Month

July 2019

ဂျာစီဝတ် ပီပီ၊ ကိုစီရယ်နီ၊ မူစတာဖီတို့ အပြောင်းအရွှေ့၊ တီရာနေးနဲ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်ကစားသမားအဖြစ် ပီပီကို တရားဝင် ခေါ်ယူမှုကိစ္စတွေ ကြေညာရခြင်း မရှိသေးပေမယ့် ထွက်ပေါ်နေတဲ့ ဗီဒီယိုတွေမှာတော့ တိုက်စစ်သမားဟာ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်မှုတွေ စတင်နေပါပြီ။ အာဆင်နယ်ဟာ ဒီရက်တွေအတွင်း အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေကို ခပ်သွက်သွက် လှုပ်ရှားနေပြီး ထပ်ပြီးလည်း ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ကိုစီရယ်နီ၊ မူစတာဖီ ပက်သက်လို့ ညိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဖော်ပြလာပါတယ်။ အာဆင်နယ်က ကိုစီရယ်နီရဲ့အပြောင်းအရွှေ့အတွက် ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတာပါ။ အသက်… Continue Reading →

လမ်းပတ်ကို ဂျိုကိုး ထောက်ခံလိုက်ခြင်း၊ ဘာကလေ၊ မောင့်တို့ အားပြိုင်မှုနဲ့ ချယ်ဆီးသတင်းတိုများ

ချယ်ဆီးနည်းပြသစ် လမ်းပတ်ဟာ အသင်းရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ယခင်က ကဲ့သို့ အမှတ်ပေးဖလား အပါအ၀င် ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းကောင်း ဖြစ်အောင် ပြန်လည် တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ ချယ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။ အဲဗာတန်အသင်းဟာ ချယ်ဆီးထံမှ သူတို့ အငှား ပြန်ခေါ်လို့ မရတော့တဲ့ ဇူးမားအစား ၄င်းအသင်းဖော် တိုမိုရီကို အငှားခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပေမယ့် ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ဟာဇက်နေရာ အစားထိုးဖို့… Continue Reading →

ဆီမီဒို၊ ဂွာဒီယိုလာ၊ ဆာနေးတို့နဲ့ နောက်ဆုံးရ မန်စီးတီးသတင်းတိုများ

မန်စီးတီးအသင်းဟာ ဒီနွေမှာ ဘာစီလိုနာခံစစ်မှူး ဆီမီဒိုကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းထားပြီး ဂွာဒီယိုလာက ဘာစီလိုနာမှ ၄င်း ကင်းထောက်ဟောင်းများနဲ့ ပြန်လည် ချိတ်ဆက်ကာ ကြိုးစားနေပါတယ်။ ဘိုင်ယန်ကွင်းလယ်ကစားသမား သီယာဂို အယ်ကန်တာရာက ပက် ဂွာဒီယိုလာ ဟာ ပို ပိုတော်လာပြီး မှော်ဝင် အစွမ်းတွေနဲ့ ပိုမို အံ့သြစရာ ကောင်းလာတယ်လို့ ယုံကြည်နေပါတယ်။ လက်ရှိ မန်စီးတီး နည်းပြဖြစ်တဲ့ ဂွာဒီယိုလာဟာ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ လက်တွဲ အလုပ် လုပ်နေသလို လက်ရှိ အောင်မြင်တာထက် ပိုပြီး… Continue Reading →

လူငယ်ကစားသမားတွေကို နေရာအပေးဆုံး ဖြစ်လာခြင်း၊ လူကာကူ၊ ဒိုင်ဘားလား၊ အမ်တီတီတို့နဲ့ မန်ယူ ညနေခင်း သတင်းတိုများ

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အကယ်ဒမီမှ လူငယ်ကစားသမားများကို ပွဲကစားချိန် မိနစ် အများဆုံး ပေးအပ်ထားတဲ့ အသင်းများကို လေ့လာမှု တစ်ခု ပြုလုပ်ရာ မန်ချက်စတာ ယူနိုက်တက်က မိနစ် ၉၀၀၀ ကျော်နဲ့ ဦးဆောင်နေပါတယ်။ မန်ယူ တိုက်စစ်မှူး လူကာကူကိုအား ခေါ်ယူဖို့ကိစ္စမှာ စီးရီးအေပြိုင်ဘက် အင်တာမီလန်ကို ကျော်တက်ပြီး ဂျူဗင်တပ်က ရေပန်းအစားဆုံး အဖြစ် ထိပ်ဆုံးကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ မန်ယူနဲ့ ဂျူဗင်တပ်ဟာ လူကာကူ၊ ဒိုင်ဘာလာ အလဲအထပ်ကိစ္စ သဘောတူညီမှု ရခဲ့ပြီး ဒိုင်ဘာလာရဲ့ အေးဂျင့်ဟာ… Continue Reading →

အသင်းပြောင်းမယ့် ၀ီလ်ဆန်၊ ရည်မှန်းချက်တွေ ဖွင့်ဟတဲ့ အယ်လစ်ဆန်နဲ့ လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဝီလ်ဆန်ကို နယူးကာဆယ်ဘက်က အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ အလားအလာ ရှိနေပါတယ်။ လီဗာပူးအသင်းဟာ ဝေလ်းတောင်ပံသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၀ သန်းအထက် ဈေးသက်မှတ်ထားပါတယ်။ လီဗာပူးအသင်းရဲ့ ဘရာဇီး ကစားသမာတွေဖြစ်တဲ့ ဂိုးသမား အယ်လစ်ဆန်နဲ့ တိုက်စစ်မှူး ဖာမင်နိုတို့နဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်တို့ဟာ အင်္ဂါနေ့ကပဲ လီဗာပူးအသင်းရဲ့ ပြင်သစ်လေ့ကျင့်ရေးကို သွားရောက် ပူးပေါင်းခဲ့ကြပါပြီ။ လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ပြီးခဲ့တဲ့ရာသီ ရယူခဲ့တဲ့ ဆုဖလားများကြောင့် နောက်ထပ် အောင်မြင်မှု ဆုဖလားများ ဆက်လက်ယူဖို့… Continue Reading →

မက်ဂွဲယား အဆင်မပြေလို့ ဘာစီလိုနာမှ အမ်တီတီဘက် မန်ယူ ပြောင်းလဲ ကြိုးစားလာ

မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးအပတ်ထဲ ရောက်တော့မှာ ဖြစ်သည့်တိုင် လက်စတာခံစစ်မှူး မက်ဂွဲယားကို ခေါ်ယူနိုင်ခြင်း မရှိသေးတာကြောင့် အခြား ရွေးချယ်စရာများဘက် စဉ်းစားလာခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာက မက်ဂွဲယားအတွက် ပေါင် သန်း ၈၀ ထိ အလို ရှိနေပြီး မန်ယူကတော့ သန်း ၇၀ ထက် တိုးမပေးလိုတော့ပါဘူး။ ဒါကြောင့် ဘာစီလိုနာမှ ဗဟိုခံစစ်မှူး အမ်တီတီကို ပြောင်းလဲ ကြိုးစားရန် မန်ယူ အသင်း ဦးလှည့်လာပြီ ဖြစ်ကာ ကမ်းလှမ်းမှု ပြုလုပ်တော့မယ် လို့ သိရပါတယ်။… Continue Reading →

ရီးရဲလ်လူငယ်၊ အိုရီဂီ၊ ဝုဒ်ဘမ်း၊ ဖာပို၊ မတ်စ် အပြောင်းအရွှေ့တွေနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းနဲ့ ဒီနွေကမှ သက်တမ်းတိုးထားတဲ့ တိုက်စစ်မှူး အိုရီဂီကို တူရကီအခြေစိုက် ကလပ်အသင်း တစ်သင်းက အငှားခေါ်ဖို့ ကြိုးစားလာနေပါတယ်။ လီဗာပူးနဲ့ ညိနှိုင်းမှုလုပ်နိုင်ရင် ကစားသမားနဲ့ ဆက်လက်ဆွေးနွေးမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား ဆလာဇာကို ခေါ်ယူဖို့ လီဗာပူးလည်း ပါဝင်လာပါပြီ။ လူငယ်ကစားသမားကို ခေါ်ယူဖို့ ကလပ်အသင်း ၅၀ လောက်က ချိတ်ဆက်မှု ရှိထားတယ်လို့ သိရပါတယ်။ လီဗာပူးလူငယ်ကစားသမား ဝုဒ်ဘမ်းဟာ လာမယ့်ရာသီအတွက် လိဂ်ဝမ်းကလပ် အောက်စဖိုဒ့်အသင်းထံ တစ်ရာသီ အငှားနဲ့ ထွက်ကစားပြီဖြစ်ပါတယ်။… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၃၁-၇-၂၀၁၉၊ ဗုဒ္ဓဟူးနေ့)

ယူနိုက်တက်ဟာ ဆိုးရှားရဲ့ ဇာတိပြေအသင်း Kistransund အင်းကို မာတာရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရယူသွားခဲ့ပါပြီ။ ယူနိုက်တက်က ခေါ်ယူမယ်လို့ သတင်းတွေ ပေါ်ထွက်နေတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားက အသင်းကို စွန့်ခွာဖို့ ပြင်ဆင်မှုတွေ ရှိလာနေပြီး အေးဂျင့်ဖြစ်သူက အင်္ဂလန်ကို ရောက်လာပြီလို့ သိရှိပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း ရှဝိန်းစတိန်ကာကတော့ နည်းပြဆိုးရှားအနေနဲ့ အသင်းကို အောင်မြင်မှုတွေ ပြန်လည်ယူဆောင်ပေးနိုင်ဖို့ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးဖို့ လိုအပ်ောကြာင်း ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ကစားသမား ဘ၀ကနေ အနားယူသွားခဲ့တဲ့ ယူနိုက်တက်ခံစစ်မှူးဟောင်း ပက်ထရစ်အီဗရာဟာ အသင်းထံ ရာထူးတစ်ခုခုနဲ့… Continue Reading →

ဖာနန်ဒက်စ်၊ ဒိုင်ဘာလား၊ ဒမ်ဘီလီ၊ မက်ဂွဲယား၊ ပေါ့ဘာတို့နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းတိုများ

မန်ယူအသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖူးတဲ့ ဒေးဗစ်မိုယက်စ်က လက်ရှိနည်းပြ ဆိုးရှားဟာ အိုးထရက်ဖို့ဒ် အခြေစိုက် ကလပ် အသင်းမှာ အောင်မြင်နိုင်ပေမယ့် ခက်ခဲ့တဲ့ ရာသီ၊ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ တန်းစီ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ရန် ပြင်ဆင်လာပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ ခြေစွမ်းပြကာ နှစ်ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အတွက် မန်ယူတို့ ပြောင်းရွှေ့ကြေး ပေါင် သန်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!