Date

September 2, 2019

ချီးကျူးသံညံခဲ့ရတဲ့ ဂွမ်ဒူဇီ၊ လန်ဒန်ဒါဘီ သရေပွဲ နောက်ဆက်တွဲများနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ZAWGYI – ၀ါရင့် ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး အလန်ရှီးယားက အာဆင်နယ် အသင်းရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီက ထက်တောင် ဆိုးနေပြီလို့သတိပေးလိုက်ပါတယ်။ ဒီ ခံစစ်ပြဿနာဟာ အာဆင်နယ်အသင်းအတွက် အဓိက ဖြေရှင်းစရာပြသနာ တခုဖြစ်လာလိမ့်မယ်လို့ လည်း ၄င်းက ဆိုပါတယ်။ စပါးနဲ့ ပွဲမှာ အာဆင်နယ် ကွင်းလယ်လူငယ် ဂွမ်ဒူဇီ ရဲ့ အကောင်းဆုံး ​​ခြေစွမ်းတွေ မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ် နည်းပြ အမ်မရီ နဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုတို့က ဂွမ်ဒူဇီဟာ အရည်အသွေးကောင်းတွေ… Continue Reading →

လီဗာပူးကို ကျောခိုင်းပြီ ဖြစ်တဲ့ ဒန်ကန်၊ ဖာမီနိုရဲ့ အရေးပါမှု၊ ဖာနန်ဒင်ဟိုထက် သာတဲ့ ဖာဘင်ညိုတို့နဲ့ လီဗာပူး ညနေခင်းသတင်းများ

ZAWGYI – လီဗာပူး ခံစစ်မှူးဟောင်း စကာတယ်လ်ဟာ အီတလီ စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ခံစစ်မှူးဟာ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ နေရာမရနိုင်ဘူးလို့ သိရတဲ့နောက် နည်းပြနဲ့ နှစ်ဦးသဘောတူညီချက် ရယူကာ အသင်းကိုရောက်ပြီး ၃ ပတ်အကြာမှာပဲ စာချုပ်ဖျက်သိမ်းခဲ့တာပါ။ ဖီဖာရဲ့ အကောင်းဆုံးအမျိုးသား ကစားသမား ဆုအတွက် စကာတင် သုံးဦးစာရင်းမှာ ဗန်ဒိုက်၊ မက်ဆီ၊ ရော်နယ်ဒိုတို့ ပါဝင်လာပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဆုပေးမှာဖြစ်ပါတယ်။ ဂိုးသမား… Continue Reading →

ဒီဂီယာနေရာ ဂိုးသမားသစ်လဲမယ့် အစီအစဉ်၊ ဒါမီယန်း ထွက်ခွာခြင်းနဲ့ မန်ယူ ညနေခင်းသတင်းများ

မန်ယူအသင်းဟာ လက်ရှိဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ဂိုးသမား ဒီဂီယာကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရောင်းချပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမား အိုဘလက်ခ်ကို ခေါ်ယူဖို့ ကြံရွယ်လာပါတယ်။ ဒီဂီယာက မန်ယူရဲ့ တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲတန် ကာလရှည် စာချုပ်ကမ်းလှမ်းထားတာကို သဘောတူလက်ခံဟန် ပြခဲ့ပေမယ့် လက်ရှိအချိန်အထိ လက်မှတ်မထိုးသေးတာကြောင့် မန်ယူအသင်းဘက်က အခုလိုပဲ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ မန်ယူ ဗဟိုခံစစ်မှူးသစ် ဟယ်ရီ မက်ဂွဲရားက မန်ချက်စတာယူနိုက်တက်ဟာ ယခင်ကကဲ့သလို့ အောင်မြင်မှုတွေ… Continue Reading →

အဂွယ်ရို အစွမ်း အံ့မခန်း၊ အသုံးစရိတ် စံချိန်တင်ခြင်း၊ လာပေါ်တေး၊ ဖိုဒန်တို့နဲ့ မန်စီးတီး သတင်းတိုများ

ZAWGYI – ဘရိုက်တန်နဲ့ ပွဲမှာ ထိခိုက်သွားတဲ့ လာပေါ်တေး အခြေအနေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – ” သူ ဆေးရုံကို သွားပါပြီ။ ကြည့်ရတာတော့ အခြေအနေကောင်းပုံ မရဘူး။ ဆရာဝန်က စစ်ဆေးပြီး ကျနော့်ကို ဆက်သွယ်ပြောဆိုမှာပါ.. အချိန်တော့ ယူဦးမှာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။ လာပေါ်တေး ဒဏ်ရာရသွားတာကြောင့် မန်စီးတီးဟာ နောက်တန်း ပြသနာအနည်းငယ် ရင်ဆိုင်ရလျှက် ရှိနေပါတယ်။ ပက် ဂွာဒီယိုလာ ကတော့ ကွန်ပနီ နေရာကို အစားထိုးဖို့ စဉ်းစားခဲ့သည့်တိုင်အောင် အသင်းမှာက… Continue Reading →

ရော်နယ်ဒို မက်ဆီ အဆင့်အတန်းကို ရောက်ရှိနေတဲ့ လီဗာပူးကစားသမား

ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း မတ်ခီလီလီက လက်ရှိ လီဗာပူးတိုက်စစ်သမား မာနေးဟာ စောင့်ကြည့်ဖို့ကောင်းအောင်ကို ထူးချွန်သူဖြစ်ပြီး သူဟာ မက်ဆီ၊ ရော်နယ်ဒိုတို့လို တိုက်စစ်သမားမျိုး ဖြစ်လာနေသူလို့ ချီးကျူးစကား ပြောဆိုပါတယ်။ လီဗာပူး တောင်ပံတိုက်စစ်သမား ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်း သိသိသာသာ တက်လာခဲ့ပြီး လီဗာပူး အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနှစ်တုန်းက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အသင်းဖော် မိုဆာလာ၊ အာဆင်နယ် တိုက်စစ်မှူး အော်ဘာမီရန်းတို့နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ မကြာသေးခင်က ချီးမြင့်ခဲ့တဲ့ UEFA… Continue Reading →

မန်ယူရဲ့ တစ်ဦးတည်သော ကမ္ဘာအဆင့်ကစားသမားကို ရွေးထုတ်ပြခဲ့တဲ့ သရဲနီဟောင်းကြီး

မန်ယူအသင်းဟာ အကူးအပြောင်းကာလတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး ကစားသမား အများအပြား ရောင်းထုတ်မှု၊ ရှင်းထုတ်မှုတွေနဲ့ ပြန်လည်ခေါ်ယူမှုတွေကို စတင်လာနေခဲ့တာပါ။ သရဲနီဟောင်းကြီး ဆာဟာကတော့ မန်ယူကနေ ထွက်ခွာဖို့ သတင်းတွေ အများအပြားရှိနေခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာဟာ ဆိုးရှား ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး အနာဂတ်မှာလည်း အရေးပါတဲ့နေရာကနေ ပါဝင်ပေးရမယ့်သူလို့ သုံးသပ်မှု လုပ်သွားခဲ့ပါတယ်။ ဆာဟာက ” ပေါ့ဘာဟာ ကမ္ဘာအဆင့်ရောက်လာဖို့ အလားအလာရှိသူပါ။ သူက ဘလွန်းဒီအော့ဆုကို အနိုင်ရဖို့လည်း အရည်အချင်းရှိပါတယ်။ ယူနိုက်တက်ရဲ့ ကစားသမားတွေကို လေးစားမှု မထားတာတော့ မဟုတ်ဘူး ဒါပေမယ့်… Continue Reading →

အာဆင်နယ်တစ်သင်းလုံးမှာ အညံ့ဆုံးဖြစ်နေပြီး ပိုဆိုးလာနေတဲ့ နေရာအတွက် သတိပေးခံရမှု

အိမ်ကွင်းမှာ စပါးနဲ့ သရေကျခဲ့ခြင်းကြောင့် အာဆင်နယ်ဟာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့တယ်။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ အာဆင်နယ်ဟာ ခံစစ်မှာ အမှားများနေပြီး ဒီတိုင်းဆိုရင် ဒုက္ခတွေ့လိမ့်မယ်လို့ ဆိုပါတယ်။ မနှစ်ကရာသီ ပေးဂိုး ၅၁ ဂိုးအထိ ခွင့်ပြုထားခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ လူးဝစ်၊ တီရာနေးတို့ကို ခေါ်ယူထားပေမယ့် ခံစစ်ကစားပုံ တိုးတက်လာခြင်း မရှိသေးသလို ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ နယူးကာဆယ်နဲ့ ပွဲ clean sheet ရအပြီး… Continue Reading →

ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက် နိုင်တာက ဖလားရတာ မဟုတ်သေးဘူးလို့ ဗန်ဒိုက် သတိပေး

[ZAWGYI] ဘန်လေနဲ့ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ကလပ်အသင်း သမိုင်းတလျောက် စံချိန်သစ် တစ်ခု အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိတာ ဖြစ်လာခဲ့ပါတယ်။ ထို ၁၃ ပွဲထဲမှာ ဒီရာသီက လေးပွဲအပြင် ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းက ပွဲစဉ်တွေပါ ပါဝင်နေတာပါ။ လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက် နိုင်တာက ဆုဖလား အောင်မြင်မှုတွေ ရရှိတာ မဟုတ်သေးဘူးလို့ သတိပေးလိုက်ပြီး ဆက်လက်ကြိုးစားဖို့ အသင်းဖော်တွေအား တိုက်တွန်းစကား… Continue Reading →

အိမ်ကွင်းမှာ သရေကျတဲ့ ရလဒ်အပေါ် မကျေနပ်စကား တစ်ခွန်း ပြောဆိုလိုက်တဲ့ အူဘာ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်က မြောက်လန်ဒန်ဒါဘီပွဲမှာ နှစ်ဘက်အသင်းဟာ သွင်းဂိုး အများအပြားတွေနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အာဆင်နယ်က အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်သွားပါတယ်။ အူဘာမီယန်က ပြောရာမှာ ” ပထမပိုင်းမှာ သွင်းဂိုး နှစ်ဂိုးလောက် ရခဲ့သင့်တာပါ။ ဂိုးမရခဲ့တာအတွက် မပျော်ရွှင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အားလုံး ဒီလိုခက်ခဲတဲ့ ပွဲမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပါတယ်။ သရေရလဒ်ထက်တော့ ပိုမို ထိုက်တန်ခဲ့ပါတယ်။” ” နှစ်ဂိုးပေးလိုက်ရပေမယ့် ကျနော်တို့ ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့တယ်။ လာကာက ပထမခြေပဂိုး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!