Date

September 22, 2019

မန်ယူဟာ ကျဆုံးနေတယ်ဆိုတဲ့ ရွိုင်ကိန်းနဲ့ ဆိုးရှားကို အချိန်ပေးဖို့ တောင်းဆိုတဲ့ နဗီး

က်ဟမ်းနဲ့ပွဲအပြီးမှာ ကလပ်အသင်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကလပ်အသင်းရဲ့ အနေအထားဟာ ဝမ်းနည်းဖွယ် ကျဆုံးနေတာဖြစ်ပြီး ကလပ်အသင်းရဲ့ နာမည်ကျော် ပုံရိပ်တွေအားလုံး ပျောက်နေဆုံးပါပြီလို့ ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။ မန်ယူဟာ အဝေးကွင်းမှာ ပြင်းထန်စွာ တိုက်ခိုက် ယှဉ်ပြိုင်ခဲ့ရခြင်းထက် အားနည်းချက် များစွာနဲ့အတူ ပြိုင်ဘက်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအတွင်း ရပ်ဖို့ ထွက်ခွာချိန်မှာ တိုက်စစ်မှူး မပါပဲတောင် ကစားခဲ့ရတာဖြစ်တယ်။ ကွင်းထဲမှာ ဦးဆောင်သူလည်း လုံးဝမရှိပဲ ကလပ်အသင်းဟာ နောက်ပြန်ဆုတ်လာတဲ့ အနေအထားနဲ့ ကျဆုံးနေတယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။ ရွိုင်ကိန်း ”… Continue Reading →

ဝက်ဟမ်းနဲ့ပွဲအပြီး အသင်းဟောင်းနဲ့ ဆိုးရှားတို့ကို ပြတ်သားစွာ ဝေဖန်လိုက်တဲ့ မော်ရင်ညို

ဝက်ဟမ်းကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲအပြီး ပွဲသုံးသပ်သူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မော်ရင်ညိုက ဒီကနေ့ပွဲမှာ မန်ယူအသင်းရဲ့ ခြေစွမ်းက အထင်ကြီးစရာ မရှိသလို ဘာကောင်းကွက်မှ မမြင်ပါဘူးလို့ ဝေဖန်သွားပါတယ်။ မော်ရင်ညိုက မနှစ်တုန်းက နွေအပြောင်းအရွှေ့မှာ မက်ဂွိုင်းရားကို တောင်းဆိုခဲ့ပြီး မရခဲ့ပါဘူး။ မန်နေဂျာဆိုးရှားလက်ထက် တိုက်စစ်မှာ နေရာရနေတဲ့ ရပ်ဖို့ကို အထောင်တိုက်စစ်နေရာ အဆင်မပြေဘူးလို့ မော်ရင်ညို ပြောခဲ့ပြီး ဒီနွေမှာ ထွက်ခွာသွားတဲ့ လူကာကူကိုပဲ အဓိက တိုက်စစ်သမားအဖြစ် တင်ကစားခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညိုဟာ ဖရတ် တစ်ဦးတည်းကိုပဲ လူသစ်အဖြစ်… Continue Reading →

ဖန်တီးမှုမရှိ၊ တိုက်စစ်မှူးမရှိပဲ ဝက်ဟမ်းကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်တဲ့ မန်ယူ

ယူနိုက်တက်ဟာ ဒီအပတ်ရဲ့ အဝေးကွင်းပွဲအဖြစ် လန်ဒန်အခြေစိုက် ဝက်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ အဝေးကွင်းနိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခြင်းမရှိပဲ ရှေ့ဆက်စေခဲ့ပါတယ်။ မန်ယူအသင်း လူစာရင်းမှာ ယူရိုပါလိဂ်ပွဲတုန်းက ခြေစွမ်းကောင်းခဲ့တဲ့ ရိုဂျိုနဲ့ ဖရက်တို့ မပါခဲ့ပဲ တိုက်စစ်မှာတော့ ရပ်ဖို့၊ ပါရဲရားနဲ့ ဂျိမ်းတို ပွဲထွက်လာခဲ့တာပါ။ ပွဲစကတည်း ယူနိုက်တက်က ပိုင်ဆိုင်မှုကို ထိန်းဖို့ ကြိုးစားခဲ့ပြီး တောင်ပံတွေကို အားပြု တိုက်စစ်ဆင်ခဲ့ပါတယ်။ ဝက်ဟမ်းကလည်း အစွန်တွေကို အကောင်းဆုံး… Continue Reading →

အကောင်းဆုံး နံပါတ် ၉၊ အာနိုး စံထားရသူများနဲ့ ချယ်ဆီးနဲ့ ပွဲမတိုင်ခင် လီဗာပူး ညနေခင်းသတင်းများ

လီဗာပူး တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုဟာ အကောင်းဆုံး နံပါတ် ၉ ၀တ် တိုက်စစ်မှူး ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး လီယွန်နယ် မက်ဆီ တစ်ယောက်သာ ဖန်တီးမှုနဲ့ ကစားကွက်ချိတ်ဆက်မှုမှာ ဖာမီနိုထက် သာလွန်တယ်လို့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးက ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဒီနေ့ညပွဲမှာ ချယ်ဆီးကို အနိုင်ရမယ်ဆိုရင် ၂၀၁၄ နောက်ပိုင်း ထိပ်ဆုံး ၆သင်းဝင် အသင်းတွေကို လေးပွဲ ဆက် နိုင်တဲ့ မှတ်တမ်းကောင်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလော့ပ်က… Continue Reading →

သတင်းကောင်းပါပေမယ့် ဂရင်းဝုဒ်မပါတဲ့ လန်ဒန်သွား မန်ယူအသင်းသားများ အတည်ပြု စာရင်း

ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ယူအသင်းဟာ အဓိက ကစားသမား အများအပြားကို ခေါ်ယူသွားခဲ့ပေမယ့် ယူရိုပါလိဂ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမာား ဂရင်းဝုဒ် ပါဝင်သွားခဲ့ခြင်း မရှိပါဘူး။ မန်ယူအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဥရောပသွင်းဂိုးရှင်ဟာ ဒဏ်ရာရနေတဲ့ မာရှယ်နေရာမှာ အစားဝင်မယ်လို့ ကြိုတင် မျှော်လင့်ခံထားရပေမယ့်လည်း သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်။ လန်ဒန်ကိုသွားတဲ့ ခရီးစဉ်မှာ ဂရင်းဝုဒ် မပါခဲ့တာကို မန်ယူအခြေစိုက် သတင်းဌာနက ဓါတ်ပုံမှတ်တမ်းတွေက ဖော်ပြနေခဲ့ပပါတယ်။ ဒါ့အပြင် အစွန်လူ… Continue Reading →

ပြိုင်ဘက်တွေကို ဥပမာယူပြီး လီဗာပူးရဲ့ ပင်နယ်တီ ကန်သွင်းသူတွေကို ကလော့ပ် ဆုံးဖြတ်ပေး

ချယ်ဆီးပွဲကြိုမှာပဲ ယာဂင်ကလော့ပ်က လီဗာပူးအသင်းအတွက် ကွင်းအတွင်းက ပင်နယ်တီ တာဝန်ယူပေးရမယ့် ကစားသမားတွေကို တရားဝင် ထုတ်ပြောမှုနဲ့ သက်မှတ်ပေးမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ မန်ယူအသင်းဟာ ရပ်ဖို့နဲ့ ပေါ့ဘာတို့ ပင်နယ်တီ လုကန်မှုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘာကလေက ဝီလီယမ်နဲ့ ဂျော်ဂျင်ဟိုထံက ပင်နယ်တီကန်ခွင့်ကို အပြိုင်ရယူမှုတွေ ဖြစ်ပေါ်ထားခဲ့တာပါ။ တူညီတဲ့ ပြသနာမျိုး လီဗာပူးမှာ မဖြစ်ပေါ်စေဖို့ ယာဂင်ကလော့ပ်က ပြတ်သားတဲ့ စကားကို ဆိုလာခဲ့ပြီဖြစ်ပါတယ်။ ကလော့ပ်က ‘ ကျနော်တို့အတွက် ရှင်းလင်းတဲ့ စည်းမျဉ်းကတော့ မီလ်နာဟာ ပင်နယ်တီ ကန်သွင်းသူဖြစ်ပါတယ်။… Continue Reading →

ချယ်ဆီး – လီဗာပူး ပွဲ အတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှ ချယ်ဆီးနဲ့လီဗာပူး ပွဲအတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင် စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင် ဒီတပတ်ကြားရက် ချန်ပီယံလိဂ်မှာ ရှုံးပွဲတွေ့ထားတဲ့ နှစ်သင်း ဆုံမှာ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက် အတွက် စမ်းသပ်မှုကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အစ္စတန်ဘူလ်မှာ ဒီနှစ်သင်းဟာ စူပါကပ်ဖလား ဖိုင်နယ်ပွဲ ကစားထားခဲ့ပြီး လီဗာပူး နိုင်ခဲ့ပါတယ်။ ဒီတပတ် စတန်းဖို့… Continue Reading →

အာဆင်နယ် – အက်စတွန်ဗီလာပွဲ အတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှ အာဆင်နယ်နဲ့ အက်စတွန်ဗီလာ ပွဲအတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင် အာဆင်နယ် အနေနဲ့ ဂိုးတွေပြန်ပေးပြီး အမှတ်တွေ ဆုံးရှုံးနေစေတဲ့ ခံစစ်အမှားတွေကို ရပ်တန့်သင့်ပါပြီ။ ကြာသပတေးနေ့မှာ အာဆင်နယ်က ခက်ခဲတဲ့ ပြိုင်ဘက် ဖရန့်ဖတ်ကို ရင်ဆိုင်ခဲ့ရပြီး ဒီတပတ် အမ်းမရိတ်မှာ အိမ်ရှင်တို့ သက်တောင့် သက်သာ နိုင်ပွဲ ရမယ် မထင်ပါဘူး။… Continue Reading →

ဝက်စ်ဟမ်း – မန်ယူပွဲ အတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှ ၀က်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲအတွက် နာမည်ကျော်တွေရဲ့ ခန့်မှန်းသုံးသပ်ချက်များ အစုံအလင် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ တနင်္ဂနွေနေ့ည ၇း၃၀ နာရီ ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင် ၀က်စ်ဟမ်းက နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲသာ ရှုံးထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာကတော့ ဗီလာပါ့ခ်မှာ တစ်မှတ် သာ ရခဲ့ပြီး စိတ်ပျက်ဖွယ် ဂိုးမရှိ သရေ ရထားတာပါ။ ဒီတနင်္ဂနွေမှာတော့ ဂိုးတွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!