Date

August 11, 2019

ဗန်ဒိုက်၊ ဆာလက်၊ အယ်လီဆန်၊ အက်ဒရီယန်တို့နဲ့ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ နောဝစ်နဲ့ပွဲက ဒဏ်ရာအတွက် ကနဦး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ သီတင်းပတ် ၄ ပတ် ကနေ ၈ ပတ် အထိ အသင်းနဲ့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးဘက်ကတော့ အယ်လီဆန် လအတန်ကြာ နားရတာမျိုး မဟုတ်ဘဲ သီတင်းပတ် အချို့သာ နားရတာ ဖြစ်လို့ အကောင်းမြင်နေပါတယ်။ အယ်လီဆန် မကစားနိုင်ပေမယ့် ၀ါရင့် ဂိုးသမား အက်ဒရီယန်က ၄င်းနေရာကို အကောင်းဆုံး ဖြည့် ကစားပေးနိုင်လိမ့်မယ်လို့ လီဗာပူး ခံစစ်မှူး… Continue Reading →

ဂိုးပြတ် နိုင်ပေမယ့် မကျေနပ်သေးတဲ့ ပက်၊ မက်မောဖွယ် အရန်ခုံတန်းနဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ၀က်စ်ဟမ်းကို အဝေးကွင်းမှာပင် ၅ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ သူ့အသင်းဟာ ပွဲချိန် အချို့မှာ ဖြစ်ကတက်ဆန်း ကစားနေခဲ့တယ်လို့ ထောက်ပြ သတိပေးလိုက်ပါတယ်။ ၀က်စ်ဟမ်းနဲ့ ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ စတားလင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဟက်ထရစ်သွင်းတဲ့ ၈ ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ ဒါ့အပြင် ၂၀၁၀-၁၁ နောက်ပိုင်း ပထမဆုံးလည်း ဖြစ်ပါတယ်။ ပထမပွဲ အနေနဲ့ ရလဒ်ကတော့ လုံးဝ ရလဒ်ကောင်း ဖြစ်ပြီး တိုးတက်ဖို့ လုပ်စရာတွေ… Continue Reading →

ချယ်ဆီးနဲ့ ပွဲကြို၊ မက်ဂွဲရာကို ရွေးချယ်ခြင်း အကြောင်းရင်းနဲ့ မန်ယူ ညနေခင်းသတင်းများ

ချယ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်ဟာ သူ့အတွက် မန်နေဂျာဘ၀ စံပြ ဖြစ်တဲ့ မော်ရင်ညိုကဲ့သို့ ချယ်ဆီးနည်းပြ ဘ၀ ပထမဆုံး ပွဲမှာတင် မန်ယူနိုက်တက် ကို အနိုင်ယူပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ မန်ယူ လူငယ်ကစားသမားတွေဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်၊ တာဟစ်ချောင်နဲ့ ဂိုးမက်စ်တို့ဟာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက် လူစာရင်း အတွင်း ထည့်သွင်းခံခဲ့ရပြီဖြစ်ပါတယ်။ ပွဲထွက်ခွင့်ရမလားကတော့ စောင့်ကြည့်ရမှာပါ။ မန်ယူ နဲ့ ချယ်ဆီးပွဲကို မိုက်ကယ်အိုဝင်နဲ့ လော်ရိုးတို့က သရေ တစ်မှတ် ခွဲဝေယူသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်ထားကြပြီး စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ကတော့… Continue Reading →

ပွဲဦးထွက် နိုင်ပွဲရဖို့ ပစ်မှတ်ထားနေတဲ့ လမ်းပတ်၊ ပူလီဆစ်အတွက် ချီးကျူးစကား ချယ်ဆီးသတင်းတိုများ

ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းမှာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ ကိစ္စရပ်များ ကစားသမားတွေ မပြောကြားဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ စကိုင်းစပေါ့မှာ ဘောလုံးသုံးသပ်သူ အဖြစ် ပါဝင်လာပြီ ဖြစ်တဲ့ မော်ရင်ညိုက သူ့ကလပ်အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ ချယ်ဆီးနဲ့ ယူနိုက်တက် ပွဲစဉ်မှာ သုံးသပ်ပြောဆိုတော့မှာ ဖြစ်ပါတယ်။ အီဒင် ဟာဇက်က ချယ်ဆီးမှာ ဆာရီနဲ့ ကွန်တီထံ က အများကြီး လေ့လာသင်ယူခဲ့ရတယ်လို့ ၀န်ခံခဲ့ပေမယ့် သူ့ရဲ့ငယ်ဘ၀ အိပ်မက်ကတော့ ဇီဒန်းအတွက် ကစားပေးဖို့ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အပြောင်းအရွှေ့… Continue Reading →

နယူးကာဆယ်နဲ့ ပွဲ လူစာရင်း၊ ပွဲကြိုနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

နယူးကာဆယ်နဲ့ ပွဲအတွက် အာဆင်နယ်အသင်း လူစာရင်း ထွက်ပေါ်လာရာ တိုက်စစ်မှူး လာကာဇက်တီနဲ့ ကစားသမားသစ်များ မပါဝင်သေးဘဲ ရှိနေတာ တွေ့ရပါတယ်။ အသင်း ပွဲထွက် လူစာရင်းက အောက်ပါ အတိုင်းပါ။ အာဆင်နယ် ကစားသမားဟောင်းကြီး ပေါမာဆန်က အပြောင်းအရွှေ့ ပိတ်တဲ့နေ့မှာတင် ဒေးဗစ်လူးဝစ်နဲ့ တီရာနေးကို အရခေါ်ယူ နိုင်လိုက်တာက အာဆင်နယ်အတွက် ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ပြန်ဝင်ဖို့ အလားအလာကောင်းတွေ ရှိစေကြောင်း သုံးသပ် ပြောဆိုလိုက်ပါတယ်။ ” ဒေးဗစ်လူးဝစ်က အာဆင်နယ် ခံစစ် ပြဿနာတွေ… Continue Reading →

မန်ယူရဲ့ အထောင်တိုက်စစ်မှူးက ရပ်ဖိုဒ့်တော့ မဖြစ်သင့်သေးပါဘူး (ဆောင်းပါး)

နွေအပြောင်းအရွှေ့အတွင်း တိုက်စစ်မှူး လူကာကူ ထွက်ခွာသွားတဲ့နောက် ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ ချယ်ဆီးပွဲမှာ မန်နေဂျာဆိုးရှားရဲ့ အထောင်တိုက်စစ်နေရာက အသုံးပြုမှုက မာရှယ်ဖြစ်သင့်လား၊ ရပ်ဖိုဒ့်ဖြစ်သင့်လားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေတဲ့ အနေအထားဖြစ်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ လွဲချော်ထားတဲ့ ယူနိုက်တက်ကို ဒီရာသီမှာ ထိပ်သီးလေးသင်းထံ ပြန်ပို့ဖို့ရာ တိုက်စစ်သမားတွေက အဓိကကျလာမှာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ရပ်ဖိုဒ့်ကလည်း အဓိက ကစားသမား ဖြစ်လာနိုင်တာပါ။ အဓိကအားဖြင့်ကတော့ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပွဲ ၃၃ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခြင်းထက် တစ်ရာသီ… Continue Reading →

ဂိုးသမားသစ် ရှာဖွေနေခြင်းနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဂိုးသမားအယ်လီဆန် နှစ်လလောက်ထိ အနားယူရနိုင်ကြောင်း သတင်းတွေ ထွက်နေတဲ့အပြင် လီဗာပူးဟာ ဈေးကွက်ထဲမှာ ခေါ်ယူလိုရမယ့် ဂိုးသမားသစ်ပါ ရှာဖွေနေတယ်လို သိရပါတယ်။ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကတော့ ဘလွန်းဒီအော့ဆုအတွက် ရွေးချယ်ခံရရင် ဂုဏ်ယူမိမှာဖြစ်ပေမယ့်လို့ မရရင်လည်း ဆက်လက်ပြီး ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ လီဗာပူးလူငယ်တွေဖြစ်တဲ့ ဘရူးစတားနဲ့ အီလီယက်တို့ဟာ ယူ-၂၃ အသင်းအတွက် ပါဝင်ကစားခဲ့ကြပေမယ့် ၄-၀ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် နှစ်ဦးလောက်ကို ခေါ်ယူဖို့ စကားပြောမှုတွေ လုပ်ခဲ့တယ်လို့ ယာဂင်ကလော့ပ်က ဝန်ခံပါတယ်။ ဒါပေမယ့် အေးဂျင့်တွေနဲ့… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၁-၈-၂၀၁၉၊ တနင်္ဂနွေနေ့)

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက သူဟာ ကလပ်အသင်းအတွက် ဒီရာသီမှာ အပြည့်အဝ အားထုတ်ပေးမှာဖြစ်ကြောင်း မန်နေဂျာဆိုးရှားကို ကတိပေးထားတယ်လို့ သိရပါတယ်။ မန်နေဂျာအိုလီက ယူနိုက်တက်ဟာ ခိုင်မာတဲ့ ခံစစ်လေးယောက်တန်းနဲ့ ဂိုးသမားဒီဂီယာတို့ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်လို့ တိုက်စစ်မှာ သွင်းဂိုးတွေအတွက် အခွင့်အရေး ဖန်တီးမှုတွေကို ပိုစိတ်ချစွာ လှုပ်ဆောင်နိုင်ပြီလို့ ပြောဆိုပါတယ်။ ယူနိုက်တက်နဲ့ သတင်းတွေထွက်ခဲ့မှုအပေါ် အနည်းငယ် အံ့သြသင့်ခဲ့ရတယ်လို့ ဗီလာကွင်းလယ်လူ John McGinn ကပြောပါတယ်။ ဆာအဲလက်စ်က သူ့ကို ခေါ်ယူဖို့ ကလပ်အသင်းကို အကြံပေးခဲ့ကြောင်း သတင်းတွေ ထွက်လာခဲ့တာပါ။ ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ဖို့ဒ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!