Date

September 15, 2019

ဆာလက် ဘောလုံးမပေးလို့ ဒေါပွခဲ့တဲ့ကိစ္စ ဒဲ့တိုး ဖြေရှင်းလာတဲ့ မာနေး

ဘန်လေနဲ့ ပွဲအပြီးမှာ အသင်းဖော် ဆာလက်နဲ့ ပတ်သတ်ပြီး မပျော်ရွှင်ခဲ့ပေမယ့် ဆာဒီယို မာနေးက သူတို့ ချင်း ပြေလည်မှု ရခဲ့ပြီ ဖြစ်တယ် လို့ ၀န်ခံ ပြောကြားလိုက်ပါတယ်။ မာနေးဟာ ဘန်လေနဲ့ပွဲမှာ ဆာလက်က သူ့ထံ ဘောလုံး ပေးပို့မှု မပြုလုပ်ခဲ့တာကြောင့် လူစားလဲပြီး ကွင်းထဲ က ထွက်ခွာခဲ့ချိန်မှာ အကြီးအကျယ် ပေါက်ကွဲခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဒီတပတ် နယူးကာဆယ်နဲ့ ပွဲမှာတော့ ဆာလက်က တစ်ဂိုး၊ မာနေးကလည်း နှစ်ဂိုး သွင်းယူတဲ့အပြင် အချင်းချင်း ပြေလည်နေပြီလို့… Continue Reading →

ဂွာဒီယိုလာ ခနဲ့စကား နီးလာပါပြီဆိုတဲ့ ရော်ဘတ်ဆန် ချန်ပီယံလိဂ်နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးက စနေနေ့ညက ပွဲမှာ နောဝစ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ လီဗာပူးနဲ့ ငါးမှတ်အထိ ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက အခုမှ စက်တင်ဘာပဲ ရှိသေးတယ်လို့ သတိပေးလိုက်ပြီး လောလောဆယ် လီဗာပူးက ချန်ပီယံပါ ဂုဏ်ပြုပါတယ် လို့ ခပ်ရွတ်ရွတ် ပြောကြားခဲ့ပါတယ်။ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက နော်ဝစ်နဲ့ပွဲအပြီးမှာ လီဗာပူးနဲ့ ၅ မှတ်ပြတ်ခဲ့တဲ့နောက် ရာသီအစမှာတင် လီဗာပူးကို ချန်ပီယံဘွဲ့တပ်ပေးပြီး ဖိအားများစေလိုတာဖြစ်ပါတယ်။ နယူးကာဆယ်ကို နိုင်တဲ့ပွဲမှာ အခရာကျခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုရဲ့… Continue Reading →

ရွှေဖိနပ်ပြိုင်ဆိုင်မှု၊ ချန်ပီယံလိဂ်၊ နည်းစနစ်ပိုင်း ရွှေးချယ်မှုတွေနဲ့ ညနေခင်း ချယ်ဆီးသတင်းများ

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အင်္ဂါနေ့ညမှာတော့ လာလီဂါကလပ် ဗလန်စီယာကို အိမ်ကွင်း စတန်းဖို့ဘရစ်မှာ ဧည့်ခံယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ စနေနေ့ညမှာ ၀ုဗ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားရာ အပြန်အလှန် ဂိုးသွင်းခဲ့ကြပြီး ချယ်ဆီးက အေဗရာဟမ်ရဲ့ ဟက်ထရစ် ဂိုးတွေ အပါအ၀င် ၅-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ နိုင်ပွဲ အပေါ် နည်းပြ ဖရန့် လမ်းပတ်က – ” သိပ်ပျော်ရွှင်တာပေါ့။ ကျနော်တို့ ရလဒ်ကောင်း မရခဲ့တဲ့ ပွဲတွေမှာတောင် စွမ်းဆောင်ရည်ကောင်း ပြသနိုင်တာတွေ… Continue Reading →

ကိုဆိုဗိုကြယ်ပွင့်၊ ဒီဂီယာ၊ မာတစ်၊ ယူရိုပါလိဂ် ပြိုင်ပွဲနှင့် မန်ယူ ညနေခင်းသတင်းများ

မန်ယူ ကွင်းလယ်ကစားသမား မာတစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်က စိတ်ဝင်စားနေတယ်လို့ အီတလီ သတင်းတွေမှာ ဖော်ပြနေပါတယ်။ မာတစ် ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာပဲ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မက်ဂွဲရား အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်တဲ့ ပွဲအပြီးမှာ ဆိုးရှားက – ” မက်ဂွဲရား ကြည့်ရတာ လက်စတာအသင်းကို လွမ်းပုံတောင် မရပါဘူး။ သူက အေးအေးဆေးဆေးပဲ ကွင်းထဲမှာ ကစားသွားတယ်။ သူ ခြေစွမ်း အကောင်းဆုံး ရနေတာကြောင့် ဗာဒီလည်း လှုပ်မရခဲ့ဘူး။ လင်ဒီလော့ဖ်နဲ့… Continue Reading →

နောဝစ်နဲ့ ပွဲအပြီး နောက်ဆက်တွဲများနဲ့ ဂွာဒီယိုလာ ပြောစကားများ အပါအ၀င် မန်စီးတီး သတင်းတိုများ

ပရီးမီးယားလိဂ်ပွဲစဉ် ၅ မှာတော့ မန်စီးတီးဟာ နောဝစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ ၅ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ မန်နေဂျာ ဂွာဒီယိုလာက လက်ရှိချန်ပီယံ အသင်းသားတွေကို အကောင်းဆုံး ရင်ဆိုင် အံ့တုခဲ့တဲ့ ပရီးမီးယားလိဂ် တန်းတက်ကလပ် နော်ဝစ် အသင်းသားတွေနဲ့ ပြိုင်ဘက်မန်နေဂျာကို ပွဲအပြီး လေးစားစွာ နှုတ်ဆက်ခဲ့သလို ထုတ်ဖော် ချီးကျူးမှုတွေလည်း လုပ်သွားခဲ့ပါတယ်။ ခံစစ် အမှားတွေနဲ့ အတူ နောဝစ်ကို ၃ဂိုး ၂ဂိုးနဲ့ ရှုံးခဲ့ရပေမယ့် လာပေါ်တေး… Continue Reading →

လာကာနေရာ အစားဝင်မယ့် တိုက်စစ်သမား၊ လီဗာပူးကို အထင်ကြီးတဲ့ ဆီးဘယ်လော့တို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ဒဏ်ရာ ရှိနေတဲ့ အာဆင်နယ် ကစားသမားသစ် ဆာလီဘာဟာ အငှားကစားနေတဲ့ စိန့်အီတီနီအသင်းကနေ အာဆင်နယ်အသင်းသို့ ပြန်ရောက် နေပါတယ်။ ပြီးခဲ့တဲ့နွေက အာဆင်နယ်အသင်း ခေါ်ယူခဲ့ပြီးနောက် အသင်းဟောင်းမှာပဲ ဆက်လက် အငှားကစားနေတဲ့ ဆာလီဘာဟာ ဒဏ်ရာကြောင့် ဒီရာသီ တစ်ပွဲမှ ကစားခွင့် မရသေးပါဘူး။ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ ဇာခါကို အမှားတွေအား ပြင်ဆင်ပြီး အကောင်းဆုံး ပြန်လည် ကြိုးစားဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။ အချက်အလက် မှတ်တမ်းတွေ အရ ဇာခါဟာ… Continue Reading →

ဝက်ဖို့နဲ့ အာဆင်နယ်ပွဲအတွက် အိုဝင်၊ လော်ရိုး၊ ချာလီတို့ရဲ့ သုံးသပ်မှုနဲ့ ခန့်မှန်းရလဒ်များ

စက်တင်ဘာ ၁၅ ရက် နေ့ဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဝက်ဖို့နဲ့ အာဆင်နယ် တို့ဟာ ဝက်ဖို့အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲအတွက် မိုင်ကယ်အိုဝင်ကတော့ ” နယူးကာဆယ်နဲ့ပွဲမှာ ဝတ်ဖိုဒ့်က ပထမဆုံးရမှတ်တစ်မှတ်ကို ရယူနိုင်ခဲ့တယ်။ ဒါပေမယ့် မန်နေဂျာ ဂါစီယာအတွက်တော့ ရာထူးဆက်ရှိနေဖို့ မလုံလောက်ခဲ့ပါဘူး။ အာဆင်နယ် လာရောက်ယှဉ်ပြိုင်မယ့်ပွဲကို မန်နေဂျာအဖြစ် Sanchez Flores က တာဝန်ယူသွားမှာဖြစ်တယ်။ ဒီပွဲက ရမှတ်တွေ… Continue Reading →

ပြီးပြည့်စုံတဲ့ အသင်းသားလို့ ဂျိုကိုးလ် လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ရတဲ့ လီဗာပူးသား

လီဗာပူးရဲ့ ဘရာဇီးသား တိုက်စစ်မှူး ဖာမီနိုဟာ ၄င်းရဲ့ တကိုယ်ကောင်း မဆန်တဲ့ စိတ်ဓာတ်နဲ့ ပံ့ပိုးမှုတွေကြောင့် လီဗာပူး လိုင်းအပ်မှာ ပိုပြီး တစတစ အရေးပါလာခဲ့တဲ့ အသင်းသားပါ။ ဖာမီနိုရဲ့ ပံ့ပိုးမှု ဖန်တီးမှုတွေနဲ့ပဲ လီဗာပူးအသင်းဟာ စနေညက နယူးကာဆယ်ကို ၃-၁ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ဂိုး ကိုယ်တိုင် မသွင်းသည့်တိုင် အသင်းကစားပုံနဲ့ ဖန်တီးမှုတွေမှာ အခရာကျခဲ့တဲ့ ဖာမီနိုသာ ရရှိသွားခဲ့ပါတယ်။ ဖာမီနိုရဲ့ စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ… Continue Reading →

ချယ်ဆီးရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲအကြောင်း အကြမ်းဖျင်း ရှင်းပြခဲ့တဲ့ ဖရန့်လမ်းပတ်

ချယ်ဆီးမန်နေဂျာလမ်းပတ်က ဝုဗ်ကို အဝေးကွင်းမှာ ၅-၂ နဲ့ အနိုင်ရတဲ့ပွဲအတွင်း နည်းစနစ်ပိုင်း ပြောင်းကစားမှုနဲ့ ပက်သက်ပြီး ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။ ချယ်ဆီးဟာ ခံစစ်ကို အပြောင်းအလဲလုပ်ပြီး သုံးယောက်တန်း ခံစစ်ကို ပြောင်းကစားခဲ့တာပါ။ ရူဒီဂါ ဒဏ်ရာက ပြန်သက်သာခြင်းကြောင့် ပြောင်းကစားခဲ့တဲ့ နည်းစနစ်ပိုင်းဟာ အလုပ်ဖြစ်ခဲ့ပြီး ပထမပိုင်းမှာ အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။ ဒီခံစစ်ဟာ ပွဲကို ထိန်းချုပ်နိုင်စေခဲ့ပြီး ၁၀ မိနစ်အတွင်း သုံးဂိုးရမှုမှာ အရေးပါတဲ့ အကူအညီဖြစ်ခဲ့တယ်။ ပထမပိုင်းမှာတင် တိုမိုရီရဲ့ သွင်းဂိုး အေဘရာဟမ်ရဲ့ သွင်းဂိုး နှစ်ဂိုးတို့နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!