Date

September 14, 2019

လက်စတာနဲ့ပွဲမှာ မန်ယူတို့ လုပ်နိုင်ခဲ့တဲ့ အရည်အချင်းကောင်းတစ်ရပ်ကို ထုတ်ပြောလိုက်တဲ့ ဆိုးရှား

မန်ယူမန်နေဂျာဆိုးရှားက အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ကလပ်အသင်းက လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ခံစစ်ကို ကောင်းကောင်းကာကွယ် ကစားနိုင်ခဲ့ပါတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုပါတယ်။ လက်စတာနဲ့ပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို မန်နေဂျာဆိုးရှားက ” ဒီရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် ကျနော်တို့ ကာကွယ်မှုတွေ အများကြီး ပြုလုပ်ခဲ့ရတာပါ။ အခြားပွဲတွေလိုပဲ ပွဲကို လွမ်းမိုး ကစားခဲ့ပေမယ့် ဒီကနေ့မှာတော့ သူတို့ ဧရိယာထဲမှာ ကောင်းကောင်းကာကွယ်နိုင်တဲ့ အသင်းကို တွေ့ခဲ့ရတယ်။ လက်စတာက အဆင့်လေးဝင်ချင်တဲ့… Continue Reading →

ချယ်ဆီးအတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးလေး အေဘရာဟမ်ရဲ့ ပီတိစကား

အဝေးကွင်းမှာ ဝုဗ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချယ်ဆီးအသင်းဟာ ဒီရာသီအတွက် အရေးပါတဲ့ အုတ်မြစ်တွေကို ချနိုင်ခဲ့ပါတယ်။ ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး တွေကိုတော့ အကယ်းမီထွက် လူငယ်ကစားသမားတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။ တိုမိုရီဟာ ချယ်ဆီးကစားသမားဘဝ ပထမဆုံး သွင်းဂိုးရခဲ့သလို အေဘရာဟမ်ကလည်း ချယ်ဆီးသမိုင်းမှာ မှတ်တမ်းဝင်တဲ့ ဟက်ထရစ်ဂိုး သွင်းယူခဲ့သူ အသက် ၂၂ နှစ်အောက် အင်္ဂလန်သား တိုက်စစ်မှူးဖြစ်လာခဲ့တယ်။ ကွင်းလယ်တိုက်စစ်သမား မေဆန်မောင့်ကလည်း သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်ထိန်းပြီး သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဟက်ထရစ် ဂိုးသွင်းရှင် အေဗရာဟမ်က… Continue Reading →

မာနေးတောင်မှ အကောင်းဆုံးကစားသမား မဖြစ်ခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲ စွမ်းဆောင်ရည်များ

နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းမှာ မပါခဲ့ပေမယ့် ဒဏ်ရာရခဲ့တဲ့ အိုရီဂီအစား အရန်ခုံကနေ ထလာပြီး ခြေစွမ်းပြခဲ့တဲ့ ဖာမီနိုနဲ့ နယူးကာဆယ်ပွဲက လီဗာပူး ကစားသမားတွေရဲ့ rating တွေကို ဖော်ပြလိုက်ပါတယ်။ အေဒရီရန် – 6 နယူးကာဆယ်ရဲ့ ဂိုးအတွက် ဘာမှသိပ်လုပ်ခွင့် မရခဲ့ပဲ သူ့လက်တွေနဲ့ ဘောလုံးကို ထိရုံသာထိခဲ့ပါတယ်။ ထရန့်အလက်ဇန်းဒါး အာနိုး – 7 ညာခြမ်းတစ်လျှောက် သူ့ရဲ့ပေးပို့မှုတွေနဲ့ ခြေစွမ်းပြခဲ့ပြီး နယူးကာဆယ်ဂိုးသမား ဒူဗရက်ကာရဲ့ အရည်အသွေးကို စမ်းသပ်ခဲ့တဲ့ ကစားသမားတွေထဲ အပါအဝင် ဖြစ်ခဲ့ပါတယ်။ မာတစ်… Continue Reading →

ဖာမင်နိုကို အရန်စာရင်းမှာတွေ့လို့ စိတ်အေးနေတုန်းဗျား ဆိုတဲ့ နယူးကာဆယ်မန်နေဂျာ

နယူးကာဆယ်မန်နေဂျာက အန်ဖီးက ရှူံးပွဲအပြီးမှာ လီဗာပူးရဲ့ ခြိမ်းခြောက်မှုတွေအကြောင်း ထုတ်ပြောခဲ့သလို ဒီလို ကစားနိုင်လို့လည်း ဥရောပချန်ပီယံဖြစ်ခဲ့တာပါလို့ အထင်ကြီးတဲ့ မှတ်ချက်ကောင်းတွေ ပေးသွားခဲ့ပါတယ်။ ဒါ့အပြင် သူက လီဗာပူးတိုက်စစ်မှူး ဖာမင်နိုအကြောင်းလည်း ထုတ်ပြောခဲ့တယ်။ လီဗာပူးနဲ့ နယူးကာဆယ်တို့ပွဲမှာ ဘရာဇီးသား တိုက်စစ်မှူး ဖာမင်နိုဟာ ပွဲထွက်လူစာရင်းမှာ မပါခဲ့ပဲ အရန်စာရင်းမှာပဲ ရှိနေခဲ့ပေမယ့် အသင်းဖော် အိုရီဂီ ဒဏ်ရာရခဲ့တဲ့နောက် ပထမပိုင်း ပွဲချိန် ၃၇ မိနစ်မှာတင် လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဖာမင်နိုဟာ ပွဲချိန် မိနစ် ၄၀ မှာတော့ အသင်းဖော်… Continue Reading →

ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ လီဗာပူးနဲ့ မာနေးတို့ စိုက်ထူခဲ့တဲ့ စံချိန်တင် မှတ်တမ်းသစ်များ

နယူးကာဆယ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ခြင်းကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၂၂ ပွဲဆက်တိုက် အရေးမနိမ့်ပဲ ၁၈ ပွဲ အနိုင်ရကာ ၄ ပွဲသရေကျတဲ့ ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်မှတ်တမ်းသစ်ကို ရေးထိုးခဲ့ပြီဖြစ်တယ်။ ဒီမတိုင်ခင် မှတ်တမ်းကတော့ ၂၀၁၈ ခုနှစ် မေလကနေ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲ ၂၁ ပွဲဆက် အရေးမနိမ့်တဲ့ စံချိန်ဖြစ်တယ်။ လီဗာပူးဟာ ကလပ်အသင်းသမိုင်း အမြင့်ဆုံးဖြစ်တဲ့ ၁၉၉၀ ခုနှစ် မတ်လကနေ နိုဝင်ဘာလအတွင်း ၂၃ ပွဲဆက် အရေးမနိမ့်တဲ့ စံချိန်ပြီးနောက် အကောင်းဆုံး စံချိန်တစ်ခုကို… Continue Reading →

ရွှေဖိနပ် ပြိုင်ဆိုင်မှု၊ စွမ်းဆောင်ရည်အကောင်းဆုံး ဂန်းနားနဲ့ ညနေခင်း အာဆင်နယ်သတင်းများ

အာဆင်နယ်အသင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်စဉ်းတွေ လုပ်ဆောင်ဖို့ ကိုနေး လေ့ကျင့်ရေးကွင်းကို ပြန်ရောက်နေတဲ့ ဆာလီဘာဟာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်နေလို့ လာမယ့်ရာသီ သူဝတ်ဆင်မယ့် ကျောနံပါတ်ကို ရွေးချယ်ထားခြင်းလား မေးခွန်းထုတ်ခံနေရပါတယ်။ အာဆင်နယ် နည်းပြ အမ်မရီက နွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူး မူစတာဖီကို ထုတ်ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် ကမ်းလှမ်းမယ့်အသင်း မရှိသလို ကစားသမားကလည်း အသင်းမှာ ဆက်ရှိနေချင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ကြောင်း ထုတ်ပြောခဲ့သလို မူစတာဖီကို အခွင့်အရေးပေးမယ်လို့ ဆိုပါတယ်။ သောကြာနေ့က မီဒီယာတွေ့ဆုံမှာ အမ်မရီက အဆိုပါ… Continue Reading →

နောဝစ်နဲ့ ပွဲကြို၊ စတားလင်း၊ မက်ဆီ၊ ရိုနယ်ဒိုတို့ နှိုင်းယှဉ်မှုနဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီးဟာ အားထားရတဲ့ ခံစစ်မှူး လာပေါ်တေး မပါဝင်ဘဲ လအတန်ကြာ ခရီးဆက်ရမှာ ဖြစ်ပြီး ၂၀၂၀ ဇန်န၀ါရီ ဖေဖော်ဝါရီ လောက်မှသာ ပြန်လာနိုင်မယ်လို့ ဂွာဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။ ကွန်ပနီ မရှိတော့တဲ့အပြင် လာပေါ်တေးလည်း ဒဏ်ရာ ရသွားတာကြောင့် စီးတီးမှာ ဗဟိုခံစစ်မှူး အဖြစ် အော်တာမန်ဒီနဲ့ ဂျွန်စတုန်းတို့ သာ ကျန်ရှိနေပြီး ဖာနန်ဒင်ဟိုလည်း ၀င်ကစားနိုင်ပါတယ်။ စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူး တစ်ဦး အလောတကြီး ခေါ်ယူဖို့ မလိုအပ်ဘူး… Continue Reading →

အိုထရတ်ဖို့ဒ်မှာ အလုပ်များမယ့် ကင်းထောက်တွေနဲ့ လက်စတာပွဲကြို မန်ယူသတင်းများ

လက်စတာမန်နေဂျာ ရော်ဂျာက သူဟာ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့ဖူးလို့ မဟာပြိုင်ဘက် မန်ယူအသင်းရဲ့ ကစားသမား ကောင်းတွေကို ဆွဲဆောင်မှုနဲ့ လုပ်ခလစာ တောင်းဆိုခံရမှုတွေကို နားလည်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမိုင်းကြောင်းရှိတဲ့ မန်ယူလိုအသင်းက ကမ်းလှမ်းလာရင် မက်ဂွိုင်းရားက ငြင်းဆန်ဖို့ ခက်ခဲမှာပဲလို့ ထောက်ခံခဲ့ပါတယ်။ လက်စတာနဲ့ပွဲကြို မန်ယူအသင်း လူစာရင်းမှာ ပါဝင်လာတဲ့ တွမ်ဇီဘီ၊ ဂရင်းဝုဒ် ၊ တာဟစ် ချောင် နဲ့ ဂျိမ်းစ် ဂါနာ တို့ထဲက တစ်ဦးဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာနိုင်တယ်လို့ မန်နေဂျာဆိုးရှားက ထုတ်ဖော်ပြောဆိုထားပါတယ်။… Continue Reading →

ရူဒီဂါ ပါလာနိုင်ခြင်း၊ ၀ုဗ်နဲ့ ပွဲကြို အချက်အလက်များနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအတွက် အားတက်စရာ အနေနဲ့ ဗဟိုခံစစ်မှူး ရူဒီဂါဟာ ဒီရာသီမှာ ပထမဆုံးအကြိမ် ပါဝင်ကစားဖို့ အသင့် ဖြစ်နေပြီလို့ လမ်းပတ်က ၀ုဗ်နဲ့ ပွဲကြိုမှာ အသိပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ၀ုဗ်ကို ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းရော အဝေးကွင်းမှာပါ အနိုင်ရမထားတာကြောင့် ဒီည နိုင်ပွဲရဖို့ ဖိအားရှိနေပါတယ်။ ၀ုဗ်ကို ချယ်ဆီး နောက်ဆုံး နိုင်ခဲ့တာက ၂၀၁၂ က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၂-၁ နဲ့ နိုင်ခဲ့တာ ဖြစ်ပြီး ထိုပွဲမှာ လမ်းပတ်က နောက်ကျ အနိုင်ဂိုး သွင်းခဲ့တာပါ။ ဘီဘီစီမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!