Date

August 16, 2019

လူးဝစ်၊ မီခီတာရန်၊ ဂန်းနားပရိသတ် အဖွဲ့နဲ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် ခံစစ်မှူးဟောင်း ဝင်းတားဘန်းက အသင်းမှာ ခြေစွမ်း မပြသနိုင်ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား မီခီတာရန်ကို အပြောင်းအရွှေ့ မပိတ်မှီ မဖြစ်မနေ ရောင်းထုတ်ဖို့ နည်းပြ အမ်မရီအား တိုက်တွန်းလိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ အတွေ့အကြုံရှိ ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ရောင်းချခဲ့ပေမယ့် ထိုအတွက် နောင်တ ရနေမယ် မထင်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ပီတစ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။ ဒီစီယူနိုက်တက်ရဲ့ ချိတ်ဆက်နေမှုကြောင့် အာဆင်နယ်ကနေ ထွက်ခွာဖွယ် ရေပန်းစားလာတဲ့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်နဲ့ ပတ်သတ်ပြီး… Continue Reading →

စိန့်နဲ့ ပွဲကြို ရှင်းလင်းပွဲ၊ ဒဏ်ရာရ ကစားသမားများနဲ့ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူးအသင်းဟာ ဆောက်သမ်တန်ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ပြုလုပ်ခဲ့ပြီး မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ အသင်းရဲ့ ဂိုးသမား အတ်ဒရီယန် ပါဝင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ စူပါဖလားပွဲ အပြီးမှာ လီဗာပူးပရိသတ်တစ်ဦး ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံရာက ချော်လဲခဲ့ကာ အတ်ဒရီယန်ရဲ့ ခြေကျင်းဝတ်ကို မတော်တဆ ကန်ခဲ့မိတာကြောင့် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ ယာဂင်ကလော့ပ်က ” ကျနော်တို့ရဲ့ အားပေးသူတွေကို ချစ်ပါတယ်။ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် ကွင်းထဲ ဝင်အားပေးတာကို ရပ်ဖို့လိုတယ်။ ” လို့ အက်ဒရီယန် ဒဏ်ရာရစေခဲ့တဲ့… Continue Reading →

ဒီနှစ် ဆိုးရှား အားကိုးရမယ့် တိုက်စစ်မှူး၊ အိုးထရက်ဖို့ အဆင့်မြှင့်ခြင်းနဲ့ မန်ယူ ညနေခင်းသတင်းများ

ယူနိုက်တက်ဟာ ရာသီကြိုကာလမှာ အိုးထရက်ဖို့ဒ်ကို ပေါင် သန်း ၂၀ ပရောဂျက်နဲ့ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ၄င်းတို့က ပရိသတ်တွေ သက်တောင့်သက်သာ အဆင်ပြေပြေ ကြည့်ရှုနိုင်ဖို့ နေရာလွတ်များ တိုးချဲ့ခြင်း၊ မသန်စွမ်း ပရိသတ်တွေ အတွက် စီစဉ်မှုများ ထည့်သွင်းခြင်းတို့ လုပ်ဆောင်ထားတာပါ။ ဆန်းချက်ဟာ ဒီနွေ အစောပိုင်းက အသင်းပြောင်းလိုတယ် သတင်းထွက်ခဲ့ပေမယ့် ဆိုးရှားကတော့ ဆန်းချက်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက် နေလိုနေတယ်လို့ အတည်ပြုပြောဆိုပါတယ်။ မန်ယူကစားသမားဟောင်း ဂျာနူဇက် ဟာ သူ့အနေနဲ့ အိုးထရက်ဖို့မှာ… Continue Reading →

လီဗာပူးကနေ ၁၂ လအတွင်း ဆာလက် ထွက်သွားမယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုလာတဲ့ နဗီး

Sky Sports ရုပ်သံရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးက တိုက်စစ်မှူးဆာလက်ဟာ ၁၂ လအတွင်း လီဗာပူးအသင်းကနေ ထွက်ခွာသွားမယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရိုးမား အသင်းကနေ လီဗာပူးကို ပေါင် ၃၆ သန်းနဲ့ ပြောင်းရွေ့လာခဲ့တဲ့ ဆာလက်ဟာ လီဗာပူးအသင်းမှာ နှစ်ရာသီကြာကစားခဲ့ပြီး နှစ်ရာသီလုံးမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ရခဲ့ပါတယ်။ လီဗာပူးက ဒီရာသီမှာ ကစားသမား ခေါ်ယူမှုကြီးတွေ မရှိခဲ့သလို အဓိက ကစားသမားတွေကိုလည်း ရောင်းထုတ်ခဲ့ခြင်း မရှိပါဘူး။ နဗီးက ‘ ဆာလက်ဟာ… Continue Reading →

ဒီဂီယာ မဟုတ်တဲ့ မန်ယူ အနာဂတ်အသင်းခေါင်းဆောင်ကို ထုတ်ပြောလိုက်တဲ့ သရဲနီဟောင်းကြီး

သရဲနီဟောင်းကြီး ပါလစ္စတာက ယူနိုက်တက်ရဲ့ အနာဂတ် အသင်းခေါင်းဆောင်ဟာ အခြားသူမဟုတ်ပဲ ကလပ်အသင်းရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခြင်း ခံထားရတဲ့ မက်ဂွဲရား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ယူနိုက်တက်နဲ့ ပွဲဦးထွက်ဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ပြိုင်ဘက် တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ခံစစ်ကို ဦးဆောင်ခဲ့တဲ့ မက်ဂွဲရားဟာ အသင်းနည်းပြ၊ အသင်းဖော်တွေ၊ ကစားသမားဟောင်းတွေနဲ့ ကလပ်အသင်း နည်းပြဟောင်းတွေရဲ့ ချီးကျူးခြင်းတွေကို ပိုင်ဆိုင်နေသူပါ။ မက်ဂွဲရားကို ချီးကျူးမှုမှာ နောက်ဆုံးပါဝင်လာတဲ့ ပါလစ္စတာကတော့ ကလပ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားများစွာ အနိုင်ရဖူးတဲ့… Continue Reading →

ဆောက်သမ်တန်နဲ့ပွဲကို အာရုံစိုက်လာကြခြင်းနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဂါလာတာစာရေးက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် လီဗာပူးတိုက်စစ်သမား ရှာကွီရီက လက်ရှိကလပ်အသင်းမှာပဲ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ အစီအစဉ် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၉ အတွက် ယူအီးအက်ဖ်အေ အကောင်းဆုံး ကစားသမားဆုအတွက် နောက်ဆုံး ဆန်ကာတင် သုံးဦး မှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ အတူ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်လည်း ပါဝင်နေပါတယ်။ ဆုရရှိသူကိုတော့ ချန်ပီယံလိဂ် မဲခွဲပွဲ ကျင်းပမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ကြေငြာသွားမှာပါ။ ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟော့က ဒီတပတ် ၄င်းတို့နဲ့… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၆-၈-၂၀၁၉၊ သောကြာနေ့)

မန်ယူအသင်းက ရောင်းချလိုနေသလို ဥရောပ ကလပ်တွေကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆန်းချက်ဟာ မန်ယူ ကိုစွန့်ခွာဖို့ ငြင်းပယ်လိမ့်မယ်လို့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ ပြီးခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ပေါ့ဘာကို မန်ယူ အသင်းမှာ ဆက်ထိန်းထားလိုနေတဲ့ ဆိုးရှားရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ဘာဘာတောဗ့်က ထောက်ခံပြောကြားသွားခဲ့ပါတယ်။ မန်ယူ ဂိုးသမား ဒီဂီယာ ပုံမှန်လက်စွမ်းတွေ ပြန်လည်ရရှိနေမှုကြောင့် လူငယ်ဂိုးသမားတွေ ဦးစားပေးပွဲထွက်ခွင့်အတွက် အငှါးထွက် ကစားနေခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူ တိုက်စစ်အတွဲ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!