Date

August 12, 2019

အိုထရက်ဖိုဒ့် ခံတပ် ဖြစ်စေမယ် ဆိုတဲ့ မက်ဂွဲရား၊ ပေါ့ဘာပေးတဲ့ နာမည်ပြောင်တို့နဲ့ မန်ယူ ညနေခင်းသတင်းများ

မန်ယူအသင်းဟာ မိုနာကိုအသင်းမှ ခြေစွမ်းထက် လူငယ် Hannibal Mejbri ကို ပြောင်းရွှေ့ကြေး ပေါင် ၉ သန်း သုံးကာ ခေါ်ယူခဲ့ပြီး လူငယ်အသင်းများနဲ့ အတူ အကယ်ဒမီမှာ ဆက်လက် ပျိုးထောင်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်သား Mejbri ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ ခြေစွမ်းပြကာ လူသိများလာခဲ့သူပါ။ မန်ယူ ကွင်းလယ်လူ ပေါ့ဘာကတော့ ပထမဆုံး ပွဲထွက်ကစားတဲ့ ပွဲမှာတင် ခြေစွမ်းပြခဲ့တဲ့ ကလပ်အသင်းရဲ့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးရှင် ခံစစ်မှူး မက်ဂွဲရားအား သားရဲကြီးအဖြစ်… Continue Reading →

အိုဇေးလ်ကို လက်လွှတ်ဖို့ စီစဉ်နေခြင်း၊ အူဘာရဲ့ ရည်မှန်းချက်၊ ဆီးဘယ်လော့ ဝေဖန်ခံရခြင်းနဲ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ နယူးကာဆယ်ကို စိန့်ဂျိမ်းပါ့ခ်မှာ သွားရောက်ရင်ဆိုင်ပြီး အူဘာမီးယန်းရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုကိုလည်း အူဘာမီးယန်းကပဲ ရရှိခဲ့တာပါ။ ဒီရာသီ ရွှေဖိနပ်ဆု အတွက် မျှော်လင့်ထားလား ဆိုတဲ့ အမေးကို အူဘာမီးယန်းက တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဒါက စိတ်ထဲမှာ အမြဲရှိတယ်လို့ ၀န်ခံလိုက်ပြီး အသင်း နိုင်ပွဲရဖို့ကတော့ အရေးကြီးဆုံး ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါက နယူးကာဆယ်ကို နိုင်တဲ့ပွဲဟာ… Continue Reading →

ပရီးမီးယားလိဂ် အဖွင့်ပွဲပြီး နောက်ဆက်တွဲများနဲ့ ချယ်ဆီး သတင်းတိုများ

လမ်းပတ်ရဲ့ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ အဖွင့် မလှခဲ့ဘဲ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၄-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ပထမပိုင်း ကစားပုံက ကောင်းမွန်ခဲ့ပေမယ့် သွင်းဂိုးတွေရအောင် လုံလောက်ခဲ့ခြင်း မရှိပါဘူး။ ချယ်ဆီးအသင်း ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း ပွဲကြည့်စင်ဘက်က ချယ်ဆီး ပရိသတ်များဆီမှ Super Frankie Lampard လို့ သံပြိုင် အားပေးသံများ ညံနေဆဲ ဖြစ်ကာ လမ်းပတ်ကို ထောက်ခံ အားပေးခဲ့ကြပါတယ်။ ချယ်ဆီး လက်ထောက်နည်းပြဟောင်း ဇိုလာက ပြီးခဲ့တဲ့ရာသီမှာ ဆာရီနဲ့… Continue Reading →

စူပါကပ် ယူဖို့ ပစ်မှတ်ထားနေတဲ့ ရော်ဘတ်ဆန်၊ ဂိုမက်ဇ်ကို ထောက်ခံတဲ့ ဗန်ဒိုက်နဲ့ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူးရဲ့ နောဝစ်ခ်ျနဲ့ ပွဲစဉ်မှာ ဂိုမက်ဇ်က ဗန်ဒိုက်နဲ့ တွဲဖက် ပွဲထွက်လာတဲ့ အပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့ပြီး ဗန်ဒိုက်ကတော့ ဂိုမက်ဇ်ဟာ ကစားသမားကောင်း ဖြစ်ပြီး အများကြီး တိုးတက်လာဦးမယ့် သူ ဖြစ်ကြောင်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။ လီဗာပူး ဘယ်စွန်ကစားသမား အန်ဒီရော်ဘတ်ဆန်က ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် အသင်းဟာ ယခင် ဗိုလ်စွဲဖို့ လိုက်လံဖိအားပေးရတဲ့ အသင်း ဖြစ်ပေမယ့် ဒီနှစ်မှာ အခြားအသင်းတွေက အမှီလိုက် ဖိအားပေးခံရတဲ့ အသင်း ဖြစ်လာတာကြောင့် ခံစားမှု အသစ် ဖြစ်နေတယ်လို့… Continue Reading →

နဗီးလ် ထုတ်ဖော်ချီးကျူးလိုက်တဲ့ မက်ဂွဲရားရဲ့ ထိပ်တန်းအရည်အချင်း ၇ ရပ်

တနင်္ဂနွေညက ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ မန်ယူအသင်းဟာ ပွဲဦးထွက် အဖြစ် ကြီး ၆ ကြီးထဲက ပြိုင်ဘက် ချယ်ဆီးအသင်းကို ၄ – ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထို ပွဲစဉ်မှာ ဗဟိုနောက်ခံလူ မက်ဂွဲရားရဲ့ ထိပ်တန်းအဆင့် အရည်အသွေး ၇ ရပ်ကို မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့် ခံစစ်မှူး မက်ဂွဲရားဟာ ပြီးခဲ့တဲ့အပတ်ကမှ ခံစစ်မှူး တစ်ယောက် အတွက် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း… Continue Reading →

အီတလီသို့ အငှားထွက်ဖို့ နီးစပ်လာတဲ့ ဆန်းချက်

မန်ယူအသင်းမှာ ခြေစွမ်းပြဖို့နဲ့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ချီလီသား တောင်ပံတိုက်စစ်မှူး ဆန်းချက်ဟာ အိုးထရက်ဖို့ဒ် ကို စွန့်ခွာပြီး အီတလီသို့ ပြန်သွားဖွယ် ရှိလာပါတယ်။ ဆန်းချက်က ရိုးမားထံ ပြောင်းဖို့ သတင်းထွက်လာပါပြီ။ ဆန်းချက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်ကနေ မန်ယူအသင်းထံ မစ်ခီတာရန်နဲ့ အလဲအလှယ်လုပ်ပြီး ရောက်လာခဲ့သူပါ။ ၄င်းက ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားဖြစ်ပေမယ့် မန်ယူမှာတော့ ရုန်းကန်နေရပြီး သူ့ခြေစွမ်းကို ပရိသတ်တွေကလည်း စိတ်ပျက်နေကြ ပါတယ်။ ဆန်းချက်က ၄င်းရဲ့ ပထမရာသီဝက်ရော ဒီရာသီမှာရောပါ… Continue Reading →

အိုထရတ်ဖိုဒ့်ကွင်းမှ ဖခင်တစ်ဦးထံ သားတစ်ယောက်ရဲ့ လွမ်းဆွတ်မှုအကြောင်း

ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းဟာ လူစားဝင်ကစားခွင့်ရတဲ့ သရဲနီကစားသမားဘဝ ပထမဆုံးပွဲမှာပဲ သူ့ရဲ့ ပထမဆုံ ပရီးမီးယားလိဂ် သွင်းဂိုးသွင်းယူခဲ့ပြီးနောက် အဓိပ္ပာယ်တွေပါတဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်က ချယ်ဆီးကို ၄-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ နောက်ဆုံးသွင်းဂိုးကို ဂျိမ်းက သွင်းယူခဲ့တာဖြစ်တယ်။ ဆွမ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဖခင်ဖြစ်သူ ဦးဆောင်ပြီး ဆွေးနွေးနေခဲ့စဉ်မှာပဲ ဂျိမ်းရဲ့ ဖခင်ဟာ မမျှော်လင့်ပဲ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဖြစ်စေချင်ခဲ့တဲ့ အိပ်မက်ကို ဖြစ်မြောက်အောင် အကောင်အထည့်ဖော်ပြမယ်လို့ ကတိပေးခဲ့တဲ့ ဂျိမ်းက သူ့ရဲ့ သွင်းဂိုးနဲ့ ပက်သက်ပြီး ဖခင်ဖြစ်သူကို… Continue Reading →

စိန်ခေါ်သူစာရင်းထဲ လီဗာပူးကို ထည့်ခဲ့ခြင်း၊ အိုရီဂီ၊ အတ်ဒရီယန်တို့နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးနဲ့ နော်ဝစ်နိုင်ပွဲအပြီး အသင်းပိုင်ရှင် ဂျွန်ဟင်နရီဟာ မန်နေဂျာယာဂင်ကလော့ပ်ကို အဝတ်လဲခန်း အပြင်ဘက်မှာ လာစောင့်ပြီး နုတ်ဆက်ခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူးဆာလက်ဟာ သူ့ကို တွေ့ဆုံဖို့ ကြိုးစားရင်း ဓါတ်တိုင်နဲ့ ပြေးဆောင့်မိတဲ့ လူငယ်လေး ဖောင်လာကို ကိုယ်တိုင် လာထူခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ပေးခဲ့ပါတယ်။ လီဗာပူးဟာ ဈေးကွက်ထဲမှာ တိုက်စစ်သမားသစ်တွေ ခေါ်ယူခွင့်ရခဲ့ပေမယ့် ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ ပွဲထွက်ခွင့်ကို ထိခိုက်စေနိုင်တာကြောင့် မခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်နိုင်ကြောင်း စကိုင်းစပေါ့မှ ဂယ်ရီနဗီးက သုံးသပ်သွားပါတယ်။ လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့က နော်ဝစ်နဲ့ပွဲမှာ အသင်းဟောင်းမှ ကစားသမားတွေ… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၂-၈-၂၀၁၉၊ တနင်္လာနေ့)

ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ မာရှယ်၊ ရပ်ဖိုဒ့် (၂ ဂိုး)၊ ဂျိမ်းတို့ရဲ့ သွင်းဂိုတွေနဲ့အတူ ၄-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲကို နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်လည်း တက်ရောက်ကြည့်ခဲ့ပြီး ရလဒ်ကို ကျေနပ်နေဟန်ရှိပါတယ်။ ချယ်ဆီးကို ၄ ဂိုးပြတ် အနိုင်ရခြင်းဟာ မန်နေဂျာ Matt Busby လက်ထက် ၁၉၆၅ ခုနှစ်မှာ အဆင့်မြင့်တန်းအတွင်း လန်ဒန်ကလပ်ကို ၄-၀ အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ဂိုးအပြတ်ဆုံး နိုင်ပွဲလည်း ဖြစ်လာပါတယ်။ အိုထရတ်ဖိုဒ့်မှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!