Date

August 9, 2019

အပြောင်းအရွှေ့ ပိတ်ပြီး နောက်ဆက်တွဲများ၊ လူကာကူ၊ မက်ဂွဲရားတို့နဲ့ မန်ယူ ညနေခင်း သတင်းများ

မန်ယူအသင်းဟာ လက်စတာခံစစ်မှူး မက်ဂွဲရားကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူထားပြီး နာပိုလီအသင်း ခံစစ်မှူး ကူလီဘာလီဟာ မက်ဂွဲရားထက် သုံးဆလောက် ပိုတန်ကြေးရှိတဲ့ ကစားသမားလို့ နာပိုလီဥက္ကဌ လော့ရန်တစ်က ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်လိဂ်ရဲ့ တန်းဖိုးထက် ပိုပေးမှုနှုန်း အရဆိုရင် ကူလီဘာလီရဲ့ ပေါက်ကြေးဟာ ပေါင် ၂၅၀ သန်းတောင် ရှိနိုင်တယ်လို့ သူက ဆိုတာပါ။ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မန်ယူ က တိုက်စစ်သမားသစ် ရှာဖွေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဈေးကွက်ပိတ်ဖို့ နာရီပိုင်းအလိုမှာတင် မန်နေဂျာ ဆိုးရှားက… Continue Reading →

လူးဝစ်၊ တီရာနေး၊ အိုင်ဝိုဘီတို့နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် တောင်ပံသမား အိုင်ဝိုဘီဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာပဲ အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားပါတယ်။ အာဆင်နယ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ရရှိသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူးဝစ်နဲ့ တီရာနေးတို့ကို အပြီးသတ် ခေါ်ယူသွားခဲ့ပါတယ်။ နှစ်ဦးလုံးဟာ ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီး တရားဝင် ကြေညာမှုလည်း လုပ်ခဲ့ပါပြီ။ အာဆင်နယ်အသင်း ဂန္တဝင် ကစားသမားဟောင်း ချာလီ နီကိုလပ်စ်က အာဆင်နယ် အသစ်ခေါ်ယူလိုက်တဲ့ စကော့တလန် နောက်ခံလူ တီရာနေးဟာ မန်ယူခံစစ်မှူး လုခ် ရှောထက် ပိုမိုကောင်းမွန်တဲ့… Continue Reading →

လမ်းပတ်ရဲ့ ပွဲဦးထွက် အကြို၊ လူးဝစ်၊ မောင့်တို့နဲ့ ချယ်ဆီးသတင်းတိုများ

ချယ်ဆီးကွင်းလယ်လူ ဒရင့်ဝါးတားဟာ ဘန်လေအသင်းထံသို့ အငှားထွက်ကစားပြီဖြစ်ပါတယ်။ ချယ်ဆီးဘက်က ကစားသမားရဲ့ လုပ်ခကို မျှဝေ ကျခံပေးရမှာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့ထိ ၆ လတာ အငှားဖြစ်ပါတယ်။ ရိမ်းဂျားစ်နည်းပြ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ် နွေက မေဆန်မောင့်ကို ရိမ်းဂျားစ်သို့ ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း မောင့်ရဲ့ ဖခင် ဖြစ်သူက ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပဲလေစ့်ဟာ တောင်ပံသမား ဇာဟာကို ဇန်နဝါရီ အပြောင်းအရွှေ့လို လာမယ့် ဈေးကွက်တွေမှာတော့ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပဲလေစ့်တိုက်စစ်သမားကို စိတ်ဝင်စားပြီး လာမယ့်နွေအတွက်… Continue Reading →

ကလော့ပ် မျှော်လင့်ထားတဲ့ ကိတ်တာ၊ ရွှေဖိနပ်ဆု ရေပန်းစားမှုများနဲ့ လီဗာပူး ညနေခင်း သတင်းတိုများ

လီဗာပူးဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အဖွင့်ပွဲကို ပထမဆုံး စကန်ရမယ့် အသင်းဖြစ်ပြီး အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ် တန်းတက် ကလပ် အသင်းဖြစ်တဲ့ နောဝစ်ကို ဧည့်ခံကာ ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒဏ်ရာကနေ ပြန်သက်သာလာကြတဲ့ ချိန်ဘာလိန်၊ လယ်လာနာနဲ့ ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ကိတ်တာလို ကစားသမားတွေ ရှိနေတယ်။ အဓိက တိုက်စစ်သမား မာနေးကလည်း မဲဝုဒ်ကို ပြန်ရောက်နေပြီး အာဖရိကပွဲ ကစားခဲ့တာ သိပ်မကြာသေးတာက နောဝစ်နဲ့ ပွဲ ပွဲထွက်ပေးဖို့ ကြံ့ခိုင်မှုပိုင်းမှာ အဆင်ပြေစေမယ်လို့ ယူဆရပါတယ်။ ”… Continue Reading →

ဂမ်ဒိုဂန် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခြင်း အပါအ၀င် နောက်ဆုံးရ မန်စီးတီး သတင်းတိုများ

မန်ချက်စတာစီးတီး အသင်းဟာ ကွင်းလယ်လူ ဂမ်ဒိုဂန် ကို သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။ ထိုစာချုပ်အရ ဂမ်ဒိုဂန် ဟာ (၂၀၂၃) အထိ မန်စီးတီး အသင်းမှာ ရှိနေတော့မှာလည်းဖြစ်ပါတယ်။ မန်စီးတီးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒါဘီအသင်းမှ ဂိုးသမားကြီး ကာဆန်ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ကာဆန်ဟာ ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်ကြားမှာ တူရကီကလပ် ဘာရာစပေါအတွက် ကစားပေးခဲ့တဲ့ အတွေ့အကြုံရှိပြီး ဝါရင့် ဂိုးသမားကြီးလည်း ဖြစ်တယ်။… Continue Reading →

တောင်ပံသမား ကန့် ကျန်နေခဲ့ပြီး အငှားပို့မှုတွေများခဲ့ခြင်းနဲ့ လီဗာပူးနံနက်ခင်းသတင်းများ

အပြောင်းအရွေ့ကာလ ပြီးဆုံးသွားခဲ့ချိန်မှာ လီဗာပူးကစားသမား ရိုင်ယန်ကန့်ဟာ ရန်းဂျားအသင်းထံ ပြန်လည်သွားရောက်ခြင်း မရှိတော့ပဲ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေတော့မှာပါ။ တစ်ခေတ်တစ်ခါက ပေါင် (၃၅) သန်းပမာဏနဲ့ လီဗာပူးက စံချိန်တင်ပြောင်းရွေ့ကြေး အသုံးပြုပြီး ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဟောင်း အန်ဒီကာရိုလ်းဟာ နယူးကာဆယ်အသင်းထံ Pay as you play လစာပေးချေမှုနဲ့ နယူးကာဆယ်အသင်းထံ ပြောင်းရွေ့သွားခဲ့ပါပြီ။ ကစားသမားခေါ်ယူမှု ကြီးကြီးမားမား ပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့ လီဗာပူးအသင်းကိုတော့ နောက်ခံလူဟောင်း ကလင်းဂျွန်ဆင်က ကာကွယ်ပြောကြားမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လီဗာပူးကွင်းလယ်ကစားသမားဟောင်း Don Hutchinson ကတော့ သူ့အသင်းဟောင်းဟာ… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၉-၈-၂၀၁၉၊ သောကြာနေ့)

ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ အပြောင်းအရွေ့ နောက်ဆုံးအချိန်မှာပဲ အင်တာမီလန်အသင်းထံ တရားဝင် ရောက်ရှိသွားခဲ့ပြီလို့ စီးရီးအေကလပ်က အတည်ပြုသွားခဲ့ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွေ့ကာလက နောက်ဆုံးအချိန် ဖြစ်သွာခဲ့ပြီ ဖြစ်ပေမယ့် စပိန်လာလီကာရဲ့ အပြောင်းအရွေ့က ကျန်ရှိနေသေးချိန်မှာ ရီးရဲနည်းပြ ဇီဒန်းဟာ ပေါ့ဘာကို ခေါ်ယူဖို့ အသင်းကို တွန်းအားပေးနေဆဲလို့ သိရပါတယ်။ အဲဗာတန်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ခံစစ်မှူး စမောလင်းအတွက် ပြောင်းရွေ့ကြေးကို ပေါင်သန်း (၃၀) ပမာဏကနေ လျော့ချပေးခဲ့ခြင်း မရှိပါဘူး။ အပြောင်းအရွေ့ နောက်ဆုံးအချိန်မှာပဲ အဲဗာတန်အသင်းဟာ ယူနိုက်တက်ခံစစ်ကစားသမား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!