Date

September 23, 2019

ကာရာဘောင်းပွဲမှာ ချယ်ဆီးပရိသတ်တွေ မျှော်လင့်နေတဲ့ ကြယ်ပွင့်တွေ ပါဝင်ကစားမယ်လို့ လမ်းပတ် အတည်ပြု

ချယ်ဆီးအသင်းဟာ ဒီတပတ် ကြားရက် ကာရာဘောင်းပွဲစဉ် အဖြစ် လိဂ်တူးကလပ် ဂရင်းစဘီအသင်းနဲ့ စတန်းဖို့ဘရစ်ခ်ျမှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ ဒီပွဲမှာ အကယ်ဒမီ လူငယ်ကစားသမားတွေကို အားပြု ပွဲထုတ်လာဖွယ် ရှိပြီး ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ထိုပွဲမှာ အိုဒွိုင်းနဲ့ ရစ်စီ ဂျိမ်းစ်တို့ ပါဝင်ကစားစေမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်သား တိုက်စစ်မှူး အိုဒွိုင်းဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လည်သက်သာ ကောင်းမွန်လာနေပြီး စီနီယာအသင်းကြီးနဲ့ ဒီရာသီမှာ ပထမဆုံး ပြန် ပါဝင်ကစားခွင့်… Continue Reading →

ဟိုးဒင်း၊ လာကာဇက်တီ၊ တီရာနေး၊ ဘယ်လာရင်တို့နဲ့ ပက်သက်ပြီး အာဆင်နယ်သတင်းထုတ်ပြန်

အင်္ဂါနေ့ နော်တင်ဟမ်ဖော်ရက်နဲ့ ကာရာဘောင်းပွဲမတိုင်ခင် အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရကစားသမားတွေနဲ့ ပက်သက်ပြီး ကလပ်အသင်းဘက်က သတင်းထုတ်ပြန်မှုတွေ လုပ်လာခဲ့ပြီဖြစ်ပါတယ်။ သတင်းကောင်းကတော့ အက်စတွန်ဗီလာနဲ့ပွဲမှာ အသင်းသားတွေ တစ်ဦးမှ ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။ အာဆင်နယ်ဝဘ်ဆိုဒ်က ဖော်ပြမှုမှာတော့ တနင်္ဂနွေနေ့ပွဲမှာ အနီကဒ်ပြခံရတဲ့ ညာအစွန်လူ မစ်လန်နေးဟာ ကြားရက်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် တိုက်စစ်မှူး လာကာဇက်တီကလည်း ဘယ်ခြေကျင်းဝတ် ဒဏ်ရာတိုးတက်လာဖို့က ဆက်လက်ပြီး ကြိုးစားနေရဆဲဖြစ်ကာ အောက်တိုဘာလလလောက်မှ ဘောလုံးပြန်ကစားနိုင်မှာဖြစ်ပါတယ်။ ခံစစ်မှူးဟိုးဒင်က ပြန်ကစားနိုင်နေပြီဖြစ်ပြီး ကာရာဘောင်းနဲ့ပွဲမှာ ရွေးချယ်လို့ ၇နေပါပြီ။ မာဘရိုပါနိုစ့်က စီနီယာအသင်းနဲ့… Continue Reading →

ဆုဖလားတွေ စိန်ခေါ်မယ့် လီဗာပူးရဲ့ အဓိက အားနည်းချက်ကို ထောက်ပြလိုက်တဲ့ ဟက်စကီး

လီဗာပူးအသင်း တိုက်စစ်မှူးဟောင်း ဟက်စကီးက အသင်းဟောင်း လီဗာပူးတို့ မန်စီးတီးထံက သရဖူဘွဲ့ကို လွဲပြောင်းယူဖို့ အလားအလာကောင်းနေပေမယ့် အရန်အင်အားးကို ဖြည့်တင်းဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေပေမယ့် တိုက်စစ်ကတော့ ဖာမင်နို၊ ဆာလက်၊ မာနေးတို့ကိုပဲ အားကိုးနေရတာဖြစ်ပြီး သူတို့ သုံးဦးတွဲ ပွဲမထွက်ရင် သွင်းဂိုးအတွက် ရုန်းကန်နေရတတ်တာဖြစ်တယ် ဟက်စကီးကတော့ ဒီသုံးဦး မရှိရင် လီဗာပူးရဲ့ လူစာရင်းက ပြီးပြည့်စုံခြင်း မရှိတော့ပဲ လူသစ်ခေါ်ယူမှုတွေနဲ့ အရန်အင်အားကို အားဖြည့်သင့်တယ်လို့ သုံးသပ်ခဲ့တယ်။ ဟက်စကီးက ”… Continue Reading →

ချမ်ဘာစ်၊ အမ်မရီတို့ ပွဲပြီး စကားများ၊ အူဘာရဲ့အရေးပါမှု၊ ဆာကာမှတ်တမ်းနဲ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်ဟာ ညက အမ်းမရိတ်မှာ အက်စတွန်ဗီလာကို ဧည့်ခံ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တစ်ယောက်လျော့ အနေအထားကနေ ပြိုင်ဘက် ဗီလာကို နောက်ကနေ အကြိမ်ကြိမ် လိုက်ကစားရပေမယ့် ၃-၂ ရလဒ်နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ် ခံစစ်မှူး ချမ်ဘာစ်ကတော့ နိုင်ပွဲ အပေါ် ၀မ်းမြောက်နေပြီး အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းက တကယ့် ကွာလတီ တိုက်စစ်မှူး ဖြစ်ပြီး အသင်းမှာလည်း ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားတွေလည်း ရှိနေတာက အားရစရာ ဖြစ်ကြောင်း ဗီလာနဲ့… Continue Reading →

ရီးရဲလ်နဲ့ ချိတ်ဆက်ထားတဲ့ စတားလင်း၊ စီးတီးချိန်ရွယ်ထားတဲ့ လိုင်ယွန်ကွင်းလယ် အပါအ၀င် မန်စီးတီး သတင်းတိုများ

ဘာနာဒိုဆေးလ်ဗားဟာ တွစ်တာမှာ အသင်းဖော် မန်ဒီကို နောက်ပြောင်တဲ့ ပို့စ်တစ်ခု တင်ခဲ့ပေမယ့် လူမျိုးရေးခွဲခြားတဲ့ သဘော သက်ရောက်သွားတာကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး ပို့စ်ကိုလည်း ပြန်ဖျက်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်အပေါ် အက်ဖ်အေကလည်း စိစစ်မှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းမှ ပေါင် သန်း ၄၀ တန် ကွင်းလယ်ကစားသမား Houssem Aouar ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နောက်နှစ်နွေမှာ ကမ်းလှမ်းဖို့ ကြံရွယ်နေပါတယ်။ မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ၀က်ဖို့ဒ်ကို ဂိုးပြတ်နိုင်ပွဲ အပြီး… Continue Reading →

ကာရာဘောင်းပွဲ၊ ဒဏ်ရာအခြေအနေ၊ ချီးကျူးခံရမှုတွေနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို စတန်းဖို့ဘရစ်ခ်ျမှာ သွားရောက် ရင်ဆိုင်ကစားရာ ထရန့်အလက်ဇန္ဒါး အာနိုးနဲ့ ဖာမီနိုတို့ သွင်းဂိုးတွေ ကြောင့် ၂-၁ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ ချယ်ဆီးကို နိုင်လိုက်တာကြောင့် လီဗာပူးအသင်းဟာ ဒီရာသီ ၆ ပွဲ ကစား ၆ ပွဲလုံးနိုင်ကာ ၁၈ မှတ်ပြည့် ရထားပြီး အမှတ်ပေးဇယား ပထမ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က – ” ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ ကျနော်တို့ ကြိုသိခဲ့တယ်။ ချယ်ဆီးက… Continue Reading →

ကန်တေ၊ ကွီတာ၊ လမ်းပတ်တို့ ပြောစကားများ၊ မော်ရင်ညို သတိပေးမှုနဲ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးခံစစ်မှူး ကွီတာက လီဗာပူးနဲ့ပွဲ ရလဒ်အတွက် စိတ်ပျက်ရကြောင်းနဲ့ ဒါပေမယ့် ပထမပိုင်း ပြီးတည်းက ချယ်ဆီးဟာ လီဗာပူးကို ထိခိုက် နာကျင်အောင် လုပ်နိုင်တယ်လို့ ခံစားမှု ရှိနေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းတာကြောင့် လိုအပ်တဲ့ အနိုင်ရလဒ် မယူနိုင်ခဲ့ဘူးလို့ ၄င်းက ဆိုခဲ့ပါတယ်။ ဒီတပတ်မှာလည်း နိုင်ပွဲ မရခဲ့တာကြောင့် လမ်းပတ်ဟာ ချယ်ဆီး အိမ်ကွင်း ပထမလေးပွဲ ဆက် နိုင်ပွဲပျောက်တဲ့ မှတ်တမ်းဆိုး ရရှိသွားကာ ထိုစံချိန်ဟာ ၁၉၉၈ နည်းပြ ဘော်ဘီကမ့်ဘဲလ် နောက်ပိုင်း ပထမဆုံး… Continue Reading →

မန်ယူကို အချက်ကျကျ ဝေဖန်ပေးမှုတွေ၊ တိုက်တွန်းမှုတွေနဲ့ နောက်ဆုံးရ မန်ယူသတင်းများ

ယူနိုက်တက်ဟာ ဒီအပတ်ရဲ့ အဝေးကွင်းပွဲအဖြစ် လန်ဒန်အခြေစိုက် ဝက်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၂ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီ အဝေးကွင်းနိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခြင်းမရှိပဲ ရှေ့ဆက်စေခဲ့ပါတယ်။ ၀က်ဟမ်းနဲ့ပွဲအပြီးမှာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မန်ချက်စတာကလပ်အသင်းရဲ့ အနေအထားဟာ ဝမ်းနည်းဖွယ် ကျဆုံးနေခဲ့ပြီ ဖြစ်ကာ အသင်းရဲ့ နာမည်ကျော် ပုံရိပ်တွေအားလုံး ပျောက်နေဆုံးပါပြီလို့ ထုတ်ပြောမှုလုပ်လာခဲ့ပါတယ်။ ယူနိုက်တက် ခံစစ်မှူးဟောင်း နဗီးလ်ကတော့ ကလပ်အသင်းဟာ မနှစ်က ဒီဇင်ဘာကမှ နည်းပြ အပြောင်းအလဲ ပြုလုပ်ထားတာ… Continue Reading →

အူဘာမီယန် မရှိရင် ဒီရာသီ ရမှတ် တစ်မှတ်တောင်ရမှာ မဟုတ်တဲ့ အာဆင်နယ်

ကမ္ဘာပေါ်မှာ အူဘာမီယန်ထက် ပိုကောင်းတဲ့ တိုက်စစ်သမားဆိုလို အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်အတွက်တော့ ဂါဘွန်တိုက်စစ်သမားဟာ အရေးပါလွန်းသူဖြစ်ပြီး မှတ်တမ်းအရတော့ သူမရှိရင် အာဆင်နယ်ဟာ ဒီရာသီ ရမှတ် တစ်မှတ်တောင်ရမှာ မဟုတ်ပါဘူး။ အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပြီး တည်ကန်ဘောကနေ သူသွင်းဂိုး ရယူမှုဟာ အာဆင်နယ်အတွက် အဖိုးတန် ရမှတ်သုံးမှတ် ရစေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ အခွင့်အရေးတွေကို ဖြုန်းတီးတဲ့ အသင်းဖြစ်ပြီး အူဘာမီယန်က ကလပ်အသင်းအတွက် ရမှတ်တွေကို ယူဆောင်ပေးနေတာပါ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!