Date

August 10, 2019

လိုဗရန်၊ ဂိုးသမားသစ် အပြောင်းအရွှေ့ ကိစ္စတွေနဲ့ လီဗာပူး သတင်းများ

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ပထမပိုင်းအတွင်းမှာပဲ မတော်တဆ ခြေချော်လဲခဲ့ကာ ဒဏ်ရာရခဲ့ပြီး ကွင်းထဲက ထွက်ခွာခဲ့ရပြီး ဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ချယ်ဆီးနဲ့ ယူအီးအက်ဖ်စူပါဖလားပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ကြောင်း ယာဂင်ကလော့ပ်က အတည်ပြုပါတယ်။ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ ပိတ်သွားပြီဖြစ်ပေမယ့် လူငယ်ကစားသမားတွေကို ချန်ပီယံရှစ်ကလပ်တွေထံ အငှားလွှတ်မှုတွေ ဆက်လုပ်ဖို့ရှိနေပါတယ်။ အကယ်ဒမီ လူငယ်ကစားသမားတွေကို ဆက်သွယ်လာတဲ့ ကလပ်အသင်းတွေနဲ့ ညိနှိုင်းမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ လီဗာပူး ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက ၄င်းကလပ်အသင်းဟောင်းဟာ ခံစစ် အနေအထား မနှစ်ကကဲ့သို့ အကောင်းဆုံး ပုံစံမှာ ရှိမနေဘဲ… Continue Reading →

ဆန်းချက်၊ တွမ်ဇီဘီတို့ရဲ့ အနာဂတ်နဲ့ ညနေခင်း နောက်ဆုံးရ မန်ယူသတင်းများ

ဒီမနက်က ယှဉ်ပြိုင်သွားတဲ့ ယူနိုက်တက် ယူ-၂၃ နဲ့ ဝက်ဘရွန်း ယူ-၂၃ အသင်းတို့ပွဲမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂိုးမက်စ်၊ ဂရင်းဝုဒ်နဲ့ နဲ့ တာဟစ်ချောင်တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ မန်နေဂျာဆိုးရှားဟာ ချယ်ဆီးနဲ့ပွဲ လူစာရင်းမှာ နေရာပေးဖို့ မထည့်ခဲ့တာဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ပြန့်နေပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားမှုတွေ ရှိထားခဲ့တဲ့ အေဂျက်ကွင်းလယ်လူ ဇီယက်ဟာ နယ်သာလန်ကလပ်မှာ ၂၀၂၂ ခုနှစ်ထိ ဆက်ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ကစားသမား ထပ်မံ မခေါ်ယူတာအတွက် ပရိသတ်များက… Continue Reading →

အပြောင်းအရွှေ့ကနေ သန်း ၂၀၀ အမြတ်ထွက်ခြင်း၊ အိုဒွိုင်း၊ အကီ၊ ဇာဟာတို့နဲ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးတောင်ပံသမား အိုဒွိုင်းဟာ လေ့ကျင့်ရေးကွင်းထဲ ပြန်လည်ခြေချလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် ကြံ့ခိုင်မှု တိုးတက်လာမှုအရ နောက်အပတ် သီတင်းပတ်ပွဲတွေမှာ ပြန်ပါလာနိုင်ဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။ ချယ်ဆီးမန်နေဂျာလမ်းပတ်က အသင်းကနေ ထွက်ခွာသွားတဲ့ လူးဝစ်ကို လေ့ကျင့်ရေး မဆင်းစေဖို့ကိစ္စက သူကိုယ်တိုင် ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး ထိပ်တိုက်တွေ့မှုတွေ မရှိခဲ့ပါပဲ ဆေးနွေးမှုတွေပဲ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ခံရတဲ့ချယ်ဆီး အသင်းက ကစားသမား ၀ယ်ယူခွင့် မရသော်လည်း ရောင်းချခြင်းကနေ စုစုပေါင်း ပေါင် သန်း ၂၀၀ နီးပါး အမြတ်ထွက်ခဲ့ပါတယ်။… Continue Reading →

နယူးကာဆယ်နဲ့ ပွဲကြို၊ ကိုစီလာနီရဲ့ အပြုအမူနဲ့ နောက်ဆုံးရ အာဆင်နယ်သတင်းတိုများ

အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ အိုဇေးနဲ့ ကိုလာစီနက်တို့ဟာ ခြိမ်းခြောက်မှုအသစ်တွေကို ရင်ဆိုင်ခဲ့ရလို့ နယူးကာဆယ်နဲ့ပွဲ ခရီးစဉ်ကို လိုက်ပါမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ မကြာသေးခင်ကပဲ လက်နက်ကိုင် ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရသေးတာပါ။ အာဆင်နယ် ကစားသမားသစ်ဖြစ်တဲ့ နီကိုးလပ် ပီပီနဲ့ တိုက်စစ်မှူး လာကာဇက်တီတို့ဟာ တနင်္ဂနွေနေ့ နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ ပွဲထွက် ကစးခွင့်ရဖို့ မဖြစ်နိုင်သေးကြောင်း နည်းပြ အူနိုင်းအမ်မရီ က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဟောင်း ကီယွန်က မနှစ်တုန်းက ယူရိုပါလိဂ်မှာ ပီပီဟာ… Continue Reading →

ဇန်နဝါရီမှာ လူခေါ်ယူခွင့်နဲ့ပက်သက်ပြီး အာမခံချက်တစ်ခု ရရှိခဲ့တဲ့ မန်နေဂျာဆိုးရှား

နွေအပြောင်းအရွှေ့မှာ မျှော်လင့်ထားသလောက် လူအင်အားဖြည့်တင်းမှုတွေ မလုပ်နိုင်ခဲ့တဲ့ မန်နေဂျာဆိုးရှားဟာ ဇန်နဝါရီနဲ့ နောက်ရာသီ နွေအပြောင်းအရွှေ့မှာ လူခေါ်ယူခွင့် ပိုမိုပြုလုပ်ပေးမယ်ဆိုတဲ့ အာမခံချက်ကို အသင်း ဘုတ်အဖွဲ့ထံက ရရှိခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနွေမှာ ဂျိမ်း၊ ဘစ်ဆာကာ၊ မက်ဂွဲရားတို့ကို ခေါ်ယူခဲ့ပြီး ကွင်းလယ်အတွက် အဲရစ်ဆန်၊ ဖာနန်ဒက်တို့ကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူကာကူကို အင်တာမီလန်အသင်းထံ လက်လွှတ်ခဲ့ရပေမယ့် အစား ပြန်လည်ခေါ်ယူမှု လုပ်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ ယူနိုက်တက်ဟာ ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာကို ခေါ်ယူဖို့… Continue Reading →

ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ခွင့်ရမယ့် ကစားသမားတွေအကြောင်း ဆိုးရှား ထုတ်ပြောလာ

တနင်္ဂနွေနေ့ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမယ့် စူပါဆန်းဒေးပွဲဖြစ်တဲ့ ချယ်ဆီးးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူးဆန်းချက် မပါနိုင်ပေမယ့် နွေရာသီ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေအပြင် ကွင်းလယ်လူ ပေါ့ဘာလည်း ပါဝင်နိုင်ကြောင်း မန်နေဂျာဆိုးရှားက ပြောဆိုလာပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာပြသနာ အနည်းငယ်ရှိနေတယ်လို့ သတင်းထွက်ထားပေမယ့် မန်နေဂျာကတော့ ပွဲထွက်ကစားမယ်လို့ အတည်ပြုပါတယ်။ ဒါ့အပြင် ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေး ပေါင်သန်း ၈၀ နဲ့ ခေါ်ယူထားတဲ့ မက်ဂွဲရားကလည်း ပွဲထွက်ပါဝင်နိုင်မယ့် မန်နေဂျာက ပြောပါတယ်။ သရဲနီမန်နေဂျာကြီးက “ အသင်းက ကစားသမားတွေအားလုံးပဲ… Continue Reading →

အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးနဲ့ ချန်ပီယံလိဂ်ရည်မှန်းချက်တွေကို ရှာခါ အသိပေးလာ

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ရှာခါက သူဟာ ကလပ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ဖို့ရာ ထိုက်တန်မှုရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ အသင်းခေါင်းဆောင် ကိုစီရယ်နီကို ပြင်သစ်ကလပ်အသင်းထံ လက်လွတ်ထားခဲ့ရပြီးနောက် တရားဝင် အသင်းခေါင်းဆောင် ရွေးချယ်ရခြင်း မရှိသေးပါဘူး။ ရှာခါက ချန်ပီယံလိဂ်ပြိုင်ကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အသင်းကို ခေါင်းဆောင်ခွင့်ရဖို့ မျှော်လင့်နေတာဖြစ်တယ်။ ရှာခါက ပြောရမှာ ” ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကို တာဝန်ယူရရင် ကျနော်ရဲ့ စွမ်းဆောင်မှုကို အသိမှတ်ပြုမှုဖြစ်ပါမယ်။ အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ဗီအဲရာနဲ့ အွန်နရီတို့ရဲ့ တာဝန်ယူမှုတွေကို ဆက်ခံနိုင်မယ့်… Continue Reading →

နော့ဝစ်ကို ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်တဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လီဗာပူးနဲ့ နော့ဝစ်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ လီဗာပူးက ၄-၁ ရလဒ်နဲ့ သုံးမှတ် စတင်ရရှိခဲ့ပါတယ်။ အိုရီဂီ၊ ဗန်ဒိုက်၊ ဆာလက်တို့က သွင်းဂိုးတွေ သွင်းယူပေးပြီး နော့ဝစ်ဘက်က OG တစ်လုံး သွင်းယူခဲ့မိတာပါ။ လီဗာပူးပရိသတ်တွေက ကလပ်အသင်းရဲ့ ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အနိုင်ရမှုကို ဦးဆောင်ပေးခဲ့တဲ့ ယာဂင်ကလော့ပ်ကို ကလပ်အသင်း ဂန္တဝင်နည်းပြတွေနဲ့ တွဲဘက်ပြီး အလံအသစ် ပြုလုပ်ပေးလိုက်ပါတယ်။ နော့ဝစ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ ဆေးဆရာဝန်က ထမ်းစင်ခေါ်ခဲ့ရတဲ့ ဂိုးသမားအယ်လီဆန်ရဲ့ ဒဏ်ရာ ပြင်းခဲ့ပုံရပြီး နောက်ဆက်တွဲအနေနဲ့ စူပါဖလားကို လွဲမယ်လို့… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၀-၈-၂၀၁၉၊ စနေနေ့)

ဒီအပတ် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ ကလပ်အသင်းတွေကနေ ထွက်ခွာသွားတဲ့ အဓိက တိုက်စစ်သမားတွေဖြစ်ခဲ့ကြတဲ့ လူကာကူ၊ ဟာဇက်တို့ မပါဝင်ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်ခံစစ်မှူးသစ် မက်ဂွဲရားက ဂန္တဝင်တွေများစွာ ပေါ်ထွက်ခဲ့တဲ့ အိပ်မက်ပြဇာတ်ရုံကြီးမှာ ပွဲထွက်ကစားဖို့ မစောင့်နိုင်လောက်အောင်ပါပဲလို့ ပြောဆိုလိုက်ပါတယ်။ မန်နေဂျာဆိုးရှားက လေ့ကျင့်ရေးမှာ မြင်ရတဲ့ မက်ဂွဲရားဟာ သူထင်ထားတာက် ပိုအရပ်မြင့်ပြီး လူကောင်ပိုကြီးတယ်လို့ မှတ်ချက်ပေးလိုက်ပြီး ချယ်ဆီးနဲ့ပွဲ ထည့်သုံးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံလိုက်ပါတယ်။ တိုက်စစ်မှူးဆန်းချက်ဟာ လေ့ကျင့်ရေးပြန်ဆင်းနေပေမယ့် အခြားသော အသင်းဖော်တွေထက် လေ့ကျင့်ရက် တစ်လလောက် နောက်ကျနေပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!