Date

November 6, 2019

ဖလားပြိုင်ပွဲနှစ်ခုမှာ နှစ်ပွဲလုံးနိုင်အောင် လီဗာပူးထုတ်သုံးနိုင်မယ့် အကောင်းဆုံး လူစာရင်း နှစ်ခု

လီဗာပူးအသင်းဟာ ပွဲကြပ်တွေများတဲ့ ဒီဇင်ဘာထဲမှာမှ ၂၄ နာရီအတွင်း မတူညီတဲ့ နှစ်နိုင်ငံမှာ မတူတဲ့ပြိုင်ပွဲ ပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင် ကစားရဖို့ အတည်ပြုခဲ့ရပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ကစားဖို့ ရှိနေစဉ် အဲ့ဒီမတိုင်ခင် တစ်ရက် ကာတာမှာ ကလပ်အသင်းများ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် လီဗာပူးအသင်းဟာ လူစာရင်း နှစ်သင်းစာ ခွဲ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ကလော့ပ်က သတင်းထုတ်ပြန်ထားပြီး… Continue Reading →

ပိုက်ဆံတွေ အများကြီး မသုံးပါနဲ့ ဒီနှစ်ယောက်ပဲ ခေါ်ပေးပါလို့ ကလပ်အသင်းကို ချယ်ဆီးတို့ တောင်းဆို

ဒီကနေ့ တယ်လီဂရပ်သတင်းက ဖော်ပြလာမှုအရ အပြောင်းအရွှေ့ အယူခံဝင်မှု အောင်မြင်ခဲ့မယ်ဆိုရင် ချယ်ဆီးဟာ ဇန်နဝါရီမှာ အသုံးစရိတ် ပေါင် ၁၅၀ သန်းထိ အသုံးပြုပြီး ကစားသမား ခေါ်ယူနိုင်မယ်လို့ ဖော်ပြခဲ့တယ်။ ချယ်ဆီးဟာ အပြောင်းအရွှေ့ နှစ်ခုစာ ပိတ်ခံထားရမှုကို အယူခံဝင်ထားတာဖြစ်ပြပီး နိုဝင်ဘာ ၂၀ ရက်မှာတော့ ကြားနာမှု လုပ်ဆောင်မှာဖြစ်ကာ နွေမှမဟုတ်ပဲ ဇန်နဝါရီမှာတင် ကစားသမား ခေါ်ယူခွင့်ရမယ်လို့ ယူဆခံထားရတယ်။ ချယ်ဆီးဘက်က မန်နေဂျာလမ်းပတ်ကို အသုံးစရိတ် ပေါင် ၁၅၀ သန်းပေးကာ ကစားသမားခေါ်ယူခွင့်မှာ စိတ်တိုင်းကျ အသုံးပြုခွင့်ပေးမယ်လို့… Continue Reading →

ယူနိုက်တက် ချိတ်ဆက်နေတဲ့ ချန်ပီယံလိဂ် ၇ ဂိုးရှင် ပရီးမီးယားလိဂ်သို့ လာဖို့ အလားအလာရှိနေ

မန်ချက်စတာ ယူနိုက်တက် နဲ့ ခိုင်မာတဲ့ အချိတ်အဆက် ရှိထားခဲ့တဲ့ ရက်ဘူးဆဲဘက် တိုက်စစ်မှူး အဲလင်းဟာလန်းက သူ့ဖခင် ဆန္ဒအရ ပရီးမီးယားလိဂ် မှာ ကစားဖို့ ရည်ရွယ်ချက် ရှိနေပါတယ်။ လူငယ်ကစားသမား ဟာလန်းဟာ ဆဲဘက်နဲ့ ပထမဆူံး ရာသီပြည့်အတွင်း ချန်ပီယံလိဂ် လေးပွဲမှာ ၇ဂိုး သွင်းယူခဲ့ပါတယ်။ ဟာလန်းက ပြည်တွင်းပြိုင်ပွဲတွေမှာလဲ ၁၆ဂိုးရရှိထားပြီး ဥရောပမှာ အလားအလာ အကောင်းဆုံး လူငယ်တစ်ယောက်အဖြစ် နာမည် ထွက်လာခဲ့ပါတယ်။ အသက် ၁၉နှစ် အရွယ်ကစားသမားအတွက် အိုးလ်ထရက်ဖို့ဒ် က ဖြစ်နိုင်တဲ့… Continue Reading →

ဆောင်းပါး – လီဗာပူးအတွက် စတီးလို ကြံ့ခိုင်နေဖို့ လေ့ကျင့်ရေးမှာ ဘာတွေလုပ်ဆောင်နေကြလဲ

လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုအတွက် လုပ်နိုင်သမျှ အရာအားလုံးကို အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ နည်းပြ ယာဂန်ကလော့ပ်က ကွင်းတွင်းအနိုင်ရရှိဖို့ ဦးဆောင်လမ်းပြနေတာနဲ့အတူ မာဆေးဆိုဒ် ကလပ်ဟာ မကြာသေးမီက ရာသီတွေမှာ အထင်ကြီးစရာ အပြောင်းအလဲတွေ လုပ်ပြခဲ့တာပါ။ လက်ရှိ လီဗာပူး အသင်းမှာ အဓိကဖြစ်နေတဲ့ ကစားသမား များစွာကို ခေါ်ယူခဲ့ရာမှာ အရေးပါခဲ့တဲ့ အားကစား ဒါရိုက်တာ မိုက်ကယ် အဒ်ဝဒ်ရဲ့ ကူညီမှုနဲ့ ကိစ္စများစွာကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ် ရောက်လာပြီးကတည်းက ဂျာမန်သားဟာ ကလပ်ရဲ့ ဆေးဝါးနဲ့ အားကစားသိပ္ပံဌာနတွေကို… Continue Reading →

အာဆင်နယ် အသင်းခေါင်းဆောင်ရာထူးအတွက် ကြိုတင်သတိပေးခဲ့တဲ့ ဝါရင့်အားကစား သတင်းထောက်

အာဆင်နယ်ဟာ ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့မှု ရှိထားခဲ့တဲ့ ရှာခါအစား တိုက်စစ်မှူး အူဘာမီယန်ကို ပြောင်းလဲကာ တာဝန်ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။ ဂန်းနားအသင်းကို ဦးဆောင်ခွင့်ရခဲ့ပေမယ့် ပရိသတ်တွေကို စော်ကားခဲ့တဲ့ ရှာခါကို ဖိအားတွေကြောင့် အမ်မရီက ရာထူးကနေ ဖြုတ်ချခဲ့ပြန်တာဖြစ်ပေမယ့် ရှာခါကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာက အသင်းဖော်တွေကိုယ်တိုင် မဲပေးမှုရဲ့ ရလဒ်ဖြစ်တယ်လို့ အမ်မရီက ဆိုထားတယ်။ ရှာခါဟာ အတိတ်ကတည်းက မဆင်မခြင် အပြုအမှုတွေကို မကြာခဏ လုပ်ခဲ့ဖူးပြီး သူ့ကို အသင်းခေါင်းဆောင်အဖြစ် ကြေညာခဲ့ကတည်းက ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်တယ်။ အင်္ဂလန်နာမည်ကျော်… Continue Reading →

အဓိကကစားအချို့ မပါနိုင်ခဲ့တဲ့ ပါတီဇန်ပွဲကြို ယူနိုက်တက် လေ့ကျင့်ရေးက လူစာရင်း

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ည အက်ဖ်ကေ ပါတီဇန်နဲ့ ပွဲမှာ နိုင်ပွဲရရင် ယူရိုပါလိဂ် အုပ်စုကနေ တက်ဖို့ သေချာနိုင်တော့မှာ ဖြစ်ပြီး ထိုပွဲ အတွက် ပွဲကြို ထရိန်နင်ကို ၂၂ ယောက် ပါဝင်တဲ့ လူစာရင်းနဲ့ ပြုလုပ်သွားခဲ့ပါတယ်။ ပွဲကြို ထရိန်နင်မှာ အသင်း လူငယ်ကစားသမား Ethan Laird ပါဝင်လာတာ တွေ့ရပြီး ဒဏ်ရာ ရ ကစားသမားတွေတော့ တစ်ယောက်မှ ပြန် ပါဝင်တာ မတွေ့ရပါဘူး။ နောက်ကျော ဒဏ်ရာ ရှိနေတဲ့ ဗစ်တာ လင်ဒီလော့ဖ်လည်း… Continue Reading →

အကယ်ဒမီ ကစားသမားဟောင်းကို ပေါင် ၃၅ သန်းသုံးပြီး ယူနိုက်တက် ပြန်ခေါ်လို

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်တွေအတွင်း လူသစ်ခေါ်ယူဖို့ ပြုစုနေတဲ့ ကစားသမားများစာရင်းမှာတော့ အကယ်ဒမီ ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ ဘန်လေအသင်းမှာ ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် Dwight McNeil ပါဝင်လာတယ်လို့ သိရပါတယ်။ Dwight McNeil ဟာ လွန်ခဲ့တဲ့ ၅ နှစ်က မန်ချက်စတာကနေ ထွက်ခွာသွားတာဖြလလလလစ်ပြီး မနှစ်ကရာသီကစလို မန်နေဂျာဒိုင်ချီရဲ့ အသင်းမှာ နေရာစရလာသူဖြစ်ပါတယ်။ တောင်ပံသမားအဖြစ် ယူနိုက်တက်အကယ်ဒမီက ပျိုးထောင်ခဲ့ပေမယ့် အသက် ၁၄ နှစ်အရွယ်မှာ ထွက်ခွာသွားတဲ့ ကစားသမားကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်… Continue Reading →

ဇာခါနဲ့ ပတ်သတ်ပြီး အာဆင်နယ် အသင်းသားတွေရဲ့ တုန့်ပြန်မှု

အာဆင်နယ် ပရိသတ်တွေနဲ့ အချင်းများမှု ဖြစ်ခဲ့ပြီးနောက် ဇာခါဟာ အသင်းခေါင်းဆောင် လက်ပတ် ရုတ်သိမ်းခံခဲ့ရပြီ ဖြစ်ပြီး အူဘာမီးယန်းက ရာသီကုန်ထိ အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။ ဇာခါကို အသင်းခေါင်းဆောင် အဖြစ်ကနေ ရပ်စဲလိုက်တဲ့ နည်းပြ အမ်မရီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အာဆင်နယ်အသင်းသားတွေရဲ့ တုန့်ပြန်မှုကို ဘယ်လာရင်က ဖွင့်ဟခဲ့ပါတယ်။ အမ်မရီရဲ့ အဆုံးအဖြတ်အပေါ် အသင်းသားတွေက ဆန့်ကျင်မှုတွေ ပြုလုပ်မှာ စိုးရိမ်ခဲ့ကြပေမယ့် အဝတ်လဲခန်းက အာဆင်နယ်အသင်းသားတွေ ကတော့ နည်းပြ ရဲ့ ဆုံးဖြတ်ချက်… Continue Reading →

ရွှေပင်နားပြီး ရွှေကျေးဖြစ်လာတဲ့ ချိန်ဘာလိန်ကို အပြိုင်လုကြဦးမယ့် ကမ္ဘာကျော် အဖွဲ့နှစ်ခု

ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် လီဗာပူးအသင်းမှာ မီးတောက်နေတဲ့ ခြေစွမ်းတွေ ပြနေတဲ့ ချိန်ဘာလိန်ဟာ မကြာခင်မှာ အင်္ဂလန်လက်ရွေးစင်မှာ နေရာပြန်ရလာမယ်လို့ ယုံကြည်ရပြီး နွေမှာ ယှဉ်ပြိုင်မယ့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက်ပါ ထင်ကြေး ပေးခံလာရပြီဖြစ်တယ်။ လီဗာပူးနဲ့ အင်္ဂလန်ရဲ့ နာမည်အထွက်ဆုံး ကစားသမားဖြစ်လာတဲ့ ချိန်ဘာလိန်ကို စာချုပ်ချုပ်ဖို့ရာအတွက် ကမ္ဘာကျော် အားကစားကုမ္ပဏီ adidas က စတင်ကာ ကြိုးစားလာပြီဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လက်ရှိမှာ adidas ရဲ့ အပြိုင် အဖွဲ့ကြီးဖြစ်တဲ့ Nike နဲ့ စာချုပ်ရှိထားပေမယ့် ပိုမိုအကျိုးများမယ့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!