Date

November 3, 2019

လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ရာသီဝက်အတွက် လက်ကျန် ပြိုင်ဘက် ၈ သင်းများအား လေ့လာခြင်း

ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲ ကစားပြီးချိန်မှာ လက်ရှိ အနေအထားအရ ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းကပဲ ဆကလက် ယှဉ်ပြိုင်သွားကြမယ့် အနေအထားလို့ ခန့်မှန်းခံထားရတယ်။ ဒီကြားကာလမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာ ရှိနေသေးပေမယ့် နှစ်သင်းဟာ အားအကောင်းဆုံး ပြိုင်ဘက်တွေ ဖြစ်နေကြပါတယ်။ လီဗာပူးက မန်စီးတီးကို ၆ မှတ် အသာစီးရနေတဲ့ အနေအထားဖြစ်ပြီး နှစ်သင်းလုံးက စနေနေ့က ပွဲတွေမှာ အရံှူးကနေ အနိုင်ရလဒ်ကို ပြန်လာပြနိုင်ကြပါသေးတယ်။ နောက်အပတ်မှာတော့ နောက်ထပ် အမှတ်ပေးပွဲအဖြစ် နှစ်သင်း ထိပ်တိုက်တွေ့ကြမယ့်… Continue Reading →

ချယ်ဆီးအသင်း အဝေးကွင်း ရလဒ်တွေ ကောင်းမွန်နေတဲ့အကြောင်းအရင်း လမ်းပတ် ရှင်းလင်း

၀က်ဖို့ဒ်ကို နိုင်တဲ့ ပွဲအပြီးမှာ လမ်းပတ်က ချယ်ဆီးအသင်းကို အဝေးကွင်း ၇ ပွဲ ဆက် နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်တဲ့ မန်နေဂျာ တစ်ဦး ဖြစ်လာပြီး နှစ်ပေါင်း သုံးဆယ် အတွင်း ပထမဆုံး ထွက်ပေါ်လာသူ ဖြစ်ပါတယ်။ ထိုသို့ အဝေးကွင်း ရလဒ်တွေ ကောင်းနေတဲ့ အပေါ် လမ်းပတ်က ရှင်းလင်း အဖြေပေးခဲ့တဲ့ အပြင် အသင်း ကွင်းလယ်ကစားသမားတွေရဲ့ အရည်အချင်းကိုလည်း ချီးကျူးပြောဆိုသွားပါတယ်။ ” ကျနော်တို့ကို အနိုင်ရစေတဲ့ တခြားအကြောင်းရင်းတော့ မရှိပါဘူး။ သူတို့ အိမ်ရှင်အသင်းတွေ… Continue Reading →

ရော်နယ်ဒို၊ မက်ဆီတို့နဲ့ နှိုင်းယှဉ်ကာ ဝန်ခံစကားဆိုခဲ့တဲ့ ဆာဒီယို မာနေး

ဆာဒီယို မာနေးက သူဟာ လီယွန်နယ်မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့လို တကယ့် မွန်းစတားတွေရဲ့ အနောက်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။ လီဗာပူး တိုက်စစ်မှူးဟာ ၂၀၁၉ ဘလွန်းဒီအော ဆန်ကာတင် အယောက် ၃၀ စာရင်းမှာ ဘာစီလိုနာ နဲ့ ဂျူဗင်တပ် တိုက်စစ်မှူးတို့နဲ့အတူ ပါဝင်နေပေမယ့် သူက ဒီ အကောင်းဆုံး ကစားသမား နှစ်ယောက်လိုမျိုး ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်လို့ ထင်နေပါတယ်။ ၂၀၁၈မှာ ရီးရဲလ်မက်ဒရစ် ကစားသမား… Continue Reading →

ဝီလီယံ၊ ပူလီဆစ်၊ ကီပါတို့ အပါအဝင် ဝက်ဖို့ဒ်ကို နိုင်တဲ့ပွဲမှ လမ်းပတ် ချီးကျူးခဲ့ရသူများ

ရလဒ် ကောင်းတွေ ဆက်တိုက်ရယူနိုင်နေဆဲ ချယ်ဆီး အသင်းဟာ စနေနေ့ည ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ အမှားအယွင်းမရှိဘဲ လိုအပ်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ လမ်းပတ်ကတော့ အသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှု အပိုင်းကို အားရ ကျေနပ်နေပြီး ပွဲအပြီးမှာ အမည်တပ် ထုတ်ဖော် ချီးကျူးရသူများလည်း ရှိခဲ့ပါတယ်။ ဖိုစတာရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့တဲ့ကီပါ နဲ့ ပတ်သတ်ပြီး လမ်းပတ်က – ” သိပ်ကောင်းတဲ့ ကာကွယ်မှုပါပဲ။ ကျနော်တို့ဟာ ထိုက်တန်တာကို ရခဲ့တယ်။ မင်းရဲ့… Continue Reading →

လီဗာပူး တစ်ရာသီလုံး မရှုံးဘဲ သွားနိုင်မလားအပေါ် ကလော့ပ် အဖြေပေး

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ ၎င်းကလပ်အသင်းဟာ ဘောလုံးရာသီပြည့် ရှုံးပွဲ မရှိဘဲ ကစားသွားဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံလိုက်ပြီး အထူးသဖြင့် အက်စတွန်ဗီလာကို နောက်ဆုံးမိနစ်မှ အနိုင်ဂိုး သွင်းနိုင်သလိုမျိုး ပြုလုပ်ဖို့ ခက်ခဲတယ်လို့ ဆိုခဲ့ပါတယ်။ ဒီတပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာက လီဗာပူကို ပွဲချိန် တော်တော်များများ တစ်ဂိုး အသာနဲ့ ဦးဆောင်ထားခဲ့ကာ ၈၇ မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ ချေပဂိုး၊ ပွဲပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ မာနေးရဲ့ အနိုင်ဂိုးတို့ အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဗီလာက… Continue Reading →

VAR နဲ့ ကွင်းလယ်နံပါတ် ၆ နေရာအပြင် ဗီလာ ၁-၂ လီဗာပူးပွဲမှ လေ့လာနိုင်တဲ့ အချက် ငါးချက်

ရှုံးပွဲမရှိ ဒီရာသီ ပရီးမီးယားလိဂ် ဦးဆောင်ထားတဲ့ လီဗာပူးအသင်းဟာ နောက်ဆုံးမိနစ် နာကျင်အချိန်ပိုက ဂိုးနဲ့ အက်စ်တွန်ဗီလာ ကို အနိုင်ယူပြီး ၃မှတ် ရရှိခဲ့ပါတယ်။ ၇ရက်အတွင်း ၃ပွဲမြောက်အတွက် ကလော့ပ်ရဲ့ လူတွေဟာ သူတို့ရဲ့ recovery စွမ်းရည်ကို စစ်ဆေးခဲ့ကြပြီး နောက်တစ်ပတ် စီးတီးနဲ့ပွဲ မတိုင်ခင် ခက်ခက်ခဲခဲ နိုင်ပွဲ ရယူခဲ့ပါတယ်။ အိမ်ရှင်အသင်းအတွက်တော့ မယုံနိုင်စရာ ရလဒ် ရရှိလောက်အောင် ဖြစ်ခဲ့ပေမယ့် ရက်စက်တဲ့ အဆုံးသတ်နဲ့ ကြုံခဲ့ရတာပါ။ ဒင်းစမစ်ရဲ့ အသင်းဟာ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ရောဘတ်ဆန်နဲ့… Continue Reading →

မန်ယူနိုက်တက် တိုက်စစ်မှာ လုံလောက်တဲ့ အရည်အချင်းတွေ မရှိဘူး

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ်က လက်ရှိ ယူနိုက်တက် တိုက်စစ်မှာ လုံလောက်တဲ့ အရည်အချင်းတွေ မရှိကြကြောင်း ယုံကြည်နေပါတယ်။ ဂစ်က ဘုန်းမောက်ကို ယူနိုက်တက် ၁-၀ နဲ့ ရှုံးတဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုမှုပြုလုပ်လာခဲ့တာပါ။ ပထမပိုင်း မပြီးခင်မှာ သွင်းသွားခဲ့တဲ့ ဂျို့ရှ် ကင်းရဲ့ တစ်လုံးတည်းသော ဂိုးက ဟိုဝီရဲ့ ဘုန်းမောက်အသင်းကို အနိုင်ရဖို့ လုံလောက်ခဲ့ပြီး ဆိုးရှားရဲ့ ယူနိုက်တက်ကိုတော့ အဆင့် ၁၀ ထိ ကျသွားစေခဲ့ကာ အဆင့် ၄ နေရာမှ လက်စတာနဲ့… Continue Reading →

မန်စီးတီးနဲ့ စိန့် ပွဲပြီးရှင်းလင်းပွဲမှာ မာနေးရဲ့ ဟန်ဆောင်လှဲချမှုအကြောင်း ထည့်ပြောခဲ့တဲ့ ဂွာဒီယိုလာ

စနေညက ရင်ခုန်စရာ ပရီးမီးယားလိဂ် ပွဲတွေထဲမှာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှ အနိုင်ဂိုး သွင်းသွားတဲ့ လီဗာပူး အပြင် ပွဲပြီးခါနီးမှာ ဆောက်သမ်တန်ကို အနိုင်ဂိုး သွင်းခဲ့တဲ့ မန်စီးတီးလည်း ပါဝင်ပါတယ်။ လီဗာပူးဟာ ဗီလာထံက အနိုင်သုံးမှတ် ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား ပထမ နေရာမှာ ဆက်လက် ရပ်တည်ကာ မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်တယ်။ ဆာဒီယို မာနေးက လီဗာပူး နိုင်ပွဲ အတွက် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အနိုင် ဂိုး… Continue Reading →

ဝတ်ဖို့နဲ့ပွဲအပြီးမှာ ချယ်ဆီးအတွက် အထိနာမှုတစ်ခု ဖြစ်ခဲ့ပြန်ပြီလို့ ပြောဆိုခဲ့တဲ့ လမ်းပတ်

ဝတ်ဖို့နဲ့ပွဲအပြီး တွေ့ဆုံမှုမှာတော့ လမ်းပတ်က အသင်းအတွက် နိုင်ပွဲက အရေးကြီးခဲ့သလို တစ်ပွဲလုံးမှာ မကောင်းမြင်နိုင်တဲ့ အနေအထားကတော့ ဂျော်ဂျင်ဟို နောက်ကျ အဝါကဒ် ရရှိသွားခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။ ချယ်ဆီးဟာ ဒီနောက်ပိုင်းမှာ ခြေစွမ်း ဆက်တိုက် တက်လာခဲ့တာဖြစ်ပြီး အထူးသဖြင့် ရမှတ် ယူနိုင်မှုမှာ အတော်လေးကို တိုးတက်လာခဲ့တာပါ။ ဒီအတွက် ဂျော်ဂျင်ဟိုရဲ့ အရေးပါမှုကလည်း အဓိကကျလှတာဖြစ်တယ်။ အီတလီကွင်းလယ်ကစားသမားဟာ ဝတ်ဖို့နဲ့ပွဲမှာ ရခဲ့တဲ့ အဝါကဒ်ပြစ်ဒဏ်ကြောင့် လာမယ့် ပွဲ တစ်ပွဲကို လွဲချော်သွားတော့မှာလည်း ဖြစ်ပါတယ်။ လမ်းပတ်ရဲ့ လူစာရင်းမှာ အခြားနေရာတွေကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!