Date

September 8, 2019

နာမည်ကျော် အေးဂျင့်တွေကို အပြောင်းအရွှေ့တွေ လုပ်နိုင်ကြောင်း အကြောင်းကြားခဲ့တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ နာမည်ကျော် အေးဂျင့်တွေထံ ဇန်နဝါရီမှာ ကလပ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲ ပြန်ဝင်လာမှာဖြစ်ကြောင်း သတင်းပေးမှု လုပ်ခဲ့တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။ အသက် ၁၈ နှစ်အောက် ကစားသမားခေါ်ယူမှုမှာ စည်းကမ်းဖောက်မှုကြောင့် အပြောင်းအရွှေ့ နှစ်ခုစာ ပိတ်ခံထားရတဲ့ ချယ်ဆီးဟာ အားကစားခုံရုံးကို အယူခံဝင်မှုတွေ ပြုလုပ်ထားတာဖြစ်ပြီး အောင်မြင်မယ်လို့လည်း ယုံကြည်ချက် ရှိနေပါတယ်။ ချယ်ဆီးက ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်း အဆိုပါ အရေးယူမှုကိစ္စကို ကျော်ဖြတ်ခဲ့တဲ့ ပုံစံအား လေ့လာမှု လုပ်ထားခဲ့ပြီဖြစ်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်နေတယ်။ ချယ်ဆီးဘက်က အပြောင်းအရွှေ့ဆိုင်ရာ အယူခံဝင်မှုနဲ့… Continue Reading →

ဗဟိုခံစစ်မှူးသစ် ချိန်ရွယ်ခြင်း၊ ဇင်ချန်ကို၊ မန်ဒီ၊ စတာလင်တို့နဲ့ မန်စီးတီး ညနေခင်းသတင်းများ

လာပေါ်တေး ဒဏ်ရာရသွားတာကြောင့် မန်စီးတီး ခံစစ်မှာ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်သော်လည်း ဇင်ချန်ကိုက ထိုအခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် သူ ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာန MEN က သုံးသပ်ဖော်ပြထား အမျိုးသမီး စူပါလိဂ်ရဲ့ ဒီရာသီ အဖွင့်ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ယူနိုက်တက် အမျိုးသမီးအသင်းတို့ရဲ့ ပထမဆုံး ဒါဘီပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာမြှ မန်စီးတီးက ကာရိုလင်းဝီယာရဲ့ လှလှပပ ကန်သွင်းချက်က ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မန်စီးတီးဟာ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အင်တာမီလန်မှ ခံစစ်မှူး… Continue Reading →

အပြောင်းအရွှေ့ အယူခံမှု၊ ပူလီဆစ်၊ အီမာဆန်၊ မောင့် လက်ရွေးစင် အခြေအနေနဲ့ ချယ်ဆီးသတင်းတိုများ

ချယ်ဆီးအသင်းရဲ့ တောင်ပံခံစစ်မှူး အီမာဆင်က နည်းပြလမ်းပတ် လက်အောက်မှာ ကစားရတာဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကွန်တီနဲ့ ဆာရီတို့ရဲ့ လက်အောက်မှာတုန်းက ပွဲထွက်ခွင့်အတွက် ရုံးကန်ခဲ့ရတဲ့ အီမာဆင်ဟာ နည်းပြသစ် လမ်းပတ်လက်ထက်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိနေပါတယ်။ အပြောင်းအရွှေ့ကာလ ၂ ခု ပိတ်ခံထားရတဲ့ ချယ်ဆီးဟာ အားကစားခုံရုံးကို အယူခံတင်မှုကိစ္စ အောင်မြင်ပြီး ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သတင်းတွေ ကျယ်ပြန့်လာနေပါတယ်။ ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ လက်ရွေးစင်တာဝန်ကနေ သက်မှတ်ရက်ထက် ပိုစောစော… Continue Reading →

ဗီလာရီးရဲတောင်ပံလူကို ခေါ်ယူလိုခြင်း၊ ဗန်ဒိုက်စာချုပ်ကိစ္စ ငြင်းဆန်ခြင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဗန်ဒိုက်ကို မခေါ်ယူခင် ၀ိုက်နယ်ဒန်ဆီက အကြံဥာဏ် တောင်းခံကာ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ၀ိုက်နယ်ဒန်နဲ့ ဗန်ဒိုက်တို့ဟာ နယ်သာလန် နိုင်ငံအသင်းဖော်များ ဖြစ်ပြီး ၀ိုက်နယ်ဒန်က ထောက်ခံချက်ပေးခဲ့ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားတဲ့ ဂျာမနီနဲ့ နယ်သာလန်ပွဲမှာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကိုယ်တိုင် တစ်ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ထိုပွဲမှာ ၀ိုက်နယ်ဒန်နဲ့ အတူ တွဲဖက် ခြေစွမ်းပြခဲ့တဲ့ ဒီပေးကို ခေါ်ယူဖို့ လီဗာပူး ပရိသတ်များက… Continue Reading →

ပရိသတ်တွေမသိတဲ့ ဗန်ဒိုက်အပေါ် ယာဂင်ကလော့ပ်ရဲ့ နှစ်သက်မှုကို ထုတ်ပြောခဲ့တဲ့ ဝိုက်နယ်ဒမ်

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က ကလပ်အသင်းနဲ့အတူ တောက်ပလာနေပြီး ကမ္ဘာအဆင့်ခံစစ်မှူးအဖြစ် အားလုံးက လက်ခံလာရတဲ့ ဗန်ဒိုက်ကို ယာဂင်ကလော့ပ်ရဲ့ နှစ်သက်မှုနဲ့ ပက်သက်ပြီး ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တန်းဆင်းသွားတဲ့ နယူးကာဆယ်ကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ ကလပ်အသင်းထံ ရောက်မလာခင်က မန်နေဂျာယာဂင်ကလော့ပ်နဲ့ ဆွေးနွေးမှု လုပ်ခဲ့သေးတာဖြစ်တယ်။ အဆိုပါ ဆွေးနွေးမှုမှာ ကလော့ပ်က နယ်သာလန်အသင်းဖော် ဗန်ဒိုက်နဲ့ ပက်သက်ပြီး ဝိုက်နယ်ဒမ်ကို မေးမြန်းမှုတွေ လုပ်ခဲ့တာဖြစ်တယ်။ ဝိုက်နယ်ဒမ်က ဗန်ဒိုက်က ခံစစ်ပိုင်းကို တိုးတက်စေနိုင်တဲ့ ကစားသမားဆိုတာကို ယာဂင်ကလော့ပ်အား… Continue Reading →

ဇန်န၀ါရီအတွက် ခံစစ်၊ ကွင်းလယ်များ ချိန်ရွယ်ခြင်း၊ ဘီလစ်၊ မီခီတာရန်တို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ZAWGYI – ရိုးမား တိုက်စစ်မှူး ဒီဇီကိုဟာ အာဆင်နယ် ကနေ အငှားနဲ့ ရောက်ရှိလာတဲ့ တောင်ပံကစားသမား မီခီတာရန်ကြောင့် ကစားရပိုမို လွယ်ကူ လာလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် (၃၀) အရွယ် အာဆင်နယ် ကွင်းလယ်သမားဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်ရောက်မှ ရိုးမားထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ အာဆင်နယ် ကနေ ဒါဘီကောင်တီအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ခံစစ်ကစားသမား ခရစ္စတီယန် ဘီလစ်က သူ့အနေနဲ့ မြောက်လန်ဒန် ကလပ် အသင်းမှာ ကစားခွင့်ရဖို့ ကြီးကြီးမားမား အိပ်မက်ခဲ့ဖူးပြီး… Continue Reading →

သွင်းဂိုးရယူမှုမှာ ပြိုင်ဘက်တွေကို နှာတစ်ဖျား သာလွန်နေတဲ့ လီဗာပူးအသင်းရဲ့ အားသာချက်ကောင်း

လီဗာပူးအသင်းဟာ သွင်းဂိုးတွေအတွက် အဓိက တိုက်စစ်သမား သုံးဦးထံကနေ ဂိုးတွေရနေပေမယ့်လို့ ပရီးမီးယားလိဂ် အသင်းတိုင်းထက် သာလွန်နေတဲ့ နည်းစနစ်အားသားချက်တစ်ခုလည်း ရှိလာနေပါတယ်။ မနှစ်ကရာသီစကတည်းက လီဗာပူးဟာ ခေါင်းတိုက်သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူထားခဲ့ပြီဖြစ်တယ်။ လီဗာပူးရဲ့ မှတ်တမ်းကို အနီးစပ်ဆုံး လိုက်မှီနေတဲ့အသင်းအဖြစ် စပါးက ခေါင်းတိုက်သွင်းဂိုး ၁၅ ဂိုး သွင်းယူထားပြီး ဘန်လေ၊ အဲဗာတန်နဲ့ မန်စီးတီးတို့က ၁၃ ဂိုးစီ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ လီဗာပူးရဲ့ ခေါင်းတိုက်သွင်းဂိုးတွေမှာ အရေးပါသူကတော့ အရပ် ၅ ပေ ၉ လက်မပဲရှိတဲ့… Continue Reading →

ဒီဂီယာကို ကြံလာတဲ့ ဂျူဗီ၊ ဇန်န၀ါရီအတွက် ဒိုင်ဘာလား၊ မက်ဒီဆင်တို့ကို ချိန်ရွယ်ခြင်းနဲ့ မန်ယူ ညနေခင်းသတင်းများ

ZAWGYI – မန်ယူအသင်းဟာ အားကစား ဒါရိုက်တာ ရာထူးအတွက် အသင်းရဲ့ ဂိုးသမားဟောင်း ဗန်ဒါးဆားကို ပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ အချိန်မှာ နယ်သာလန်ကလပ် အေဂျက် အသင်းရဲ့ အမှုဆောင် အရာရှိချုပ်အဖြစ် ဆောင်ရွက်နေတဲ့ ဗန်ဒါးဆားကလည်း အေဂျက် ကနေ ထွက်ခွာဖို့ အရိပ်အမြွက် ပြောကြားထားပါတယ်။ မန်ယူ ကစားသမားတွေဟာ ဆန်းချက် အသင်းက ထွက်ခွာသွားတာကို ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ချီလီလက်ရွေးစင် ကစားသမား ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းဆိုတဲ့ ပမာဏက… Continue Reading →

ဗဟိုခံစစ်ပိုင်း ပြသနာရှိနေတဲ့ မန်စီးတီးအတွက် သက်သာရာရစေမယ့် သတင်းကောင်း

ခံစစ်ပိုင်းမှာ စိတ်ပူစရာ အနေအထားကို ပိုင်ဆိုင်နေတဲ့ မန်စီးတီးအတွက် သတင်းကောင်းတစ်ခုကတော့ ခံစစ်မှူး အော်တာမန်ဒီဟာ လက်ရွေးစင်တာဝန်ကနေ ပိုစောစွာပဲ ကလပ်အသင်းထံ ပြန်လာတော့မယ်လို့ သိရပါတယ်။ ခံစစ်မှူးဟာ မူလအစီအစဉ်မှာတုန်းက လာမယ့် ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားပြီး နောက်တစ်ရပ်မှ မန်ချက်စတာကို ပြန်လာဖို့ဖြစ်တယ်။ ဒါဆိုရင်တော့ ၁၄ နာရီကြာ လေယာဉ်ခရီးကြောင့် ကြာသပတေးနေ့မှ ရောက်မှာဖြစ်ကာ စနေနေ့ပွဲမတိုင်ခင် တစ်ရက်ပဲ အသင်းနဲ့ လေ့ကျင့်ခွင့်ရမှာဖြစ်တယ်။ မန်စီးတီးမှာ ခံစစ်မှူး လာပေါ်တေး ရာသီဝက် အနားယူရမှာဖြစ်သလို ဂျွန်စတုန်းကလည်း ကြွက်သားဒဏ်ရာကြောင့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!