Date

August 1, 2019

ဖာပို၊ ဒမ္ဘီလီ၊ မာတိဒီတို့နဲ့ လူကာကူ၊ ဒိုင်ဘားလား ဂယက်များ အပါအ၀င် မန်ယူ ညနေခင်းသတင်းများ

မန်ယူ ခံစစ်ကစားသမား Taunzebe ကို ခေါ်ယူနိုင်ဖို့ နယူးကာဆယ်အသင်းက ပစ်မှတ်ထားလာနေတယ်လို့ အင်္ဂလန် မီဒီယာတွေက ဖော်ပြ နေကြပါတယ်။ မန်ယူ ဟာ ကွင်းလယ်နေရာအတွက် အပြောင်းအရွေ့ ငွေကြေးပမာဏကို အနည်းငယ်လျော့ချဖို့ စီစဉ်လာနေပြီး ဂျူဗီကွင်းလယ်လူ Matuidi ကို ပစ်မှားထားလာနေပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွန်းနီက မန်ချက်စတာမြေမှ အသင်းဟောင်းဟာ မက်ဂွဲရားကို လက်မှတ်ထိုး ခေါ်ယူသင့်ပါကြောင်း ထောက်ခံစကား ပြောဆိုသွားပါတယ်။ မန်ယူ က ခေါ်ယူလိုနေတဲ့ လိုင်ယွန်ကစားသမား ဒမ်ဘီလီဟာ နွေရာသီ… Continue Reading →

ဒီအော့ဖ်၊ ကိုစီရယ်နီ၊ ရူဂါနီ၊ မယ်ကွန်တို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ

အာဆင်နယ်၊ စပါးနဲ့ အဲဗာတန်အသင်းတို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ တောင်ပံတိုက်စစ်သမား မယ်လ်ကွန်ကို ရုရှားကလပ် ဇင်းနစ် စိန့် ပီတာစဘက် အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး တရားဝင်ကြေငြာတော့မှာ ဖြစ်ပါတယ်။ ပြင်သစ်ကလပ် ရေးနက်စ် အသင်းဟာ အာဆင်နယ်မှာ အပစ်ပယ်ခံ ဖြစ်လာတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက် ကြိုးစားမှုတွေ ပြုလုပ်နေပါတယ်။ ကိုစီရယ်နီကတော့ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်ထားပြီး လန်ဒန်ကလပ်ရဲ့ ရာသီကြို အစီအစဉ်တွေကနေလည်း… Continue Reading →

ဆဲဘက်ကို နိုင်တဲ့ ပွဲအပြီး နောက်ဆက်တွဲများနဲ့ ချယ်ဆီး သတင်းတိုများ

ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ရာမှာ ပူလာဆစ်ရဲ့ ခြေစွမ်းက အထင်ကြီးဖွယ် ကောင်းလွန်းတယ်လို့ လမ်းပတ်က ယုံကြည်နေပြီး ဆဲဘက်နဲ့ ပွဲအပြီးမှာ ချီးကျူး စကား ဆိုခဲ့ပါတယ်။ ဇန်နဝါရီမှာ ပူလာဆစ်ကို ချယ်ဆီးအသင်းက ခေါ်ယူခဲ့ပေမယ့် ဒေါ့မွန်အသင်းထံပဲ အငှားချပေးခဲ့ရပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ချယ်ဆီးအသင်းနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လမ်းပတ်က ” သူဂိုးတွေရယူပြနိုင်ခဲ့တဲ့ အနေအထားကို ကျနော် အတော်လေး အထင်ကြီးပါတယ်။ ပရီးမီးယားလိဂ် တောင်ပံသမားအနေနဲ့ သူလိဂ်မှာ အသားကျလာဖို့ လိုပါတယ်။ သူက ငယ်ရွယ်တယ် ဒါပေမယ့် အလားအလာကောင်းတွေရှိပြီး… Continue Reading →

တီမိုဝါနာ၊ လိုဗရန်၊ ဖာပို၊ အီးလီယက်၊ ကွန်မြူနတီဒိုင်း ပွဲကြိုနဲ့ ညနေခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းက ချိတ်ဆက်မှုတွေ ရှိထားဖူးတဲ့ RB Leipzig တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိနေကြောင်း လိုက်ဇစ် အသင်းရဲ့ CEO က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ လိုင်ယွန်နဲ့ ခြေစမ်းပွဲမှာ ဘောလုံး ထိချက်လှလှတွေနဲ့ ကစားသွားတဲ့ လီဗာပူး ဆယ်ကျော်သက် တိုက်စစ်သမား အီးလီယက်ကို မက်ဆီ၊ ကာကာ လက်သစ် ကစားသမားလို့ လီဗာပူး ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ လာမယ့် တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားတော့မယ့် မန်စီးတီး – လီဗာပူး ကွန်မြူနတီဒိုင်းပွဲစဉ်မှာ နှစ်ဘက်အသင်း အပြန်အလှန်တွေ… Continue Reading →

အဂွယ်ရို၊ ဂျီဆုတို့ ပြန်ရောက်လာခြင်း၊ ကွန်မြူနတီဒိုင်း ပွဲသတင်း၊ ဆာနေး၊ ဂွာဒီယိုလာတို့နဲ့ မန်စီးတီးသတင်းတိုများ

မန်စီးတီးဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲမှာ ကလပ်အသင်း ၁၂၅ နှစ်ပြည့် အထူးအမှတ်တရ ဂျာစီကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှူးတွေဖြစ်တဲ့ အဂွယ်ရိုနဲ့ ဂျီဆုတို့ဟာ ကလပ်အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုကို ပြန်လည်ကာ ပူးပေါင်းခဲ့ကြပြီဖြစ်ပါတယ်။ ၄င်းတို့ နှစ်ဦးဟာ ကိုပါ အမေရိကဖလား ပွဲကစားထားတာကြောင့် အားလပ်ရက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားတော့မယ့် မန်စီးတီး – လီဗာပူး ကွန်မြူနတီဒိုင်းပွဲစဉ်မှာ နှစ်ဘက်အသင်း အပြန်အလှန်တွေ ဂိုးတွေ သွင်းကြ ကြည့်ကောင်းမယ့်… Continue Reading →

ဆယ်ကျော်သက် ကွင်းလယ်လူကို ပေါင် ၉ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်းမှ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ကွင်းလယ်လူ ဟန်နီဘောလ်ကို ပေါင် ၉ သန်းပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဟာ အေးဂျင့် ဂျော့မန်ဒက်စ် ကိုယ်စားပြုထားသူဖြစ်ပါတယ်။ မနေ့ကပဲ ကာရင်တန် လေ့ကျင့်ရေးမှာ ပြုလုပ်တဲ့ အပြီးသတ်ဆိုင်ရာ ကိစ္စတွေကို အေးဂျင့်မန်ဒက်စ်၊ ယူနိုက်တက်ကလပ်အသင်း အမှူဆောင်ချုပ် ဝုဒ်ဝတ်နဲ့ မတ်ဂျတ်တို့ တက်ရောက်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီကတည်းက လူငယ်ကစားသမားလေးကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ပြီး မိုနာကိုနဲ့ ဆွေးနွေးမှုကို စတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားလေးရဲ့… Continue Reading →

ခြေစမ်းပွဲ ဂိုးပြတ်အနိုင်ရခြင်း၊ အကောင်းဆုံးဆုတွေမှာ ပါဝင်နေခြင်းနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးအသင်းဟာ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ လူစုံတက်စုံနဲ့ ရင်ဆိုင်သွားခဲ့ပြီး (၃-၁) ရလာဒ်နဲ့ အနိုင်ရယူသွားနိုင်ခဲ့ပါပြီ။ လီဗာပူးအသင်းရဲ့ အသက် (၁၇) နှစ်အရွယ် ခံစစ်ကစားသမား Ki-Jana Hoever ဟာ အသင်းနဲ့ ကာလရှည် ပရော်ဖက်ရှင်နယ်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြယာဂင်ကလာခ့်ဟာလည်း FIFA Coach of the Year ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ FIFA က ထုတ်ပြန်လိုက်တဲ့ Player of… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁-၈-၂၀၁၉၊ ကြာသပတေးနေ့)

ယူနိုက်တက်ဟာ ဘာစီလိုနာက ယူရိုသန်း (၆၀) ကြေးသတ်မှတ်ထားတဲ့ နောက်ခံကစားသမား အမ်တီတီအတွက် ကမ်းလမ်းမှုတွေ ပြုလုပ်လာနေပြီး ယူရိုသန်း (၅၀) ပမာဏခန့် ပေးချေလိုနေတယ်လို့ သိရှိရပါတယ်။ မိုနာကိုအသင်းရဲ့ အသက်(၁၆) နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမား Hannibal Mejbri ဟာ အသင်းကိုစွန့်ခွာပြီး ယူနိုက်တက်ကို ပြောင်းရွေ့လိုနေပါတယ်။ ပြောင်းရွေ့ကြေးကတော့ ယူရို (၁၀) သန်းခန့် သတ်မှတ်ထားတာပါ။ လူကာလူနဲ့ ဒိုင်ဘားလားတို့ရဲ့ အေးဂျင့် Fabio Paratici ဟာ လန်ဒန်မှာရောက်ရှိနေပြီး ကစားသမားတွေရဲ့ အပြောင်းအရွေ့ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ယူနိုက်တက်နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!