Date

November 5, 2019

BREAKING: ဖလားပြိုင်ပွဲ နှစ်ခုအတွက် လူစာရင်းနှစ်ခုခွဲပြီး ယှဉ်ပြိုင်မယ်လို့ လီဗာပူးအသင်း ကြေညာ

လီဗာပူးအသင်းကတော့ ကလပ်အသင်းသမိုင်းမှာ အခက်ခဲဆုံးနဲ့ အထူးဆန်းဆုံး ကိစ္စကို အဆုံးအဖြတ် ပေးလိုက်ပြီဖြစ်ပြီး ဆုဖလားပြိုင်ပွဲ နှစ်ခုအတွက် လူစာရင်းနှစ်ခုနဲ့အတူ သီးခြားစီ ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။ ကလပ်အသင်းဘက်က တရားဝင် စာထုတ်ခဲ့တာဖြစ်ပြီး အသေးစိတ် အစီအစဉ်တွေကတော့ အဖြေရှာရဦးမယ်လို့ ယူဆရတယ်။ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲနှစ်ပွဲဖြစ်တဲ့ ကာရာဘောင်းနဲ့ ကလပ်များကမ္ဘာဖလားပြိုင်ပွဲနှစ်ခုအတွက် အင်္ဂလန်နဲ့ ကာတာမှာ မတူညီတဲ့ နေရာတွေအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မိုင်ပေါင်း ၄၀၀၀ ကွာဝေးတဲ့ နှစ်ပွဲဟာ ၂၄ နာရီပဲ ပွဲချိန်ကွာခြားနေတာဖြစ်ပါတယ်။ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်ပွဲအတွက် တရားဝင် ရက်စွဲ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး… Continue Reading →

ကွင်းလယ်မှာ သူအကြိုက်ဆုံး နေရာနဲ့အတူ ပွဲထွက်ခွင့်အတွက် စိန်ခေါ်စကား ပြောလာတဲ့ လော့တပ်ချိစ်

ချယ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်ဟာ ကြံ့ခိုင်မှုပိုင်းမှာ ပြန်လည် တိုးတက်လာဟန်ရှိပြီး သူကတော့ အသင်းဖော်တွေကို ပွဲထွက်ခွင့် နေရာတစ်နေရာအတွက် ပြိုင်ဆိုင်သွားတော့မယ်ဆိုတဲ့ အကြောင်းကြားမှုကို စတင်လာပြီဖြစ်ပါတယ်။ မေလကတည်းက ခြေထောက်ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ လော့တပ်ချိစ်ဟာ ချယ်ဆီးအတွက် ဆုံးရံှူးမှုတစ်ခုလည်းဖြစ်တယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ ပဲလေစ့်မှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့သလို မနှစ်ကရာသီ ချယ်ဆီးအတွက်လည်း အဓိကကျတဲ့ ကွင်းလယ်လူတစ်ဦးအဖြစ် ကောင်းမွန်တဲ့ အလားအလာတွေ ပြသခဲ့ပေမယ့် ရာသီနှောင်းပိုင်းမှာတော့ ဒဏ်ရာ ရသွားခဲ့တာပဲ ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေကို အသားပေးနေတဲ့ ချယ်ဆီးမန်နေဂျာလမ်းပတ်ရဲ့… Continue Reading →

ပထမဆုံး အကြိမ် ကမ္ဘာ့နံပါတ် တစ် ကလပ်အသင်း ဖြစ်လာတဲ့ လီဗာပူး

လီဗာပူးအသင်းကတော့ ကြွေတက်ပြီးရင်း တက်နေတယ် ဆိုရမှာပါ။ အက်စတွန်ဗီလာကို နိုင်တဲ့ပွဲအပြီးမှာ လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးအသင်းဟာ ဥရောပကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်ညွှန်ကိန်းမှာ ထိပ်ဆုံးထိ ရောက်ခဲ့ကာ နံပါတ် တစ် နေရာကို သိမ်းပိုက်သွားပါတယ်။ ဒီရာသီမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့လို ကလပ်အသင်းကြီးတွေရဲ့ ချွတ်ချော်မှုတွေ ရှိနေပြီး လီဗာပူးအသင်း ရမှတ်က အားလုံးကို ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကလပ် အဖြစ် နေရာယူထားတဲ့ ဘာစီလိုနာကို နန်းချနိုင်ခဲ့ပြီ ဖြစ်ကာ မန်စီးတီးကိုလည်း ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။… Continue Reading →

ချန်ပီယံလိဂ်ပွဲကနေ အာရုံတစ်ချက်မှ ပျံ့လို့မရတဲ့ အကြောင်းရင်းကို ကလော့ပ် သတိပေး

မန်နေဂျာယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတိုင်းဟာ နောက်ထပ် အဆင့်တွေကို တက်လှမ်းနိုင်ဖို့ ဦးတည်ချက်တွေ ရှိထားတာကြောင့် ဂျန့်အသင်းနဲ့ပွဲကို မျက်နှာလွဲပြီး အခြားသော ပွဲတွေကို အာရုံစိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိချန်ပီယံ လီဗာပူးဟာ ဒီက့ညမှာတောာ့ ဘယ်ဂျီယံ အမှတ်ပေးချန်ပီယံကို အန်ဖီးမှာ ဧည့်ခံကစားရမှာပါ။ ဒီပွဲကို အနိုင်ရရင် လီဗာပူးဟာ ရံှူးထွက်အဆင့်ကို တက်လှမ်းဖို့အတွက် ခြေတစ်လှမ်း တိုးနိုင်မှာဖြစ်ပြီး ဂျန့်ဘက်ကလည်း နောက်ထပ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်အတွက် ဒီပွဲကို အာရုံစိုက်နေလိမ့်မယ်လို့ ကလော့ပ်က သတိပေးခဲ့ပါတယ်။ မန်နေဂျာကြီးက “ ဒီကနေ့ညမှာ… Continue Reading →

အမ်မရီနဲ့ အဆင်မပြေလို့ ယွန်းဘတ်ကို အားကိုးနေကြတဲ့ အာဆင်နယ် အသင်းသားများ ရှိနေ

လန်ဒန်အခြေစိုက် သတင်းတွေ ဖော်ထုတ်မှု အရ အာဆင်နယ် လူငယ်ကစားသမား အချိုု့က အသင်း ထရိန်နင်မှာ အမ်မရီ ပြောဆို လမ်းညွှန်နေတာ ထက် လက်ထောက်နည်းပြ ယွန်းဘတ်ထံသို့သာ ပြေးလွှားမေးမြန်းနေတာ တွေ့ရတယ်လို့ သိရပါတယ်။ မြောက်လန်ဒန်မှာ ဖိအား များသည်ထက် များလာနေတဲ့ နည်းပြ အမ်မရီဟာ ပရီးမီးယားလိဂ်မှာ အသင်းကို ရလဒ်ကောင်းများ ယူဆောင် မပေးနိုင်ဘဲ ဖြစ်နေပါတယ်။ စပိန်သား အမ်မရီဟာ ရုတ်တရက် ရာထူးမှ ထုတ်ပယ် မခံရဘူးလို့ ဘုတ်အဖွဲ့က ထောက်ခံချက်ပေးထားခြင်း ခံရပြီး အခုချိန်ထိ… Continue Reading →

ကစားသမားသစ်ခေါ်ယူရာမှာ တိုက်စစ်နဲ့ ခံစစ်ကိုပဲ လမ်းပတ် အာရုံစိုက်သွားနိုင်တဲ့ အကြောင်းရင်း

နိုဝင်ဘာလ ၂၀ ရက်မှာတော့ ချယ်ဆီးရဲ့ အပြောင်းအရွှေ့ဆိုင်ရာကိစ္စ အယူခံမှုကို ထပ်မံ စစ်ဆေးမှာဖြစ်ပြီး ဇန်နဝါရီမှာ လူခေါ်ယူခွင့်ရမလား ဆိုတာ အတွက် ရှင်းလင်းတဲ့ အဖြေတစ်ခုကို ရရှိတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ အမှတ်ပေးဇယားမှာ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာပါ။ လူသစ်ခေါ်ယူခွင့်ရတဲ့ အနေအထားမှာ မန်နေဂျာလမ်းပတ်ရဲ့ ပထမဆုံး လက်မှတ်ထိုးမှုက ဘယ်နေရာဖြစ်မလဲဆိုတဲ့အပေါ် ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေကြတာပါ။ လက်တလော သတင်းတွေအရ ချယ်ဆီးဟာ မောင့်နဲ့ ဘာကလေ အပါအဝင် ကွင်းလယ်မှာ… Continue Reading →

ဆောင်းပါး – ကန်တေမရှိပဲ ချယ်ဆီးအသင်း အဆင်ပြေနေတဲ့ အကြောင်းရင်း သို့မဟုတ် ကိုဗာဆစ်

ချယ်ဆီး ကွင်းလယ်ကစားသမား ကိုဗာဆစ်ဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့တိုက်စစ်စွမ်းရည်တွေကို ထုတ်ပြပြီး ဝေဖန်နေသူတွေကို အသံတိတ်စေခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကို မပြောင်းလာခင် သူက ရီးရဲလ်မက်ဒရစ်ရဲ့ အရန်ခုံမှာ မကြာခဏ ထိုင်ခဲ့ရပြီး အရည်အသွေးတွေကို ထုတ်ပြခွင့်မရခဲ့ပါဘူး။ ကိုဗာဆစ်က ၂၀၁၈-၂၀၁၉ ရာသီ ချယ်ဆီးမှာလဲ နေရာသိပ်မရခဲ့ပေမယ့် ထိပ်တန်းကစားသမား အဖြစ် သူ့ကိုယ်သူ သက်သေပြဖို့ လိုအပ်ခဲ့ချိန်မှာ ကံကောင်းမှုတွေက သူ့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ပထမဆုံးကတော့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုပါ။ ဒါကြောင့်ပဲ ကစားသမားသစ် ခေါ်ယူခွင့်မရတဲ့ ချယ်ဆီးက သူ့ကို အငှားကနေ အပြီးသတ်… Continue Reading →

ဆာလက်၊ ကီတာ၊ ကလော့ပ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောသွားခဲ့တဲ့ မာနေး

လီဗာပူးတိုက်စစ်သမား မာနေးက သူနဲ့ ဆာလက်ကြား ဆက်ဆံရေးတွေနဲ့အတူ ကီတာက ဘယ်လို ကစားသမားကောင်းလဲဆိုတာ ပါဝင်တဲ့ အင်တာဗျူးအတိုတစ်ခုကို ပြင်သစ်ဘောလုံးနဲ့ မေးမြန်းမှုမှာ ထုတ်ပြောသွားခဲ့ပါတယ်။ မာနေးရဲ့ ဖြေဆိုမှုမှာတော့ အန်ဖီးမှာ ယာဂင်ကလော့ပ် ဘာလို့ အောင်မြင်ရသလဲဆိုတဲ့ လျှို့ဝှက်ချက်လည်း ပါဝင်ခဲ့သေးတာပါ။ ၂၀၁၉ ခုနှစ်အတွင်း အထူးခြေစွမ်းပြသနေတဲ့ မာနေးဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်စွမ်းရှိသူဖြစ်တယ်။ အာဖရိကဖလား ဗိုလ်လုပွဲနောက်ပိုင်း ပြန်ကစားတဲ့ ကလပ်ပွဲတွေမှာ ပြိုင်ပွဲစုံမှာ ၁၅ ပွဲထိ ပါဝင်ထားတာဖြစ်ပြီး သွင်းဂိုး ၈ ဂိုးထိလည်း ရရှိထားပြီ… Continue Reading →

အန်ဖီးကွင်းမှာ ကစားရဖို့ အိပ်မက်တွေ တကယ်ဖြစ်လာတာအတွက် ဝမ်းသာစကားဆိုတဲ့ ဂျန့်အသင်းသား

ဂျန့်အသင်းကွင်းလယ်လူ Sander Berge က ကမ္ဘာအကောင်းဆုံး ပရိသတ်တွေရှိရာ အန်ဖီးကွင်းမှာ ကစားခွင့်ရလာတာက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရတာပါလို့ ပြောဆိုခဲ့ပြီး ပွဲကစားခွင့်ကို မစောင့်နိုင်အောင် ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ Berge က အန်ဖီးမှာ ကစားလိုခဲ့ပေမယ့် အမှန်ကတယ် ဖြစ်လာမယ်တော့ မထင်ခဲ့မိဘူးလို့ ဝန်ခံပြောဆိုတယ်။ ဘယ်ဂျီယံကလပ် ဂျန့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာလည်း အနိုင်ရဖို့ ခက်ခဲဦးမှာဖြစ်ကြောင်းကို ကွင်းလယ်လူက ပြောဆိုပါသေးတယ်။ ဒါပေမယ့်လို့ ဘယ်ဂျီယံအသင်းဟာ ပထမအကျော့က ၄-၁ ဆိုတဲ့ ရလဒ်ထက် ပိုကောင်းအောင်လုပ်ဖို့ကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!