Date

August 8, 2019

အပြောင်းအရွှေ့ နောက်ဆုံးရက်၊ နော်ဝစ် ပွဲကြိုတွေနဲ့ ညနေခင်း နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လာမယ့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ၆ သင်းလောက် ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ ယာဂင်ကလော့ပ်က မန်စီးတီးကို ရင်ဆိုင်ဖို့ဆိုရင် အကောင်းဆုံး ပုံစံမှာ ရှိနေရမှာဖြစ်သလို အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အချိန်ကို ပိုင်ဆိုင်ဖို့လိုကြောင်း ပြောပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် ကလပ်အသင်းရဲ့ တိုးတက်မှုကို မြင်ရတာက သိပ်ကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပွဲကစားခွင့်များ ပိုရလာဖို့ ရှိပြီး ကစားသမားသစ် များများ… Continue Reading →

အပြီးသတ်ခေါ်ယူမှုတွေ ပါဝင်လာတဲ့ နောက်ဆုံးရ အာဆင်နယ်သတင်းတိုများ

အာဆင်နယ်ဟာ လူငယ်ခံစစ်မှူး ဒိုမိနစ် သွန်ပဆင်ကို ဘရန့်ဖို့ဒ် အသင်းထံ ရောင်းချခဲ့ပြီ ဖြစ်ပြီး ကစားသမားက ဆေးစစ်မှုခံယူနေပြီ ဖြစ်ပါတယ်။ သွန်ပဆင်က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်-၂ လူငယ်လိဂ်မှာ ၁၃ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆဲလ်တစ်အသင်း ဘယ်အစွန်လူ တီရာနေးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးဖြစ်ပြီး ဆေးစစ်ဖို့အတွက် လန်ဒန်ကို လာရောက်နေပြီဖြစ်ကာ အပြောင်းအရွှေ့ deadline နေ့မပြီးခင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချယ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူး ဒေးဗစ် လူးဝစ်ကို ပေါင်… Continue Reading →

အပြောင်းအရွှေ့ နောက်ဆုံးနေ့ ညနေခင်း မန်ယူ သတင်းတိုများ

မန်ယူအသင်းဘက်က စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ပေါ်ထွက်နေတဲ့ အသက် (၁၉) နှစ်အရွယ် လူငယ် ကစားသမားလေး Hakon Evjen ကတော့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရဖို့ဟာ သူ့ဆန္ဒဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်။ ဘယ်ဂျီယံသား တိုက်စစ်သမားဟာ ဒီမနက်ကပဲ ဆေးစစ်မှု ခံယူဖို့ အီတလီကို ထွက်ခွာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အင်တာမီလန်ဘက်က မန်ယူ အသင်းကို ကနဦး ပေါင် ၆၅… Continue Reading →

ကန်ဆယ်လို ပြောတဲ့ စီးတီး ကစားဟန်၊ ဂွာဒီယိုလာ၊ ဆာနေးတို့နဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီးတိုက်စစ်သမား ဆာနေး ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိသွားတာကြောင့် ဘိုင်ယန်မြူးနစ်ဘက်က ခေါ်ယူဖို့ ကြိုးစားမှုအား နောက်ဆုတ် သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဂျူဗင်တပ်အသင်းမှ ညာအစွန်လူ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ အပြောင်းအရွှေ့ တစိတ်တဒေသအဖြစ် အစွန်လူ ဒန်နီလိုကို အလိုက်ပေးခဲ့ရတာဖြစ်တယ်။ မန်စီးတီးဟာ ကန်ဆယ်လိုကို ခေါ်ယူမှုမှာ ပေါင် သန်း ၆၀ ဈေးသက်မှတ်ခံခဲ့ရပြီး ဒန်နီလိုကို အလိုက်ပေးကာ နောက်ထပ် ပေါင် ၂၄ သန်း ပေးတဲ့ ကမ်းလှမ်းမှုအား ပြုလုပ်ခဲ့ရတာပါ။ ကန်ဆယ်လိုဟာ… Continue Reading →

မန်ယူကို နည်းပြလိုတဲ့ ရည်မှန်းချက်ကြောင့် ဒါဘီကို သွားရောက်ပြီး ခြေလှမ်းစခဲ့တဲ့ ရွန်းနီ

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ ကစားသမား နည်းပြအဖြစ် တာဝန်ယူဖို့ ရွန်နီ ဆုံးဖြတ်လိုက်တာဟာ ယူနိုက်တက်ကို နည်းပြအဖြစ် ပြန်လာနိုင်ဖို့ ရွန်းနီရဲ့ပထမဆုံးခြေလှမ်းဖြစ်ကြောင်း အသင်းဖော်ဟောင်း ရီယိုဖာဒီနန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းမှာ ကစားနေခဲ့သူ ဝိန်းရွန်းနီဟာ အင်္ဂလန်မှာ တစ်ကျော့ပြန်ကစားဖို့ ဆန္ဒပြင်းပြနေခဲ့တာဖြစ်ပါတယ်။ ရွန်းနီဟာ ဒီဇင်ဘာလက စတင်ပြီး ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းမှာ ၁၈ လကြာ ကစားသမားနည်းပြအဖြစ် တာဝန်ယူကစားဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ ရီယိုဖာဒီနန်က ” ဝိန်းဟာ အသက် ၃၀ ကျော်အရွယ်မှာပဲ မန်ချက်စတာယူနိုက်တက်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့… Continue Reading →

လူကာကူအတွက် သဘောတူညီမှုရပြီးနောက် ပေါင် ၈၁ သန်းတန် တိုက်စစ်သမား ခေါ်ယူမယ့် မန်ယူ

မန်ယူဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းထံ ပေါင် ၇၂ သန်းနဲ့ ရောင်းထုတ်ဖို့ သဘောတူညီမှု ရခဲ့တဲ့နောက် ဘယ်ဂျီယံသားနေရာမှာ တိုက်ရိုက်အစားထိုးဖို့ရာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စတင်လာခဲ့ပြီဖြစ်ပါတယ်။ စပိန်​မီဒီယာ​တွေက ​ဖော်​ပြမှုအရ မန်ယူဟာ လာလီဂါကလ် ဘီဘာအိုအသင်းမှ တိုက်စစ်မှူး Inaki Williams ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပြီး အသက် ၂၅ နှစ်အရွယ် စပိန်တိုက်စစ်သမားအတွက် မိခင်ကလပ်နဲ့ရှိနေတဲ့ စာချုပ်ဖျက်သိမ်းကြေးအရ ပေါင် ၈၁ သန်း ကုန်ကျမယ်လို့ သိရပါတယ်။ ဘီ​ဘာအိုအကယ်​ဒမီထွက် စပိန်လက်ရွေးစင်တိုက်စစ်သမားဟာ မနှစ်တုန်းက… Continue Reading →

အသင်းသစ် ရရှိသွားပြီဖြစ်တဲ့ မန်ယူ၊ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်

ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ အမန်ယူ၊ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဝဲလ်ဘတ်ဟာ ဒီနှစ်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ အသင်းနဲ့လမ်းခွဲခဲ့သူပါ။ အသက် ၂၈နှစ် အရွယ်ရှိ တိုက်စစ်သမားဟာ ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပြီး ခရစ္စမတ်ကာလမတိုင်ခင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ ရာသီကုန်အထိ အနားယူခဲ့ရသူဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်ကစားသမား ဝဲလ်ဘက်ဟာ မန်ယူအကယ်ဒမီမှာ သူရဲ့ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီးတော့ စီနီယာအသင်းမှာ နေရာရလာခဲ့ပါတယ်။ မန်ယူရဲ့ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ မျိုးဆက်တစ်ဦးလို့ ယူဆခံခဲ့ရပေမယ့် မျှော်လင့်ထားသလောက်… Continue Reading →

ကစားသမား အဝင်မရှိပဲ အထွက်ပဲ ထပ်တွေ့ရဖို့ များနေခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လူငယ်ကစားသမား Sepp van den Berg နဲ့ Harvey Elliott၊ ဂိုးသမား Adrian တို့ကိုသာ အားဖြည့် ခေါ်ယူထားခဲ့တဲ့ ယာဂင်ကလာပ့်ကတော့ သူများအသင်းတွေ ကစားသမား ခေါ်ယူတိုင်း လိုက်ခေါ်ဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါပြီ။ လီဗာပူးအသင်းရဲ့ လူငယ်ကစားသမား Abdi Sarif ဟာ U23 အသင်းရဲ့ ချစ်ကြည်ရေးပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။ လီဗာပူးနဲ့ ကောလဟာလတွေ ပေါ်ထွက်နေဆဲဖြစ်တဲ့ ကစားသမားဟောင်း ကော်တင်ညိုဟာ တော်တင်ဟမ်အသင်းရဲ့ အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုကိုတော့… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၈-၈-၂၀၁၉၊ ကြာသပတေးနေ့)

အသင်းပြောင်းဖို့ ကောလဟာလသတင်းတွေ ငြိမ်သက်သွားခဲ့ပြီဖြစ်တဲ့ ဒေးဗစ်ဒီဂီယာအတွက် လာမယ့် ရာသီသစ်ကတော့ (၉) နှစ်မြောက် ဖြတ်သန်းမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ တိုက်စစ်မှူးလူကာကူရဲ့ အေးဂျင့်ဟာ ကစားသမားရဲ့ အပြောင်းအရွေ့ ကိစ္စရပ်တွေကို အသင်းတာဝန် ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် လန်ဒန်ကို ရောက်ရှိနေပြီး ဆွေးနွေးမှုက အောင်မြင်နိုင်တဲ့ အနေအထားကို ရောက်ခဲ့ပါပြီ။ ယူနိုက်တက်ဟာ အပြောင်းအရွေ့ကာလ အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာ အေဂျက်တိုက်စစ်မှူး David Neres ကို ခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေ ရှိလာနေပြီလို့ သတင်းတွေ ပေါ်ထွက်လာနေပါပြီ။ ယူနိုက်တက်ပရိတ်သတ်တွေဟာ လက်ရှိ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!