဆောင်ခိုင်းထားပါပြီ။ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ ယူနိုက်တက်ရဲ့ အသေးစား… Continue Reading →
နည်းပြ ဂရေဟမ် ပေါ်တာဟာ ချယ်ဆီးကနေ ထုတ်ခံရပြီးနောက် လက်စတာ နည်းပြ ရာထူးအတွက် ကမ်းလှမ်းမှု ချက်ချင်း ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး အနည်းဆုံး ဒီရာသီကုန်ထိ အနားယူဖို့ ရွေးချယ်သွားပါတယ်။ ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီဆိုင်မွန်ဟာ ပီအက်စ်ဂျီ အသင်းထံ ပြန်ဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ပြင်သစ်ကလပ်ဟာ သူ့ကို ပီအက်စ်ဗွီကနေ ယူရို၁၂သန်းနဲ့ ပြန်ဝယ်လို့ ရပေမယ့် နယ်သာလန်သားကတော့ အခုကလပ်မှာ ပျော်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ ငွေကြေးအတွက်… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑