Date

August 3, 2019

ကော်တင်ညို၊ တီရာနေး၊ ရူဂါနီ၊ ကိုစီရယ်နီတို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ

ဆဲလ်တစ်မန်နေဂျာ လီနွန်က အင်္ဂလန်လိဂ်ရဲ့ ဈေးကွက်ဟာ မကြာခင် ပိတ်တော့မယ်ဆိုတာ နားလည်ထားပါကြောင်းနဲ့ အာဆင်နယ်အနေနဲ့ တီရာနီကို ခေါ်ယူလိုတယ်ဆိုရင် ပိုမြင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ လာရောက် ကမ်းလှမ်းဖို့ ထုတ်ပြောလိုက်ပါတယ်။ အာဆင်နယ်ကစားသမားသစ် နစ်ကိုးလပ်စ် ပီပီဟာ အသင်းဖော်တွေနဲ့ ပထမဆုံး အတူ ထရိန်နင် ဆင်းခဲ့ပြီ ဖြစ်ကာ အားလုံးက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လေ့ကျင့်ရေးမှာ သူ့ရဲ့ စွမ်းရည်တွေကို တွေ့မြင်ခဲ့ကြရပါတယ်။ အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား ဘီလစ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံ ပေါင် ၁၀ သန်းဖြင့် အပြီးသတ်… Continue Reading →

သတင်းကောင်းနဲ့ စိတ်ပျက်စရာ ကိစ္စတွေ ရောမွေနေတဲ့ ညနေခင်း နောက်ဆုံးရ မန်ယူသတင်းများ

ယူနိုက်တက်ဟာ လက်စတာအသင်းခံစစ်မှူး မက်ဂွဲရားကို ပေါင် ၈၀ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်က ဆောက်တမ်သမ်ခံစစ်မှူး ဗန်ဒိုက်ကို လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးကို ကျော်ဖြတ်သွားပါတယ်။ မန်ယူအသင်းဟာ မက်ဂွဲရား ကို ငါးနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်မှာပါ။ မက်ဂွဲရားဟာ မန်ယူအသင်း မှာတော့ တစ်ပတ်လုပ်ခ ပေါင် ၁၅၀,၀၀၀ ထိ ရရှိမယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်ဟာ အပြောင်းအရွှေ့မှာ လူကာကူကို ရောင်းထုတ်ဖို့နဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ကိစ္စကို… Continue Reading →

မာနေး၊ ရစ်ဘာရီ၊ ဘရူးစတားတို့နဲ့ ကလော့ပ် ပွဲကြို စကားများ အပါအ၀င် ညနေခင်း လီဗာပူး သတင်းတိုများ

တိုက်စစ်ပိုင်းအားဖြည့်ဖို့ လီဗာပူးက ခေါ်ယူလိုကြောင်း သတင်းထွက်ထားဖူးတဲ့ ပြင်သစ်တိုက်စစ်သမား ရစ်ဘာရီဟာ အရှေ့အလယ်ပိုင်း ကလပ် တစ်သင်းသင်းထံ သွားရောက်ကစားဖို့ ချိတ်ဆက်မှုတွေ လုပ်နေပါတယ်။ တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ လီဗာပူးမှာ တိုက်စစ်မှူးမာနေး ပါဝင်မှာ မဟုတ်ပါဘူး။ မန်စီးတီးဘက်မှာလည်း ဖနန်ဒင်ဟိုကလွဲလို့ လူစုံနေပါပြီ။ မန်စီးတီးကလည်း လူစာရင်းအပြည့် ထုတ်သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။ ဘရာဇီးကလပ် အင်တာနေစီရွန်နယ်က မန်စီးတီးနဲ့ လီဗာပူး ဂိုးသမားတွေဟာ ကမ္ဘာထိပ်တန်း ဂိုးသမားတွေဖြစ်ပေမယ့် အယ်လီဆန်ကတော့ ကမ္ဘာအကောင်းဆုံး ဂိုးသမားပါလို့ သူ့အမြင်ကို ပြောပါတယ်။ လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်ဟာ… Continue Reading →

ကွန်မြူနတီဒိုင်း ပွဲကြို၊ အိုဝင်ခန့်မှန်း၊ ဆာနေး၊ အီဒါဆန်တို့နဲ့ မန်စီးတီးသတင်းတိုများ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဆာနေးအနေနဲ့ အသင်းမှာ ဆက်မနေလိုဘူးပြောရင် သူ ရောင်းထုတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ်ကို ပြောင်းလိုတယ်ဆိုတဲ့စကား မပြောပါဘူးလို့ ဂွာဒီယိုလာက ပြောပါတယ်။ ဘာစီလိုနာက ထွက်လာပြီးနောက် ဂွာဒီယိုလာ ဥရောပအောင်မြင်မှုနဲ့ ဝေးကွာနေခြင်းဟာ ရှူံးထွက်အဆင့် ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေရဲ့ နည်းစနစ်ပိုင်းထက် ကိုယ်ရဲ့ နည်းစနစ်တွေကိုပဲ အဓိက အာရုံစိုက်နေခြင်းကြောင့်လို့ ဝါရင့်မန်နေဂျာဟောင်းကြီး ဗန်ဟားက ထောက်ပြပြောဆို ခဲ့ပါတယ်။ ဘရာဇီးကလပ် အင်တာနေစီရွန်နယ်က မန်စီးတီး မှ အီဒါဆန်နဲ့ လီဗာပူး ဂိုးသမားအယ်လီဆန်တို့ဟာ ကမ္ဘာထိပ်တန်း… Continue Reading →

စတမ်းဖိုဒ့်ဘရစ်ကို ပြန်ရောက်လာပြီဖြစ်တဲ့ အပြာရောင် ခြင်္သေ့ကြီး မက်ခီလီလီ

ချယ်ဆီးကွင်းလယ်လူဟောင်း ကလော်ဒီမက်ခီလီလီဟာ လူငယ်မျာရေးရာ နည်းစနစ်အကြံပေးတာဝန်ကို ရယူခြင်းနဲ့အတူ လန်ဒန်ကလပ်အသင်းကို တစ်ကျော့ပြန်လာခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ချယ်ဆီးအသင်း ခေါ်ယူခဲ့ပြီး ချယ်ဆီးရဲ့ အောင်မြင်မှုကာလ ခေတ်ဦးမှာ ကလပ်အသင်းနဲ့ ဆုဖလား ၅ လုံး အပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ မက်ခီလီလီဟာ ကန်တေလိုပဲ ပရိသတ်ချစ် ကွင်းလယ်လူ ဖြစ်ခဲ့ဖူးသူပါ။ သူဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ကလပ်အသင်းတွေမှာ အုပ်ချုပ်ရေးပိုင်းတွေက ပါဝင်ခဲ့ပြီး လန်ဒန်ကို ပြန်လာခဲ့ပြီဖြစ်တယ်။ ကလပ်အသင်း နည်းပြလမ်းပတ် ဦးဆောင်တဲ့ ချယ်ဆီးမှာ အခြားသော ကစားသမားဟောင်းတွေလိုပဲ တာဝန်ထမ်းဆောင်ရမယ့်… Continue Reading →

ကစားသမားဘဝ ပိုတိုးတက်ဖို့ မန်ယူကိုပြောင်းဖို့ ဒိုင်ဘာလာကို ရော်နယ်ဒို တိုက်တွန်း

ဂျူဗင်တပ်ကနေ ထွက်ခွာပြီး နယ်မြေသစ်ကို ပြောင်းရွှေ့ ကစားဖို့ သတင်းကြီးထားတဲ့ တိုက်စစ်မှူး ဒိုင်ဘာလားကို ယူနိုက်တက်ထံ ပြောင်းကစားဖို့ တိုက်စစ်မှူးရော်နယ်ဒိုက အကြံပေးစကား ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူတို့ကို သက်ဆိုင်ရာ ကလပ်အသင်း နှစ်သင်းက အလဲအထပ် ပြုလုပ်လိုနေတာဖြစ်တယ်။ အီတလီကလပ်မှာ နေရာမရဖြစ်နေတဲ့ ဒိုင်ဘာလားက ပုံမှန်ပွဲထွက်ခွင့်ရမယ့် ယူနိုက်တက်ကို ပြောင်းဖို့ ညိနှိုင်းမှုတွေ လုပ်နေပါတယ်။ ယူနိုက်တက်မှာ ၆ ရာသီကြာ ပါဝင်ကစားခဲ့ပြီး ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုရခဲ့တဲ့… Continue Reading →

မက်ဂွဲရားနဲ့ ဒိုင်ဘာလာအတွက် ဘယ်ကစားသမား ရောင်းထုတ်မလဲအား ဆိုးရှား အဖြေပေးလာ

မန်ယူအသင်း လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပေါင် ၈၀ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူဟာ ခံစစ်ပိုင်းအတွက် စိတ်ချရပြီဖြစ်လို့ ဆက်ပြီးလည်း ဒိုင်ဘာလာနဲ့ လူကာကူ အလဲအထပ် ကိစ္စကို အာရုံစိုက်နိုင်ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာအပြင် ရိုဂျို၊ ဒါမီယန်း အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့ကနေ ငွေကြေးပြန်ရှာမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဆိုးရှားက အဖြေပေးရာမှာ “ ဈေးကွက်နဲ့ ပက်သက်ပြီး ကျနော်တို့အပေါ် ထင်မြင်ချက်တွေပေးတဲ့… Continue Reading →

အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ ရည်မှန်းချက်ရှိကြောင်း ဝန်ခံတဲ့ လာကာဇက်

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူဖို့ မျှော်မှန်းထားပေမယ့် လာမယ့်ရာသီအတွက် အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ အာဆင်နယ်အသင်းဟာ နီကိုလပ်စ်ပီပီကို ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ကွင်းလယ်လူ ဆီဘယ်လော့နဲ့ ခံစစ်မှူး ဆာလီဘာတို့ကိုလည်းခေါ်ယူထားပါတယ်။ ဆာလီဘာကို အငှားပြန်ချခဲ့ပြီး ဆဲလ်တစ်အသင်းမှ တီရာနေးကို ခေါ်ယူဖို့ ကြိုးစားနေဆဲပါ။ ပရီးမီးယားလိဂ် ချန်ပီယံဟောင်းအသင်းအနေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ကို အဓိက ရည်မှန်းသင့်ပေမယ့် အဓိက ဆုဖလားတွေကို အရယူနိုင်ဖို့အတွက် ကာလတစ်ခုကြား အသင်းကို တည်ဆောက်ဖို့ အချိန်ယူရမယ်လို့ လာကာဇက်က ယူဆနေပါတယ်။… Continue Reading →

လီဗာပူး၊ နာပိုလီကို ပြောင်းခွင့်ရခဲ့သေးပေမယ့် အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့တဲ့ ပီပီ

အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းပေးပြီး ခေါ်ယူထားခဲ့ပါပြီ။ အာဆင်နယ်က လက်ငင်း သန်း ၂၀ အရင်ပေးပြီးမှ ငါးနှစ် အရစ်ကျနဲ့ လက်ကျန်ငွေကို ဆက်လက် ပေးသွားမှာပါ။ ဒီနွေမှာ ပီပီကိုခေါ်ယူဖို့ ယာဂင်ကလော့ပ်ကလည်း ကြိုးစားခဲ့သေးပေမယ့် ပီပီဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ငြင်းဆန်ပယ်ချပါတယ်။ နည်းပြကလော့ပ်ရဲ့ လီဗာပူးအသင်းက ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးခဲ့ပဲ ဆာလက်၊ မာနေးတို့ရဲ့ နောက်မှာပဲ ပွဲထွက်ခွင့်ရမှာဖြစ်လို့ အာဆင်နယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်။ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ်စ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!