Date

August 2, 2019

ပီပီ၊ ဘီလစ်၊ အိုင်ဝိုဘီ၊ ဇာဟာ၊ ကိုစီရယ်နီတို့နဲ့ နောက်ဆုံးရ အာဆင်နယ်သတင်းတိုများ

အာဆင်နယ်အသင်းထံ တရားဝင်ရောက်ရှိ လာပြီ ဖြစ်တဲ့ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီက ၄င်း ပြင်သစ်လီဂူးဝမ်းမှာ ရှိစဉ်တည်းက အားကျ အထင်ကြီးခဲ့ရတဲ့ အိုဇေး၊ လာကာဇက်တီ၊ အူဘာမီးယန်း အစရှိတဲ့ အာဆင်နယ်ဟီးရိုးတွေနဲ့ အတူ တွဲ ကစားရတော့မှာ ဖြစ်တာကြောင့် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းမှ လူငယ်ကစားသမား ဘီလစ်ဟာ လန်ဒန်ကလပ်ရဲ့ သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ပြီး ဒါဘီအသင်းကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ အပြီးသတ်သွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ… Continue Reading →

ကန်တေ၊ ရူဒီဂါတို့ သတင်းကောင်း၊ မော်ရင်ညိုရဲ့ အကြံပေးစကားနဲ့ ချယ်ဆီးသတင်းတိုများ

ချယ်ဆီး အသင်းဟာ လူငယ်ကစားသမား နှစ်ဦးကိုလည်း ထပ်မံ လက်လွှတ်လိုက်ပြန်ပါတယ်။ Kasey Palmer က ဘရစ်စတိုး စီးတီး အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားတာ ဖြစ်ကာ Dujon Sterling ကတော့ ၀ီဂန်အသင်းထံ အငှား ကစားဖို့ ထွက်ခွာ သွားခဲ့ပါတယ်။ ချယ်ဆီးနည်းပြဟောင်း မော်ရင်ညိုက လက်ရှိနည်းပြ လမ်းပတ်ကို အကယ်ဒမီမှ အရည်အသွေးရှိ လူငယ်လေးများကို အခွင့်အရေးပေးဖို့ တိုက်တွန်းလိုက်ပြီး ပြင်သစ် ဗဟိုခံစစ်မှူး ဇူးမားက ချယ်ဆီးမှာ ခြေစွမ်းတောက်ပလာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ချယ်ဆီး လူငယ်ကွင်းလယ်တိုက်စစ်သမား… Continue Reading →

ပြန်လည် လှုပ်ခတ်လာတဲ့ ကန်ဆယ်လို၊ မက်ဂွဲယား အပြောင်းအရွှေ့နဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခါနီးမှ ဂျူဗင်တပ်ခံစစ်မှူး ကန်ဆယ်ဆိုကို ခေါ်ယူဖို့ ပြန်လည် ဆွေးနွေးမှုတွေ ပြုလုပ်လာပါတယ်။ မန်စီးတီးရဲ့ ယူရို သန်း ၄၀ နဲ့ ဒန်နီလို အလိုက်ပေးတဲ့ ကနဦး ကမ်းလှမ်းမှုကို ဂျူဗင်တပ်က ပယ်ချထားပြီး ငွေသားချည်း အလိုရှိနေတာကြောင့် ဆက်လက် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဆာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ပေါင် ၇၂ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဂျာမနီက သတင်းများ အရတော့ ဆာနေးကိုယ်တိုင်က ဘိုင်ယန်သို့ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။… Continue Reading →

ဟိုဗာကို ဒီပေး ချီးကျူးခြင်း၊ လူငယ် ၅ ဦး လေ့ကျင့်ရေးကနေ ပြန်လွှတ်ခြင်းတို့ အပါအ၀င် လီဗာပူး ညနေခင်းသတင်းတိုများ

လီဗာပူးအသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားပြီး ဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီရယ် စတားရစ်ကို တူရကီကလပ် Trabzonspor က ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားပါတယ်။ အခြား တိုက်စစ်မှူး ဒန်နီ အင့်ကလည်း အငှား ကစားနေတဲ့ ဆောက်သမ်တန်အသင်းထံကို အပြီးသတ် ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကွန်မြူနတီဒိုင်း ပွဲစဉ် အတွက် ပြင်ဆင်မှုများ ပြုလုပ်တော့မှာ ဖြစ်လို့ Evian ရှိ အသင်း လေ့ကျင့်ရေးမှ လူငယ် ၅ ဦးကို… Continue Reading →

မက်ဂွဲရား ဒိုင်ဘာလာ တိုးတက်မှု၊ အသင်းခေါင်းဆောင်သစ်နဲ့ နောက်ဆုံးရ မန်ယူ ညနေခင်းသတင်းများ

မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ခက်ခဲမှုတွေ ကြုံတွေ့နေရပေမယ့် ဖရက်ဟာ ယူနိုက်တက်ကနေ လက်လျော့ပြီး မထွက်ခွာသင့်ဘဲ ကစားခွင့်ရဖို့ ဆက်လက် တိုက်ပွဲ ၀င်သင့်ကြောင်း ဘရာဇီး ဂန္တ၀င်ကစားသမား ရီဗယ်ဒိုက အကြုံပေးစကား ဆိုလိုက်ပါတယ်။ ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ အင်္ဂလန်သား ခံစစ်မှူး မက်ဂွဲယားဟာ ဒီကနေ့ မနက်မှာပဲ လက်စတာအသင်းရဲ့ ရာသီကြို ပွဲစဉ် မတိုင်ခင် အသင်း လူစာရင်းကနေ နှုတ်ထွက်သွားပါတယ်။ မကြာခင်မှာပဲ ယူနိုက်တက်နဲ့ လက်စတာတို့ဟာ မက်ဂွဲယားအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတော့မယ်လို့ သိရပါတယ်။… Continue Reading →

မန်ယူရဲ့ အသင်းခေါင်းဆောင်ဖြစ်လိုတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ တော်မီနေး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား တော်မီနေးက သူ့အနေနဲ့ အသင်းမှာ အသင်းခေါင်းဆောင်ဖြစ်လာလိုတယ်လို့ ဝန်ခံစကားကို ပြောဆိုသွားပါတယ်။ နည်းပြဆိုးရှာနဲ့ အသင်းပရိသတ်တွေရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားသူ တော်မီနေးက အသင်းဖော် ကွင်းလယ်လူတွေထက် ဝါနုနေပေမယ့် ခေါင်းဆောင်မှု စွမ်းရည်ရှိသူတစ်ဦးပါ။ ကလပ်အသင်းက သူ့အပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိနေတယ်လို့ တော်မီနေးက ဆိုပါတယ်။ “နည်းပြက ကျွန်တော့်အပေါ် ကောင်းပါတယ်။ အသင်းမှာ ကျနော် အနည်းငယ် စိတ်ရှည်ခဲ့ရပြီး အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ ထိုက်တန်သူဖြစ်ကြောင်း အားလုံးသိအောင် ကြိုးစားခဲ့ရတယ်။ အခုတော့ ကျနော် သက်သေပြနိုင်ခဲ့ပြီလို့ ထင်ပါတယ်။… Continue Reading →

မန်ယူ ချန်ပီယံလိဂ်မဝင်ဘူးဆိုတဲ့ စူပါကွန်ပြူတာဟောကိန်းကို အမှိုက်လုပ် မီးရှို့လိုက်တဲ့ ရပ်ဖိုဒ့်

လာမယ့်ဘောလုံးရာသီသစ်အတွက် စူပါကွန်ပြူတာက ခန့်မှန်းပေးခဲ့မှုအပေါ် မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အကောင်းဆုံး တုံ့ပြန်လိုက်ပါတယ်။ Opta, Squawka စတဲ့ အချက်အလက်ဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေကို ကိုးကားပြီး BT Sport သတင်းဌာနက “The Script of the Season” လို့ အမည်ရတဲ့ ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့တာပါ။ အဆိုပါ ထုတ်ပြန်ချက်မှာတော့ ရာသီသစ်အတွက် အသင်းတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနီးစပ်ဆုံး ရပ်တည်မှုတွေကို ဟောကိန်းထုတ်ပေးခဲ့တာဖြစ်ပါတယ်။ စပါကွန်ပြူတာကတော့ လာမယ့်ရာသီမှာ မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆက်အဖြစ် ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့… Continue Reading →

ချယ်ဆီးကိုပြန်လာရတာ အိမ်ကိုပြန်လာရခြင်းလို့ တင်စားပြောဆိုတဲ့ မေဆန်မောင့်

နည်းပြ ဖရန့်လမ်းပတ် လက်အောက် ချယ်ဆီးရဲ့ ပထမဆုံး ရာသီကြိုမှာ တိုးတက်မှုလက္ခဏာတွေ ရှိနေပြီး အရင်လကမှ သက်တမ်းတိုးထားတဲ့ မောင့်ကလည်း ကွင်းလယ်စွမ်းဆောင်ရည်မှာ တောက်ပနေပါတယ်။ မောင့်ဟာ စီနီယာ ကစားသမားဘဝ တတိယရာသီနဲ့ လမ်းပတ် လက်အောက် ဒုတိယရာသီ ဖြစ်သလို အသက် ၂၀အရွယ် ကစားသမားက ဝါရင့်ကစားသမားလို လုပ်ပြခဲ့တာပါ။ တနင်္ဂနွေနေ့က ရက်ဒင်းကို ၄-၃ နဲ့ နိုင်ခဲ့တဲ့ ပွဲးမှလည်ား အထင်ကြီးလောက်စရာ ခြေစွမ်းနဲ့ နှစ်ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ အရည်အသွေး အားလုံးကို ပြသခဲ့ပါတယ်။… Continue Reading →

ဝါနာကို လီဗာပူးလက်က ကာကွယ်လိုတဲ့ လိုက်ဇစ်နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျဟာ လာမယ့်ရာသီမှာ BT Sport ရဲ့ အားကစားကောင်ရှင်အဖြစ် တာဝန်ယူတော့မယ်လို့ သိရှိရပါတယ်။ လီဗာပူးအသင်းဟာ အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမား ဟာဗေးအီးလီးယောခ့်ကို အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းအပေါ် လှောင်ပြောင်ထားတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ လီဗာပူးကစားသမားဟောင်း ဂျိုးကိုးကတော့ အသင်းနည်းပြ ယာဂင်ကလာခ့်အနေနဲ့ ယခုအပြောင်းအရွေ့မှာ အဓိက ကစားသမား ခေါ်ယူမှု တစ်ခုမှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါက အမှားကြီးတစ်ခု ကျူးလွန်မိမှာဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!