Month

September 2019

ဆွာရက်စ်ကို လီဗာပူးအသင်း ပြန်ခေါ်ယူမယ်ဆိုတဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်လာ

လီဗာပူးအသင်းဘက်က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့နောက် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်စ်ကလည်း ပရီးမီးယားလိဂ်ကလပ်ကို ပြန်လာလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဆိုးရွားစွာ စတင်နေတဲ့ ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၇ ပွဲမှာ သုံးပွဲပဲ အနိုင်ရထားတာပါ။ ဆွာရက်စ်ဟာ မက်ဆီနဲ့ တွဲဘက်ပြီး ဘာစီလိုနာရဲ့ အကောင်းဆုံး တိုက်စစ်သမားတစ်ဦးအဖြစ် ဆက်ရှိနေပေမယ့် ဒီရာသီစတင်ကတည်းက အဖွင့်ပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်နေရတာပါ။ စပိန်သတင်းတွေမှာတော့ ဥရုဂွေးတိုက်စစ်သမားဟာ ဘာစီလိုနာမှာ ဦးစားပေးမခံရဖြစ်နေတဲ့ အနေအထားနဲ့ သူ့အပေါ် ဆက်ဆံမှုတွေကို မပျော်မရွှင်ဖြစ်နေတယ်လို့ ဖော်ပြနေကြပြီး… Continue Reading →

နွေမှာ စာချုပ်ကုန်မယ့် မီလ်နာကို သက်တမ်းတိုးမလား ဖြေဆိုပေးလာတဲ့ ယာဂင်ကလောပ့်

လီဗာပူးမန်နျော ယာင်ကလော့ပ်က မီလ်နာကို သက်တမ်းတိုးဖို့ ကလပ်အသင်းဘက်က ကြိုးစားနေတယ်လို့ ထုတ်ပြောခဲ့ခြင်း မရှိပေမယ့် သူ့ကို အသင်းမှာ နှစ်အနည်းငယ် ဆက်ရှိနေစေချင်တယ်လို့ ပြောဆိုလာခဲ့ပြီဖြစ်ပါတယ်။ ဒီနွေမှာ လီဗာပူးနဲ့ စာချုပ်ကုန်တော့မယ့် မီလ်နာဟာ Bosman စည်းမျဉ်းအရ ဇန်နဝါရီမှာပဲ အခြားသော ကလပ်တွေနဲ့ စကားပြောခွင့်ရတော့မှာဖြစ်ပါတယ်။ ကလော့ပ်ကတော့ မီလ်နာကို နှစ်သက်သူဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကစားသမားကို နေရာစုံသုံးနိုင်မှုအရ ဆက်ထိန်းထားဖို့ အလိုရှိနေတာပါ။ ယာဂင်ကလော့ပ်က “ မီလ်နာက ကျနော်တို့အတွက် အရမ်းပဲ အရေးပါပါတယ်။ သူက… Continue Reading →

ပူလာဆစ် ချယ်ဆီးကနေ ထွက်သွားဖို့ မစဉ်းစားသင့်တဲ့အကြောင်း ကလပ်ကစားသမားဟောင်း ထုတ်ပြော

မန်နေဂျာလမ်းပတ် လက်အောက်မှာ ပုံမှန်နေရာမရဘူးဆိုရင်တောင် ပူလာဆစ်အနေနဲ့ လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ မစဉ်းစားသင့်ကြောင်း ကလပ်အသင်း ကွင်းလယ်ကစားသမားဟောင်း Craig Burley က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးတောင်ပံတိုက်စစ်သမားဟာ ကလပ်အသင်းမှာ နေရာမရဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသူပါ။ အမေရိကန် လက်ရွေးစင်ဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ရှက်ဖီးအသင်းနဲ့ပွဲအတွင်း ပါဝင်ကစားခဲ့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲ လုံးဝ မကစားထားရဘူး။ ဒါကြောင့် သူ့ရဲ့ အနာဂတ်က မေးခွန်ထုတ်စရာ ဖြစ်လာနေခဲ့ပြီး Craig Burley ကတော့ ရာသီကုန်ထိ အနေအထားတွေကို စိတ်ရှည်ရှည် စောင့်ဖို့… Continue Reading →

အာဆင်နယ် အသင်းသားတစ်ဦးနဲ့ ပက်သက်ပြီး အမ်မရီနဲ့ ဆန့်ကျင်နေတဲ့ အင်္ဂလန်လက်ရွေးစင်

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြအဖွဲ့ဝင်တွေကတော့ ဒီရာသီမှာ အာဆင်နယ်မန်နေဂျာ အမ်မရီ ပြောင်းလဲအသုံးပြုမှုအရ ညာအစွန်ကစားသမားအဖြစ် ပြောင်းလဲအသုံးပြုနေတဲ့ မစ်လန်နေးကို ကွင်းလယ်သမားတစ်ဦးအဖြစ်ပဲ ရှုမြင်သွားမယ်လို့ သိရပါတယ်။ မစ်လန်နေးဟာ နေရာသစ်မှာတော့ ရုန်းကန်ရမှုတွေ ရှိနေတာဖြစ်ပြီး နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရသူဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဘယ်လာရင် မရှိချိန်မှာ ညာအစွန်နေရာကို တာဝန်ယူနေရသူဖြစ်ပေမယ့် ဂန်းနားအကယ်ဒမီထွက် ကစားသမားဟာ ခံစစ်ပိုင်း တာဝန်တွေကို အကောင်းဆုံး ရယူပေးနိုင်ခြင်း မရှိပါဘူး။ မစ်လန်နေးကတော့ သူ့အပေါ် ဝေဖန်ပိုင်းခြားမှုတွေက တရားမျှတခြင်း… Continue Reading →

တိုက်စစ်မှူး ရှားပါခြင်းကြောင့် ဇန်နဝါရီမှာ အရေးပေါ် ခေါ်ယူမှုတစ်ခု ပြုလုပ်ဖို့ မန်ယူဘက်က စီစဉ်နေ

မန်ယူဟာ ကလပ်အသင်းမှာ တိုက်စစ်မှူး ပြတ်လှပ်တဲ့ ပြသနာဖြစ်နေမှုကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မူဆာဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေကြောင်း ဖော်ပြမှုတွေ ထွက်ပေါ်လာနေပါတယ်။ မန်ယူအသင်းဟာ အပြောင်းအရွှေ့ ပိတ်သွားပေမယ့် လိုင်ယွန်ကြယ်ပွင့် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မန်ယူအသင်းစိတ်ဝင်စားနေတဲ့ ဒမ်ဘီလီဟာ လိုင်ယွန်အသင်းမှာ ခြေစွမ်းကောင်းမွန်ခြင်းကလည်း အရေးပေါ် ခေါ်ယူမှုအတွက် ကလပ်အသင်း တာဝန်ရှိသူတွေကို စိတ်ဝင်စားစေတာဖြစ်တယ်။ မန်ယူဟာ တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းနဲ့… Continue Reading →

လီဗာပူးမှာ သူလုပ်ခဲ့တဲ့ အကောင်းဆုံး ကစားသမားခေါ်ယူမှု ကလော့ပ် ဖွင့်ဟ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဗဟိုခံစစ်မှူး ဂျိုဝယ် မာတစ်ကို ခေါ်ယူလိုက်တကာ လီဗာပူးကို ရောက်တည်းက သူ ပြုလုပ်ခဲ့တဲ့ ကစားသမားခေါ်ယူမှုတွေမှာ အကောင်းဆုံးထဲ ပါဝင်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ကင်မရွန်းလက်ရွေးစင် ကစားသမားဟာ ဘွန်ဒစ်လီဂါကလပ် ရှော်လ်ကေးကနေ လီဗာပူးအသင်းထံ ၂၀၁၆ မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိခဲ့တာပါ။ မာတစ်ဟာ ပြီးခဲ့တဲ့ရာသီ တောက်ပခဲ့တဲ့ လီဗာပူးအသင်း အောင်မြင်မှုတွေထဲ သိပ် ချီးကျူးခံရသူ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီ အစမှာ စတုတ္ထ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ် ရှိခဲ့တဲ့… Continue Reading →

မန်ယူကို တဆင့်မြင့်စေမယ့် ကစားသမားကို ထောက်ပြပြီး ခေါ်ယူဖို့ပါ တိုက်တွန်းလိုက်တဲ့ သရဲနီဟောင်းကြီး

မန်ယူအသင်း ခံစစ်သမားဟောင်းကြီး ဂယ်ရီ ပေါလစ်စတာက လက်စတားအသင်း ကွင်းလယ်လူ မတ်ဒီဆန်ဟာ အသင်းဟောင်းကို နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိအောင် ကူညီပေးနိုင်မယ့် ကစားသမားပါလို့ ထောက်ပြမှု လုပ်လာခဲ့ပါတယ်။ နွေတုန်းက မန်ယူအသင်းနဲ့ သတင်းထွက်ခဲ့ပြီး ဒီရာသီ လက်စတာမှာ အထူးခြေစွမ်းပြနေတဲ့ မတ်ဒီဆန်ကို ပေါလစ်စတာက အတော်လေး နှစ်သက်နေတာပါ။ သူကတော့ ဝက်ဟမ်နဲ့ Rochdale ပွဲတွေမှာ မြင်ရတဲ့ ခြေစွမ်းတွေအရ အသင်းဟောင်းဟာ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပြီး ဒီအတွက်လည်း မတ်ဒီဆန်က အဖြေဖြစ်နိုင်တယ်လို့ ယူဆနေတာဖြစ်တယ်။ သူက… Continue Reading →

ချယ်ဆီးဟာ လူမုန်းများတဲ့ အသင်းအဖြစ်ကနေ ချစ်ခင်ခြင်းခံရတဲ့အသင်း ဖြစ်လာတဲ့ အကြောင်းရင်း

ချယ်ဆီးအသင်းကို အေဘရာမိုဗစ် ပိုင်ဆိုင်ပြီးနောက်ပိုင်း အင်္ဂလန်မှာ ဆုဖလားအနိုင်ရမှု အများဆုံးအသင်းဟာ ချယ်ဆီးအသင်းဖြစ်သလို ကလပ်အသင်းဟာလည်း ပရီးမီးယားလိဂ်မှာတော့ လူမုန်းများတဲ့ ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့တာပါ။ အပြောင်းအရွှေ့တွေမှာ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်မှုအပြင် မနှစ်က နွေမှာ ကစားသမား ၄၁ ဦးထိ အငှားချနိုင်မှုတွေဟာ ချယ်ဆီးရဲ့ လူစာရင်းတောင့်တင်းမှုတွေကို မြင်သာစေခဲ့တယ်။ ဒါပေမယ့်လို့ ဒီရာသီမှာ အပြောင်းအရွှေ့ ပိတ်ခံရရာက ချယ်ဆီးအပေါ်ထားတဲ့ ပြိုင်ဘက်တွေရဲ့ သဘောထားဟာ ပြောင်းလဲလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ကာရာဘောင်းပွဲမှာ ပွဲထွက်ကစားသမားများအနက် ၁၀ ဦးဟာ… Continue Reading →

ကလော့ပ် သတင်းပေးခဲ့တဲ့ မာနေး၊ အယ်လစ်ဆန်၊ အိုရီဂီတို့ ဒဏ်ရာ အခြေအနေများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီတပတ် ရှက်ဖီးယူနိုက်တက်နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပြီ ဖြစ်ပြီး မာနေး၊ အယ်လစ်ဆန်၊ အိုရီဂီတို့ရဲ့ နောက်ဆုံး ဒဏ်ရာ အခြေအနေများကိုလည်း သတင်းပေးခဲ့ပါတယ်။ မာနေးနဲ့ အိုရီဂီတို့ဟာ ရှက်ဖီးနဲ့ ပွဲမတိုင်ခင်မှာပဲ ပုံမှန် အနေအထား ပြန်ရောက်နေပြီ ဖြစ်ကာ ဂိုးသမား အယ်လစ်ဆန်ကလည်း တနင်္ဂနွေတည်းက ထရိန်နင်မှာ ပြန်ဝင်တော့မှာ ဖြစ်ပါတယ်။ မာနေးဟာ ဒီစနေ ရှက်ဖီးနဲ့ပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု အပြည့်နဲ့ အသင့် ဖြစ်နေပါပြီ။ ၄င်းက ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ပွဲမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!