Date

September 19, 2019

အက်စတာနာနဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ယူအသင်း အသုံးချနိုင်တဲ့ အကျိုးဖြစ်မယ့် လူစာရင်း ၃ ခု

မန်ယူအသင်းဟာ ဒီရာသီအတွက် ယူရိုပါလိဂ် အဖွင့်ပွဲအဖြစ် အက်စတာနာအသင်းနဲ့ စတင်ကာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲဟာ မန်ယူအတွက် အရမ်းကြီး ခက်ခဲမှာမဟုတ်တဲ့ ပွဲဖြစ်ပေမယ့်လည်း အုပ်စုအဆင့်ကနေ ခပ်စောစော ရလဒ်ကောင်းတွေရထားဖို့ ကြိုးစားလာမှာဖြစ်တယ်။ ဒီကနေ့ပွဲမှာ မန်ယူအသင်းနဲ့ ပက်သက်ပြီး အဓိက စောင့်ကြည့်ရမှာက ပွဲကို အလေးအနက်ထား ချဉ်းကပ်မလား၊ လူငယ်တွေနဲ့ ချဉ်းကပ်မလားနဲ့ အရန်ကစားသမားတွေကို ပွဲထုတ်ပြီးး ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းပွဲတွေအတွက် အမာခံလူစာရင်းကို ဖိအားပေးနိုင်မယ့် သူမျိုးတွေကို ရှာဖွေမလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အဓိက လူစာရင်း မန်ယူက ဒီပွဲကို… Continue Reading →

ကိုယ့်နေရာမဟုတ်ဘဲ ကစားနေရလို့ အမ်မရီထံ စောဒက တက်ထားတဲ့ မစ်လန်းနေးစ်

အာဆင်နယ် လူငယ်ကစားသမား မစ်လန်းနေးစ် က အသင်းအတွက် ကစားနေကျ နေရာ မဟုတ်ဘဲ ကစားနေရလို့ နည်းပြ အမ်မရီထံ စောဒက တက်ထားပါတယ်။ ဒီရာသီမှာ ဘယ်လာရင် ပြန်မကောင်းသေးတာကြောင့် ညာစွန်ခံစစ်မှူး နေရာကနေ ၄င်းက ပါဝင်ကစားပေးနေရတာပါ။ မစ်လန်းနေးစ်က ညာကြောကနေ ဒီရာသီမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ထားသော်လည်း ၄င်း ခံစစ် အရည်အချင်းအပေါ် များစွာ ဝေဖန်မှုတွေ ခံနေရတာပါ။ ဒါပေမယ့် မစ်လန်းနေးစ်ကတော့ ခံစစ်က သူ့နေရာ မဟုတ်ဘဲ ကစားနေရတဲ့အပြင် ငယ်တည်းက… Continue Reading →

အဆင်မပြေသေးတဲ့ မင်ညိုလတ်၊ ဖာဘီယန်ရုဇ်၊ ဟာဗက်ကို ကြိုးစားခြင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူး ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ များပြားနေပြီး ဖာဘင်ညိုဟာ မာရှေယာနိုနဲ့ အလွန်ဆို ကွင်းလယ်နှစ်ဦး ပေါင်းစပ်ထားတဲ့ အရည်အချင်း ရှီသူပါလို့ လီဗာပူးသတင်းထောက် Neil Jones က အမွှမ်းတင်ခဲ့ပါတယ်။ မနှစ်က မိုနာကိုကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဘရာဇီးသား ကွင်းလယ်လူဟာ မနှစ်ကရာသီဝက်အတွင်း လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပြီး ဒီရာသီမှာလည်း ကွင်းလယ်ခံစစ်ကို အဓိက တာဝန်ယူတဲ့ အသင်းသားအဖြစ် တောက်ပနေတာပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ အင်အားဖြည့်ဖို့ လူငယ်အချို့ကို… Continue Reading →

ယူရိုပါလိဂ် နောက်ဆုံးရ ထူးခြားမှုများ၊ ကစားသမား ချိတ်ဆက်မှုနဲ့ မန်ယူ ညနေခင်းသတင်းများ

မန်ယူနည်းပြဟောင်း မော်ရင်ညိုက လက်ရှိ မန်ချက်စတာယူနိုက်တက်ဟာ သူ ထားခဲ့တဲ့ ကစားသမားတွေအပေါ်မှာသာ အားထား အသက်ဆက်နေရဆဲ ဖြစ်တယ်လို့ ထောက်ပြဝေဖန်လိုက်ပါတယ်။ “ရက်ဖို့ဒ်ကို နည်းပြ ဗန်ဟားလ်က စင်တင်ခဲ့ပေမယ့် ဒီကောင်လေး ရင့်ကျက်လာအောင်၊ ယုံကြည်မှုရှိလာအောင် ကျနော် လုပ်ပေးခဲ့တာ။ တိုမီနေး၊ မာတစ်၊ ပေါ့ဂ်ဘာ စတဲ့ ကွင်းလယ် ကစားသမားတွေကိုလည်း အတွဲအဖက် တစ်ခုဖြစ်အောင် ကျနော် စတင်ပုံဖော်ခဲ့တယ်။ ခံစစ်မှာ လင်ဒီလော့ဖ်ကို ပရီးမီးယားလိဂ်နဲ့ အံဝင်အောင် ကျနော် အချိန်ယူပြီး လုပ်ပေးခဲ့တာပါ။ ဒီတော့ အခု မန်ယူဟာ… Continue Reading →

အိုဇေးလ်ကို အနားပေးခြင်း၊ ဝေဖန်ခံနေရတဲ့ ပီပီ၊ ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ်ပွဲကြို အာဆင်နယ် သတင်းတိုများ

အာဆင်နယ်မန်နေဂျာ အမ်မရီက ဒီရာသီ ပထမဆုံးသော ပွဲထွက်ကစားခွင့်အဖြစ် ဝတ်ဖို့နဲ့ပွဲ တစ်ပွဲတည်းမှာ ပွဲထွက်လူစာရင်းနေရာက ပါဝင်ခဲ့ပြီး မိနစ် ၇၀ နီးပါး ကစားခဲ့ရတဲ့ ကွင်းလယ်လူ အိုဇေးကို ယူရိုပါလိဂ်ပွဲမှာ အနားပေးကာ လူစာရင်း အပြောင်းအလဲ ပြုလုပ်မယ်လို့ ထုတ်ပြောခဲ့ ပါတယ်။ “အမ်မရီက “ ကျနော်တို့ ပွဲတွေ အများကြီး ကစားရဖို့လိုပြီး ခြားနားတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လူစာရင်းကို အလှည့်အပြောင်းတွေ ပြုလုပ် လိုပါတယ်။ အိုဇေးနဲ့ ဆိုကရေးတစ်ဟာ ယူရိုပါလိဂ်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ သူတို့ကို… Continue Reading →

နည်းစနစ်ပိုင်း နေရာပြောင်းကစားမှုကြောင့် ဝေဖန်မှုတွေရနေခြင်းကို စိတ်ပျက်နေတဲ့ ဂန်းနားအသင်းသား

နွေအပြောင်းအရွှေ့မျာ အင်အားဖြည့်မှုကြီးတွေ လုပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ထင်သလောက် မရခြင်းကြောင့် မန်နေဂျာအမ်မရီ ဝေဖန်ခံနေရသလို ကလပ်အသင်းသား အချို့ကလည်း ဝေဖန်မှုတွေ ရရှိနေပါတယ်။ ဂန်းနားပရိသတ်တွေ စိတ်တိုင်းကျခြင်းကို ပိုင်ဆိုင်နေခြင်း မရှိတဲ့ မစ်လန်နေးကတော့ ညာအစွန်နေရာက သူ့ရဲ့ ပုံမှန်နေရာ မဟုတ်ပဲ ကစားသမားမရှိခြင်းကြောင့် သူဖြည့်ကစားပေးနေရတာပါလို့ ဆိုတယ်။ သူက တိုက်စစ်အားသန် ကစားသမားဖြစ်လို့ ခံစစ်မှာ လိုအပ်ချက်များတယ်လို့ ဝေဖန်ကြမှုတွေကလည်း မျှတခြင်း မရှိဘူးလို့ ယုံကြည်ပါကြောင်း အခုလို ပြောခဲ့ပါတယ်။ “ ကျနော်က ခံစစ်သမား မဟုတ်ပါဘူး ဒီတော့… Continue Reading →

မကျေပွဲနွှဲမယ့် လီဗာပူးပွဲ၊ မပြင်းတဲ့ မောင့် ဒဏ်ရာနဲ့ ချယ်ဆီးသတင်းတိုများ

ဗလန်စီယာနဲ့ ပွဲမှာ ခြေကျင်းဝတ် ထိခိုက်သွားခဲ့တဲ့ ချယ်ဆီးလူငယ်ကစားသမား မေဆန်မောင့်ရဲ့ ဒဏ်ရာကို မနက်အစောပိုင်းက scan ဖတ် စစ်ဆေးရာမှာ ဆိုးဝါးတဲ့ ထိခိုက်မှု မရှိကြောင်း အတည်ပြုချက်ထွက်လာပါတယ်။ ခြေကျင်းဝတ် အယောင်လျော့သွားပါက ဒီအပတ်ထဲမှာပဲ ထပ်မံ စစ်ဆေးမှု ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။ ကာလရှည် ဒဏ်ရာရှိနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိဟာ အပေါ့စား အပြေးလေ့ကျင့်မှုများ ပြုလုပ်နေတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ထားခဲ့ရာ ပရိသတ်များ ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် အင်္ဂလန်သားဟာ ထရိန်နင် အပြည့် ပြန်ဆင်းနိုင်ဖို့… Continue Reading →

ဆာအဲလက်စ်တောင် နှစ်သက်ပြီး နေရာပေးမယ့် လက်ရှိ မန်ယူအသင်းမှ ပွဲထွက်ကစားသမား

အီဗရာက ကလပ်အသင်းဂန္တဝင် မန်နေဂျာကြီးဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ဟာ လက်ရှိ မန်ယူအသင်းရဲ့ ညာအစွန်လူ ဘစ်ဆာကာကို နှစ်သက်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။ မနှစ်တုန်းက ပဲလေစ့်အသင်းနဲ့ တောက်ပလာခဲ့ပြီး ဘောလုံးယှဉ်လုမှု ၁၂၉ ကြိမ်တိုင် အောင်မြင်ခဲ့သူဖြစ်ပြီး သူထက် ပိုများများ လုပ်နိုင်တဲ့သူလည်း မရှိတော့တာဖြစ်ပါတယ်။ သူဟာ ဒီနွေမှာတော့ မန်ယူအသင်းထံ ပေါင် ၅၀ သန်းနဲ့ ပြောင်းလာခဲ့ပြီး ဘောလုံးဝင်လုမှု ၂၈ ကြိမ်ထိ ပြုလုပ်ထားကာ ပရီးမီးယားလိဂ်မှာ အများဆုံးပဲ ဖြစ်ပါတယ်။ အီဗရာက မန်နေဂျာဟောင်း ဆာအဲလက်စ်ဟာ… Continue Reading →

ချန်ပီယံလိဂ် အနိုင်နဲ့ စတင်လိုက်ခြင်း၊ အဂွယ်ရိုရဲ့ စံပြတိုက်စစ်မှူးနဲ့ မန်စီးတီး သတင်းတိုများ

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းက အဝေးကွင်းအဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ယှဉ်ပြိုင်ရာမှာ မာရက်စ် တိုက်စစ် ခြေစွမ်းပြမှုကြောင့် မာရက်စ်၊ ဂေါ်ဒိုဂန်၊ ဂျီဆုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ – ၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ရှက်တာနဲ့ပွဲမှာ မန်စီးတီး ခံစစ်ကို အော်တာမန်ဒီနဲ့ ဖာနန်ဒင်ဟိုတို့က ဦးဆောင်ခဲ့ပါတယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားကတော့ မာရက်စ်ဖြစ်ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ စပါးက ဂရိကလပ် အိုလံပီယာကိုစ့်အသင်းနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!