Category

Uncategorized

ဆီမြွန်နီကို လေးစားပါတယ်၊ ဒါပေမယ့် သူတို့ ကစားပုံတော့ မကြိုက်ဘူး ဆိုတဲ့ ကလော့ပ်

လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ရလဒ်ကောင်းတွေ ထုတ်ပေးတဲ့ စက်တစ်လုံး လို ဖြစ်နေတဲ့ ဆီမြွန်နီ ကို လေးစားပေမယ့် အက်သလက်တီကို မက်ဒရစ်ရဲ့ ကစားပုံကိုတော့ မကြိုက်ကြောင်း ပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။ လာလီဂါ လက်ရှိ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကို လီဗာပူးက ဒီညမှာ ချန်ပီယံလိဂ် အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း နောက်ဆုံး တွေ့ထားတာကတော့ ၂၀၂၀ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ တုန်းက ဖြစ်ပါတယ်။ ကလော့ပ်… Continue Reading →

မနှစ်က အနိုင်ရခဲ့တဲ့ အန်ဖီးကွင်းမှာ ဒီနှစ်ကော ဘယ်လိုကစားမလဲအပေါ် ဘန်လေမန်နေဂျာရဲ့ ဖြေဆိုမှု

မနှစ်ကရာသီ အန်ဖီးကွင်းမှာတော့ လီဗာပူးနဲ့ ဘန်လေတို့ ယှဉ်ပြိုင်ခဲ့ချိန်မှာ ဘန်လေဘက်က ၁-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ် အန်ဖီးကွင်းမှာတော့ ခြားနားမှုအဖြစ် လီဗာပူးပရိသတ်တွေက ကွင်းထဲမှာ ရှိနေမှာဖြစ်တယ်။ ပွဲကြိုမှာ လီဗာပူးနဲ့ ပတ်သက်ပြီး ဘန်လေမန်နေဂျာ ဒိုင်ချီက အခုလို ပြောဆိုပါတယ်။ မနှစ်က အနိုင်ရခဲ့တာနဲ့ ပတ်သက်လို့.. ” မနှစ်တုန်းက ကျနေ်ာတို့က ချိန်သာကိုက်ကိုပဲ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ အဲ့လိုမျိုး ထပ်လုပ်နိုင်ဖို့လိုပါတယ်။ တူညီစွာ ထပ်လုပ်နိုင်ဖို့ လိုပါတယ်။ ” အန်ဖီးကွင်းရဲ့ သက်ရောက်မှု… ”… Continue Reading →

လီဗာပူးရဲ့ အန္တရာယ်ကစားသမားတွေကြောင့် ပြိုင်ဘက်ခံစစ်တွေ သတိထားရတော့မှာပါလို့ အသိပေးမှု

လီဗာပူးအသင်းရဲ့ လူစာရင်းအပေါ် ပရိသတ်တွေက အားမရမှုတွေ ရှိနေပေမယ့်လည်း ရာသီသစ်မှာ ယာဂင်ဟာ ထိပ်တန်း တိုက်စစ်သမား ၄ ဦးဖြင့် ယှဉ်ပြိုင်ရမှာပါလို့ လီဗာပူးသတင်းထောက် နေးဂျုံးက အသိပေးလာပါတယ်။ ရာသီကြိုကို ပူးပေါင်းမှု နောက်ကျထားပေမယ့် ဂျိုတာရဲ့ အနေအထားဟာ နော့ဝစ်ပွဲမှာ ပါဝင်နိုင်မယ်လို့ နေးဂျုံးက မြင်ပါတယ်။ ကိုပါအမေရိကဖလားကြောင့် ဖာမင်နိုဟာ အသင်းနဲ့ ပူးပေါင်းမှု နောက်ကျခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ သူပါဝင်ကစားနိုင်ဖိုဖ့ မသေချာသေးပါဘူး။ မနှစ်ကရာသီတည်းက မြင်ထားရတဲ့ ဂိုးရယူနိုင်စွမ်းတွေကို ရာသီကြို ၈ မိနစ်မှာတင် ဂျိုတာထံက မြင်တွေ့ခဲ့ရပါသေးတယ်။… Continue Reading →

လီဗာပူး ပစ်မှတ် (၅) ဦးရဲ့ တန်ကြေးနဲ့ ဟာလန်းအတွက် ယူရို သန်း ၁၅၀ ဈေးမြင့်လိုက်တဲ့ ဒေါ့မွန်

လီဗာပူးအသင်းဟာ နွေမှာ ခေါ်ယူမှုတွေလုပ်ဖို့ ကြိုတင် စီစဉ်မှုတွေ လုပ်နေပြီး ကစားသမား ၅ ဦးနဲ့ ပက်သက်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးဘက်က ထိပ်တန်း ကစားသမားတွေထဲက စောင့်ကြည့်မှုအဖြစ် ဒေါ့မွန်မှ ဟာလန်းနဲ့ ပီအက်စ်ဂျီမှ အမ်ဘတ်ပီတို့ကိုလည်း စောင့်ကြည့်နေတယ်။ သူတို့ နှစ်ဦးဟာ ဥရောပရဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်တွေဖြစ်ကြပြီး ထိပ်တန်း ကလပ် အများအပြားကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အမ်ဘတ်ပီရဲ့ ပြောင်းရွှေ့ကြေးက ၂၀၁၈ တုန်းက မိုနာကိုကနေ ပီအက်စ်ဂျီကို ပြောင်းခဲ့တဲ့ ယူရို… Continue Reading →

လီဗာပူးနဲ့ သီယာဂိုတို့ ပေါင်းစပ်မှုက ပြီးပြည့်စုံတဲ့ အတွဲအဘက်ဖြစ်ကြောင်း ထောက်ခံမှု

သီယာဂိုဟာ လီဗာပူးအတွက် သိပ်ကောင်းတဲ့ ပေါင်းစပ်မှုဖြစ်ပြီး ယခင် နှစ်တွေထဲက စပိန်ကစားသမားကို အထင်ကြီးခဲ့တာပါလို့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဆိုပါတယ်။ ချယ်ဆီးနဲ့ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့တဲ့ သီယာဂိုဟာ ကိုဗစ်ကြောင့် ၁၄ ရက် သီးသန့်နေနေရပေမယ့် အဲဗာတန်နဲ့ပွဲ မတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာမှာပါ။ သူဟာ ပွဲထွက်နေရာအတွက်လည်း ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဝိုက်နယ်ဒမ်က “ သီယာဂိုရဲ့ အရည်အချင်း အားလုံးကို ကျနော်… Continue Reading →

PFA ဆု ချီးမြှင့်ခြင်းတွေနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးလူငယ်လေး ထရန့်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ဘဝတူကစားသမားတွေ ရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး လူငယ်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဘောလုံးရာသီတစ်ခုအတွင်း ဂုဏ်သိက္ခာအရှိဆုံးသော PFA Players’ Player of the Year award ကိုတော့ မန်စီးတီးက ဒီဘရိုင်းက အနိုင်ရခဲ့တယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒီဘရိုင်းကို ဂုဏ်ပြုစကား ပြောဆိုခဲ့ပြီး မင်းနဲ့ ထိုက်တန်လွန်းတဲ့ ဆုပါလို့ ချီးကျူးခဲ့ပါတယ်။ ဟန်ဒါဆန်၊ ထရန့်၊ မာနေး၊ ရော်ဘတ်ဆန် နဲ့ ဗန်ဒိုက်တို့ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ… Continue Reading →

ချန်ပီယံလိဂ် ရုပ်သံကြေး ပေါင် ၅၁၈ သန်း ပြန်ပေးရမယ့်အထဲမှာ ပါဝင်သွားတဲ့ လီဗာပူး

ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေဟာ မနှစ်က ဘောလုံးရာသီအတွက် ရမယ့် ချန်ပီယံလိဂ်ဆုကြေးကနေ ရုပ်သံကြေး ပြန်သွင်းရမှာတွေအတွက် ဆုကြေး ဖြတ်တောက်ခံရမှုတွေ ရှိလာပါလိမ့်မယ်။ ယူအီးအက်ဖ်အေက ကပ်ဘေးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းပြီး ကျင်းပခြင်းနဲ့အတူ ပြိုင်ပွဲဟာ မျှော်လင့်ထားတာထက် အများကြီး တိုးတောင်းတဲ့ ပုံစံဖြင့် အဆုံးသတ်ခဲ့ရတယ်။ ဒါတွေကြောင့် ယူအီးအက်ဖ်အေက ရုပ်သံကြေး ပေါင် ၅၁၈ သန်း ဖြတ်တောက်မှာဖြစ်ကာ ဒီငွေကြေးတွေကို ဥရောပပြိင်ပွဲဝင် ကလပ်တွေ မျှဝေပြီး ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဆုကြေးပေးမှုနှုန်း ပိုမြင့်တဲ့ ချန်ပီယံလိဂ်က ပိုမို… Continue Reading →

ချိန်ဘာလိန် ဒဏ်ရာရခြင်း၊ UEFA ရပ်တည်ချက်နဲ့ နောက်ဆုံးရ လီဗာပူး ထူးခြား သတင်းတိုများ

ချိန်ဘာလိန် လေ့ကျင့်ရေးမှာ ဒူးဒဏ်ရာရခဲ့တာကြောင့် သြစတြီးယား ရာသီကြိုကို ဆက်မလုပ်နိုင်ဘဲ မဲဝုဒ်ကို ပြန်ရမှာဖြစ်ကြောင်း မန်နေဂျာကလော့ပ်က အတည်ပြုလိုက်ပါတယ်။ ဘရိုက်တန်အသင်းဟာ ခံစစ်မှူး ဘမ်ဝိုက်အတွက် လိဒ်ယူနိုက်တက် ကမ်းလှမ်းတဲ့ ပေါင် ၂၅ သန်းတန် စာချုပ်ကို ငြင်းဆန်လိုက်ပါပြီ။ ဘမ်ဝိုက်ကို ခေါ်ယူဖို့ လီဗာပူးနဲ့ ချယ်ဆီးတို့ စောင့်ကြည့်နေတာပါ။ ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်က ရိုင်ကန့်အတွက် လိဒ်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ကြောင်း အတည်ပြုပါတယ်။ ရိန်းဂျာဟာ ကန့်ကို လီဗာပူးကနေ ပေါင် ၇ သန်းဖြင့် ခေါ်ယူထားရာမှာ အနာဂတ်… Continue Reading →

ဆာလက်နဲ့ မာနေးတို့ရဲ့ သွင်းဂိုး ပြိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး လိုဗရန်ရဲ့ ဖွင့်ပြောမှု

ဇင်းနစ်ခံစစ်မှး လိုဗရန်က လီဗာပူးမှာ ရှိခဲ့စဉ် မာနေး၊ ဆာလက်တို့ရဲ့ အဝတ်လဲခန်းတွင်း အခြေအနေနဲ့ ပက်သက်လိ့ ထုတ်ပြောမှုတစ်ခု ပြုလုပ်သွားပါတယ်။ လိုဗရန်က လီဗာပူးတိုက်စစ်သမား နှစ်ဦးက သွင်းဂိုးတွေကို အပြိုင်အဆိုင် သွင်းယူနေရတာကို ပျော်ရွှင်နေသလို ဆုဖလားတွေ ဆက်လက် အောင်မြင်ဖို့ ဆာလောင်နေဆဲပါလို့ ထုတ်ပြောခဲ့တယ်။ ဆာလက် ဘောလုံးမပေးခြင်းကို မာနေး ဒေါသထွက်ရာက သူတို့ နှစ်ဦးကြား ပြိုင်ဆိုင်မှုဟာ အမြဲတမ်း မေးခွန်းထုတ်ခံခဲ့ရပြီး တိုက်စစ်သမားတွေကတော့ အဆင်ပြေပြေ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ လိုဗရန်က ” ကစားသမားတွေကြားမှာ ပြိုင်ဆိုင်မှုရှိတာက အရမ်းကောင်းပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!