Date

August 5, 2019

အပြိုင်များနေတဲ့ ကွင်းလယ်တိုက်စစ် နေရာ၊ ကာဟေးလ်၊ ကန်တေတို့နဲ့ ချယ်ဆီးသတင်းတိုများ

ချယ်ဆီးနည်းပြ လမ်းပတ်က ကွင်းလယ်တိုက်စစ်နေရာ အတွက် ဘာကလေ၊ မေဆန်မောင့်၊ လော့ဖ်တပ်ချိခ်တို့ အပြိုင် ရှိနေပြီး ရွေးချယ်ရ ခက်နေပေမယ့် အသင်းအတွက် ပျော်ရွှင်မိကြောင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ ချယ်ဆီးဟာ ကစားသမားသစ်များ မခေါ်ယူနိုင်ပေမယ့် လုံလောက်တဲ့ အင်အားတစ်ရပ် ပိုင်ဆိုင်ထားတာပါ။ ” လမ်းပတ်က ကစားသမားကောင်း တစ်ဦး ဖြစ်သူလို လူ ပုဂ္ဂိုလ်အနေနဲ့လည်း လူကောင်း တစ်ယောက်ပါ။ သူက အမြဲ ပရော်ဖက်ရှင်နယ် ဆန်သူ ဖြစ်တယ်။ သူ့ကို ကံကောင်းပါစေ ဆုတောင်းပါတယ်။ ပထမဆုံး ပွဲတော့ မပါဘူးပေါ့။”… Continue Reading →

နယူးကာဆယ်နဲ့ ပွဲ မပါဝင်စေဖို့ တောင်းဆိုခြင်း ခံရတဲ့ ဂန်းနား ၃ ဦး၊ လာကာဇက်တီ၊ ကော်တင်ညို၊ ဟိုးဒင်းတို့နဲ့ အာဆင်နယ် သတင်းတိုများ

ဘာစီလိုနာနဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ပရိသတ်များက ကစားသမား ၃ ယောက်ကို နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ထည့် မကစားဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ထို ၃ဦးကတော့ မီခီတာရန်၊ ဇာခါနဲ့ မစ်လန်းနေးစ်တို့ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘာစီလိုနာနဲ့ ခြေစမ်း ဖလားပွဲ ယှဉ်ပြိုင် ကစားရာ ၂ဂိုး ၁ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဆွာရက်စ်က တစ်ဂိုး အပြင် မစ်လန်နေးက own goal တစ်ဂိုး လက်ဆောင်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက်… Continue Reading →

အန်ဒရီယန်ကို ခေါ်ယူနိုင်ခြင်းနဲ့ နောက်ဆုံးရ ညနေခင်း လီဗာပူးသတင်းများ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကွန်မြူနတီးဒိုင်းပွဲမှာ မန်စီးတီးကို အရေးနိမ့်တဲ့နောက် ပြိုင်ဘက်ကစားသမားတွေရဲ့ ဆုဖလား လက်ခံ ယူမှုအား ကွင်းအောက်ခြေကနေ အသင်းဖော်အားလုံးကို အသေအချာကြည့်စေပြီး ဂုဏ်ပြုမှုလုပ်စေခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ကွန်မြူနတီဒိုင်းပွဲကို လာရောက်အားပေးကြတဲ့ နှစ်ဘက်အသင်း ပရိသတ်တွေဟာ ပွဲမတိုင်ခင် ထိတွေ့မှုဖြစ်ခဲ့ပြီး ပုလင်းနဲ့ ပေါက်မှု၊ လက်သီးနဲ့ ထိုးမှုတွေနဲ့ ခိုက်ရန်ဖြစ်မှုအဆင့်ကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရဲအဖွဲ့တွေကတော့ ရန်ပွဲမှာ ပါဝင်သူတွေကို စတင်ကာ စုံစမ်းနေပါပြီ။ လီဗာပူးမှာ ၆ ရာသီ ကျင်လည်ခဲ့တဲ့ ဂိုးသမား မင်ညိုလက်ဟာ… Continue Reading →

ကွန်မြူနတီဒိုင်း ဗိုလ်စွဲ အပြီး နောက်ဆက်တွဲများ၊ ပြောစကားများနဲ့ မန်စီးတီးသတင်းတိုများ

ကွန်မြူနတီဒိုင်းပွဲက ဆာနေး ဒဏ်ရာနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – ” ပထမကြည့်လိုက်တဲ့ အမြင်အရတော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် တကယ်ဆိုးလား ကျနော် အတိအကျ မသိသေးဘူး။ ဆရာဝန် ပြောတာ ကြည့်ရမှာပဲ။ သူ အဆင်ပြေမယ် ထင်ပါတယ်။” လို့ ပြောကြား ခဲ့ပါတယ်။ လီဗာပူးကို နိုင်တဲ့ ကွန်မြူနတီဒိုင်းပွဲ အပြီးမှာ ဂွာဒီယိုလာက – ” သူတို့က ဥရောပ ချန်ပီယံပါ။ ဒါကြောင့် ဒီနေ့နိုင်ပွဲအတွက် ကျနော် အများကြီး ဂုဏ်ယူရတာပဲ။ တစ်ခါတစ်လေ… Continue Reading →

မက်ဂွဲရား၊ မန်ဇူကစ်၊ ပေါ့ဘာ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ နောက်ဆုံးရ မန်ယူညနေခင်းသတင်းများ

မန်ချက်စတာယူနိုက်တက်ဟာ လက်စတာအသင်းခံစစ်မှူး မက်ဂွဲရားကို ပေါင် ၈၀ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ကာလရှည် ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့သလို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ မက်ဂွဲရားက “ ယူနိုက်တက်လို ခမ်းနားကြီးကျယ်တဲ့ ကလပ်အသင်းနဲ့ လက်မှတ်ထိုးရတာကို ပျော်ရွှင်ပါတယ်။ လက်စတာမှာ ကျနော် တကယ်ကို ပျော်ရွှင်ခဲ့ရပေမယ့်လို့ ယူနိုက်တက်က ကျနော်ကို ခေါ်ယူလိုလာခဲ့ချိန်မှာ ဒါက မယုံနိုင်လောက်တဲ့ အခွင့်အရေးပါပဲ။ ကလပ်အသင်းရဲ့ အစီအစဉ်နဲ့ အမြင်တွေကို ကျနော် အရမ်းကို… Continue Reading →

ရာသီအဖွင့် ချယ်ဆီးနဲ့ပွဲမှာ မက်ဂွဲရား ပါဝင်သွားမလားကို ဆိုးရှား အဖြေပေးလာ

မန်ယူအသင်းနည်းပြ ဆိုးရှားက ချယ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်မှာ ဗဟိုခံစစ်မှူးအသစ်အဖြစ် အသင်းကို ရောက်လာမယ့် မက်ဂွဲရားကို ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားကြောင်း ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ မက်ဂွဲရားကိုပေါင် ၈၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီချက်ရထားပြီဖြစ်ပြီး အပြီးသတ်လက်မှတ်ထိုးဖို့ မန်ချက်စတာကို ရောက်နေပြီဖြစ်တယ်။ မက်ဂွဲရားဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ မလုပ်နိုင်သေးပေမယ့် ကာရင်တန်က ကွင်းပိတ် ခြေစမ်းပွဲကိုတော့ တက်ရောက် ကြည့်ရှုခဲ့ပါတယ်။ ချယ်ဆီးနဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ မက်ဂွဲရားကို ထည့်သွင်းဖို့ဆိုတာက ပြသနာ မဟုတ်ကြောင်း ဆိုးရှားကတော့ ” ချယ်ဆီးနဲ့ ပွဲထွက်လူစာရင်းအတွက်… Continue Reading →

ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ချယ်ဆီးနဲ့ပွဲအတွက် ပြိုင်ဘက်တွေကို စိန်ခေါ်လိုက်တဲ့ ဂျိမ်း

ယူနိုက်တက်ရဲ့ ရာသီကြိုပွဲမှာ ပွဲအများဆုံး ပါဝင်ကစားထားရတဲ့ ကစားသမား သုံးဦးထဲက တစ်ဦးဖြစ်သူ ဒန်နီရယ်ဂျိမ်းက ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပဲဆိုတဲ့ စိန်ခေါ်စကားကို ကြွေးကြော်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ်အတွက် ကစားသမားသစ်တွေအဖြစ် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်း၊ ညာအစွန်လူ ဘစ်ဆာကာနဲ့ ဗဟိုခံစစ်မှူး မက်ဂွဲရားတို့ကို ခေါ်ယူထားပါတယ်။ မက်ဂွဲရားကတော့ ဒီအပတ်ထဲမှာ တရားဝင် ကြေညာမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သြစတြေးလျကလပ်နဲ့ ရာသီကြို ပထမဆုံး ခြေစမ်းပွဲကို ၂ ဂိုးဂိုးမရှိ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲအဖြစ် လိဒ်ယူနိုက်တက်ကို ၄… Continue Reading →

အာဆင်နယ် ကြိုးစားနေတဲ့ ကော်တင်ညိုရဲ့ အပြောင်းအရွှေ့ အခြေအနေ

ဒီနွေမှာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးသား တိုက်စစ်သမား ကော်တင်ညိုကတော့ သူ ကိုယ်တိုင်လည်း အနာဂတ်နဲ့ ပတ်သတ်ပြီး သေချာမသိသေးဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကနေ ဘာစီလိုနာအသင်းထံ ဇန်နဝါရီ ၂၀၁၈ မှာ ပေါင်သန်း ၁၄၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ညို ဟာ ဘာစီလိုနာ မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ပွဲထွက်ခွင့် နည်းပါးလာခဲ့ပြီး ဘာစီလိုနာက ရောင်းချတော့မယ် သတင်းထွက်ပေါ်နေပါတယ်။ ကော်တင်ညိုကို ခေါ်ယူဖို့ ချယ်ဆီး… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၅-၈-၂၀၁၉၊ တနလာင်္နေ့)

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ ယူနိုက်တက်ကြား ချိတ်ဆက်မှု အဆုံးသတ်သွားပါပြီ။ ဒိုင်ဘာလာဘက်က အေးဂျင့်ကြေးနဲ့ မြင့်မားတဲ့ လုပ်ခလစာ တောင်းခံခြင်းကြောင့် ယူနိုက်တက်ဘက်က ဆက်လက် ဆွေးနွေးသွားတော့မှာ မဟုတ်ပါဘူး။ အင်တာမီလန်အသင်းကလည်း ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ နောက်ထပ် ကမ်းလှမ်းမှု အသစ်တွေ ပြုလုပ်လာတော့မယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပေမယ့် လူကာကူကိုတော့ ရောင်းထုတ်မှာပါ။ ဆိုးရှားဟာ ဂျူဗီတိုက်စစ်မှူး ဒိုင်ဘားလားဟာ ယူနိုက်တက်ကစားသမားတွေ အားလုံးထပ် သာလွန်ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေတာကြောင့် အသင်းထံ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!