Date

September 7, 2019

အယ်လီဆန်၊ မာနေး၊ ဆာလက်၊ ဘရူစတားတို့နဲ့ လီဗာပူး ညနေခင်းသတင်းများ

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်မယ့် အသင်းတွေထဲမှာ မန်စီးတီးအသင်းက အတောင့်တင်းဆုံးဖြစ်ပြီး လီဗာပူး ကတော့ အသင်း အားလုံးထက်သာတဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားတာကြောင့် အကြိတ်အနယ်ရှိလိမ့်မယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သုံးသပ် ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရမယ့် ဖီဖာ ကလပ်များကမ္ဘာဖလား ပြိုင်ပွဲမှာ လီဗာပူးအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် ထိုပြိုင်ပွဲထဲ ပါဝင်မယ့် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းရဲ့ ဥက္ကဌ ဖြစ်သူက လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်လောက် ခက်ခဲမယ့် ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။… Continue Reading →

မတ်ဒီဆန်၊ တာဟစ်ချောင် အနာဂတ်၊ သရဲနီတွေရဲ့ မဲပေးမှုကို ရခဲ့သူတွေနဲ့ နောက်ဆုံးရ မန်ယူသတင်းများ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရပ်ဖို့ဒ်က တိုက်စစ်မှူးတစ်ယောက်အနေနဲ့ တိုးတက်မှုရှိလာအောင် အမြဲမပြတ် ကြိုးစားနေပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးတိုက်စစ်သမား ဟာရီကိန်းကို အတုယူနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြ ၁၀ ဦးစာရင်းမှာ မန်ယူနည်းပြ ဆိုးရှားလည်း ပါဝင်နေကာ အဆင့် ၆ မှာ ရှိနေပါတယ်။ မန်ယူမှာ ဆိုးရှားဟာ တစ်နှစ် ပေါင် ၇ ဒသမ ၅ သန်းကို လုပ်အားခအဖြစ် ရနေပါတယ်။ မန်ယူ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ သြဂုတ်လအတွက် တစ်လတာ အကောင်းဆုံး… Continue Reading →

အကောင်းဆုံးဆုတွေ သိမ်းသွားတဲ့ အူဘာ၊ ခြေစွမ်းပြနေတဲ့ လူငယ်များနဲ့ အာဆင်နယ် သတင်းတိုများ

လူငယ် ကြယ်ပွင့် ဂွမ်ဒူဇီရဲ့ ခြေစွမ်းဟာ အာဆင်နယ် ကွင်းလယ်ကို ဆယ်စုနှစ်တစ်ခုလောက် လွှမ်းမိုးထားနိုင်လိမ့်မယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုကို တိုက်စစ်မှူး အူဘာမီယန်းက ရရှိ သွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၄ ပွဲမှာ ၃ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အူဘာမီယန်းဟာ ပရိသတ်တွေ မဲပေးမှုကနေ စုစုပေါင်းရဲ့ ၃၄% ကို ရရှိကာ… Continue Reading →

တိုက်စစ်မှူး ရပ်ဖိုဒ့်က သူလောက်ကောင်းလာမှာ မဟုတ်တဲ့ အကြောင်းရင်းကို အိုဝင်ထောက်ပြ

ZAWGYI – မန်ယူတိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ အသင်းနဲ့အတူ ပါဝင်ထားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးပေါက် ပျောက်နေပြီး ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။ ရက်ဖို့ဒ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ပင်နယ်တီ ကန်ခွင့်ရတာတောင် ဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ အခွင့်ကောင်း လွဲချော်ခဲ့ပါတယ်။ ရက်ဖို့ဒ်က ယခင်တည်းက ဂိုးသွင်းကြမ်းသူ တစ်ယောက် မဟုတ်ပေမယ့် ထိုစဉ်ကတော့ ပုံမှန် ပွဲ ကစားခွင့် မရတာ၊ သူကိုယ်တိုင်ထက် အသင်းဖော်တွေ ဂိုးသွင်းဖို့ ပိုမို ဦးစားပေး တာဝန်ယူထားခဲ့တာတွေကြောင်း… Continue Reading →

လီဗာပူးက ကြယ်ပွင့်တွေအပြည့်နဲ့ ကြောက်စရာ အသင်းမျိုး မဟုတ်ဘူးဆိုတဲ့ မှတ်ချက် ထွက်ပေါ်လာ

ဖီဖာ ကလပ်များကမ္ဘာဖလား ပြိုင်ပွဲအတွက် ဒီဇင်ဘာမှာ ပါဝင်လာနိုင်တဲ့ ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းလည်း ပါဝင်လာနိုင်ချေ ရှိနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း ကာတာမှာ ကျင်းပမယ့် အဆိုပါ ပြိုင်ပွဲမှာ လီဗာပူးက ဆီမီးဖိုင်နယ်အဆင့်ကနေ ပါဝင်ရမှာဖြစ်တယ်။ ၂၀၀၅ ခုနှစ်မှာ လီဗာပူးအသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သေးပေမယ့် ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကို အရေးနိမ့်ခဲ့ရတာဖြစ်တယ်။ ဖီဖာ ကလပ်များ ကမ္ဘာဖလားဟာ လီဗာပူးသမိုင်းမှာ မအောင်မြင်သေးတဲ့ ဆုဖလားအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဒီတစ်ကြိမ် ယှဉ်ပြိုင်မှုမှာ လီဗာပူးဟာ ဗိုလ်ဆွဲဖို့ ရေပန်းစားနေပေမယ့် ဂရီမီယိုအသင်း… Continue Reading →

ဆီးဘယ်လော့ကို အာဆင်နယ်တို့ အပြီးသတ် ခေါ်ယူနိုင်ခွင့်နဲ့ ပက်သက်တဲ့ အခြေအနေ

ဒီနွေမှာ ဆီဘယ်လော့ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဂန်းနားတွေ ဝမ်းမြောက်ကြပါလိမ့်မယ်။ စပိန်လက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်ကနေ အငှားလာကစားနေပြီး အထင်ကြီးလောက်စရာ အနေအထားတွေကို စွမ်းဆောင်ပြနေသူပါ။ ဘန်လေကို ရင်ဆိုင်ရတဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့ပြီး စပါးကို ရင်ဆိုင်တဲ့ ပွဲမှာလည်း အရန်ခုံကနေ ထလာခဲ့ကာ ခြေစွမ်းပြခဲ့တဲ့ ဆီဘယ်လော့ကို ၂၀၂၀ ဘောလုံးအကုန်မှာ အာဆင်နယ်တို့ လက်မှတ်ထိုးနိုင်ဖို့ ခက်ခဲနေဦးမှာပါ။ ဒါပေမယ့်လို့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့က ထင်သလောက် မလွယ်ကူတာဖြစ်တယ်။ အာဆင်နယ်သတင်းထောက် James Benge က… Continue Reading →

ပွဲကစားခွင့် မရရင် အသင်းက ထွက်ခွာမယ့် ခြိမ်းခြောက်လာတဲ့ ယူနိုက်တက်အသင်းသား

ZAWGYI – မန်ချက်စတာယူနိုက်တက် ခံစစ်မှူး မားကို့စ် ရိုဂျိုက သူ့အနေနဲ့ အသင်းမှာ ပုံမှန် ပွဲကစားခါင့် မရရှိဘူးဆိုပါက လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရိုဂျိုဟာ ဒီနွေမှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ နီးစပ် ခဲ့ပေမယ့်လည်း မပြောင်းရွှေ့နိုင်ခဲ့ဘဲ အသင်းဘက်က တားဆီးတာကြောင့် မန်ယူမှာသာ ဆက်ရှိနေခဲ့သူပါ။ ဒီနွေမှာ မန်ယူက ခံစစ်မှူး မက်ဂွဲရားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဗဟိုခံစစ်မှာ လင်ဒီလော့ဖ်နဲ့ တွဲဖက်ကာ အဓိက… Continue Reading →

ပီပီ ဒဏ်ရာ၊ ဂွမ်ဒေါင်ဇီ ချီးကျူးခံရခြင်း၊ ဂိုးသွင်းနိုင်တဲ့ နယ်ဆန်တို့နဲ့ အာဆင်နယ် နံနက်ခင်းသတင်း

အာဆင်နယ် တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ အနေအထားကြောင့် လန်ဒန်မှာ ဆက်နေပြီး လေ့ကျင့်မှုများ လုပ်ဆောင်နေကာ ဒီတပတ်နိုင်ငံတကာပွဲများ မတိုင်ခင် အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းမှ ပြန်လည် နှုတ်ထွက်လိုက်ပါတယ်။ ရိုးမားအသင်းထံ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်တဲ့ အာဆင်နယ် ကစားသမား မီခီတာရန်က ဒီရာသီ ပြီးရင် သူ့အနာဂတ်က ဘယ်မှာ ရှိမယ် မသေချာေသးကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။ အာဆင်နယ် ကွင်းလယ် လူငယ် ဂွမ်ဒူဇီက ဒီရာသီမှာ တိုးတက်မှုကြီးတွေ ပြသထားပြီး လက်ရှိ… Continue Reading →

အကောင်းဆုံးတွေနဲ့ ဖာမီနို၊ ကလော့ပ်၊ ဂီနီ ခြေစွမ်းပြခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

သြဂုတ်လ ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆု ဆန်ကာတင် စာရင်းမှာ မန်စီးတီးမှ ဂွာဒီယိုလာ၊ လီဗာပူးမှ ကလော့ပ်၊ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်၊ လက်စတာမှ ဘရန်ဒန်ရော်ဂျာတို့ ပါဝင်နေပါတယ်။ သြဂုတ်လ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၆ ဦးစာရင်း ထွက်ပေါ်လာရာ လီဗာပူးအသင်းမှ တိုက်စစ်မှူး ဖာမီနို ပါဝင်နေပါတယ်။ လီဗာပူးအကယ်ဒမီ မန်နေဂျာ Alex Inglethorpe က ဘုန်းမောက်မှာ အငှားထွက်ကစားနေတဲ့ လူငယ်ကစားသမား ဟယ်ရီဝီလ်ဆန်ဟာ ပြည်တွင်းလိဂ်မှာ ခြေစွမ်း ဆက်လက် တောက်ပတာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!