မန်ယူဟာ ဒီအပတ်မှာတော့ ဆောက်သမ်တန်ကွင်းထံ သွားရောက်ပြီး အဝေးကွင်း ကစားခဲ့ရတာဖြစ်ကာ ဒန်နီရယ်ဂျိမ်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲအပြီးမှာ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်တယ်။ မန်နေဂျာဆိုးရှာကတော့ အနိုင်ရခဲ့သင့်တဲ့ ပွဲတစ်ပွဲဖြစ်ပေမယ့် ရမှတ်သုံးမှတ် မရခဲ့ခြင်းက အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့်လို့ ပွဲအပြီးမှာ ပြောဆိုပါတယ်။ ဒီကနေ့ပွဲမှာတော့ မာရှယ် ဒဏ်ရာရနေလို့ တိုက်စစ်ကို ရပ်ဖိုဒ့်က မာတာ၊ ဂျိမ်းတို့နဲ့ တွဲဘက်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။ မန်နေဂျာဆိုးရှားက ပွဲအပြီး ဘီဘီစီကို ပြောရာမှာ ” ကျနော်တို့ စုပေါင်းလုပ်ဆောင်နိုင်တဲ့ သွင်ဂိုးအချို့ ရဖို့လိုပါတယ်။… Continue Reading →
ဆောက်သမ်တန်ကို ၁-၁ သရေကျခဲ့တဲ့ပွဲမှ မန်ယူအသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကို မန်ယူဖန်ဆိုဒ်ဖြစ်တဲ့ utdreport က အောက်ဖော်ပြပါအတိုင်း သက်မှတ်ပေးသွားပါတယ်။ David de Gea: 5 ခြေပဂိုးအတွက် ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပါဘူး Aaron Wan-Bissaka: 6 ခံစစ်ပိုင်းအတွက် စွမ်းဆောင်မဆိုးလှပါဘူး Victor Lindelöf: 3 နောက်ထပ် ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပွဲတစ်ပွဲပါ။ စိန့်ရဲ့ ခြေပဂိုးဟာ သူနဲ့ အများကြီး သက်ဆိုင်ပါတယ်။ Harry Maguire: 5 ထူးထူးခြားခြား ကောင်းမွန်ခြင်း မရှိပါဘူး။… Continue Reading →
Zawgyi – ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ဖရန် လမ်းပတ်က လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်း နှစ်သင်းတည်းသာ ဆုဖလားလု ကြမယ့် ပြိုင်ပွဲဖြစ်တယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။ ဒီည ကစားမယ့် ဘန်လေနဲ့ ပွဲစဉ်မှာ လီဗာပူးဘက် ကွင်းလယ်ကစားသမား နဘီကီတာ ကြံ့ခိုင်မှု မပြည့်ဝသေးဘူးလို့ ဆိုပါတယ်။ ဒဏ်ရာရ ကစားသမားအနေနဲ့တော့ ဂိုးသမား အယ်လီဆန် တစ်ယောက်သာ ရှိနေပါတယ်။ ဘန်လေဟာ လီဗာပူးနဲ့ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၆ ပွဲမှာ ၂… Continue Reading →
Zawgyi – အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ကလပ် အသင်းဟာ ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်ကို လိုအပ်နေဆဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အိုဇေးလ်ဟာ စပါးအသင်းနဲ့ ပွဲမှာ ပါဝင် ကစားဖွယ်ရှိတယ်လို့လည်း ၄င်းက ဆိုခဲ့ပါတယ်။ အာဆင်နယ် ခံစစ်မှူး မွန်ရီရယ်ဟာ စပိန် လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက် အသင်းထံ နှစ်နှစ် စာချူပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက မာလာဂါ အသင်းကနေ… Continue Reading →
မန်စီးတီး အစွန်ခံစစ်မှူး လာပေါ်တေးဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလိုက်ရတဲ့နောက် ဂွာဒီယိုလာက လာပေါ်တေးက ဥရောပတခွင်မှာ အကောင်းဆုံး ဘယ်ခြမ်းခံစစ်မှူး ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ လာပေါ်တေးဟာ ကလပ်အသင်းနဲ့ အတူ ခြေစွမ်းပြနေပေမယ့် ပြင်သစ်အသင်းကနေ အကြိမ်ကြိမ် ချန်လှပ်ခံထားရပြီး ဒီလထဲမှသာ ရွေးချယ်ခေါ်ယူခြင်း ခံခဲ့ရတာပါ။ ပက်ဂွာဒီယိုလာဟာ သတင်းစာ ရှင်းလင်းပွဲကို ရောက်ရှိ လာခဲ့ပြီး မေးခွန်း မမေးခင်မှာပဲ 9 နှစ် အရွယ် သမီးငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ လူးဝစ် အင်းနရစ် အတွက် ကိုယ်ချင်းစာ ၀မ်းနည်းမိကြောင်းကို မန်စီးတီး… Continue Reading →
အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ချယ်ဆီးလူငယ် ကစားသမား မေဆန်မောင့် ရွေးချယ်ခံလိုက်ရပြီးနောက် ချယ်ဆီးနည်းပြ လမ်းပတ်က မောင့်ဟာ ဒီရာသီ အများကြီး တောက်ပလာမယ့် ကစားသမားလို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ ချယ်ဆီး ကစားသမား ဘာကာယိုကိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း မိုနာကို အသင်း ဒုဥက္ကဌက အတည်ပြု ပြောကြားလိုက်ပါတယ်။ သတင်းများ အရ ဘာကာယိုကိုဟာ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ကနဦး အငှားနဲ့ ပြန်လည် ထွက်ခွာသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီတပတ် ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့်… Continue Reading →
လီဗာပူးကို ရှူံးခဲ့တာအတွက် အမ်မရီရဲ့ ဗျူဟာကို အပြစ်ပြောမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် အလုပ်ဖြစ်မယ်ဆိုရင် အဝေးကွင်းမှာ လီဗာပူးထံက ရမှတ်ခွဲဝေယူနိုင်မယ့် အနေအထားကို နီးစပ်ခဲ့ပါတယ်။ အမ်မရီရဲ့ 4-4-2 ကစားကွက်ဟာ အာနိုးနဲ့ ရောဘတ်ဆန်အတွက် ကြီးမားတဲ့ နေရာလွတ်တွေ ဖြစ်စေခဲ့ပြီး နှစ်ယောက်ပေါင်း ဖြတ်တင်ပေးပို့မှု ၂၃ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ညာတောင်ပံ လွတ်နေတာက လီဗာပူး အတွက် ပထမ ၂ ဂိုးမှာ သွယ်ဝိုက် ပတ်သက်မှုရှိခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်ရဲ့ ဗျူဟာက မှန်တယ်လို့လဲ ပြောနိုင်ပါတယ်။ ပထမပိုင်းမှာ… Continue Reading →
ချယ်ဆီးနဲ့ နောဝစ်တို့ ရင်ဆိုင်ကစားတဲ့ပွဲမှာ ကန်တေ မပါတဲ့ ချယ်ဆီးဟာ ဘာကလေ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို တို့ ကွင်းလယ်သုံးယောက်ကို ထိထိရောက်ရောက် အသုံးချခဲ့ပါတယ်။ နံပါတ် ၁၀ နေရာလွတ်မှာ Todd Cantwell၊ Steioermann နဲ့ Buendia တို့ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ နောဝစ်ရဲ့ 4-2-3-1 တိုက်စစ်ပုံစံကို ရင်ဆိုင်ရာမှာ ကိုဗာဆစ် အနေနဲ့ ဂျော်ဂျင်ဟို ဘေးမှာ ပိုပြီး နေရာယူရမှာ ဖြစ်ပေမယ့် အဲ့ဒီ့အစား သူက နောဝစ်ရဲ့ ကွင်းလယ်လူတွေကို ဖိအားပေးခဲ့ပါတယ်။… Continue Reading →
လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ မတ်လတုန်းက ပီအက်စ်ဂျီနဲ့ပွဲမှာ ပွဲဦးထွက် ကစားခွင့် ရခဲ့ပြီး ဒီရာသီ ဆိုးရှားရဲ့ အသင်းအတွက် ပွဲတိုင်းမှာ လူစားဝင် ကစားပေးခဲ့ရပါတယ်။ အသက် ၁၇နှစ်အရွယ် ကစားသမားဟာ စီးတီးရဲ့ ဖီးဖိုဒင်၊ အာဆင်နယ်ရဲ့ ရစ်နယ်ဆန်၊ တော့တင်ဟမ်ရဲ့ အိုလီဗာစကစ်နဲ့ ဝုလ်ဗ်ရဲ့ မော်ဂန်ဂစ်ဝှိုက်တို့နဲ့အတူ အင်္ဂလန် လူငယ်အသင်းမှာ ပါဝင်ခဲ့ပါတယ်။ လူငယ်အသင်းဟာ စက်တင်ဘာလ ၆ရက်မှာ တာကီကို သွားရမှာဖြစ်ပြီး သုံးရက်အကြာ ယူရို ၂၀၂၁ ဝင်ခွင့် အဖွင့်ပွဲကို ကိုဆိုဗိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑