Date

September 9, 2019

ဇာဟာ၊ ဒီရက်တို့အပြင် စီးရီးအေခံစစ်မှူးကို စောင့်ကြည့်လာခြင်းနဲ့ နောက်ဆုံးရ ချယ်ဆီးသတင်းများ

ချယ်ဆီးလူငယ်ကစားသမား မေဆန်မောင့်ဟာ ဒီလထဲမှာ အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံခဲ့ရပြီး ဘူလ်ဂေးရီးယားနဲ့ ပွဲမှာ စတင် ကစားခွင့်ရပေမယ့် ထိုပွဲက ဘောလုံးပွဲ တစ်ပွဲမျှသာ ဖြစ်ကာ စိတ်လှုပ်ရှားနေတာမျိုး မရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ လာမယ့် ဇန်န၀ါရီမှာ ကစားသမားခေါ်ယူမှုတွေ ပြန်လည် ပြုလုပ်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပြီး အေးဂျင့်တွေကို ဆက်သွယ် ချိတ်ဆက်မှုတွေ စတင်ထားကြောင်း သိရပါတယ်။ ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် နှစ်ခုစာ ပိတ်ပင်ခံထားရတာ ဖြစ်ပြီး ပထမတစ်ခုသာ ပြီးဆုံးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လီဂူးဝမ်းကလပ်… Continue Reading →

အမ်တီတီရဲ့ တုန့်ပြန်မှု၊ ပြင်သစ်မှာ မျက်နှာမရတဲ့ ဂွမ်ဒူဇီ၊ လာကာတို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ZAWGYI – အာဆင်နယ် အသင်း ခေါင်းဆောင် ဇာခါရဲ့ ဇနီးဖြစ်သူက အောက်တိုဘာလလယ်မှာ ရင်သွေးဖွားမြင်ဖို့ ရှိတာကြောင့် ဇာခါဟာ ပြုစုစောင့်ရှောက်ဖို့ ထိုရက်ပိုင်းမှာ အသင်းကနေ အနားယူဖွယ် ရှိပါတယ်။ ဇာခါက ဇနီးဖြစ်သူ လီယိုနီတာနဲ့ ၂၀၁၇ ဇူလိုင်လမှာ လက်ထပ်ခဲ့တာ ဖြစ်ပြီး ယခု ရင်သွေးက ၄င်းတို့နှစ်ဦးရဲ့ ပထမဆုံး သားဦး ဖြစ်ပါတယ်။ ဘာစီလိုနာ ခံစစ်မှူး အမ်တီတီဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ပေမယ့် ကစားသမားဘက်ကတော့ ထိုသတင်းကို ငြင်းပယ်သွားခဲ့ပါတယ်။ ” ကျနော့်ကို… Continue Reading →

ခြေစွမ်းပြနေတဲ့ ဂရုဂျစ်၊ နေးဖိလစ်၊ သွင်းဂိုးဆုရတဲ့ ဝဲလ်ဆန်နဲ့ ညနေခင်း လီဗာပူးသတင်းများ

ကော်တင်ဟို ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖြစ်အောင် အကြံပေးခဲ့သူက လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဖြစ်တယ်လို့ ဂျာမနီသတင်းဌာနတွေက ဖော်ပြခဲ့ပြီး ကလော့ပ်ကိုယ်တိုင်ကလည်း အဆိုပါ ဖော်ပြမှုတွေက မှန်ကန်ကြောင်း ဝန်ခံထားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ရုပ်သံလွင့်ခအတွက် အကျိုးခံစားမှုမှာ ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးနဲ့ ဥရောပကလပ်တွေ အားလုံးထက် သာလွန်တဲ့ အမြင့်ဆုံး ဝင်ငွေကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ရုပ်သံလွင့်ခ ပေါင် သန်း ၁၅၀ ကို ကျော်လွန်တဲ့ ကလပ်နှစ်သင်းဆိုလို့ လီဗာပူးနဲ့ မန်စီးတီးပဲ ရှိခဲ့တာဖြစ်ပေမယ့် လီဗာပူးက ပေါင် ၁၅၂ သန်းထိ ရခဲ့ကာ အမှတ်ပေးချန်ပီယံ… Continue Reading →

စခရီနီယာ၊ လူးဝစ်တို့ကို ချိန်ရွယ်ခြင်း၊ အီဒါဆန်၊ စတားလင်းတို့နဲ့ မန်စီးတီး သတင်းတိုများ

ZAWGYI – မန်စီးတီး ဟာ ပွဲထွက်လူစာရင်းတွင် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အင်တာမီလန်ကြယ်ပွင့် မီလန် စခရီနီယာ ကို ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။ ၀ါရင့်တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက သူ့အသင်းအတွက် နေမာ ဒါမှမဟုတ် စတားလင်းကို ရွေးချယ်ခွင့် ရမယ်ဆိုရင် စတားလင်းကိုသာ ခေါ်ယူမှာ ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ စတားလင်းရဲ့ အရည်အချင်းကို သံသယရှိသူတွေ ရှိကြမှာ ဖြစ်ပေမယ့် ဒီပုံစံအတိုင်သာ ဆက်တိုးတက်သွားရင် စတားလင်းက နှစ် အနည်းငယ် အတွင်း ကမ္ဘာ့ နံပါတ် ၁… Continue Reading →

လက်စွမ်းပြနေတဲ့ ဒီဂီယာ၊ ဆာဗစ်၊ အဲရစ်ဆန်၊ ဖာနန်ဒက်စ်တို့နဲ့ မန်ယူ ညနေခင်းသတင်းများ

ZAWGYI – မန်ယူ ခံစစ်ကစားသမား ရိုဂျို ဟာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ရိုဂျို ကိုခေါ်ယူဖို့ အက်စတွန်ဗီလာ အသင်းကခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ စပိန် လက်ရွေးစင်အသင်းနည်းပြ ရော်ဘတ်တို မိုရီနိုက ဖာရိုးအသင်းနဲ့ပွဲစဉ်မှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာ ကို ချီးကျူး ပြောဆို လိုက်ပါတယ်။ ချယ်ဆီး ဂိုးသမား ကီပါနဲ့ မန်ယူမှ ဒီဂီယာတို့ရဲ့ ပွဲထွက် နေရာအတွက် ပြိုင်ဆိုင်မှုကို ပရိတ်သတ်တွေလည်း သဘောကျကြလိမ့်မယ် လို့… Continue Reading →

ချယ်ဆီးအသင်းရဲ့ အဓိက ကစားသမား ဒဏ်ရာရခဲ့ခြင်းကြောင်း ပရိသတ်တွေ စိတ်ပျက်ရဖွယ်ရှိနေ

ချယ်ဆီးအသင်းအတွက် ပြသနာတစ်ရပ်ကတော့ နိုင်ငံတကာ သီတင်းပတ်အတွင်း အီတလီနဲ့ ဖင်လန်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲ ပွဲချိန် ၇ မိနစ်မှာတင် အစွန်လူ အီမာဆန်ဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရခြင်းပဲဖြစ်ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ဖင်လန်နဲ့ ယှဉ်ပြိုင်ရာမှာ ကြွက်သားဒဏ်ရာ ရသွားခဲ့တဲ့ အီမာဆန်ဟာ ပွဲအစ ၁၀ မိနစ်လောက်မှာတင် လူစားလဲခဲ့ရတာဖြစ်တယ်။ အသေးစိတ် ဒဏ်ရာအခြေအနေတွေ ထွက်ပေါ်မလာသေးပေမယ့် ချယ်ဆီးအတွက်တော့ သတင်းဆိုး ဖြစ်လာခဲ့ပါတယ်။ မန်နေဂျာလမ်းပတ်ဟာ ဘယ်အစွန်နေရာအတွက် အလွန်ဆိုကို ကျော်ပြီး အီတလီသား ခံစစ်သမားကို အသုံးပြုရာမှာ… Continue Reading →

ဥရောပ ဘောလုံးလောက တစ်ခုလုံးမှာ အမြင့်ဆုံး ရုပ်သံဝင်ငွေကို ပိုင်ဆိုင်ခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ရုပ်သံလွင့်ခအတွက် အကျိုးခံစားမှုမှာ ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးနဲ့ ဥရောပကလပ်တွေ အားလုံးထက် သာလွန်တဲ့ အမြင့်ဆုံး ဝင်ငွေကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးဟာ အမှတ်ပေးလိဂ်မှာ ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းခဲ့ပေမယ့် ဥရောပဖလားကို အောင်မြင်ခဲ့တာဖြစ်တယ်။ ရုပ်သံလွင့်ခ ပေါင် သန်း ၁၅၀ ကို ကျော်လွန်တဲ့ ကလပ်နှစ်သင်းဆိုလို့ လီဗာပူးနဲ့ မန်စီးတီးပဲ ရှိခဲ့တာဖြစ်ပေမယ့် လီဗာပူးက ပေါင် ၁၅၂ သန်းထိ ရခဲ့ကာ အမှတ်ပေးချန်ပီယံ မန်စီးတီးတောင်မှ ပေါင် ၁၅၁ သန်းပဲ ရခဲ့တာဖြစ်တယ်။ ဆွစ်ဇလန်အဖွဲ့အစည်းက ထုတ်ပြန်မှုအရ… Continue Reading →

ဆယ်စုနှစ်အတွင်း လီဗာပူးခေါ်ယူခဲ့ပြီး အကျိုးများခဲ့တဲ့ အပြောင်းအရွှေ့ လုပ်ရှားမှု ၁၀ ခု

ဆယ်စုနှစ်အတွင်း လီဗာပူးဟာ ကစားသမားပေါင်းများစွာကို ခေါ်ယူမှု လုပ်ခဲ့ပြီး အောင်မြင်တဲ့ အပြောင်းအရွှေ့တွေ အများကြီးကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ ၂၀၁၆ ခုနှစ်ကနေ စတင်ကာ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမား အများအပြားဟာ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ ကြီးစွာ ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေထဲမှာ ဝိုက်နယ်ဒမ်၊ မာတစ်၊ မာနေး၊ ရော်ဘတ်ဆန်၊ ဆာလက်၊ အယ်လီဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညိုတို့လည်း ပါဝင်ခဲ့တာပါ။ လီဗာပူးဟာ သူတို့မတိုင်ခင်နဲ့ မန်နေဂျာယာဂင်ကလော့ပ် လက်ထက် မတိုင်ခင်မှာလည်း ကစားသမားတွေ… Continue Reading →

ဘယ်လိုအနေအထားဆိုရင် ယူနိုက်တက်မန်နေဂျာရာထူးက ဆိုးရှား ထုတ်ပယ်ခံရနိုင်မယ် သုံးသပ်မှု

ဒီရာသီ ပထမဆုံးရာထူးကနေ ထုတ်ပယ်ခံရတဲ့ ပရီးမီးယားလိဂ်မန်နေဂျာအဖြစ် ဝတ်ဖိုဒ့်မန်နေဂျာက ရင်ဆိုင်ခဲ့ရတဲ့နောက် နောက်ထပ် ရာထူးက ထုတ်ပယ်ခံရမယ့် မန်နေဂျာများစာရင်းကို သုံးသပ်မှုတွေ ရှိလာခဲ့ပြီဖြစ်တယ်။ မန်ယူမန်နေဂျာဆိုးရှားဟာလည်း ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ မန်နေဂျာစာရင်းမှာ ပါဝင်နေပြီး ဒီအခြေအနေဆိုးက လွတ်မြောက်ဖို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို စိန်ခေါ်နိုင်ဖို့ လိုပါမယ်လို့ ထောက်ပြမှု ထွက်လာပါတယ်။ မန်ယူဟာ နွေမှာ မက်ဂွိုင်းယား၊ ဘစ်ဆာကာတို့ကို ခေါ်ယူထားပေမယ့် ခံစစ်က ပြသနာတွေ ရှိနေသေးတာပါ။ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ဆိုးရှားဟာ သူ့ရဲ့ ယူနိုက်တက်မန်နေဂျာဘဝာ ပထမဆုံးအကြိမ် ရာသီပြည့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!