Date

November 7, 2019

လက်စတာ – အာဆင်နယ် ပွဲစဉ် အတွက် အိုဝင် ခန့်မှန်းသုံးသပ်ချက်

အသင်း ကစားပုံရော ရလဒ်တွေပါ ဆိုးဝါးနေလို့ ဝေဖန်မှု ဖိအားတွေ ရင်ဆိုင်နေရတဲ့ အမ်မရီနဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီ ခြေစွာနေပြီး အဆင့် ၃ နေရာမှာ ရှိနေတဲ့ လက်စတာကို ဒီတပတ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ကြားရက် ယူရိုပါလိဂ်ပွဲမှာ အဝေးကွင်း သရေကျလာတဲ့ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေပြီ ဆိုရမှာပါ။ ပွဲချိန်ကတော့ စနေနေ့ည ၁၂ နာရီ တိတိပါ။ ဒီပွဲစဉ်အတွက်… Continue Reading →

လီဗာပူးနဲ့ မန်စီးတီးပွဲ အနိုင်ရမယ့် အသင်းအပေါ် စကိုင်းစပေါ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

လီဗာပူးနဲ့ မန်စီးတီး ဒီအပတ် ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ မှာ လီဗာပူးက သရေတစ်မှတ်ရရင်တောင် ကျေနပ်နေမယ့်အသင်းဖြစ်ကာ မန်စီးတီးက မရံှူးဖို့ လိုအပ်နေတယ်လို့ နီကိုးလက်စ်က သုံသပ်သွားခဲ့တယ်။ အာဆင်နယ်ကစားသမားဟောင်း ချာလီနီကိုးလက်စ်က ဒီပွဲက သွင်းဂိုးအများအပြား ပေါ်ထွက်နိုင်သလို သွင်းဂိုးနည်းနည်းပဲ သွင်းကြတာလည်း ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ချာလီရဲ့ သုံးသပ်မှုမှာတော့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကို အထင်ကြီးနေတယ်ဆိုတာ မြင်သားခဲ့ပြီး အန်ဖီးကွင်းမှာ ယှဉ်ပြိုင်မယ့်ပွဲမှာ လီဗာပူးက ခံစစ်ကောင်းတယ်လို့ ထည့်ပြောခဲ့တာမှုအရ အိမ်ရှင်အသင်းက ဖိအားပေးခံရမယ်လို့ ယူဆဟန်ရှိပါတယ်။ ” ပွဲတကာတွေထဲက… Continue Reading →

လီဗာပူးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့မှုမှာ ရလဒ်ပြတ်သားမယ်ဆိုတဲ့ အိုဝင်ရဲ့ သုံးသပ်နဲ့ ခန့်မှန်း

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာတော့ ဒီရာသီရဲ့ အကောင်းဆုံးနဲ့ စိတ်ဝင်စားခြင်း အခံရဆုံး အန်ဖီးကွင်း ပွဲနှစ်ပွဲထဲက တစ်ပွဲဖြစ်မယ့် လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ပွဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးက ရလဒ်ရယူနိုင်စွမ်း အကောင်းဆုံး အနေအထားမှာ ရှိနေပြီး မန်စီးတီးကလည်း နှစ်ကြိမ်ဆက် ချန်ပီယံပီပီ အတွေ့အကြုံကောင်းနဲ့ ကစားသမား အင်အားကောင်းကောင်း ရှိနေတာပါ။ ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ မပြတ်သားတဲ့ သရေရလဒ်မဟုတ်ပဲ တစ်သင်းက အနိုင်ရလဒ် ထွက်ပေါ်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်သွားပါတယ်။ ” တချက်ကြည့်လိုက်တာနဲ့ပဲ ပရီးမီးယားလိဂ် အကောင်းဆုံး… Continue Reading →

ချယ်ဆီး – ခရစ္စတယ်ပဲလေ့စ် လန်ဒန်ဒါဘီပွဲ အတွက် မိုက်ကယ်အိုဝင် ခန့်မှန်းသုံးသပ်ချက်

အင်္ဂါနေ့ညက အေဂျက်နဲ့ ဒရမ်ဆန်ဆန် ချျန်ပီယံလိဂ် ပွဲ အပြီးမှာ ချယ်ဆီးက သိပ်ကြာကြာ အနားရလိုက်မှာ မဟုတ်ပါဘူး။ လာမယ့် စနေမှာပဲ လန်ဒန် မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ ညနေ ၇ နာရီမှာပါ။ ချယ်ဆီး အသင်းခေါင်းဆောင်ဟောင်း ကာဟေးလ်ကတော့ စတန်းဖို့ဘရစ်ချ်ကို ပဲလေ့စ်နဲ့ အတူ တကျော့ ပြန် ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့… Continue Reading →

မောင့်၊ ကန်တေ၊ ဘာကလေတို့ အပါအဝင် ဒဏ်ရာရ ချယ်ဆီးကစားသမားတွေရဲ့ နောက်ဆုံး အခြေအနေ

ချယ်ဆီးအသင်းဟာ အေဂျက်နဲ့ ချန်ပီယံလိဂ် ပွဲကောင် အပြီးမှာ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ရတော့မှာပါ။ ချယ်ဆီး အနေနဲ့ ပုံစံကောင်း ရလဒ်ကောင်းတွေကို ဆက်လက် ထိန်းထားဖို့ လိုအပ်နေပြီး အဆင့် ၅ နေရာမှ အာဆင်နယ်ကို အမှတ် ပိုဖြတ်ဖို့ ကြိုးစားရဦးမှာပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲ မတိုင်ခင် ဒဏ်ရာရ ချယ်ဆီးအသင်းသားတွေရဲ့ နောက်ဆုံး အခြေအနေ ပြန်ကစားနိုင်မယ့် နေ့ရက်တွေကို လန်ဒန် အခြေစိုက် သတင်းဌာနာက ဖော်ပြပေးထားပါတယ်။ ရူဒီဂါ – ရူဒီဂါက… Continue Reading →

လီဗာပူးနဲ့ မန်စီးတီးကြား သုံးသပ်မှုမှာ တကယ်ကို အတုမရှိအသင်းအား ကာပယ်လို ထုတ်ဖော်

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ မန်နေဂျာဟောင်းဖြစ်သူ ကာပယ်လိုက ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးကြား အရေးပါတဲ့ ခြားနားမှုကို သုံးသပ်မှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ ကလပ်နှစ်သင်းဟာ ဒီအပတ် တနင်္ဂနွေနေ့မှာတော့ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ လီဗာပူးက အမှတ်ပေးဇယားကို ၆ မှတ်ထိ ဖြတ်ထားနိုင်တဲ့ အနေအထားကြောင့် မန်စီးတီးကို အနိုင်ယူခဲ့မယ်ဆိုရင် အနီရောင်ပရိသတ်တွေအတွက် တကယ်ကို ထူးရှယ် အခိုက်အတန့် ဖြစ်လာပါလိမ့်မယ်။ ကာပယ်လိုက ” ကျနော်အတွက်က ကလော့ပ်က တကယ်ကို မှော်ဆန်တဲ့… Continue Reading →

ဇန်နဝါရီမှာ မာတစ်ထွက်ခွာရင် လိဂ်အကောင်းဆုံး ကွင်းလယ်လူနဲ့ အစားထိုးဖို့ ယူနိုက်တက် ယုံကြည်မှုရှိနေ

ယူနိုက်တက်ကွင်းလယ်လူ မာတစ်ဟာ ဇန်နဝါရီမှာ မန်ချက်စတာကနေ ထွက်ခွာဖို့ စဉ်းစားနေပြီဖြစ်ပြီး ကလပ်ဘက်ကလည်း သူ့ကို ရောင်းထုတ်သွားနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ မန်နေဂျာဆိုးရှားလက်အောက် ပွဲထွက်ခွင့် နည်းပါးနေခြင်းကို စိတ်ပျက်နေတဲ့ မာတစ်ဟာ အသင်းသစ်ကို ခပ်မြန်မြန် ရှာဖွေသွားလိုနေတာလည်းဖြစ်တယ်။ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲပဲ ကစားထားရတဲ့ မာတစ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အင်တာမီလန်က မျက်စိကျနေပါတယ်။ ဒီနွေမှာ စာချုပ်ကုန်မယ့် ဆားဘီးယား ကွင်းလယ်လူကို ယူနိုက်တက်ဘက်က အလိုရှိရင် တစ်နှစ် သက်တမ်းတိုးခွင့်ကို ထည့်သွင်းထားသေးတာဖြစ်တယ်။ ယူနိုက်တက်ဘက်က မာတစ်ကို… Continue Reading →

အမ်ဘတ်ပီကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းနှစ်သင်းထဲ လီဗာပူးပါဝင်နေ

ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်ပြီး လက်ရှိ ပီအက်ဂျီမှာ ကစားနေတဲ့ တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းတဲ့ ကလပ်အသင်း နှစ်သင်းထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် လီဗာပူးလည်း ပါဝင်လာတယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ ပြင်သစ်မြေမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ အမ်ဘတ်ပီဟာ ပီအက်ဂျီနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိထားသူပါ။ သူ့ရဲ့ လက်ရှိ စာချုပ်က နှစ်နှစ်ခွဲပဲ ကျန်တော့တာဖြစ်ပြီး လာမယ့် နွေမှာ ကစားသမားကို ရောင်းမထုတ်ဘူးဆိုရင် ပြောင်းရွှေ့ကြေး များစွာ ကျဆင်းမယ့် အနေအထားကို… Continue Reading →

ယူနိုက်တက်ကစားသမားကို အာဆင်နယ်ခေါ်ယူသင့်ကြောင်း ထောက်ပြတဲ့ ဂန်းနားဟောင်းကြီး

အာဆင်နယ်ကစားသမားဟောင်းကြီး ချာလီနီကိုးလက်စ်က သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ကစားသမား အင်းအားဖြည့်ဖို့ ရည်ရွယ်တဲ့အခါ ယူနိုက်တက် ကစားသမားကို ခေါ်ယူသင့်တယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အနေနဲ့ ယူနိုက်တက်မှာ နေရာမရတာကြောင့် အငှားထွက်ခဲ့ရပြီး မကြာတော့တဲ့ အပြောင်းအရွှေ့မှာ အပြီးသတ် ထွက်ခွာတော့မယ့် အင်္ဂလန်သား ဝါရင့်ခံစစ်မှူး စမောလင်းကို ခေါ်ယူသင့်တယ်လို့ ဆိုတာပါ။ ခံစစ်ပိုင်းမှာ ရုန်းကန်ရမှုတွေရှိနေတဲ့ အာဆင်နယ်ဟာ ချယ်ဆီးမှ လူးဝစ်ကို ခေါ်ယူခဲ့ပေမယ့်လည်း အားနည်းချက်တွေကို မဖြည့်နိုင်ပဲ ဒီရာသီမှာလည်း ပေးဂိုးတွေ အများအပြားကို ခွင့်ပြုနေရသေးတာ ဖြစ်ပါတယ်။ အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!