Date

August 4, 2019

ပြန်လာပြီ ဖြစ်တဲ့ ဟိုးဒင်း၊ တီရာနေးအတွက် တတိယကမ်းလှမ်းမှု ပြင်ဆင်ခြင်းနဲ့ အာဆင်နယ် သတင်းတိုများ

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတဲ့ အာဆင်နယ်အသင်း ခံစစ်မှူး ရော့ဘ် ဟိုးဒင်းဟာ ယူ-၂၃ အသင်းနဲ့ အတူ ဝက်ဖို့ အသင်းကို ၆-၁ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ မိနစ် ၆၀ ကြာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ တီရာနေးအတွက် တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဆဲလ်တစ် ခံစစ်မှူးကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်က ပေါင် ၁၅ သန်းနဲ့ ၂၅ သန်း နှစ်ကြိမ် ကမ်းလှမ်းမှု… Continue Reading →

ချယ်ဆီးပွဲကြို နည်းစနစ်စမ်းပွဲ၊ မက်ဂွဲရား၊ ဒိုင်ဘာလာတို့နဲ့ နောက်ဆုံးရ မန်ယူ ညနေခင်းသတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက လာမယ့်ဘောလုံးရာသီမှာ ကွင်းထဲမှာ ရှိတိုင်း အသင်းခေါင်းဆောင် အဖြစ် အက်ရှ်လေ ယန်းက တာဝန်ယူသွားမှာဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ မန်ယူကစားသမားသစ် ဒန်နီရယ်ဂျိမ်းစ် က ဇာတိမြေမှာ ကလပ်အသင်းအတွက် အဆုံးအဖြတ် ပင်နယ်တီကန်သွင်းခဲ့ပြီး ၀မ်းမြောက်နေကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။ ဒီကနေ့မှာ ယူနိုက်တက်ဟာ ဘလက်ဘန်းနဲ့ ကွင်းပိတ် ချစ်ကြည်ရေးပွဲ ကစားပါမယ်။ ချယ်ဆီးနဲ့ပွဲမတိုင်ခင် လူစာရင်းကို စမ်းသပ်မယ်လို့ သိရပြီး အခြားသော နည်းစနစ်ဆိုင်ရာ သတင်းတွေ မသိရပါဘူး။ “တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်း ကစားခဲ့တာက… Continue Reading →

မွန်ချင်ကလာဘတ်နဲ့ ခြေစမ်းပွဲ အပြီး ပရိသတ်တွေ တောင်းဆိုမှု၊ ၀ီလီယံ၊ ဂျိမ်းစ်တို့နဲ့ ချယ်ဆီးသတင်းတိုများ

လာမယ့်ဘောလုံးရာသီက စလို့ ဘရာဇီးသား တိုက်စစ်သမား ၀ီလီယံဟာ ရီးရဲလ်သို့ ထွက်ခွာသွားတဲ့ ဟာဇက် ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဆက်လက် ၀တ်ဆင်တော့မှာ ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။ ချယ်ဆီး ပရိသတ် အချို့ကတော့ နံပါတ် ၁၀ ကို ၀ီလီယံ ၀တ်ဆင်တာ သဘောမကျမှုတွေ ရှိနေပါတယ်။ ချယ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒစ်လီဂါကလပ် မွန်ချင်ကလာဘတ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရာ ဦးဆောင်ဂိုး ၂ ဂိုး ပေးလိုက် ရသော်လည်း ဂိုးများ ပြန်လိုက်သွင်းနိုင်ခဲ့ပြီး… Continue Reading →

ဂွာဒီယိုလာ ဖွင့်ဟတဲ့ အသင်း ဦးစားပေး ရည်မှန်းချက်၊ ကွန်မြူနတီဒိုင်း ပွဲကြိုများအပါအ၀င် မန်စီးတီး သတင်းတိုများ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ကို အောင်နိုင်မှုက စစ်မှန်တဲ့ အဆင့်အတန်းဖြစ်ပြီး ချန်ပီယံလိဂ် အနိုင်ရဖို့ကတော့ ကံကောင်းခြင်း စက်ဝိုင်းကို လှည့်ရသလိုပါပဲလို့ နှိုင်းယှဉ်မှု ပြုလုပ်သွားပါတယ်။ ဒီကနေ့မှာ လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင်ကစားရဦးမှာဖြစ်လို့ မန်စီးတီးက ပြင်ဆင်မှုတွေ လုပ်နေကြောင်း ဂွာဒီယိုလာက ဝန်ခံပေမယ့် အမှတ်ပေးဖလားကို တတိယအကြိမ် အနိုင်ရဖို့ကပဲ သူ့ရဲ့ ဦးစားပေးပါလို့ ပြောခဲ့ပါတယ်။ အပြောင်းအရွှေ့မှာ ငွေသုံးခြင်း မသုံးခြင်းနဲ့ ပတ်သတ်ပြီး အပြန်လှန် ပြောဆိုနေရမှုများကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အဆုံးသတ် လိုက်ပြီ ဖြစ်ပါတယ်။ ၄င်းက… Continue Reading →

ကွန်မြူနတီဒိုင်း ပွဲကြို ပြောစကားများ၊ ဘိုဒေါကြယ်ပွင့်ကို ကြိုးစားလာခြင်းနဲ့ လီဗာပူး ညနေခင်း သတင်းတိုများ

အပြောင်းအရွှေ့မှာ ငွေသုံးခြင်း မသုံးခြင်းနဲ့ ပတ်သတ်ပြီး အပြန်လှန် ပြောဆိုနေရမှုများကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အဆုံးသတ် လိုက်ပြီ ဖြစ်ပါတယ်။ ၄င်းက စီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ ပြောဆို ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဘိုဒေါ အသင်းရဲ့ ကြယ်ပွင့်ကစားသမား Francois Kamano ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေကြောင်း သိရပါတယ်။ အသင်းကြီးမှာ ပွဲထွက်ခွင့် ပုံမှန် ရနေပြီဖြစ်တဲ့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးက… Continue Reading →

ဒိုင်ဘာလာ ငြင်းဆန်ခဲ့ရင် အနေအထားအတွက် တိုက်စစ်သမားသစ် ရှာဖွေလိုက်တဲ့ မန်ယူ

မက်ဂွဲရားကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ဒိုင်ဘာကိုပါ ချိတ်ဆက်နေတဲ့ ယူနိုက်တက်ဟာ နောက်ထပ် ကစားသမား တစ်ဦးကိုပါ ချိန်ရွယ်မှုတွေ ရှိလာနေပြီလို့ သိရပါတယ်။ ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ နောက်ဆုံး သတင်းထွက်လာသူက အေဂျက်အသင်းရဲ့ ဘရာဇီးသား တိုက်စစ်သမား ဒေးဗစ် နာရက်စ်ပဲ ဖြစ်ပါတယ်။ သူဟာ မနှစ်က ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံပွဲ ၅၀ အထိ ကစားပေးခဲ့ပြီး ၁၂ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ မနှစ်တုန်းက တောက်ပတဲ့ လူငယ်ကစားသမားတွေနဲ့ ကစားသမားကောင်းတွေ များစွာ… Continue Reading →

ဒီကနေ့ည ဝင်ဘာလေမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ပွဲ အပါအဝင် နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးကွင်းလယ်လူကြီး မီလ်နာကတော့ ဒီကနေ့ညဟာ ဆုဖလားတွေ အများအပြားအနက် ပထမဆုံးဖလားကို အပိုင်သိမ်းရမယ့် ညပါဆိုပြီး ကွန်မြူနတီပွဲကြို အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၈း၃၀ မှာတော့ ဝင်ဘာလေကွင်းမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲ ယှဉ်ပြိုင်ကစားရပါမယ်။ လီဗာပူးအသင်းဟာ သူတို့ရဲ့ ခမ်းနားလှပတဲ့ သမိုင်းကြောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ Melwood လေ့ကျင့်ရေးကွင်းကြီးကို အပြီးသတ် ရောင်းချခဲ့ပြီလို့ သိရှိရပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ်လို့ Simon Jordan က talk SPORT… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၄-၈-၂၀၁၉၊ တနင်္ဂနွေနေ့)

ယူနိုက်တက်ဟာ ရာသီကြို နောက်ဆုံးပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့တဲ့ အေစီမီလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားသစ် ဖြစ်လာတော့မယ့် မက်ဂွိုင်းယားဟာ အသင်းသစ်မှာ ဘယ်နံပါတ်ကို ရွေးချယ်ဝတ်ဆင်မလဲဆိုတဲ့ ကိစ္စရပ်ဟာ ယခုအချိန်မှာတော့ တကယ့်ကို ပွက်လောရိုက်နေတဲ့ ကိစ္စတစ်ခု ဖြစ်လာနေပါပြီ။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားရဲ့ အပြောင်းအရွေ့ကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ခံယူပြီးခဲ့ပါပြီ။ ယူနိုက်တက်က ခေါ်ယူနိုင်ခဲ့တဲ့ မက်ဂွိုင်းယားဟာ ဗန်ဒိုက်လို အဆင့်မျိုး မဟုတ်သေးဘူးလို့ ချယ်ဆီးအသင်းရဲ့ နောက်ခံကစားသမားဟောင်း Frank Le Beouf… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!