Date

September 17, 2019

လီနိုရဲ့ ဖွင့်ဟမှု၊ ထောက်ခံမှု ကျဆင်းနေတဲ့ အမ်မရီနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ဒါးရင့်ဘန့်ကတော့ ဇာဟာ အနေနဲ့ နွေတုန်းက ပဲလေစ့်ကို ပြောင်းရွှေ့ခွင့် တင်ခဲ့ခြင်းက အာဆင်နယ်ကို ပြောင်းလိုခြင်းကြောင့်ဖြစ်ပြီး ငယ်ဘဝတည်းက အားပေးတဲ့ အသင်းက ခေါ်ယူလိုလာချိန်မှာ သူကလည်း အသင်းပြောင်းချင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ အာဆင်နယ်ဂိုးသမား လီနိုက မန်နေဂျာက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသေးတာဖြစ်ပြီး အင်္ဂါနေ့မှာ ပွဲကို ပြန်လည်စိစစ်မှု ပြုလုပ်ကြမယ်လို့ မှာကြားထားကာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ အဝတ်လဲခန်းမှာ ပြောခဲ့ကြောင်း ထုတ်ပြောပါတယ်။ စပါးနဲ့ပွဲမှာ အာဆင်နယ်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၆ ကြိမ် လုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်က… Continue Reading →

ချန်ပီယံလိဂ်ထူးခြားချက်များ၊ ဝေါ်ကာ အစားထိုးခံရနိုင်ခြင်းနဲ့ မန်စီးတီး သတင်းတိုများ

ရှက်တာဒိုးနက်နဲ့ အဝေးကွင်း ရင်ဆိုင်ဖို့သွားရောက်မယ့် မန်စီးတီးအသင်းရဲ့ လူစာရင်းထဲ ဘယ်စွန်ခံစစ်မှူး ဘန်ဂျင်မင် မန်ဒီ ပါဝင်လာပါတယ်။ မန်ဒီဟာ ပြီးခဲ့တဲ့ရာသီမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလအတော်ကြာ ပါဝင်ကစားခွင့် မရခဲ့သူ ဖြစ်ပါတယ်။ ရှက်တာနဲ့ ပွဲအတွက် ယူကရိန်းသို့ ထွက်ခွာသွားတဲ့ မန်စီးတီးအသင်းရဲ့ ၂၁ ယောက် လူစာရင်းမှာ – ဘရာဗို၊ ဝေါ်ကာ၊ စတုန်း၊ စတားလင်း၊ ဂွမ်ဒိုဂန်၊ ဂျီဆု၊ အဂွယ်ရို၊ ဇင်ချန်ကို၊ အိန်ဂျလီနို၊ ရိုဒရီဂို၊ ဒီဘရိုင်း၊ ဘာနာဒို ဆေးဗား၊ ဒေးဗစ်… Continue Reading →

နာပိုလီပွဲကြို ထူးခြားကိစ္စများ၊ ချန်ပီယံ ရေပန်းစားမှုနဲ့ လီဗာပူး သတင်းတိုများ

လီဗာပူး လူငယ်တိုက်စစ်မှူးလေး ဘရူစတားဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားမယ့် လီဗာပူး အသင်းကြီးနဲ့အတူ အီတလီမှာ ရောက်ရှိနေပါတယ်။ ဒီည ကစားမယ့် နာပိုလီနဲ့ပွဲမှာ ကစားခွင့် မရခဲ့ရင်တောင် ဘရူစတားဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ချယ်ဆီးနဲ့ ပွဲမှာတော့ ကစားရဖွယ် ရှိပါတယ်။ ဒီညမှာ ရင်ဆိုင်မယ့် နာပိုလီဟာ တကယ့်အသင်းကောင်း တစ်သင်း ဖြစ်တဲ့အတွက် အထူး ဂရုစိုက်ကစားဖို့ လိုမယ်လို့ ဆိုခဲ့ပြီး ပေါ့ဆရင် ပေးဆင်မှုကြီး သွားလိမ့်မယ်လို့ လီဗာပူး ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က… Continue Reading →

ကစားသမား ခေါ်ယူမှု၊ ရိုမီရို ပွဲထွက်ခွင့်၊ အတိုးတက်ဆုံး ကစားသမားနဲ့ မန်ယူညနေခင်း သတင်းများ

မန်ယူအသင်းနဲ့ Adidas တို့ ချုပ်ဆိုထားတဲ့ ၁၀ နှစ် စာချုပ်မှာ မန်ယူဘက်က ချန်ပီယံလိဂ်ဝင်ခွင့် နှစ်ရာသီဆက် လွဲချော်မယ်ဆိုရင် စပွန်ဆာကြေး ၃၀% လျော့ချခံရမယ်လို့ သိရပါတယ်။ နှစ်ဘက် တာဝန်ရှိသူတွေဟာ တစ်နှစ်ကို ပေါင် ၇၅ သန်းထိ တန်ကြေးရှိမယ့် စာချုပ်ကို ကာလရှည် သဘောတူညီထားတာပါ။ မန်ယူမှာ ပိုကောင်းတဲ့ ထောက်တိုင်တွေကို ဖန်တီးနိုင်ဖို့အတွက် ထိပ်တန်းကစားသမား ၃ ယောက်ခေါ်ယူဖို့ လိုအပ်တယ်လို့ ဂယ်ရီနဗီးက ယူဆနေပါတယ်။ အဆိုပါအတွက်လည်း ဂယ်ရီနဗီးက ဗဟိုခံစစ်မှူး ဗာရိန်း၊ ကွင်းလယ်လူ… Continue Reading →

ချန်ပီယံလိဂ်နဲ့ ပထမဆုံး ရင်ခုန်သူများ၊ ဗလန်စီယာရဲ့ မတည်ငြိမ်မှုတွေနဲ့ ချယ်ဆီးသတင်းတိုများ

ကန်တေနဲ့ အိုဒွိုင်းတို့ နှစ်ယောက်လုံးဟာ အခြေအနေတွေ ကောင်းမွန်နေပေမယ့် ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိသေးဘူးလို့ လမ်းပတ်က ဆိုလိုက်ပြီး ဗလင်စီယာနဲ့ ပွဲကို နှစ်ဦးလုံး လွဲချော်ပြီ ဖြစ်ပါတယ်။ ချယ်ဆီး ဂိုးသမား ကီပါဟာ ယခင်က ချန်ပီယံလိဂ်ပွဲ တစ်ခါမှ မကစားဖူးတာကြောင့် ဒီည စတန်းဖို့ဘရစ်မှာ ဗလန်စီယာနဲ့ ရင်ဆိုင်ရမယ့်ပွဲက ၄င်း ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ် ပွဲ ဖြစ်ပါတယ်။ ကီပါ အပြင် ဒီနေ့ညကမှာ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ကို… Continue Reading →

နာပိုလီပွဲအတွက် ရော်ဘတ်ဆန်နေရာ အစားထိုးဖွယ်ရှိတဲ့ လီဗာပူးအသင်းသား လေးဦး

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှုကိစ္စ စစ်ဆေးမှု အဆင်မပြေလို့ ပွဲထွက်ခွင့်မရဘူးဆိုရင် နာပိုလီနဲ့ပွဲမှာ မန်နေဂျာယာဂင်ကလော့ပ်က ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မှာပဲ ဖြစ်ပါတယ်။ ရော်ဘတ်ဆန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လီဗာပူးအသင်းသား ၂၀ ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ပွဲကြို လေ့ကျင့်ရေးမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းကောင်းခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှုဆိုင်ရာ ပြသနာ ရှိနေတယ်လို့ ယူဆရတယ်။ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပက်သက်လို့ ယာဂင်ကလော့ပ်ကပဲ “ ရိုဘို မနေ့က လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ပါဘူး။ သူ့ရဲ့ဒဏ်ရာက မပြင်းထန်ပေမယ့်… Continue Reading →

ချယ်ဆီးရဲ့ ချန်ပီယံလိဂ် ရည်မှန်းချက်နဲ့ ယုံကြည်မှုအကြောင်း လမ်းပတ်ရဲ့ ရှင်းပြမှု

ဖရန့်လမ်းပတ်က ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ ယုံကြည်နေပေမယ့် အုပ်စုအဆင့်ကနေ ကျော်လွန်ခြင်း မတိုင်ခင်မှာ အခြားသော အဆင့်တွေကို ကျော်မကြည့်ဖိုဖ့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်။ ချယ်ဆီးအသင်းဟာ ဒီကနေ့မှာတော့ အုပ်စုတွင်းပွဲ အဖွင့်ပွဲအဖြစ် ဗလန်စီယာကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။ လမ်းပတ်က ကလပ်ရဲ့ လူငယ်တွေကို အတော်လေး ယုံကြည်မှု ပြင်းထန်နေပြီး ပရီမီးယားလိဂ်မှာ ပြသတဲ့ ခြေစွမ်းတွေကို ထိန်းသိမ်းနိုင်မယ် ယုံကြည်နေတယ်။ ဒါပေမယ့်လို့ ဥရောပပြိုင်ပွဲဆိုတာ ခြားနားတ့ ပြိုင်ပွဲဖြစ်ကြောင်းလည်း နားလည်ထားပါတယ်။ လမ်းပတ်က ” ကျနော်တို့… Continue Reading →

အာဆင်နယ်ရဲ့ ဝတ်ဖို့ရလဒ်ဆိုးအတွက် အပြစ်တင်ရမယ့်သူ တစ်ဦးပဲရှိတယ်ဆိုတဲ့ ထောက်ပြမှု

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါမာဆန်က ဝတ်ဖို့နဲ့ပွဲမှာ မယုံနိုင်လောက်အောင် ခြေစွမ်းညံ့ဖျင်းခဲ့တဲ့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်အတွက် တစ်ဦးတည်းသော အပြစ်တင်ရမယ့်သူက မန်နေဂျာအမ်မရီဖြစ်တယ်လို့ ဒဲ့တိုး ပြောဆိုလိုက်ပါတယ်။ ပထမပိုင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့သလို တိုက်စစ်မှူး အူဘာမီယန်ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်ခဲ့တဲ့ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာတော့ ခံစစ်မှူး ဆိုကရေးတက်စ်နဲ့ လူးဝစ်တို့ရဲ့ အမှားတွေကြောင့် ခြေပဂိုးတွေ ပြန်လည် ပေးခဲ့ရပြီး ဂိုးသမား လီနိုနဲ့ လူးဝစ်တို့ ခံစစ်ကာကွယ်မှုအချို့ကို အကောင်းဆုံး လုပ်နိုင်ခြင်းကြောင့် ပွဲကို အရေးမနိမ့်ခဲ့တာဖြစ်ပါတယ်။ ပေါ့မာဆန်ကတော့ ”… Continue Reading →

ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ လူနှစ်ယောက်ခေါ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မန်ယူ

အင်္ဂလန်က အပြောင်းအရွှေ့ဆိုင်ရာ သတင်းတွေကို စုစည်းဖော်ပြတဲ့ သတင်းဌာနကနေပြီး မန်ယူအသင်းရဲ့ အနာဂတ် အပြောင်းအရွှေ့ လုပ်ရှားမှုအကြောင်း ဖွသတင်းတစ်ပုဒ် ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။ မန်ယူဟာ အင်္ဂလန်လူငယ်တွေဖြစ်တဲ့ ဆန်ချိုနဲ့ မတ်ဒီဆန်တို့ကို လာမယ့် နွေမှာ ခေါ်ယူဖို့ ထိပ်တန်းပစ်မှတ်အဖြစ် ရွေးချယ်ထားပြီး စောင့်ကြည့်မှုတွေ ဆက်တိုက်လုပ်မှာဖြစ်တယ်။ အင်္ဂလန်ထိပ်တန်းကြယ်ပွင့်တွေဟာ မန်ယူအသင်းရဲ့ ဗြိတိန်ကစားသမား စုဆောင်းမှုမှာ ဦးစားပေးအဖြစ် ရွေးချယ်ထားခြင်းခံရတယ်လို့ဖြစ်တယ်။ နွေတုန်းက လူကာကူကို ရောင်းထုတ်စဉ် ရခဲ့တဲ့ ပေါင် ၇၅ သန်းအပြင် ကစားသမား ရောင်းထုတ်မှုတွေကနေ အသုံးစရိတ်တွေ ရဦးမယ် မန်ယူဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!