Month

October 2019

ချယ်ဆီးရဲ့ ဦးစားပေးပြိုင်ပွဲတွေက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပါလို့ ပြောဆိုလိုက်တဲ့ လမ်းပတ်

ချယ်ဆီးအသင်းဟာ တခြား ဖလားပြိုင်ပွဲတွေကို ပိုမို အာရုံစိုက်ပါတယ်လို့ ပြောဆိုလိုက်ပြီး ဖရန့်လမ်းပတ်က မန်ချက်စတာယူနိုက်တက် ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်ကို မေ့ထားဖို့ ကြိုးစားခဲ့ပါတယ်။ ရက်ဖို့ဒ် ၊ ဘတ်ရှူဝါရီ တို့ရဲ့ ဂိုးတွေကြောင့် ချယ်ဆီးဟာ ၇ပွဲဆက် အနိူင်မှတ်တမ်း အဆုံးသတ်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ကာရာဘောင်း ပြိုင်ပွဲကနေ ထွက်ရတာက ဆုံးရှုံးမှု ဖြစ်စေခဲ့သလားလို့ မေးမြန်းခဲ့တဲ့အခါ လမ်းပတ်က သူ့အသင်းရဲ့ မကြာသေးမီက ကစားပုံတွေကို ချီးကျူးခဲ့ပြီး တခြားပွဲတွေမှာ အာရုံစိုက်ထားကာ… Continue Reading →

ယူနိုက်တက် တိုက်စစ် သွင်းဂိုးတွေကို ဆက်တိုက်ရယူလာနိုင်တော့မယ့် အကြောင်းရင်းကို ဖရက်ရှာ ရှင်းပြ

ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖရက်ရှာက လာမယ့်အပတ်တွေမှာ ဆိုးရှားရဲ့အသင်းဟာ ရပ်ဖို့ ပုံစံကောင်းတွေ ပြန်ရလာခြင်းနဲ့အတူ သွင်းဂိုးတွေ ဆက်တိုက် ပြန်ရယူလာပါတော့မယ်လို့ ပြောဆိုလာပါတယ်။ နော်ဝစ်နဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ရပ်ဖို့ဟာ ချယ်ဆီးနဲ့ ကာရာဘောင်းပွဲမှာတော့ ပင်နယ်တီ ကန်သွင်းမှုကို ရယူဖို့ တွန့်ဆုတ်နေခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် အဝေးကွင်းမှာလည်း ကောင်းမွန်ထူးချွန်တဲ့ ဖရီးကစ်ဂိုးနဲ့ ကလပ်အသင်းကို အနိုင်ရစေဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ရပ်ဖို့ရဲ့ ပုံစံကောင်းတွေကြောင့် ဖရက်ရှာကတော့ အသင်းတိုက်စစ်ဟာ ပိုကောင်းတဲ့ ဦးတည်ချက်တွေ ရှာတွေ့လာပြီလို့ မြင်နေပါတယ်။ စကိုင်းစပေါ့ကနေပဲ ဖရက်ရှာက “… Continue Reading →

ချယ်ဆီးအတွဲကို ပွဲအနည်းငယ် အနားပေးချင်နေပြီလို့ ဝန်ခံလိုက်တဲ့ မန်နေဂျာလမ်းပတ်

ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်က ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းပွဲအပြီးမှာပဲ ပွဲဆက်တွေများနေတဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ကို အနားပေးလိုပါကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ လမ်းပတ်အနေနဲ့ လူစာရင်း အပြောင်းအလဲတွေကို များစွာ ပြုလုပ်နိုင်ပေမယ့် ကွင်းလယ်ကတော့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်ကာ ဂျော်ဂျင်ဟိုကော ကိုဗာဆစ်ပါ ကာရာဘောင်းပွဲမှာ ပါဝင်ကစားခဲ့ရပါတယ်။ လက်ရှိမှာ ကန်တီနဲ့ ဘာကလေတို့ မကစားနိုင်သလို လော့တပ်ချိစ်ကလည်း ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ မန်နေဂျာလမ်းပတ်က “ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်ကို အနားကောင်းကောင်း ပေးတာမျိုး လုပ်လိုပါတယ်။ ဒီရာသီမှာ… Continue Reading →

ယူနိုက်တက် အတွက် သေလောက်အောင် ကောင်းပြနေတဲ့ လျှို့ဝှက်လက်နက်

မန်ချက်စတာယူနိုက်တက်မှာ လျှို့ဝှက်လက်နက် ကစားသမား တစ်ဦး ပိုင်ဆိုင်ထားပြီး အခုချိန်မှာ ၎င်းက သေလောက်အောင် ကောင်းပြနေပါပြီလို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ချယ်ဆီးနဲ့ ကာရာဘောင်း ပွဲအပြီးမှာ သုံးသပ် ချီးကျူးလိုက်ပါတယ်။ ထို ကစားသမားကတော့ ဒန်နီရယ် ဂျိမ်းစ်ပါ။ ဂျိမ်းစ်ဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနေပါတယ်။ ချယ်ဆီးကို ယူနိုက်တက် ရင်ဆိုင်ခဲ့တဲ့ အဖွင့်ပွဲစဉ်မှာတည်းက ဒန်နီရယ်ဂျိမ်းစ်က အရန်ခုန်တန်းက လျှို့ဝှက် လက်နက် ဖြစ်ခဲ့ပြီး လမ်းပတ် ကိုယ်တိုင်လည်း ဂျိမ်းစ် အစွမ်းအစကို… Continue Reading →

မန်ချက်စတာယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုးရှား ကြွေးကြော်

ကာရာဘောင်းဖလားကနေ ချယ်ဆီးသင်းကို ထွက်ခွာစေခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုးရှားက ကြွေးကြော်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်ခဲ့ပြီး နိုင်ပွဲကြီး တစ်ရပ် ရခဲ့တယ်လို့လည်း ဆိုးရှားက ယုံကြည်နေပါတယ်။ ” ပြီးခဲ့တဲ့ အပတ်အတွင်း ကျနော်တို့ ခရီးတွေ အများကြီး သွားခဲ့တယ်။ ကျနော်တို့ အသင်း စိတ်ဓာတ်ကောင်းလည်း စုစည်းနိုင်ခဲ့ပြီး အသေခံတပ်သားတွေလို့ ရင်းနှီးစေခဲ့တယ်။ ဒါက အသင်း ပုံရိပ်ကောင်းတစ်ခု ပြသနိုင်ခဲ့တာပဲ ဖြစ်တယ်။ ” ” ဒီနေ့ အကောင်းဆုံး ပုံစံ ကစားနိုင်ခဲ့တယ်။… Continue Reading →

ချယ်ဆီးကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်တဲ့ပွဲမှ ယူနိုက်တက်အသင်းသားများ စွမ်းဆောင်ရည်

ချယ်ဆီးကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်တဲ့ပွဲမှ ယူနိုက်တက်အသင်းသားများ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း ဖြစ်ပါတယ်။ ရိုမီယို – ၇ ပထမပိုင်းမှာ ချယ်ဆီးက ဂိုးပေါက်ခြိမ်းခြောက်မှုတောင် မလုပ်နိုင်ခဲ့သလို သူက ပွဲကြည့်ပရိသတ်ပဲ ဖြစ်ခဲ့ပါတယ်။ ဂိုးအတွက်တော့ အနည်းငယ်ပဲ လုပ်နိုင်ခဲ့တယ်။ တခြား ကာကွယ်မှု အနည်းငယ် လုပ်ခဲ့ပေမယ့် အလွန်ဆိုရဲ့ အနီးကပ် ကန်ချက်ကို ပါးပါးနပ်နပ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဘရန်ဒန် ဝီလီယံ – ၇ ပထမပိုင်းမှာ ပေးပို့မှု အနည်းငယ် ဆုံးရှုံးတာတွေ ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ… Continue Reading →

ယူနိုက်တက်ကို ရှုံးကြွေးထပ်တင်ခဲ့တဲ့ ပွဲမှ ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ

ချယ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ကာရာဘောင်းဖလားပွဲ စတုတ္ထအဆင့် ပွဲစဉ် အဖြစ် စတန်းဖို့ဒ် ဘရစ်ချ်မှာ ဧည့်ခံကစားခဲ့ရာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘတ်ရှူဝါရီနဲ့ ဘီလီဂယ်လ်မာတို့ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ကျန်အသင်းသားတွေကတော့ ထူးခြားမှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ပါတယ်။ ဒီပွဲအတွက် စကိုင်းစပေါ့က ထုတ်ပြန်ခဲ့တဲ့ ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များကို ဖော်ပြပေးပါမယ်။ ဝီလီ ကာဘယ်လီရို – ၆ ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်နဲ့ ပင်နယ်တီ က လွဲရင် ပိုက်အပြင်ဘက်က ဘောလုံးကောက်တာလောက်ပဲ လုပ်ခဲ့ရပါတယ်။ ရီစီဂျိမ်းစ်… Continue Reading →

ချယ်ဆီးကိုနိုင်တဲ့ပွဲမှာ သံမဏိလူသား လို့ ဆိုးရှား ချီးကျူးရတဲ့ ယူနိုက်တက် အသင်းသား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ချယ်ဆီးအသင်းကို ကာရာဘောင်းဖလားပွဲ နိုင်တဲ့ ပွဲအပြီးမှာ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်က ချီးကျူး အမွှမ်းတင် မှုတွေ ပြုလုပ်ခဲ့ပြီး အရေးပါတဲ့ ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် ကန်သွင်းခဲ့တဲ့ ရက်ဖို့ဒ်ဟာ သံမဏိ လူသားလို့ ဆိုးရှားက ညွှန်းခဲ့ပါတယ်။ ဒါ့အပြင် ရက်ဖို့ဒ်ရဲ့ ဖရီးကစ် ဂိုးဟာ ခရစ္စတီယာနို ရိုနယ်ဒိုလို ကန်ချက် ဖြစ်တယ်လို့ ဆိုးရှားက ချီးကျူးခဲ့ပါသေးတယ်။ ချယ်ဆီးကို ၂-၁ နဲ့ နိုင်တဲ့ ပွဲမှာ… Continue Reading →

ယူနိုက်တက် ထိပ်တန်းပစ်မှတ်ကို ခေါ်ယူဖို့ ကြားဝင်လာတဲ့ လာလီဂါကလပ် ဘာစီလိုနာ

ယူနိုက်တက်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းမှ အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနား လူငယ်တိုက်စစ်မှူး Lautaro Martinez ကို ခေါ်ယူလိုနေပေမယ့် ဈေးကွက် မစခင်မှာပဲ အနှောက်အယှက်က ပေါ်လာခဲ့ပြီဖြစ်တယ်။ စပိန်သတင်းဌာနတွေက ဖော်ပြလာမှုအရ လူကာ်ကူနေရာ အစားထိုးဖို့ ယူနိုက်တက်တို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတဲ့ တိုက်စစ်သမားကို ဘာစီလိုနာကလည်း စိတ်ဝင်စားကာ စောင့်ကြည့်လာခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူး ဆွာရက်စ်နေရာ အစားထိုးဖို့ ဘာစီလိုနာက မက်ဆီနဲ့ တစ်နိုင်ငံတည်းသားလေးကို အာရုံကျလာခဲ့တာဖြစ်ပြီး လာလီဂါကလပ် ပါဝင်လာတာကြောင့် ကစားသမားရဲ့ တန်ကြေးက မြင့်တက်လာတော့မှာပါ။ နွေအပြောင်းအရွှေ့မှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!