Date

August 6, 2019

ကွင်းလယ် ခွချက်လုပ်ထားခြင်း၊ ရွန်းနီ၊ ပေါ့ဘာ ကိစ္စတွေနဲ့ နောက်ဆုံးရ မန်ယူ ညနေခင်း သတင်းများ

မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို အပြောင်းအရွှေ့ မပိတ်ခင် အမှီ ခေါ်ယူနိုင်ရန် ဆွေးနွေးမှုအသစ် ပြန်လည် စတင်ထားပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်သမားကို ၆ နှစ်စာချုပ်၊ တစ်ပတ် လစာ ပေါင် ၁သိန်း ၆ထောင်နဲ့ ခေါ်ယူဖို့ မန်ယူက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အန်သိုနီ မာရှယ်ကို မှန်မှန်ကန်ကန် အသုံးချမယ်ဆိုရင် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်… Continue Reading →

အမ်းမရိတ်က ခွာတော့မယ့် ကိုစီရယ်နီ၊ မူစတာဖီတို့နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်ဟာ အသင်း ခေါင်းဆောင် ကိုစီရယ်နီဟာ လီဂူးဝမ်း ကလပ် ဘော်ဒိုးအသင်းထံ ယူရို ၅ သန်း နဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီ ဖြစ်ပြီး အပြောင်းအရွှေ့ဟာ ဒီနေ့မှာပဲ အပြီးသတ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကလပ် မိုနာကိုအသင်းဟာ အာဆင်နယ်ခံစစ်မှူး မူစတာဖီကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်ဆွေးနွေးမှု ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အာဆင်နယ်ဟာ ဆဲလ်တစ်အသင်း ဘယ်အစွန်လူ တီရာနေးကို ခေါ်ယူနိုင်ဖို့ နောက်ဆုံး ကြိုးစားမှုတစ်ခုကို ဒီရက်ထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး… Continue Reading →

လမ်းပတ်နေရာ ၀င်တော့မယ့် ရွန်းနီ၊ ဒရင့်ဝါးတား၊ ဘာကာယိုကိုတို့ အပြောင်းအရွှေ့နဲ့ ချယ်ဆီးသတင်းတိုမျာ

ချယ်ဆီး ကွင်းလယ်လူ ဒန်နီ ဒရင့်ခ်ဝါးတားကို ခေါ်ယူဖို့ ဘရိုက်တန်အသင်းအပြင် တန်းတက် နော်ဝစ်ခ်ျ စီးတီးအသင်းကပါ စိတ်ဝင်စား နေပါတယ်။ ဒါပေမယ့်လည်း ၄င်းရဲ့ လုပ်ခလစာက အတားအဆီး ဖြစ်နေတယ်လို့ သိရပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ဘာကာယိုကို ရဲ့ ရာသီကြိုက ခြေစွမ်းကို သဘောကျခြင်း မရှိတာကြောင်း အငှား စေလွှတ်ရန် ဂါလာတာစာရေး ကလပ်အသင်းနဲ့ ဆွေးနွေးမှုများ လုပ်ဆောင်နေပါတယ်။ ရာသီကြိုမှာ ရလဒ်ကောင်းခဲ့တာက အသင်းအတွက် အကူအညီဖြစ်မယ် ဆိုတဲ့အကြောင်း လမ်းပတ်က လမ်းပတ်က “ကျနော်တို့ အတွက်… Continue Reading →

မက်ဂွဲရားကို သတိပေးလိုက်ခြင်း၊ မကျိုးပျက်သေးတဲ့ ဗန်ဒိုက်စံချိန်နဲ့ လီဗာပူး ညနေခင်း သတင်းတိုများ

လီဗာပူးတိုက်စစ်သမား ဆာဒီယိုမာနေးဟာ အသင်းရဲ့ မဲလ်ဝုဒ် ထရိန်နင်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မာနေးဟာ အာဖရိက ဖလား ပွဲ ကစားခဲ့ရတာကြောင့် အားလပ်ရက်ကနေ ပြန်လာတာ နောက်ကျနေခြင်း ဖြစ်ပါတယ်။ မာနေး ပြန်ရောက်လာခြင်းကို လီဗာပူးဘက်က ဗီဒီယိုဖိုင်တင်ပေးခဲ့တာဖြစ်ပြီး ပရိသတ်ကြည့်နှုန်း သန်းကျော်ခဲ့ပါတယ်။ မာနေးကတော့ မဲဝုဒ်ကို ရောက်ရောက်ခြင်း ထိပ်ဆုံးသွားပြီး စကားပြောခဲ့တာက ရော်ဘတ်ဆန်ကိုဖြစ်ပြီး သတိပေးစကားလည်း ဖြစ်ပါတယ်။ မာနေးက ရော်ဘတ်ဆန်ထံသွားကာ ” မနေ့ညက မင်းကစားတာ အရမ်းဆိုးတယ်။ ငါမပါလို့ မင်းခြေစွမ်းညံ့နေတာ မဟုတ်လား… Continue Reading →

စာချုပ်သစ် ချုပ်တော့မယ့် ဂွမ်ဒိုဂန်၊ ကန်ဆယ်လို၊ ဒန်နီလို အပြောင်းအရွှေ့နဲ့ မန်စီးတီး သတင်းတိုများ

လီဗာပူးနဲ့ကွန်မြူနတီ ဒိုင်းပွဲမှာ ဂွာဒီယိုလာက အ၀ါကဒ်ပြ သတိပေးခြင်းခံခဲ့ရပေမယ့် ထို အဝါကဒ်ဟာ အင်္ဂလန်ပြည်တွင်းပွဲတွေမှာ ထည့်တွက်ခံရမှာ မဟုတ်ပါဘူး။ အက်ဖ်အေဟာ မန်နေဂျာတွေကို သက်မှတ် အဝါကဒ်ပြည့်ရင်နဲ့ နှစ်ဝါ တစ်နီ ပြသခံရရင် နည်းပြလိုင်းကနေ ကြီးကြပ်ခွင့် ပိတ်ပင်မယ့် အရေးယူမှုတွေကို ပြုလုပ်ဖို့ စည်းမျဉ်းသစ် ချထားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးမှ အသက် ၂၈ နှစ် အရွယ် ဂျာမနီသား ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်ဟာ ရာသီသစ်မှာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း လန်ဒန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဂွမ်ဒိုဂန်ရဲ့… Continue Reading →

ကော်တင်ညိုကို မေ့လိုက်တော့လို့ ဂန်းနားတွေကို တိုက်တွန်းလိုက်တဲ့ အမ်မရီ

ဘာစီလိုနာအသင်းမှာ အနာဂတ် သေချာမှုမရှိဖြစ်နေတဲ့ ကော်တင်ညိုဟာ အသင်းပြောင်းမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အာဆင်နယ်ကလည်း အငှားခေါ်ယူလိုနေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ခြေစွမ်းကောင်း ပိုင်ဆိုင်ထားပေမယ့်လည်း ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းနည်းပြ အမ်မရီက သူဟာ ဘရာဇီးလက်ရွေးစင် ကစားသမား ကော်တင်ညိုကို နှစ်သက်သူဖြစ်ပေမယ့်း အငှားခေါ်ယူဖို့အတွက် ဘယ်တော့မှ မဆွေးနွေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အမ်မရီက ” ကစားသမားတွေထဲမှာတော့ တစ်ယောက်အနေနဲ့ ကော်တင်ညိုဟာ ကျနော်ကြိုက်တဲ့ ကစားသမားတစ်ယောက်… Continue Reading →

အင်္ဂလန်ကို ကစားသမား၊ နည်းပြအဖြစ် ပြန်ရောက်လာဖွယ်ရှိတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို အင်္ဂလန်ထံ တစ်ကျော့ပြန်ခေါ်ယူဖို့အတွက် ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီကိုပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဝိန်းရွန်းနီဟာ အင်္ဂလန်ကို တစ်ကျော့ပြန်လာကစားဖို့ စိတ်အားထက်သန်နေပြီး ဒါဘီအသင်းမှာ ကစားသမားနဲ့ နည်းပြနေရာ ပူးတွဲတာဝန်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဆွေးနွေးမှု အောင်မြင်ခဲ့မယ်ဆိုရင် ရွန်းနီဟာ ဒါဘီအသင်း နည်းပြအဖွဲ့ဝင်တွေထဲက တစ်ဦးအဖြစ်ပါ ပါဝင်ခွင့်ရမှာပါ။ မန်ချက်စတာယူနိုက်တက်းမှာရော၊ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ ထာဝရသွင်းဂိုးအများဆုံး စံချိန်တင်ထားတဲ့ ရွန်းနီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၃ ဂိုးသွင်းယူပြီး ၁၄ ဂိုး… Continue Reading →

မက်ဂွဲရားရဲ့ တွဲဘက် ဗဟိုခံစစ်မှူး တစ်နေရာစာကို အပြိုင်လုရမယ့် မန်ယူအသင်းသား ၆ ဦး

ယူနိုက်တက်ဟာ လက်စတာအသင်းနောက်ခံလူ မက်ဂွဲရားကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ ပေးချေပြီး ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ မက်ဂွဲရားဟာ ကြံ့ခိုင်မှုပြည့်ဝနေရင် ယူနိုက်တက်အတွက် ပွဲတိုင်းနီးပါး ကစားခွင့်ရရှိမှာ သေချာသလောက်ရှိနေပြီး ကျန်တစ်နေရာအတွက်ပဲ စဉ်းစားရတော့မှာပါ။ မက်ဂွဲရားရဲ့ တွဲဘက် ဗဟိုခံစစ်မှူး တစ်နေရာစာကို အပြိုင်လုရမယ့် ယူနိုက်တက်အသင်းသား ၆ ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဗစ်တာလင်ဒီလော့ဖ် (၂၅နှစ်) လင်ဒီလော့ဖ်ဟာ ဘင်ဖီကာအသင်းကနေ စတင်ရောက်ရှိလာတုန်းက နယ်ပယ်သစ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းအထိုင်ကျလာပြီး ယမန်နှစ်ရာသီက ယူနိုက်တက်းရဲ့… Continue Reading →

မန်ယူကနေ ထွက်ခွာသွားဖို့ သေချာသွားပြီဖြစ်တဲ့ တိုက်စစ်မှူး လူကာကူ

မန်ယူကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာကနေ အဝေးကို ရောက်နေခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝ အကယ်ဒမီအသင်းဖြစ်တဲ့ ဘယ်ဂျီယံကလပ် အန်ဒါလက်အသင်းမှာ သွားရောက်လေ့ကျင့်နေပါတယ်။ ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာနဲ့ အလဲအထပ်ပြုလုပ်မယ့် အစီအစဉ်ဟာ ဒိုင်ဘာလာရဲ့ မြင့်မားတဲ့ လစာတောင်းဆိုမှုကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။ နည်းပြဆိုးရှားလက်ထက် ပုံမှန်ပွဲထွက်ခွင့် မရခြင်းကြောင့် အသင်းပြောင်းလိုတဲ့ လူကာကူကို အင်တာမီလန်အသင်းက ကမ်းလှမ်းမှုအသစ်တစ်ခု ထပ်မံပေးသွားဖို့လည်း ပြင်ဆင်နေတာပါ။ အပြောင်းအရွှေ့ကိစ္စ ညိနှိုင်းမှုတွေ မပြီးမြောက်သေးပေမယ့် လူကာကူဟာ မန်ယူရဲ့ ရာသီကြိုပြင်ဆင်မှုတွေမှာ လာရောက်ပူးပေါင်းခြင်းမရှိသေးဘဲ ဘယ်ဂျီယံကလပ်နဲ့အတူ ကြံ့ခိုင်မှုအတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!