Date

September 20, 2019

ကျည်ဆန်လို ကစားသမားကို လီဗာပူး ထွက်ခွာခွင့်ပေးတာကို အံ့အားသင့်နေတဲ့ မိုက်ကယ်အိုဝင်

မနက်က ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရိန်းဂျားအသင်းအတွက် အိုဂျို ဂိုးသွင်းပေးခဲ့ပြီး သူ့ရဲ့ တစ်လုံးတည်းသော သွင်းဂိုးက ရိန်းဂျားအသင်းကို အနိုင်ရစေတဲ့နောက် ကစားသမားလေးကို အငှားချဖို့ လီဗာပူးက ဆုံးဖြတ်ခဲ့မှုကို အံ့အားသင့်မိကြောင်း မိုက်ကယ်အိုဝင်က ထုတ်ပြောလိုက်ပါတယ်။ အိုဂျိုဟာ အသက် ၂၂ နှစ်အရွယ် ရှိနေပြီဖြစ်ပြီးး လီဗာပူးမှာ နေရာရဖို့ မရှိတာကြောင့် ဆရာဟောင်း ဂျရတ်ရဲ့အသင်းထံ အငှားထွက်လာခဲ့တာပါ။ သူဟာ စတီဗင်ဂျရတ်ရဲ့အသင်းမှာ ၁၂ ပွဲပဲ ကစားရသေးပေမယ့် သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုပေါင်း ၉ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပြီး ခြေစွမ်းကလည်း… Continue Reading →

အမ်မရီက ပီပီကို ထောက်ခံနေပေမယ့် ဆာကာနဲ့ နှိုင်းယှဉ်ဝေဖန်မှုတွေ ရှိလာ

အာဆင်နယ်အသင်း မန်ေနဂျာ အူနိုင်း အမ်မရီကတော့ ကလပ်စံချိန်တင်ကြေးနဲ့ သူ ခေါ်ယူထားတဲ့ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီ ထံကနေ ပိုမိုတဲ့ အစွမ်းပြမှုတွေ မျှော်လင့်နေပါတယ်။ လိုင်လီကနေ ဒီနွေမှာ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ရောင်လာတဲ့ တောင်ပံ တိုက်စစ်သမားဟာ အများ မျှော်လင့်ထားသလောက် အာဆင်နယ်အတွက် သက်ရောက်မှုကြီးတွေ လုပ်မပြနိုင်သေးဘဲ ရှိနေပါတယ်။ ပီပီက ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ်ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ဆာကာရဲ့ ဂိုးအတွက် ထောက်ပံ့မှုလည်း ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲအပြီး အင်တာဗျူးမှာ အမ်မရီက… Continue Reading →

ချယ်ဆီးကို ချီးကျူးတဲ့ ကလော့ပ်ကို ရိုးရိုးသားသား ပြန်တုန့်ပြန်သွားတဲ့ လမ်းပတ်

ချယ်ဆီးမန်နေဂျာလမ်းပတ်က ယာဂင်ကလော့ပ်က ချယ်ဆီးလူငယ်စတားတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ အေဘရာဟမ်တို့ဟာ ဈေးကွက်မှာ ပေါင် သန်း ၆၀ လောက် တန်ကြေးရှိတဲ့ ကစားသမားတွေပါလို့ နှစ်သင်းပွဲကြိုမှာ ချီးကျူးသွားပါတယ်။ ကလော့ပ်ကပဲ လူငယ်လေးတွေကို အကောင်းဆုံး ကိုင်တွယ်နေတဲ့ မန်နေဂျာလမ်းပတ်ကို အတိတ်က သူ့အောင်မြင်လာခဲ့သလို လူငယ်အသားပေး မန်နေဂျာအဖြစ် အထင်ကြီးစွာ မှတ်ချက်ပေးခဲ့တာပါ။ မန်နေဂျာလမ်းပတ်က ယာဂင်ကလော့ပ်ရဲ့ ချီးကျူးမှုကို နှစ်သက်သလို သူဟာ ဂျာမာန်သားကြီးကို အမြဲတမ်း လေးစားသူပါလို့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေခဲ့ပါတယ်။ ပွဲကြိုတွေ့ဆုံမှုမှာ လမ်းပတ်က ‘ ကလော့ပ် ကျနော်ကို… Continue Reading →

မက်ဒီဆန်၊ ဒါလော့၊ ဂရင်းဝုဒ်တို့နဲ့ ချန်ပီယံလိဂ်ဝင်ဖို့ ဟားဂရိတ် လမ်းပြခြင်းအပြင် မန်ယူ ညနေခင်းသတင်းများ

မန်ယူခံစစ်မှူး စမောလင်းက ရိုးမားကို အငှားထွက်ကစားဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူးလို့ ထုတ်ပြောပါတယ်။ စမောလင်းက ကလပ်အသင်းက မက်ဂွိုင်းရားကို ခေါ်ယူခဲ့ကတည်းက အသင်းမှာ နေရာမရနိုင်ဘူးဆိုတာ နားလည်ခဲ့တာကြောင့် စိန်ခေါ်မှုသစ်တွေအတွက် အငှားထွက်လာတာပါလို့ ဆိုပါတယ်။ မန်ယူအစွန်လူ ဒါလော့က ကလပ်အသင်းမှာ နေရာရဖို့ ဘစ်ဆာကာနဲ့ အပြိုင် ကြိုးစားလိုနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ မန်နေဂျာဆိုးရှားက လူငယ်တွေကို နေရာပေးရတာကို နှစ်သက်ခြင်းကြောင့် သူ့အနေနဲ့ အခွင့်အရေးရမယ်လို့ မျှော်လင့်နေပါတယ်။ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ကွင်းလယ်ကစားသမား မက်ဒီဆန်အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်… Continue Reading →

လူသစ်ခေါ်ယူမှု ပေါ်လစီ၊ ဆာကာ၊ တော်ရဲရား၊ အရန်ဂိုးသမားလေးနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ်ဂိုးသမား မာတီနက်စ်ဟာ ယူရိုပါလိဂ်အဖွင့်ပွဲမှာ clean sheet ရခဲ့ပြီး အဖွင့်သီတင်းပတ်အတွင်း ဂိုးပေါက်ကာကွယ်မှုတွေထဲမှာ အမြင့်ဆုံးသော ယူရိုပါလိဂ်ပြိုင်ပွဲဝင် ဂိုးသမားလည်း ဖြစ်ပါတယ်။ အာဆင်နယ် ဘယ်အစွန်လူ ကိုလာစီနက်က သူနဲ့ အိုဇေးတို့ ရင်ဆိုင်ခဲ့ရတဲ့ ဓါးကိုင် လုယက်ခံရမှုအပေါ် အခုချိန်ထိ ထိခိုက်ခံစားနေရဆဲဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။ ကိုလာစီနက်ဟာ အဆိုပါ ဖြစ်ရပ်အပြီး လေ့ကျင့်ရေးကို သီတင်းပတ် အနည်းငယ်ကြာ လွဲချော်ခဲ့ရသေးတာဖြစ်ပါတယ်။ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် မနက်က ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ မူစတာဖီက ကလပ်အသင်းကနေ ထွက်ခွာဖို့… Continue Reading →

မာရက်ဇ်အတွက် တောင်းဆိုမှုများ၊ ဂွာဒီယိုလာ တုန့်ပြန်ခြင်းနဲ့ မန်စီးတီး သတင်းတိုများ

နောဝစ်ရှုံးပွဲနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက စီးတီးဟာ ၈ လ တာ အတွင်း ပရီးမီးယားလိဂ် ပွဲ တစ်ပွဲသာ ရှုံးနိမ့်ခြင်းဖြစ်ပြီး ဘာကြောင့် သံသယတွေနဲ့ စိုးရိမ်နေရမလဲလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ အစွန်ခံစစ်မှူး ဘန်ဂျမင် မန်ဒီ မန်စီးတီးအသင်း အတွက် ပြန် ပါဝင်ကစားနိုင်ချိန်က အသင်း အင်အားနည်းနေချိန်ဖြစ်လို့ အချိန်ကိုက် ဖြစ်သွားကြောင်း ဂွမ်ဒိုဂန်က မှတ်ချက်ပြုခဲ့ပါတယ်။ မန်စီးတီး ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ နောက်နှစ် နွေမှာ ဒေးဗစ် ဘက်ခမ်းရဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မီယာမီအသင်းထံ… Continue Reading →

ပြန်လာတော့မယ့် ကန်တေ၊ အိုဒွိုင်း၊ ဟာဇက်နေရာ မဖြည့်နိုင်သေးတဲ့ ပူလီဆစ်နဲ့ ချယ်ဆီးသတင်းတိုများ

ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ လူငယ်ကစားသမား အိုဒွိုင်းကို ကလပ်အသင်းမှာ ကာလရှည် ဆက်ရှိနေမယ့် ၅ နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် လက်မှက်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး သူဟာ စာချုပ်သစ်အရ ချယ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရမှာဖြစ်ပါတယ်။ အိုဒွိုင်းက – ” စာချုပ်သစ် ချုပ်ဆိုနိုင်တာအတွက် ခံစားရတာကတော့ အံ့အားသင့်စရာကောင်းပါတယ်။ အချိန်အကြာကြီး စောင့်ခဲ့ရတယ် ဆိုပေမယ့် စာချုပ်သစ်ကိစ္စ ပြီးမြောက်ခဲ့ပါပြီ။ ကျနော် အရမ်း ပျော်မိပါတယ်။ အသက် ၈ နှစ်အရွယ်တည်းက ချယ်ဆီးကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလား… Continue Reading →

မန်ယူအသင်း ရလဒ်ကောင်းဖို့ အဓိကကျလာမယ့် အသင်းသားအကြောင်း ဆိုးရှား ပြောလာ

မန်ယူအသင်း မနက်က အက်စတာနာနဲ့ပွဲ အနိုင်ရမှုမှာ သွင်းဂိုး တစ်ဂိုးတည်းရခဲ့တယ်ဆိုပေမယ့် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့သူကတော့ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်တဲ့ ကွင်းလယ်လူ ဖရတ်ပဲ ဖြစ်ပါတယ်။ မန်ယူကွင်းလယ်မှာ အဓိက ကစားသမားး ပေါ့ဘာ ဒဏ်ရာရနေလို့ ဖရတ် ပြန်ကစားနိုင်တာက သတင်းကောင်းလည်း ဖြစ်လာခဲ့တယ်။ လာမယ့် ပွဲစဉ်တွေမှာလည်း ဘရာဖီးသား ကွင်းလယ်လူဟာ ဆက်လက်ပြီး နေရာရနေမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်း တိုးတက်လာမှုတွေက ကလပ်အသင်းအတွက် အရေးပါတဲ့ ကိစ္စလည်း ဖြစ်လာနေခဲ့တယ်။ အက်စတာနဲ့ပွဲမှာဆိုရင် ဖရတ်က… Continue Reading →

ကလော့ပ် မေးခွန်းထုတ်ခံရမှု၊ စီးတီးနဲ့ပွဲ ရွှေ့ဆိုင်းခြင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဒီနှစ်တွေထဲမှာ လီဗာပူးရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကြီး ၆ ကြီးကို အဝေးကွင်းမှာ အနိုင်မရခြင်းနဲ့ ရာသီစကတည်းက ရုန်းကန်နေရတဲ့ clean sheet နဲ့ ပက်သက်လို့ အဓိက မေးခွန်းထုတ်ခံခဲ့ရ ပါတယ်။ ထိုမေးခွန်းအပေါ် – ” ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်တွေက အရမ်းကောင်းလို့လည်း ပါပါတယ်။ ဒါကတော့ အကြောင်းရင်း တစ်ချက်ပေါ့လေ။ အဝေးကွင်းပွဲတွေမှာ အနိုင်ရဖို့ဆိုတာက ခြားနားတဲ့ နည်းလမ်းတွေရှိပြီး ကျနော်တို့ ရှာတွေ့နိုင်ဖို့ လိုပါတယ်။ ” လို့ ကလော့ပ်က တုန့်ပြန်ခဲ့ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!