Date

September 1, 2019

လီဗာပူးခံစစ် ဂိုးပေးနေရလို့ မေးခွန်းထုတ်ခံရခြင်းကို အကောင်းဆုံး တုန့်ပြန်လိုက်တဲ့ ဗန်ဒိုက်

ပရီးမီးယားလိဂ် ရာသီသစ်မှာ ပထမဆုံးအကြိမ်အဖြစ် ဘန်လေနဲ့ အဝေးကွင်းမှာမှ clean sheet ရခဲ့တာကြောင့် လီဗာပူးခံစစ် တည်ငြိမ်မှုအပေါ် မေးခွန်းထုတ်နေမှုနဲ့ ပက်သက်ပြီး ဗန်ဒိုက်က အကြောင်းပြန်မှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးခံစစ်ဟာ မနှစ်ကလောက် တည်ငြိမ်မှုမရှိဘူးလို့ ဘောလုံးသုံးသပ်သူ အများအပြားက မေးခွန်းထုတ်နေခဲ့ကြတယ်။ ဘန်လေနဲ့ ပွဲအပြီးမှာတော့ ကလပ်အသင်း ဂန္တဝင်ကြီး ကာရေဂါက အသင်းရဲ့ခံစစ်က မနှစ်ကလို တောင့်တင်းမှု ရှိမနေခဲ့တာ ဘာကြောင့်လည်းလို့ မေးခွန်းထုတ်ခြင်းကို ပွဲအပြီး အင်တာဗျူးမှာ ဗန်ဒိုက်က ဖြေဆိုခြင်း ဖြစ်ပါတယ်။ ကာရေဂါက ” အာဆင်နယ်နဲ့ပွဲမှာ… Continue Reading →

စံချိန်သစ်နဲ့ ပျော်ရွှင်နေတဲ့ ကလော့ပ်၊ ဒန်ကန်၊ ဗန်ဒိုက်၊ ဖာဘင်ညိုတို့နဲ့ လီဗာပူး ညနေခင်းသတင်းများ

Zawgyi – ဘန်လေကို နိုင်တဲ့ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ကလပ်စံချိန်သစ် တစ်ခု အဖြစ် အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး ၁၃ ပွဲဆက် လိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး ကလော့ပ်က အလွန် ကျေနပ်ပျော်ရွှင်နေပါတယ်။ ဒီရာသီ ပထမဦးဆုံး clean sheet ၊ ကလပ်စံချိန်တင် နိုင်ပွဲဆက် မှတ်တမ်း၊ ပရီးမီးယားလိဂ်ရဲ့ ရာနှုန်းပြည့် နိုင်ပွဲတို့ဟာ လီဗာပူးကို အမှတ်ပေး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်စေခဲ့ ပါတယ်။ မာနေးဟာ ကွင်းထဲကနေ ဒေါသတကြီး ထွက်လာခဲ့ပြီး အရန်ခုံမှာ… Continue Reading →

ရှက်ဖီးနဲ့ သရေပွဲ နောက်ဆက်တွဲ၊ ဇူးမား၊တိုမိုရီတို့နဲ့ ချယ်ဆီးသတင်းတိုများ

Zawgyi – ရှက်ဖီးကို သရေကျတဲ့ ပွဲအပြီးမှာ လမ်းပတ်က – ” ပွဲကို ကျနော်တို့ ထိန်းချုပ်နိုင်ပြီး အသာစီး ရထားခဲ့ပေမယ့် သူတို့ကို ဂိုး လက်ဆောင် ပေးလိုက်တာ က ကျနော်တို့ အမှားပါ။ ဖြစ်နေကျ ထုံးစံလိုပါပဲ။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ တိုမိုရီကို ကစားခွင့် ပေးခဲ့တာနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် လမ်းပတ်ကတော့ လူငယ်ခံစစ်မှူးဟာ ထရိန်နင်မှာ ခြေစွမ်း မြင့်မြင့်မားမား အစွမ်းပြနေပြီး ပွဲကစားခွင့်နဲ့ ထိုက်တန်ခဲ့ကာ ကောင်းစွာလည်း… Continue Reading →

ရာထူးထုတ်ပယ်ခံရဖို့ ဆိုးရှား ရေပန်းစားမှု၊ ပေါ့ဘာ၊ စခိုးတို့နဲ့ မန်ယူ ညနေခင်းသတင်းများ

Zawgyi – မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာဘက်က အမြဲလို ကာကွယ်ပေးလေ့ရှိတဲ့ နည်းပြ ဆိုးရှားက ဆေက်သမ်တန်နဲ့ ပွဲမှာတော့ ပေါ့ဘာ ခြေစွမ်း အပေါ် စိတ်တိုင်း မကျ ဖြစ်နေခဲ့ပါတယ်။ ” ကျနော်တို့ အသင်းက ဘောလုံးကို ဖြစ်သလို ကစားခဲ့ပြီး အဲဒီထဲမှာ ပေါ့ဘာလည်း ပါခဲ့တယ်။ တခြားကစားသမားတွေနဲ့ ကွဲပြားတဲ့ ကစားဟန် သူ မပြသနိုင်ခဲ့ဘူး။” လို့ ဆိုးရှားက ပွဲ အပြီးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ မန်ယူ နည်းပြ အိုလီဂန်နာ ဆိုးရှားက… Continue Reading →

မန်ယူအသင်း ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ အချိန်ဘယ်လောက် ယူရမလဲအား စခိုး ဟောကိန်းထုတ်

စိန့်နဲ့ပွဲမှာ နိုင်ပွဲမရခဲ့ပဲ တစ်ယောက်လျော့ အနေအထားကိုတောင် သွင်းဂိုး ထပ်မံမရယူနိုင်ခဲ့ကာ သရေရလဒ်ပဲ ထွက်ပေါ်တဲ့နောက် ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ မန်ယူအသင်းဟာ နှစ်နှစ်လောက် အချိန်ယူရမယ်လို့ ကွင်းလယ်ဟောင်းကြီး ပေါစခိုးက သုံးသပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ မန်ယူဟာ အဆိုပါပွဲအပြီး ယှဉ်ပြိုင်ကစားရတဲ့ အမှတ်ပေးပွဲ သုံးပွဲမှာ တစ်ပွဲမှ အနိုင်မရထားပါဘူး။ ဝုဗ်၊ စိန့်တို့ကို သရေကျခဲ့သလို အိမ်ကွင်းမှာ ပဲလေစ့်ကို အရေးနိမ့်ထားတာဖြစ်တယ်။ စခိုးကတော့ လာမယ့် နှစ်နှစ်လောက်ထိ မန်ယူဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်မှာ… Continue Reading →

ပွဲထုတ်ပါတော့လို့ လမ်းပတ်အား ချယ်ဆီးပရိသတ်တွေ တောင်းဆိုနေကြရတဲ့ အသင်းသား

ချယ်ဆီးအသင်းက ရှက်ဖီးအသင်းကို ၂-၀ နဲ့ ဦးဆောင်ထားပေမယ့် ပွဲအပြီး ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့အပြီးမှာ ကလပ်အသင်း ပရိသတ်တွေက မန်နေဂျာလမ်းပတ်ကို ခွင့်လွှတ်ပေးခဲ့ပေမယ့် နေရာတစ်နေရာအတွက် တောင်းဆိုမှုကို ပြုလုပ်လာကြပြီဖြစ်ပါတယ်။ တိုက်စစ်မှူးအေဘရာဟမ်က ထူးချွန်တဲ့ သွင်းဂိုး နှစ်ဂိုးကို ရခဲ့ပေမယ့် ဧည့်သည်အသင်းက တုန့်ပြန်မှုတွေ ပြန်လုပ်နိုင်ခဲ့ကာ သရေပွဲဖြစ်ခဲ့တာပါ။ အသင်းသားတွေ ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရသလို ပြိုင်ဘက်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို ထိန်းချုပ်ရတဲ့ ကွီတာ ခြေစွမ်း လိုအပ်ချက်များခဲ့ခြင်းကလည်း ဖြတ်တင်ဘောတွေကို ခွင့်ပြုခဲ့ရပါတယ်။ အသက် ၃၀ အရွယ်… Continue Reading →

စပါးနဲ့ပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ် ညနေခင်းသတင်းများ

Zawgyi – အာဆင်နယ် ခံစစ်မှူးတွေဖြစ်ကြတဲ့ ဘယ်လာရင်၊ ဟိုးလ်ဒင်းနဲ့ တီယာနေးတို့ စပါးနဲ့ လန်ဒန်ဒါဘီပွဲကို ဆက်လက် လွဲချော်ဦးမှာဖြစ်ပြီး အိုဇေးလ် ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ပါတယ်။ စပါးအသင်းဖက်က ဝေါ်လ်ကာပီတာ၊ ဖို့သ်၊ ဆက်ဆီနွန်နဲ့ အမ်ဒွန်ဘယ်လီတို့ သေချာပေါက်လွဲချော်မှာဖြစ်ပြီး အလီကတော့ ဝင် ကစားကောင်း ကစားဖြစ်လိမ့်မယ်လို့ သိရပါတယ်။ အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း ပီတစ်က ဒီရာသီမှာ အာဆင်နယ်နဲ့ နည်းပြ အူနိုင်း အမ်မရီ ကြုံတွေ့နေရတဲ့ ပြဿနာလေးရပ် အဖြစ် ခံစစ်ပိုင်း… Continue Reading →

ချီးကျူးခံရမှုတွေ ပျောက်ကွယ်နေတဲ့ လီဗာပူးအသင်းမှ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမား

မနှစ်က ရာသီကုန်ကထက် ဒီရာသီမှာ လီဗာပူးက ပရော်ဖက်ရှင်နယ် ပိုမိ ပီသလာပြီး နိုင်ပွဲရသင့်တဲ့ အနေအထားတွေကို တုန့်ပြန်နိုင်မှုကောင်းတွေကြောင့် ရာနှုန်းပြည့် နိုင်ပွဲကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲဆက်တိုက် နိုင်ပွဲရမှုဟာ ကလပ်အသင်းရဲ့ စံချိန်တင်မှတ်တမ်း ဖြစ်လာခဲ့သလို ကစားသမားတစ်ဦးက အထူးခြေစွမ်းပြနေပေမယ့် သူဟာ ဘောလုံးဝေဖန်ရေးတွေမှာနဲ့ အသင်းပရိသတ်တွေကြားမှာ ကျော်ကြားလာခြင်းတော့ မရှိပါဘူး။ မနေ့ကပွဲမှာ အမြင့်ဘောတွေကို တုန့်ပြန်နိုင်ခဲ့ပြီး လီဗာပူးအားနည်းလှတဲ့ second ball တွေကိုလည်း အကောင်းဆုံး တုန့်ပြန်ပေးခဲ့သူဖြစ်တယ်။ ဘန်လေဘက်က ဘန်းနဲ့ ခရစ်ဝုဒ်တို့လို… Continue Reading →

ဆန်ချက်မရှိတဲ့နောက် သရဲနီ ကျောနံပါတ် ၇ ဝတ်ခွင့်ကို တောင်းခံလာတဲ့ မန်ယူအသင်းသား

မန်ယူအသင်းမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားလျက်ရှိသူ တိုက်စစ်သမား ဆန်းချက်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာကြောင့် အသင်းလူစာရင်းမှာ ကျောနံပါတ် ၇ က လစ်လပ်သွားခဲ့ပြီဖြစ်ပါတယ်။ ဆန်းချက်ကို အပြီးသတ် ရောင်းချလိုက်တာမဟုတ်ပဲ တစ်ရာသီ အငှားစေလွှတ်ခဲ့တာဆိုတဲ့ မန်နေဂျာဆိုးရှားရဲ့ စကားကြောင့် ကျောနံပါတ် ၇ ကို ဆန်းချက် ပြန်လာတဲ့အထိ ဒီအတိုင်း ဆက်ထားမလား၊ အသင်းမှာရှိတဲ့ အခြားတစ်ယောက်ယောက်ကို ပေးဝတ်မလားဆိုတာက မေးခွန်းတစ်ခုဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ မန်ယူအသင်း အတွင်းပိုင်းကနေ ထွက်လာတဲ့ သတင်းဆိုပြီး နာမည်ကြီးနေတာကတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!